[Zawgyi]

Pet ေလးေတြနဲ႔ မတည့္တဲ့အစားအေသာက္ေလးမ်ား

တိရစာၦန္ေလးေတြကို ေမြးၿပီဆိုရင္ ေနာက္ဆက္တြဲ ထိန္းသိမ္းေစာင့္ေရွာက္မႈေတြနဲ႔ ဂရုစိုက္မႈေတြကို အဆက္မျပတ္ လုပ္ရေတာ့တာပါပဲ။ ဒီတိုင္း ေမြးထားၿပီး ပစ္ထားလိုက္လို႔ မရပါဘူး။ သူတုိ႔ဟာလည္း သက္ရွိေလးေတြပဲမို႔ ကိုယ္တာ၀န္ယူထားတဲ့ တိရစာၦန္ေလးေတြကို အသက္ရွည္ရွည္နဲ႔ က်န္းက်န္းမာမာ သက္တမ္းေစ့ေနထိုင္ႏုိင္ဖို႔ေတာ့ ဂရုစိုက္မႈေတြကို တာ၀န္ယူရပါလိမ့္မယ္ေနာ္။ ဒီေတာ့ ေခြးေလးေတြ ေမြးၿပီဆိုရင္လည္း ကိုယ္ ေန႔စဥ္စားေသာက္ေနတဲ့ အစားအစာေတြကို ပစ္စလက္ခတ္ ေကၽြးလို႔မရပါဘူး။ သူတို႔ေလးေတြ စားမိရင္ အႏၱရာယ္ျဖစ္ေစႏုိင္တဲ့ အစားအစာေတြ ရွိပါတယ္။

သၾကားလံုးနဲ႔ ပီေကေတြ

Xylitol ဆိုတဲ့ကုန္ၾကမ္းပစၥည္းဟာ သၾကားလံုးေတြနဲ႔ ပီေကေတြမွာ ထည့္သြင္းအသံုးျပဳတဲ့ပစၥည္းပါ။ သူက တကယ္ေတာ့ အပင္ကရတဲ့ကုန္ၾကမ္းျဖစ္ေပမယ့္ အခုေနာက္ပိုင္းမွာ ဓာတုနည္းစနစ္နဲ႔ ထုတ္လုပ္ထည့္သြင္းၾကတာ မ်ားပါတယ္။ Xylitol ကို ခ်ိဳျမေစလိုတဲ့အတြက္ ထည့္သြင္းတာက လူေတြနဲ႔ တည့္ေပမယ့္ ေခြးေလးေတြနဲ႔ေတာ့ လံုး၀မတည့္ပါဘူးေနာ္။

Sweet and Chewing Gum

Sweet and Chewing Gum

ၾကက္သြန္ေတြ

ၾကက္သြန္ျဖဴနဲ႔ ၾကက္သြန္နီေတြကို သတိမထားမိလိုက္ပဲ သူတုိ႔ကို ေကၽြးေနတဲ့အစာထဲမွာ ထည့္ေနတတ္ၾကပါတယ္။ ဒါေပမယ့္ ၾကက္သြန္ေတြဟာ ေခြးေလးေတြနဲ႔ ေၾကာင္ေလးေတြရဲ႕ ေသြးနီဥကို တိုက္ခိုက္ၿပီး ပ်က္စီးေစပါတယ္။ ၾကက္သြန္အုပ္စုမွာပါ၀င္တဲ့ ၾကက္သြန္ၿမိတ္ကစလို႔ ဟင္းခတ္အေမႊးအႀကိဳင္ေတြကအထိ သူတို႔ေလးေတြကို ေကၽြးတဲ့အထဲ ထည့္မေကၽြးသင့္ပါဘူးေနာ္။

Onion and Garlic

Onion and Garlic

ေကာ္ဖီနဲ႔ ေခ်ာကလက္ေတြ

ေကာ္ဖီေတြအားလံုးမွာ ပါ၀င္ေနတဲ့ Caffeine ဓာတ္ဟာ ျပႆနာရွိပါတယ္။ လူေတြအားလံုးနဲ႔ေတာင္ မတည့္တဲ့ Caffeine ျဖစ္တဲ့အတြက္ တိရစာၦန္ေလးေတြအတြက္ဆို ေ၀လာေ၀းပါေနာ္။ ဒါေၾကာင့္ ဘယ္လိုေကာ္ဖီအမ်ိဳးအစားပဲျဖစ္ျဖစ္ ေနာက္ဆံုး ေကာ္ဖီအရသာထည့္သြင္းထားတဲ့ အခ်ိဳပြဲေတြကအစ ေရွာင္ရပါလိမ့္မယ္။ ဒါ့အျပင္ ေခ်ာကလက္ဆိုတာလည္း အလာတူျဖစ္တာမို႔လို႔ ေခ်ာကလက္အမ်ိဳးအစားအားလံုးနဲ႔ ေခ်ာကလက္အရသာထည့္သြင္းထားတဲ့မုန္႔ေတြကအစ လံုး၀မေကၽြးပါနဲ႔ေနာ္။

Coffee and Chocolate

Coffee and Chocolate

စပ်စ္သီးနဲ႔ စပ်စ္သီးေျခာက္ေတြ

စပ်စ္သီးဟာ ေခြးေတြအတြက္ အစာအဆိပ္သင့္ေစတဲ့ အစားအစာတစ္ခုပါ။ ဆိုးရြားတာကေတာ့ သူ႔ရဲ႕ ဘယ္လိုဓာတ္ေပါင္းက ေခြးေလးေတြကို ထိခိုက္ေစတာလဲဆိုတာ ေသေသခ်ာခ်ာမသိပါဘူး။ ဒါေပမယ့္ ျပႆနာတက္မွာကေတာ့ အေသအခ်ာပါပဲ။ စပ်စ္သီးေျခာက္ေတြဆိုတာကလည္း စပ်စ္သီးက လာတာမို႔လို႔ လံုး၀မေကၽြးပါနဲ႔ေနာ္။ ဒါေတြက ေခြးေလးေတြရဲ႕ ေက်ာက္ကပ္ကို ပ်က္စီးေစလို႔ပါပဲ။

Grape and Raisin

Grape and Raisin

အရက္ေသစာေတြ

ဒါ အံ့ၾသစရာေတာ့မရွိပါဘူး။ အရက္ေသစာဟာ လူေတြအတြက္ေတာင္ ဒီေလာက္ ဒုကၡေပးေနတာ တိရစာၦန္ေလးေတြအတြက္ဆိုရင္ေတာ့ ေတြး၀ံ့စရာေတာင္ မရွိပါဘူးေနာ္။ ဒါေၾကာင့္ အရက္ေသစာေတြကို စၿပီးေနာက္ၿပီးေတာင္ နည္းနည္းေလးမွ မတုိက္ၾကပါနဲ႔ေနာ္။

Alcohol

Alcohol

မႈိေတြ

မိႈတိုင္းေတာ့ မဟုတ္ပါဘူး။ ေခြးေလးေတြစားလည္း ဘာမွမျဖစ္တဲ့မိႈေတြ ရွိပါတယ္။ ဒါေပမယ့္ ေကၽြးခ်င္တယ္ဆိုရင္ေတာ့ ဘယ္လိုမႈိအမ်ိဳးအစားကပဲ ေကၽြးလို႔ရတယ္ဆိုတာကို လုိက္ၿပီးေလ့လာမွတ္သားရပါေတာ့မယ္။ မႈိမေကၽြးလုိ႔ ဘာမွမျဖစ္သြားပါဘူးေနာ္။ မွားေကၽြးမိရင္ေတာ့ ေနမေကာင္းျဖစ္သြားမွာပါ။

Mushroom

Mushroom

ေထာပတ္သီးေတြ

ေထာပတ္သီးမွာ သူတို႔ေလးေတြအတြက္ အဆိပ္အေတာက္ျဖစ္ေစႏုိင္တဲ့ Persin ဆိုတဲ့ ဓာတ္တစ္မ်ိဳးပါ၀င္ေနပါတယ္။ ဒီဓာတ္က ေခြးေလးေတြအတြက္ပဲ မဟုတ္ပါဘူး။ တိရစာၦန္ေတာ္ေတာ္မ်ားမ်ားနဲ႔ မတည့္တာပါေနာ္။ Persin ဟာ သူတို႔ေတြရဲ႕ ႏွလံုးကို တိုက္ခိုက္ႏုိင္ပါတယ္။

Avocado

Avocado

တိရစာၦန္ေလးေတြဟာ လူေတြေလာက္ အသိဥာဏ္မရွိတဲ့အတြက္ ေကာင္း၏ဆိုး၏ဆိုတာ ခြဲျခားတတ္မွာေတာ့ မဟုတ္ပါဘူး။ သခင္ေတြျဖစ္တဲ့ ကိုယ္ေတြကပဲ ဂရုစိုက္ေပးရမွာပါေနာ္။ ေခြးေလးေတြဟာ ကေလးေတြနဲ႔ တူတဲ့ဆိုတဲ့အတိုင္းပဲ ေတြ႕ရာ ေကာက္ဆြဲေကာက္စားေနေတာ့မွာပါပဲ။ ဒါေၾကာင့္ ကိုယ္ေတြကပဲ သူတို႔ေလးေတြကို ခ်စ္ခ်စ္ခင္ခင္၊ ၾကင္ၾကင္နာနာနဲ႔ သက္တမ္းျပည့္ေနသြားႏုိင္ဖို႔ ေစာင့္ေရွာက္ေပးရပါလိမ့္မယ္ေနာ္။

Moethaesay (Akhayar)

[Unicode]

Pet လေးတွေနဲ့ မတည့်တဲ့အစားအသောက်လေးများ

တိရစ္ဆာန်လေးတွေကို မွေးပြီဆိုရင် နောက်ဆက်တွဲ ထိန်းသိမ်းစောင့်ရှောက်မှုတွေနဲ့ ဂရုစိုက်မှုတွေကို အဆက်မပြတ် လုပ်ရတော့တာပါပဲ။ ဒီတိုင်း မွေးထားပြီး ပစ်ထားလိုက်လို့ မရပါဘူး။ သူတို့ဟာလည်း သက်ရှိလေးတွေပဲမို့ ကိုယ်တာဝန်ယူထားတဲ့ တိရစ္ဆာန်လေးတွေကို အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ သက်တမ်းစေ့နေထိုင်နိုင်ဖို့တော့ ဂရုစိုက်မှုတွေကို တာဝန်ယူရပါလိမ့်မယ်နော်။ ဒီတော့ ခွေးလေးတွေ မွေးပြီဆိုရင်လည်း ကိုယ် နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကို ပစ်စလက်ခတ် ကျွေးလို့မရပါဘူး။ သူတို့လေးတွေ စားမိရင် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာတွေ ရှိပါတယ်။

သကြားလုံးနဲ့ ပီကေတွေ

Xylitol ဆိုတဲ့ကုန်ကြမ်းပစ္စည်းဟာ သကြားလုံးတွေနဲ့ ပီကေတွေမှာ ထည့်သွင်းအသုံးပြုတဲ့ပစ္စည်းပါ။ သူက တကယ်တော့ အပင်ကရတဲ့ကုန်ကြမ်းဖြစ်ပေမယ့် အခုနောက်ပိုင်းမှာ ဓာတုနည်းစနစ်နဲ့ ထုတ်လုပ်ထည့်သွင်းကြတာ များပါတယ်။ Xylitol ကို ချိုမြစေလိုတဲ့အတွက် ထည့်သွင်းတာက လူတွေနဲ့ တည့်ပေမယ့် ခွေးလေးတွေနဲ့တော့ လုံးဝမတည့်ပါဘူးနော်။

Sweet and Chewing Gum

Sweet and Chewing Gum

ကြက်သွန်တွေ

မသိပဲနဲ့ ထည့်ပြီးကျွေးမိကြတာ ကြက်သွန်တွေပါပဲ။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတွေကို သတိမထားမိလိုက်ပဲ သူတို့ကို ကျွေးနေတဲ့အစာထဲမှာ ထည့်နေတတ်ကြပါတယ်။ ဒါပေမယ့် ကြက်သွန်တွေဟာ ခွေးလေးတွေနဲ့ ကြောင်လေးတွေရဲ့ သွေးနီဥကို တိုက်ခိုက်ပြီး ပျက်စီးစေပါတယ်။ ကြက်သွန်အုပ်စုမှာပါဝင်တဲ့ ကြက်သွန်မြိတ်ကစလို့ ဟင်းခတ်အမွှေးအကြိုင်တွေကအစ သူတို့လေးတွေကို ကျွေးတဲ့အထဲ မထည့်ကျွေးသင့်ပါဘူးနော်။

Onion and Garlic

Onion and Garlic

ကော်ဖီနဲ့ ချောကလက်တွေ

ကော်ဖီတွေအားလုံးမှာ ပါဝင်နေတဲ့ Caffeine ဓာတ်ဟာ ပြဿနာရှိပါတယ်။ လူတွေအားလုံးနဲ့တောင် မတည့်တဲ့ Caffeine ဖြစ်တဲ့အတွက် တိရစ္ဆာန်လေးတွေအတွက်ဆို ဝေလာဝေးပါနော်။ ဒါကြောင့် ဘယ်လိုကော်ဖီအမျိုးအစားပဲဖြစ်ဖြစ် နောက်ဆုံး ကော်ဖီအရသာထည့်သွင်းထားတဲ့ အချိုပွဲတွေကအစ ရှောင်ရပါလိမ့်မယ်။ ဒါ့အပြင် ချောကလက်ဆိုတာလည်း အလာတူဖြစ်တာမို့လို့ ချောကလက်အမျိုးအစားအားလုံးနဲ့ ချောကလက်အရသာထည့်သွင်းထားတဲ့မုန့်တွေကအစ လုံးဝမကျွေးပါနဲ့နော်။

Coffee and Chocolate

Coffee and Chocolate

စပျစ်သီးနဲ့ စပျစ်သီးခြောက်တွေ

စပျစ်သီးဟာ ခွေးတွေအတွက် အစာအဆိပ်သင့်စေတဲ့ အစားအစာတစ်ခုပါ။ ဆိုးရွားတာကတော့ သူ့ရဲ့ ဘယ်လိုဓာတ်ပေါင်းက ခွေးလေးတွေကို ထိခိုက်စေတာလဲဆိုတာ သေသေချာချာမသိပါဘူး။ ဒါပေမယ့် ပြဿနာတတ်မှာကတော့ အသေအချာပါပဲ။ စပျစ်သီးခြောက်တွေဆိုတာကလည်း စပျစ်သီးက လာတာမို့လို့ လုံးဝမကျွေးပါနဲ့နော်။ ဒါတွေက ခွေးလေးတွေရဲ့ ကျောက်ကပ်ကို ပျက်စီးစေလို့ပါပဲ။

Grape and Raisin

Grape and Raisin

အရက်သေစာတွေ

ဒါ အံ့သြစရာတော့မရှိပါဘူး။ အရက်သေစာဟာ လူတွေအတွက်တောင် ဒီလောက် ဒုက္ခပေးနေတာ တိရစ္ဆာန်လေးတွေအတွက်ဆိုရင်တော့ တွေးဝံ့စရာတောင် မရှိပါဘူးနော်။ ဒါကြောင့် အရက်သေစာတွေကို စပြီးနောက်ပြီးတောင် နည်းနည်းလေးမှ မတိုက်ကြပါနဲ့နော်။

Alcohol

Alcohol

မှိုတွေ

မှိုတိုင်းတော့ မဟုတ်ပါဘူး။ ခွေးလေးတွေစားလည်း ဘာမှမဖြစ်တဲ့မှိုတွေ ရှိပါတယ်။ ဒါပေမယ့် ကျွေးချင်တယ်ဆိုရင်တော့ ဘယ်လိုမှိုအမျိုးအစားကပဲ ကျွေးလို့ရတယ်ဆိုတာကို လိုက်ပြီးလေ့လာမှတ်သားရပါတော့မယ်။ မှိုမကျွေးလို့ ဘာမှမဖြစ်သွားပါဘူးနော်။ မှားကျွေးမိရင်တော့ နေမကောင်းဖြစ်သွားမှာပါ။

Mushroom

Mushroom

ထောပတ်သီးတွေ

ထောပတ်သီးမှာ သူတို့လေးတွေအတွက် အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ Persin ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်နေပါတယ်။ ဒီဓာတ်က ခွေးလေးတွေအတွက်ပဲ မဟုတ်ပါဘူး။ တိရစ္ဆာန်တော်တော်များများနဲ့ မတည့်တာပါနော်။ Persin ဟာ သူတို့တွေရဲ့ နှလုံးကို တိုက်ခိုက်နိုင်ပါတယ်။

Avocado

Avocado

တိရစ္ဆာန်လေးတွေဟာ လူတွေလောက် အသိဉာဏ်မရှိတဲ့အတွက် ကောင်း၏ဆိုး၏ဆိုတာ ခွဲခြားတတ်မှာတော့ မဟုတ်ပါဘူး။ သခင်တွေဖြစ်တဲ့ ကိုယ်တွေကပဲ ဂရုစိုက်ပေးရမှာပါနော်။ ခွေးလေးတွေဟာ ကလေးတွေနဲ့ တူတဲ့ဆိုတဲ့အတိုင်းပဲ တွေ့ရာ ကောက်ဆွဲကောက်စားနေတော့မှာပါပဲ။ ဒါကြောင့် ကိုယ်တွေကပဲ သူတို့လေးတွေကို ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာနဲ့ သက်တမ်းပြည့်နေသွားနိုင်ဖို့ စောင့်ရှောက်ပေးရပါလိမ့်မယ်နော်။

Moethaesay (Akhayar)