[Zawgyi]

တစ္ကိုယ္ရည္သံုးပစၥည္းနဲ႔ အလွကုန္ေတြမွာေတြ႔ရတဲ့ အဆိပ္ျဖစ္ေစေသာပါဝင္ပစၥည္းမ်ား

လူတိုင္းလူတိုင္းက ေန႔စဥ္တစ္ကိုယ္ေရသန္႔ရွင္းေရးအတြက္ တစ္ကိုယ္ရည္သံုးပစၥည္းမ်ဳိးစံုကို အသံုးျပဳၾကသလို အလွအပႀကိဳက္တဲ႔ မိန္းကေလးေတြအေနနဲ႔လည္း ကိုယ္႔အသားအေရနဲ႔ ကိုက္ညီမယ္႔ အလွျပင္ပစၥည္းမ်ဳိးစံုကို သံုးျပီး ျပင္ဆင္ျခယ္သတတ္ၾကပါတယ္။ ဒီပစၥည္းေတြကို ေန႔စဥ္အသံုးျပဳၾကေပမယ္႔ ဒီပစၥည္းေတြမွာ ဘယ္လိုပစၥည္းေတြ ပါဝင္ဖဲြ႔စည္းထားလဲဆိုတာကုိ သိတဲ႔သူက အနည္းစုေလာက္ပဲရွိပါတယ္။ အလွကုန္ပစၥည္းေတြနဲ႔ တစ္ကိုယ္ရည္သံုးပစၥည္းေတြမွာ ဘယ္လုိ ဓာတုပစၥည္းေတြပါဝင္လဲ ဒါေတြက ဘယ္လုိဒုကၡေပးႏိုင္လဲဆိုတာကို ဗဟုသုတအျဖစ္ေဖာ္ျပေပးလိုက္ပါတယ္။

Triclosan

Triclosan ကိုယခင္က ပိုးသတ္ေဆးအေနနဲ႔အသံုးျပဳခဲ့ၾကတာျဖစ္ၿပီး ၁၉၆၀ ခုနစ္ေနာက္ပိုင္းမွာ ဒီဓာတုပိုးသတ္ေဆးကို တစ္ကိုယ္ရည္သံုးပစၥည္းေတြထဲမွာ ထည့္သြင္းအသံုးျပဳလာခဲ႔ၾကတာျဖစ္ပါတယ္။ “Triclosan ကို ဘက္တီးရီးုယားေတြေလွ်ာ့ခ်ဖို႔အတြက္ ဆပ္ျပာခဲေတြ၊ အဝတ္ေလွ်ာ္ဆပ္ျပာရည္နဲ႔ ပန္းကန္ေဆးဆပ္ျပာရည္ေတြမွာ ထည္႔သြင္းျပဳလုပ္ထားျခင္းျဖစ္တယ္္လို႔” နယူးေယာက္အေျခစိုက္ အေရျပားအထူးကု၊ အႏုပညာရွင္ေတြကိုလည္း ကုသမႈေပးေနတဲ႔ ေဒါက္တာ Dendy Engelman က ေျပာျပထားပါတယ္။ ဒီဓာတုပစၥည္းက အေရျပားကင္ဆာနဲ႔ သိုင္းရြဳိက္နဲ႔ပတ္သက္တဲ႔ ေရာဂါေတြျဖစ္ေစႏိုင္လို႔ FDA က ဆပ္ျပာေတြနဲ႔ ပိုးမႊားသန္႔စင္ေပးတဲ႔ ပစၥည္းေတြမွာ ထည္႔သြင္းမျပဳလုပ္ဖို႔ တားျမစ္ပိတ္ပင္လိုက္ပါတယ္။

Triclosan

Triclosan

Fragrance

လူေတြဖန္တီးျပဳလုပ္ထားတဲ့ ေရေမႊးေတြက အနံ႔အေနနဲ႔ စဲြမက္စရာေကာင္းေပမယ္႔ အေရျပားကို ဓာတ္မတည္႔မႈေတြ အႀကီးအက်ယ္ျဖစ္ေစႏိုင္ပါတယ္။ Fragrance ေတြကို Parabens(အလွျပင္ပစၥည္းမွာသံုးေလ့ရွိတဲ႔ တာရွည္ခံဓာတုပစၥည္း)၊ Benzene Derivatives ၊ Aldehydes အစရွိတဲ႔ အႏၱရာယ္ရွိ ဓာတုပစၥည္းေတြနဲ႔ ျပဳလုပ္ထားတာျဖစ္ပါတယ္။ ဒီဓာတုပစၥည္းေတြက ကင္ဆာနဲ႔ အာရုံေၾကာဆိုင္ရာ ေရာဂါေတြျဖစ္ေစႏုိင္ပါတယ္။ ဒီလို Fragrance ေတြကို အခ်ိန္အၾကာႀကီးမဟုတ္ဘဲ ခဏတာသံုးစဲြမိရင္ေတာ့ အသားအေရဓာတ္မတည္႔ျခင္းနဲ႔ နီျမန္းျခင္းေတြကို ျဖစ္ေပၚေစပါတယ္။ Fragrance ပါဝင္တဲ့ ကုန္ပစၥည္းေတြမွာ ဒီလို Parfum ၊ Perfume ၊ Linalool ၊ Limonene ၊Eugenol ၊ Citronellol ၊ Geraniol (သို႔မဟုတ္) Cinnamal အစရွိတဲ႔ စာလံုးေတြ ေရးထိုးထားပါတယ္။ Fragrance Free Product ေတြဆိုရင္ Eight Hour® Cream Skin Protectant Fragrance Free ဆိုၿပီး ေရးထိုးထားေလ့ရွိပါတယ္။ Fragrance Free Product ကို အသံုးျပဳမယ္ဆုိရင္ေတာ႔ အသားအေရကို ေရဓာတ္ျပည္႔ဝေစၿပီး ပိုမိုေကာင္းမြန္လာေစပါတယ္။

Fragrance

Fragrance

Phthalates

ဒီဓာတုပစၥည္းကိုေတာ့ လက္သည္းနီ၊ Hair Spray၊ ေခၽြးနံ႔ေပ်ာက္ေဆး၊ ေရေမႊးနဲ႔ ေရဓာတ္္ျဖည္႔ေပးတဲ႔ လိုရွင္းေတြမွာ ေတြ႔ရတတ္ပါတယ္။ ဒီဓာတုပစၥည္းက မယံုႏိုင္ေလာက္ေအာင္ အႏၱရာယ္မ်ားပါတယ္။ “Phthalates ကို ၾကာၾကာသံုးစဲြမိရင္ ရင္သားကင္ဆာ၊ အသည္းကင္ဆာ၊ ေက်ာက္ကပ္နဲ႔အဆုတ္ကင္ဆာ အစရွိတဲ႔ ကင္ဆာအမ်ဴိးမ်ဳိးကုိ ျဖစ္ပြားေစႏိုင္တယ္” လို႔ နယူးေရာက္ၿမိဳ႕ Mount Sinai ေဆးရုံရဲ႕ အေရျပားအထူးကုဆရာဝန္လည္းျဖစ္ၿပီး အလွကုန္နဲ႔ သုေတသနဒါရုိက္တာလည္းျဖစ္တဲ႔ Joshua Zeichner က ေျပာၾကားထားပါတယ္။ Phthalate-Free Product ေတြလည္း ထြက္ရွိေနၿပီမို႔ ေစ်းကြက္မွာ ရွာေဖြၿပီး အသံုးျပဳလို႔ရပါတယ္။

Phthalates

Phthalates

Avobenzone

သဘာဝပတ္ဝန္းက်င္အတြက္လႈပ္ရွားမႈေတြလုပ္ေနတဲ႔ EWG က Sunscreen ေတြမွာပါဝင္တဲ႔ ပါဝင္ပစၥည္း Avobenzone ကို ေဘးကင္းတဲ႔ပါဝင္ပစၥည္းျဖစ္တယ္လို႔ ေျပာၾကားထားေပမယ္႔လည္း သုေတသနျပဳခ်က္ေတြကေတာ့ ဆန္႔က်င္ဘက္ ေျပာၾကားထားပါတယ္။ ေလ့လာခ်က္ေတြအရ Avobenzone က ခရမ္းလြန္ေရာင္ျခည္၊ ကလိုရင္းတို႔နဲ႔ ေတြ႔တဲ႔အခါ အဆိပ္အေတာက္အျဖစ္ ေျပာင္းလဲသြားပါတယ္။ အထူးသျဖင့္ ေနအခ်ိန္ ေရကူးတဲ႔အခါ Sunscreen လိမ္းၿပီး ေရကူးျခင္းက အဆိပ္အေတာက္ေတြကို ခႏၶာကိုယ္ဆီေရာက္ရွိေစဖို႔ ဖိတ္ေခၚေနသလိုပါပဲ။ ဒါေၾကာင့္မို႔ Sunscreen ေရြးတဲ႔အခါမ်ဳိးမွာ Avobenzone မပါတဲ႔ Sunscreen မ်ဳိးကို သတိထားၿပီး ေရြးခ်ယ္သင့္ပါတယ္။

Avobenzone

Avobenzone

Propylene Glycol

Hiar Spray၊ မိတ္ကပ္၊ ေခါင္းေလွ်ာ္ရည္နဲ႔ ေပ်ာ႔ေဆး၊ Moisturizer ၊ Sunscreen ေတြရဲ႕ ပါဝင္ပစၥည္းေတြထဲမွာ Propylene Glycol ကို ေတြ႔ျမင္ႏိုင္ပါတယ္။ Propylene Glycol ကို အစိုဓာတ္ျဖည္႔ဖို႔အတြက္ အသုံးျပဳတာျဖစ္ေသာ္လည္း အေရျပားနီၿပီး ေရာင္ရမ္းနာက်င္ျခင္းနဲ႔ အေရျပားတြင္အဖုအပိမ့္ႀကီးမ်ားျဖစ္ေပၚေစျခင္း အစရွိတဲ႔ အေရျပားဓာတ္မတည္႔ျခင္းေတြကို ျဖစ္ေပၚေစတတ္လို႔ EWG က အသံုးမျပဳဖို႔သတိေပးထားပါတယ္။

တစ္ကိုယ္ရည္သံုးပစၥည္းေတြနဲ႔ အလွကုန္ေတြမွာပါဝင္တဲ႔ အဆိပ္ျဖစ္ေစတဲ႔ ပါဝင္ပစၥည္းေတြအေၾကာင္းသိၿပီးၿပီဆိုေတာ့ ေနာက္တစ္ကိုယ္ရည္သံုးပစၥည္းေတြနဲ႔ အလွကုန္ေတြဝယ္တဲ႔အခါမွာ ဒီပါဝင္ပစၥည္းေတြကို ေရွာင္ရွားၿပီး ဝယ္ယူႏိုင္ၾကလိမ္႔မယ္လို႔ ေမွ်ာ္လင္႔ပါတယ္။

H.H(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

တစ်ကိုယ်ရည်သုံးပစ္စည်းနဲ့ အလှကုန်တွေမှာတွေ့ရတဲ့ အဆိပ်ဖြစ်စေသောပါဝင်ပစ္စည်းများ

လူတိုင်းလူတိုင်းက နေ့စဉ်တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် တစ်ကိုယ်ရည်သုံးပစ္စည်းမျိုးစုံကို အသုံးပြုကြသလို အလှအပကြိုက်တဲ့ မိန်းကလေးတွေအနေနဲ့လည်း ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့် အလှပြင်ပစ္စည်းမျိုးစုံကို သုံးပြီး ပြင်ဆင်ခြယ်သတတ်ကြပါတယ်။ ဒီပစ္စည်းတွေကို နေ့စဉ်အသုံးပြုကြပေမယ့် ဒီပစ္စည်းတွေမှာ ဘယ်လိုပစ္စည်းတွေ ပါဝင်ဖွဲ့စည်းထားလဲဆိုတာကို သိတဲ့သူက အနည်းစုလောက်ပဲရှိပါတယ်။ အလှကုန်ပစ္စည်းတွေနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေမှာ ဘယ်လို ဓာတုပစ္စည်းတွေပါဝင်လဲ ဒါတွေက ဘယ်လိုဒုက္ခပေးနိုင်လဲဆိုတာကို ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

Triclosan

Triclosan ကိုယခင်က ပိုးသတ်ဆေးအနေနဲ့အသုံးပြုခဲ့ကြတာဖြစ်ပြီး ၁၉၆၀ ခုနစ်နောက်ပိုင်းမှာ ဒီဓာတုပိုးသတ်ဆေးကို တစ်ကိုယ်ရည်သုံးပစ္စည်းတွေထဲမှာ ထည့်သွင်းအသုံးပြုလာခဲ့ကြတာဖြစ်ပါတယ်။ “Triclosan ကို ဘက်တီးရီးုယားတွေလျှော့ချဖို့အတွက် ဆပ်ပြာခဲတွေ၊ အဝတ်လျှော်ဆပ်ပြာရည်နဲ့ ပန်းကန်ဆေးဆပ်ပြာရည်တွေမှာ ထည့်သွင်းပြုလုပ်ထားခြင်းဖြစ်တယ်လို့” နယူးယောက်အခြေစိုက် အရေပြားအထူးကု၊ အနုပညာရှင်တွေကိုလည်း ကုသမှုပေးနေတဲ့ ဒေါက်တာ Dendy Engelman က ပြောပြထားပါတယ်။ ဒီဓာတုပစ္စည်းက အရေပြားကင်ဆာနဲ့ သိုင်းရွိုက်နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်စေနိုင်လို့ FDA က ဆပ်ပြာတွေနဲ့ ပိုးမွှားသန့်စင်ပေးတဲ့ ပစ္စည်းတွေမှာ ထည့်သွင်းမပြုလုပ်ဖို့ တားမြစ်ပိတ်ပင်လိုက်ပါတယ်။

Triclosan

Triclosan

Fragrance

လူတွေဖန်တီးပြုလုပ်ထားတဲ့ ရေမွှေးတွေက အနံ့အနေနဲ့ စွဲမက်စရာကောင်းပေမယ့် အရေပြားကို ဓာတ်မတည့်မှုတွေ အကြီးအကျယ်ဖြစ်စေနိုင်ပါတယ်။ Fragrance တွေကို Parabens(အလှပြင်ပစ္စည်းမှာသုံးလေ့ရှိတဲ့ တာရှည်ခံဓာတုပစ္စည်း)၊ Benzene Derivatives ၊ Aldehydes အစရှိတဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းတွေက ကင်ဆာနဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေဖြစ်စေနိုင်ပါတယ်။ ဒီလို Fragrance တွေကို အချိန်အကြာကြီးမဟုတ်ဘဲ ခဏတာသုံးစွဲမိရင်တော့ အသားအရေဓာတ်မတည့်ခြင်းနဲ့ နီမြန်းခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ Fragrance ပါဝင်တဲ့ ကုန်ပစ္စည်းတွေမှာ ဒီလို Parfum ၊ Perfume ၊ Linalool ၊ Limonene ၊Eugenol ၊ Citronellol ၊ Geraniol (သို့မဟုတ်) Cinnamal အစရှိတဲ့ စာလုံးတွေ ရေးထိုးထားပါတယ်။ Fragrance Free Product တွေဆိုရင် Eight Hour® Cream Skin Protectant Fragrance Free ဆိုပြီး ရေးထိုးထားလေ့ရှိပါတယ်။ Fragrance Free Product ကို အသုံးပြုမယ်ဆိုရင်တော့ အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး ပိုမိုကောင်းမွန်လာစေပါတယ်။

Fragrance

Fragrance

Phthalates

ဒီဓာတုပစ္စည်းကိုတော့ လက်သည်းနီ၊ Hair Spray၊ ချွေးနံ့ပျောက်ဆေး၊ ရေမွှေးနဲ့ ရေဓာတ်ဖြည့်ပေးတဲ့ လိုရှင်းတွေမှာ တွေ့ရတတ်ပါတယ်။ ဒီဓာတုပစ္စည်းက မယုံနိုင်လောက်အောင် အန္တရာယ်များပါတယ်။ “Phthalates ကို ကြာကြာသုံးစွဲမိရင် ရင်သားကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ်နဲ့အဆုတ်ကင်ဆာ အစရှိတဲ့ ကင်ဆာအမျိူးမျိုးကို ဖြစ်ပွားစေနိုင်တယ်” လို့ နယူးရောက်မြို့ Mount Sinai ဆေးရုံရဲ့ အရေပြားအထူးကုဆရာဝန်လည်းဖြစ်ပြီး အလှကုန်နဲ့ သုတေသနဒါရိုက်တာလည်းဖြစ်တဲ့ Joshua Zeichner က ပြောကြားထားပါတယ်။ Phthalate-Free Product တွေလည်း ထွက်ရှိနေပြီမို့ ဈေးကွက်မှာ ရှာဖွေပြီး အသုံးပြုလို့ရပါတယ်။

Phthalates

Phthalates

Avobenzone

သဘာဝပတ်ဝန်းကျင်အတွက်လှုပ်ရှားမှုတွေလုပ်နေတဲ့ EWG က Sunscreen တွေမှာပါဝင်တဲ့ ပါဝင်ပစ္စည်း Avobenzone ကို ဘေးကင်းတဲ့ပါဝင်ပစ္စည်းဖြစ်တယ်လို့ ပြောကြားထားပေမယ့်လည်း သုတေသနပြုချက်တွေကတော့ ဆန့်ကျင်ဘက် ပြောကြားထားပါတယ်။ လေ့လာချက်တွေအရ Avobenzone က ခရမ်းလွန်ရောင်ခြည်၊ ကလိုရင်းတို့နဲ့ တွေ့တဲ့အခါ အဆိပ်အတောက်အဖြစ် ပြောင်းလဲသွားပါတယ်။ အထူးသဖြင့် နေအချိန် ရေကူးတဲ့အခါ Sunscreen လိမ်းပြီး ရေကူးခြင်းက အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ဆီရောက်ရှိစေဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ ဒါကြောင့်မို့ Sunscreen ရွေးတဲ့အခါမျိုးမှာ Avobenzone မပါတဲ့ Sunscreen မျိုးကို သတိထားပြီး ရွေးချယ်သင့်ပါတယ်။

Avobenzone

Avobenzone

Propylene Glycol

Hiar Spray၊ မိတ်ကပ်၊ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေး၊ Moisturizer ၊ Sunscreen တွေရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ Propylene Glycol ကို တွေ့မြင်နိုင်ပါတယ်။ Propylene Glycol ကို အစိုဓာတ်ဖြည့်ဖို့အတွက် အသုံးပြုတာဖြစ်သော်လည်း အရေပြားနီပြီး ရောင်ရမ်းနာကျင်ခြင်းနဲ့ အရေပြားတွင်အဖုအပိမ့်ကြီးများဖြစ်ပေါ်စေခြင်း အစရှိတဲ့ အရေပြားဓာတ်မတည့်ခြင်းတွေကို ဖြစ်ပေါ်စေတတ်လို့ EWG က အသုံးမပြုဖို့သတိပေးထားပါတယ်။

တစ်ကိုယ်ရည်သုံးပစ္စည်းတွေနဲ့ အလှကုန်တွေမှာပါဝင်တဲ့ အဆိပ်ဖြစ်စေတဲ့ ပါဝင်ပစ္စည်းတွေအကြောင်းသိပြီးပြီဆိုတော့ နောက်တစ်ကိုယ်ရည်သုံးပစ္စည်းတွေနဲ့ အလှကုန်တွေဝယ်တဲ့အခါမှာ ဒီပါဝင်ပစ္စည်းတွေကို ရှောင်ရှားပြီး ဝယ်ယူနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

H.H(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။