[Zawgyi]

ရုိက္ကူးဖုိ႔ စီစဥ္ေနျပီျဖစ္တဲ့ ‘Train to Busan 2’ ဇာတ္ကားၾကီး

၂၀၁၆ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Zombie အက္ရွင္ဇာတ္ကားျဖစ္တဲ့ ‘Train To Busan’ ဇာတ္ကားရဲ႕ ေနာက္ဆက္တြဲဇာတ္ကားျဖစ္လာႏုိင္ဖြယ္ရွိတဲ့ ဇာတ္ကားကိုရိုက္ကူးဖို႔ စီစဥ္ေနျပီလို႔ ပထမကားရဲ႕ ဒါရို္က္တာ Yeon Sang Ho ကပဲ ၾသဂုတ္လ ၁၃ ရက္ မေန႔က အတည္ျပဳခဲ့ပါတယ္။

Train to Busan

Train to Busan

ေနာက္ဆက္တြဲဇာတ္ကားဟာလည္း ပထမဇာတ္ကားလုိပဲ တူညီတဲ့ Zombie ဇာတ္ေကာင္ေတြ ပါဝင္မွာ ျဖစ္ျပီး ဒီတစ္ခါပိုထူးျခားတာကေတာ့ အရင္လို Busan ကို သြားတဲ့ ရထားေပၚမွာတင္မဟုတ္ဘဲ ကိုရီးယားကၽြန္းဆြယ္တစ္ခုလံုး ကူးစက္ပ်ံ႔ႏွံ႔မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Train to Busan အဖြဲ႔သားမ်ား

Train to Busan အဖြဲ႔သားမ်ား

၂၀၁၉ ခုႏွစ္ရဲ႕ ပထမႏွစ္ဝက္မွာပဲ ဒီဇာတ္ကားကို စရုိက္ဖို႔ စီစဥ္ေနၾကပါျပီ။ အခုထိေတာ့ ပါဝင္မယ့္ သရုပ္ေဆာင္ေတြကို မေရြးခ်ယ္ရေသးဘဲ မတူညီတဲ့ ဇာတ္ကားမ်ိဳး ျဖစ္ေအာင္ အမ်ားၾကီး ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

Train to Busan

Train to Busan

ဒါရိုက္တာကေတာ့ ပထမဇာတ္ကားက ဘယ္သရုပ္ေဆာင္ကိုမွ ဒုတိယဇာတ္ကားမွာျပန္ပါဝင္ခုိင္းဖို႔ အစီအစဥ္မရွိဘူးလို႔ သိရပါတယ္။ ဆုိလိုတာကေတာ့ ပထမဇာတ္ကားရဲ႕မင္းသား Gong Yoo ကို ဒီဇာတ္ကားမွာ ျပန္ေတြ႔ဖို႔ မေသခ်ာဘူး ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : allkpop.com

[Unicode]

ရိုက်ကူးဖို့ စီစဉ်နေပြီဖြစ်တဲ့ ‘Train to Busan 2’ ဇာတ်ကားကြီး

၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ Zombie အက်ရှင်ဇာတ်ကားဖြစ်တဲ့ ‘Train To Busan’ ဇာတ်ကားရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်လာနိုင်ဖွယ်ရှိတဲ့ ဇာတ်ကားရိုက်ကူးဖို့ စီစဉ်နေပြီလို့ ပထမကားရဲ့ ဒါရိုက်တာ Yeon Sang Ho ကပဲ သြဂုတ်လ ၁၃ ရက် မနေ့က အတည်ပြုခဲ့ပါတယ်။

Train to Busan

Train to Busan

နောက်ဆက်တွဲဇာတ်ကားဟာလည်း ပထမဇာတ်ကားလိုပဲ တူညီတဲ့ Zombie ဇာတ်ကောင်တွေ ပါဝင်မှာ ဖြစ်ပြီး ဒီတစ်ခါပိုထူးခြားတာကတော့ အရင်လို Busan ကို သွားတဲ့ ရထားပေါ်မှာတင်မဟုတ်ဘဲ ကိုရီးယားကျွန်းဆွယ်တစ်ခုလုံး ကူးစက်ပျံ့နှံ့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Train to Busan အဖွဲ့သားများ

Train to Busan အဖွဲ့သားများ

၂၀၁၉ ခုနှစ်ရဲ့ ပထမနှစ်ဝက်မှာပဲ ဒီဇာတ်ကားကို စရိုက်ဖို့ စီစဉ်နေကြပါပြီ။ အခုထိတော့ ပါဝင်မယ့် သရုပ်ဆောင်တွေကို မရွေးချယ်ရသေးဘဲ မတူညီတဲ့ ဇာတ်ကားမျိုး ဖြစ်အောင် အများကြီး ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Train to Busan

Train to Busan

ဒါရိုက်တာကတော့ ပထမဇာတ်ကားက ဘယ်သရုပ်ဆောင်ကိုမှ ဒုတိယဇာတ်ကားမှာပြန်ပါဝင်ခိုင်းဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။ ဆိုလိုတာကတော့ ပထမဇာတ်ကားရဲ့မင်းသား Gong Yoo ကို ဒီဇာတ်ကားမှာ ပြန်တွေ့ဖို့ မသေချာဘူး ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : allkpop.com