[Zawgyi]

တိုက္စစ္မွဴး ဟယ္ရီကိန္းကို စာခ်ဳပ္သက္တမ္း တိုးခဲ့တဲ့ စပါးအသင္း

စပါးအသင္းဟာ အသင္းရဲ႕ အဓိက တိုက္စစ္မွဴး ဟယ္ရီကိန္း Harry Kane ကို စာခ်ဳပ္သက္တမ္း တိုးျမွင့္ႏိုင္ခဲ့ပါတယ္။ တိုက္စစ္မွဴး ဟယ္ရီကိန္း Harry Kane ကို (၆)ႏွစ္ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုႏိုင္ခဲ့တာျဖစ္ၿပီး အသင္းမွာ ၂၀၂၄ ခုႏွစ္အထိ ဆက္ရွိေနမွာ ျဖစ္ပါတယ္။ ဟယ္ရီကိန္း Harry Kane ရဲ႕ လစာေငြ ပမာဏ အတိအက်ကို ထုတ္ျပန္ခဲ့ျခင္း မရွိေပမယ့္ လက္ရွိ တစ္ပတ္လုပ္ခ ေပါင္ (၁)သိန္းထက္ေတာ့ ပိုမိုမ်ားျပားဖို႔ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္၊ ဒီဇင္ဘာလက ဟာရီကိန္း Harry Kane ကို ၂၀၂၂ ခုႏွစ္အထိ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ခဲ့ေပမယ့္ အသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔ စာခ်ဳပ္သစ္ ထပ္မံ ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။

Tottenham-striker-Harry-Kane

Tottenham-striker-Harry-Kane

ၿပီးခဲ့တဲ့ ေဘာလံုးရာသီက တိုက္စစ္မွဴး ဟာရီကိန္း Harry Kane ဟာ စပါးအသင္းနဲ႔ အဂၤလန္အသင္းေတြအတြက္ သြင္းဂိုး (၅၆)ဂိုးအထိ သြင္းယူေပးခဲ့ကာ ဥေရာပေဘာလံုးေလာကရဲ႕ ထိပ္တန္း ဂိုးသြင္းရွင္ တစ္ဦးအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္ ေနာက္ပိုင္း ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ သြင္းဂိုးအမ်ားဆံုး ကစားသမားအျဖစ္ ရပ္တည္ေနတဲ့ ဟယ္ရီကိန္း Harry Kane ဟာ (၁၃၉)ပြဲကစား (၁၀၅)ဂိုးအထိ သြင္းယူေပးခဲ့တဲ့ တိုက္စစ္မွဴး တစ္ဦးျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေမလက အသင္းနဲ႔ (၅)ႏွစ္ သက္တမ္းတိုးခဲ့တဲ့ နည္းျပ ပိုခ်က္တီႏို Pochettino က တိုက္စစ္မွဴး ဟယ္ရီကိန္း Harry Kane အပါအဝင္ အဓိက ကစားသမားေတြကို အသင္းမွာ ဆက္ထိန္းထားႏိုင္ဖို႔ ပစ္မွတ္ထားေနတာ ျဖစ္ပါတယ္။

REF:BBC Sports
Photo:Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

တိုက်စစ်မှူး ဟယ်ရီကိန်းကို စာချုပ်သက်တမ်း တိုးခဲ့တဲ့ စပါးအသင်း

စပါးအသင်းဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane ကို စာချုပ်သက်တမ်း တိုးမြှင့်နိုင်ခဲ့ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane ကို (၆)နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး အသင်းမှာ ၂၀၂၄ ခုနှစ်အထိ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဟယ်ရီကိန်း Harry Kane ရဲ့ လစာငွေ ပမာဏ အတိအကျကို ထုတ်ပြန်ခဲ့ခြင်း မရှိပေမယ့် လက်ရှိ တစ်ပတ်လုပ်ခ ပေါင် (၁)သိန်းထက်တော့ ပိုမိုများပြားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက ဟာရီကိန်း Harry Kane ကို ၂၀၂၂ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပေမယ့် အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

Tottenham-striker-Harry-Kane

Tottenham-striker-Harry-Kane

ပြီးခဲ့တဲ့ ဘောလုံးရာသီက တိုက်စစ်မှူး ဟာရီကိန်း Harry Kane ဟာ စပါးအသင်းနဲ့ အင်္ဂလန်အသင်းတွေအတွက် သွင်းဂိုး (၅၆)ဂိုးအထိ သွင်းယူပေးခဲ့ကာ ဥရောပဘောလုံးလောကရဲ့ ထိပ်တန်း ဂိုးသွင်းရှင် တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ဟယ်ရီကိန်း Harry Kane ဟာ (၁၃၉)ပွဲကစား (၁၀၅)ဂိုးအထိ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလက အသင်းနဲ့ (၅)နှစ် သက်တမ်းတိုးခဲ့တဲ့ နည်းပြ ပိုချက်တီနို Pochettino က တိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane အပါအဝင် အဓိက ကစားသမားတွေကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

REF:BBC Sports
Photo:Mirror
Aung Kyaw Wai (Akhayar)
www.akhayar.com