အမ်ားျပည္သူသံုး လမ္းမေတြေပၚမွာ ေမာင္းသူမဲ့ကားစမ္းသပ္မႈေတြကို ရပ္ဆိုင္းလုိက္တဲ့ Toyota

တေန႔က Arizona ျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ Uber ရဲ႕ ေမာင္းသူမဲ့ကားတစ္စီးက လမ္းမေပၚမွာရွိတဲ့ အမ်ိဳးသမီးတစ္ဦးကို တုိက္မိျပီီး အသက္ေသဆံုးမႈေစခဲ့မႈျဖစ္ရပ္ဟာ တကမၻာလံုးမွာ ရွိတဲ့ ေမာင္းသူမဲ့ကား စမ္းသပ္မႈေတြကို ထိခုိက္ေစခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ နာမည္ၾကီး ကားကုမၸဏီတစ္ခုျဖစ္တဲ့ Toyota ကုမၸဏီကလည္း သူရဲ႕ ေမာင္းသူမဲ့ကားစမ္းသပ္မႈေတြကို ရပ္ဆိုင္းလုိက္ျပီပဲျဖစ္ပါတယ္။

Toyota ကုမၸဏီဟာ သူရဲ႕ မၾကာေသးမီကမွ အဆင့္ျမွင့္တင္ထားခဲ့တဲ့ Chauffeur Autonomous System ကို ရပ္ဆုိင္းလုိက္တာျဖစ္ျပီး အေၾကာင္းျပခ်က္ကိုေတာ့ လက္ရွိ ယာဥ္ေမာင္းသူေတြအေပၚမွာ သက္ေရာက္လာႏုိင္တဲ့ စိတ္ပိုင္းဆိုင္ရာထိခုိက္မႈေတြေၾကာင့္ျဖစ္တယ္လုိ႔ပဲ ေျပာၾကားခဲ့ပါတယ္။ ျဖစ္ႏုိင္တာတစ္ခုကေတာ့ Uber ရဲ႕ ေမာင္းသူမဲ့ကား က အမ်ိဳးသမီးကို တုိက္သတ္မိတဲ့အခ်ိန္တုန္းက အဆိုပါ ေမာင္းသူမဲ့ကားေပၚမွာ အေရးေပၚယာဥ္ေမာင္းတစ္ဦးပါဝင္ေနျပီး အဆိုပါ ယာဥ္ေမာင္းကလည္း အခုျဖစ္ရပ္ကို တားဆီးႏုိင္ျခင္းမရွိခဲ့တာေၾကာင့္လို႔ အခုလုိ Toyota က ေျပာၾကားခဲ့တာလုိ႔ ယူဆရပါတယ္။

ဒါ့အျပင္ Toyota ကိုယ္တုိင္ကလည္း အခုလုိ အမ်ားျပည္သူသံုး လမ္းမေတြေပၚမွာ သူရဲ႕ ေမာင္းသူမဲ့ကားေတြကို စမ္းသပ္ေနမႈကို ရပ္ဆိုင္းလုိက္တာက အခ်ိန္ဘယ္ေလာက္ထိ ၾကာမယ္ဆိုတာကို ေျပာၾကားခဲ့ျခင္းလည္းမရွိပါဘူး။ အဲ့ဒီအတြက္ အခု Uber ရဲ႕ ျပႆနာေတြေျပလည္သြားေတာ့မွသာ ျပန္လည္စတင္ေလာက္ပါတယ္။

ေလာေလာဆယ္မွာေတာ့ Uber ရဲ႕ ေမာင္းသူမဲ့ကားေၾကာင့္ အသက္ေသဆံုးမႈအေပၚကို သက္ဆုိင္ရာက စစ္ေဆးမႈေတြျပဳလုပ္ေနဆဲျဖစ္ျပီးေတာ့ အမႈျဖစ္ပြားတဲ့ Tempe ျမိဳ႕ရဲ႕ ရဲမႈးၾကီးကေတာ့ အခုအမႈမွာ Uber က အမွားမရွိဘူးလုိ႔ ယူဆတယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

အခု Uber ရဲ႕ မေတာ္တဆမႈက မၾကာေသးမီကမွ Uber နဲ႔ Toyota တို႔ရဲ႕ Partnership ကို ေၾကျငာျပီး ျဖစ္ပြားခဲ့တာျဖစ္ျပီး အေစာပိုင္းအစီအစဥ္ေတြအရ Uber ဟာ Toyota ကို ေမာင္းသူမဲ့ကားဆိုင္ရာနည္းပညာေတြ ေရာင္းခ်ဖုိ႔ စီစဥ္ထားတာပဲျဖစ္ပါတယ္။ အခု ျဖစ္ရပ္ေၾကာင့္ ကုမၸဏီႏွစ္ခုရဲ႕ Partnership ကို ထိခုိက္ဖုိ႔ မရွိေပမယ့္ ေနာက္ထပ္အလားတူမေတာ္တဆမႈေတြျဖစ္ပြားမႈမရွိေအာင္ေတာ့ ကုမၸဏီ ႏွစ္ခုစလံုးက သတိထားရေတာ့မွာပါ။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

တနေ့က Arizona ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ Uber ရဲ့ မောင်းသူမဲ့ကားတစ်စီးက လမ်းမပေါ်မှာရှိတဲ့ အမျိုးသမီးတစ်ဦးကို တိုက်မိပြီး အသက်သေဆုံးမှုစေခဲ့မှုဖြစ်ရပ်ဟာ တကမ္ဘာလုံးမှာ ရှိတဲ့ မောင်းသူမဲ့ကား စမ်းသပ်မှုတွေကို ထိခိုက်စေခဲ့ပါတယ်။ အခုအချိန်မှာတော့ နာမည်ကြီး ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Toyota ကုမ္ပဏီကလည်း သူရဲ့ မောင်းသူမဲ့ကားစမ်းသပ်မှုတွေကို ရပ်ဆိုင်းလိုက်ပြီပဲဖြစ်ပါတယ်။

Toyota ကုမ္ပဏီဟာ သူရဲ့ မကြာသေးမီကမှ အဆင့်မြှင့်တင်ထားခဲ့တဲ့ Chauffeur Autonomous System ကို ရပ်ဆိုင်းလိုက်တာဖြစ်ပြီး အကြောင်းပြချက်ကိုတော့ လက်ရှိ ယာဉ်မောင်းသူတွေအပေါ်မှာ သက်ရောက်လာနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြောင့်ဖြစ်တယ်လို့ပဲ ပြောကြားခဲ့ပါတယ်။ ဖြစ်နိုင်တာတစ်ခုကတော့ Uber ရဲ့ မောင်းသူမဲ့ကား က အမျိုးသမီးကို တိုက်သတ်မိတဲ့အချိန်တုန်းက အဆိုပါ မောင်းသူမဲ့ကားပေါ်မှာ အရေးပေါ်ယာဉ်မောင်းတစ်ဦးပါဝင်နေပြီး အဆိုပါ ယာဉ်မောင်းကလည်း အခုဖြစ်ရပ်ကို တားဆီးနိုင်ခြင်းမရှိခဲ့တာကြောင့်လို့ အခုလို Toyota က ပြောကြားခဲ့တာလို့ ယူဆရပါတယ်။

ဒါ့အပြင် Toyota ကိုယ်တိုင်ကလည်း အခုလို အများပြည်သူသုံး လမ်းမတွေပေါ်မှာ သူရဲ့ မောင်းသူမဲ့ကားတွေကို စမ်းသပ်နေမှုကို ရပ်ဆိုင်းလိုက်တာက အချိန်ဘယ်လောက်ထိ ကြာမယ်ဆိုတာကို ပြောကြားခဲ့ခြင်းလည်းမရှိပါဘူး။ အဲ့ဒီအတွက် အခု Uber ရဲ့ ပြဿနာတွေပြေလည်သွားတော့မှသာ ပြန်လည်စတင်လောက်ပါတယ်။

လောလောဆယ်မှာတော့ Uber ရဲ့ မောင်းသူမဲ့ကားကြောင့် အသက်သေဆုံးမှုအပေါ်ကို သက်ဆိုင်ရာက စစ်ဆေးမှုတွေပြုလုပ်နေဆဲဖြစ်ပြီးတော့ အမှုဖြစ်ပွားတဲ့ Tempe မြို့ရဲ့ ရဲမှုးကြီးကတော့ အခုအမှုမှာ Uber က အမှားမရှိဘူးလို့ ယူဆတယ်လို့ ပြောကြားခဲ့ပါတယ်။

အခု Uber ရဲ့ မတော်တဆမှုက မကြာသေးမီကမှ Uber နဲ့ Toyota တို့ရဲ့ Partnership ကို ကြေငြာပြီး ဖြစ်ပွားခဲ့တာဖြစ်ပြီး အစောပိုင်းအစီအစဉ်တွေအရ Uber ဟာ Toyota ကို မောင်းသူမဲ့ကားဆိုင်ရာနည်းပညာတွေ ရောင်းချဖို့ စီစဉ်ထားတာပဲဖြစ်ပါတယ်။ အခု ဖြစ်ရပ်ကြောင့် ကုမ္ပဏီနှစ်ခုရဲ့ Partnership ကို ထိခိုက်ဖို့ မရှိပေမယ့် နောက်ထပ်အလားတူမတော်တဆမှုတွေဖြစ်ပွားမှုမရှိအောင်တော့ ကုမ္ပဏီ နှစ်ခုစလုံးက သတိထားရတော့မှာပါ။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com