[Zawgyi] 

စမတ္ဖုန္းေတြမွာ နည္းပညာတိုးတက္မႈေတြ မ်ားလာတာနဲ႔အမ်ွ သံုးစရာ Feature အသစ္ေတြကလည္း မ်ားလာပါတယ္။ ေန႔စဥ္အသံုးျပဳေနရတဲ့ အရာေတြနဲ႔ လက္ထဲကခ်ဖို႔ခက္ခဲတဲ့ စမတ္ဖုန္းေတြၾကားမွာ တစ္ခုနဲ႔တစ္ခု အျပန္အလွန္ ခ်ိတ္ဆက္အသံုးျပဳႏိုင္ဖို႔ကလည္း အေရးပါလာပါၿပီ။ 

Android Auto

အိမ္သံုး လွ်ပ္စစ္ပစၥည္းေတာ္ေတာ္မ်ားမ်ားကို လက္ထဲက စမတ္ဖုန္းေတြနဲ႔ တြဲဖက္အသံုးျပဳႏိုင္သလို ေန႔စဥ္အသံုးျပဳေမာင္းႏွင္ေနရတဲ့ ကားေတြနဲ႔လည္း ခ်ိတ္ဆက္အသံုးျပဳလို႔ရလာတာ အခ်ိန္တစ္ခုၾကာခဲ့ပါၿပီ။ အဲ့ဒီလို စမတ္ဖုန္းေတြကို ကားေတြနဲ႔ခ်ိတ္ဆက္အသံုးျပဳလာႏိုင္ဖို႔အတြက္ အဓိက OS ႀကီးႏွစ္ခုျဖစ္တဲ့ Android နဲ႔ iOS မွာ Google နဲ႔ Apple တို႔က Feature အသစ္ေတြထည့္သြင္းေပးလာရပါတယ္။ 

Google နဲ႔ Apple ဟာ စမတ္ဖုန္း OS ေတြနဲ႔ပတ္သက္လို႔ ယွဥ္ၿပိဳင္မႈျပင္းထန္တာကို အားလံုးသိမွာပါ။ Google ရဲ႕ Android OS ဟာ Apple ရဲ႕ iOS နဲ႔ယွဥ္ရင္ အၿမဲလိုလို လံုၿခံမႈအပိုင္းမွာ အားနည္းတယ္လို႔ သတ္မွတ္ခံရပါတယ္။ ယံုၾကည္စိတ္ခ်မႈအရွိဆံုး ကားေတြကိုထုတ္လုပ္ေနတဲ့ကုမၸဏီျဖစ္တဲ့ Toyota ကလည္း Google ရဲ႕ Android ဖုန္းေတြမွာပါတဲ့ Android Auto ကို သူတို႔ကားေတြမွာထည့္ေပးဖို႔ကို စဥ္စားတဲအဆင့္မွာပဲရွိပါေသးတယ္။ 

Toyota အေနနဲ႔ေတာ့ အခုႏွစ္ထဲမွာပဲ Apple CarPlay ကို အေမရိကန္ေစ်းကြက္မွာေရာင္းခ်မယ့္ Toyota ကားေတာ္ေတာ္မ်ားမ်ားအတြက္ စတင္ထည့္ေပးခဲ့ၿပီးပါၿပီ။ ဒါေပမယ့္ Android Auto ကိုေတာ့ Software လံုၿခံဳေရးအပိုင္းနဲ႔ပတ္သက္ၿပီး အဆင္မေျပမႈေတြျဖစ္မွာစိုးတာေၾကာင့္ Toyota ကသူတို႔ကားေတြမွာထည့္မေပးေသးပါဘူး။ Android Auto ရဲ႕လံုျခံဳေရးနဲ႔ပတ္သက္လို႔လည္း ၂၀၁၅ ခုႏွစ္မွာ Google က မလိုအပ္တဲ့ အခ်က္အလက္ေတြကို Android Auto ကတစ္ဆင့္စုေဆာင္းေနတယ္လို႔ သတင္းေတြထြက္ထားခဲ့ပါေသးတယ္။ 

Android Auto ကို အျခားနာမည္ႀကီးကားကုမၸဏီေတြျဖစ္တဲ့ Mercedes-Benz ၊ BMW ၊ Audi စတာေတြကေတာ့ သူတို႔ကားေတြမွာထည့္ေပးခဲ့တာၾကာပါၿပီ။ Toyota ကေတာ့ ကမၻာတစ္ဝွမ္းက ကားပိုင္ရွင္ေတြရဲ႕ ယံုၾကည္မႈ ကိုအမ်ားဆံုးရရွိထားတဲ့ ကုမၸဏီျဖစ္သလို ထုတ္လုပ္မႈအပိုင္းမွာလည္း အရည္အေသြးနဲ႔ပတ္သက္လာရင္ စိ္တ္အခ်ရဆံုးပါ။ Toyota အေနနဲ႔အခုလို Andorid Auto ကိုထည့္သြင္းမေပးတာကလည္း ကားပိုင္ရွင္ေတြကို အဆင္မေျပတာမ်ိဳး မျဖစ္ေစခ်င္တဲ့အတြက္ေၾကာင့္ပါ။ Apple CarPlay ရလာတာကေတာ့ ေတာ္ေတာ္ေလးအဆင္ေျပလာေပမယ့္ Android စမတ္ဖုန္းသံုးသူေတြအတြက္ေတာ့ ဝမ္းနည္းစရာပါ။ 

Ref: 9to5Google 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Android Auto ရဲ့လုံခြုံရေးအားနည်းချက်ကြောင့် အသုံးပြုဖို့ Toyota ငြင်းဆို

စမတ်ဖုန်းတွေမှာ နည်းပညာတိုးတက်မှုတွေ များလာတာနဲ့အမျှ သုံးစရာ Feature အသစ်တွေကလည်း များလာပါတယ်။ နေ့စဉ်အသုံးပြုနေရတဲ့ အရာတွေနဲ့ လက်ထဲကချဖို့ခက်ခဲတဲ့ စမတ်ဖုန်းတွေကြားမှာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်ဖို့ကလည်း အရေးပါလာပါပြီ။ 

Android Auto

အိမ်သုံး လျှပ်စစ်ပစ္စည်းတော်တော်များများကို လက်ထဲက စမတ်ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုနိုင်သလို နေ့စဉ်အသုံးပြုမောင်းနှင်နေရတဲ့ ကားတွေနဲ့လည်း ချိတ်ဆက်အသုံးပြုလို့ရလာတာ အချိန်တစ်ခုကြာခဲ့ပါပြီ။ အဲ့ဒီလို စမတ်ဖုန်းတွေကို ကားတွေနဲ့ချိတ်ဆက်အသုံးပြုလာနိုင်ဖို့အတွက် အဓိက OS ကြီးနှစ်ခုဖြစ်တဲ့ Android နဲ့ iOS မှာ Google နဲ့ Apple တို့က Feature အသစ်တွေထည့်သွင်းပေးလာရပါတယ်။ 

Google နဲ့ Apple ဟာ စမတ်ဖုန်း OS တွေနဲ့ပတ်သက်လို့ ယှဉ်ပြိုင်မှုပြင်းထန်တာကို အားလုံးသိမှာပါ။ Google ရဲ့ Android OS ဟာ Apple ရဲ့ iOS နဲ့ယှဉ်ရင် အမြဲလိုလို လုံခြံမှုအပိုင်းမှာ အားနည်းတယ်လို့ သတ်မှတ်ခံရပါတယ်။ ယုံကြည်စိတ်ချမှုအရှိဆုံး ကားတွေကိုထုတ်လုပ်နေတဲ့ကုမ္ပဏီဖြစ်တဲ့ Toyota ကလည်း Google ရဲ့ Android ဖုန်းတွေမှာပါတဲ့ Android Auto ကို သူတို့ကားတွေမှာထည့်ပေးဖို့ကို စဉ်စားတဲအဆင့်မှာပဲရှိပါသေးတယ်။ 

Toyota အနေနဲ့တော့ အခုနှစ်ထဲမှာပဲ Apple CarPlay ကို အမေရိကန်ဈေးကွက်မှာရောင်းချမယ့် Toyota ကားတော်တော်များများအတွက် စတင်ထည့်ပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် Android Auto ကိုတော့ Software လုံခြုံရေးအပိုင်းနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေဖြစ်မှာစိုးတာကြောင့် Toyota ကသူတို့ကားတွေမှာထည့်မပေးသေးပါဘူး။ Android Auto ရဲ့လုံခြုံရေးနဲ့ပတ်သက်လို့လည်း ၂၀၁၅ ခုနှစ်မှာ Google က မလိုအပ်တဲ့ အချက်အလက်တွေကို Android Auto ကတစ်ဆင့်စုဆောင်းနေတယ်လို့ သတင်းတွေထွက်ထားခဲ့ပါသေးတယ်။ 

Android Auto ကို အခြားနာမည်ကြီးကားကုမ္ပဏီတွေဖြစ်တဲ့ Mercedes-Benz ၊ BMW ၊ Audi စတာတွေကတော့ သူတို့ကားတွေမှာထည့်ပေးခဲ့တာကြာပါပြီ။ Toyota ကတော့ ကမ္ဘာတစ်ဝှမ်းက ကားပိုင်ရှင်တွေရဲ့ ယုံကြည်မှု ကိုအများဆုံးရရှိထားတဲ့ ကုမ္ပဏီဖြစ်သလို ထုတ်လုပ်မှုအပိုင်းမှာလည်း အရည်အသွေးနဲ့ပတ်သက်လာရင် စိတ်အချရဆုံးပါ။ Toyota အနေနဲ့အခုလို Andorid Auto ကိုထည့်သွင်းမပေးတာကလည်း ကားပိုင်ရှင်တွေကို အဆင်မပြေတာမျိုး မဖြစ်စေချင်တဲ့အတွက်ကြောင့်ပါ။ Apple CarPlay ရလာတာကတော့ တော်တော်လေးအဆင်ပြေလာပေမယ့် Android စမတ်ဖုန်းသုံးသူတွေအတွက်တော့ ဝမ်းနည်းစရာပါ။ 

Ref: 9to5Google 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။