[Zawgyi]

ေနာက္ထပ္ ပုံစံတစ္မ်ိဳး ထပ္ထြင္လုိက္တဲ့ ဒယ္လီအယ္လီ Dele Alli

လက္ေခ်ာင္းေတြကုိ ေပါက္ေပါက္ရွာရွာ ပုံစံေတြ လုပ္ျပတာမွာ ဆရာတစ္ဆူျဖစ္တ့ဲ စပါးအသင္း ကြင္းလယ္လူ ဒယ္လီအယ္လီ Dele Alli ကေတာ့ ေနာက္ထပ္ ပုံစံတစ္မ်ိဳး ထပ္ထြင္လုိက္ျပန္ပါၿပီ။ အရင္ပုံစံတုန္းက Dele Alli Challenge ဆုိၿပီး နာမည္ေက်ာ္ခဲ့တဲ့ ေအာင္ပဲြခံပုံထက္ အခုလုပ္ရမယ့္ပုံစံက ပုိခက္ေနသလိုပါပဲ။ အယ္လီဟာ ရာသီအဖြင့္တုန္းက နယူးကာဆယ္ကုိ အႏုိင္ရခဲ့တဲ့ပဲြမွာ ဂုိးသြင္းအၿပီး လက္မနဲ႔လက္ညိဳးကုိ ၀ုိင္း၊ လက္ဖ၀ါးကုိ ေျပာင္းျပန္လွန္ မ်က္ႏွာေပၚကပ္တဲ့ပုံစံနဲ႔ ေအာင္ပဲြခံတာမွာ ပရိသတ္ေတြ အႀကိဳက္ေတြ႕ခဲ့ၾကတယ္။

Manchester-United-stars-pull-off-Dele-Allis-celebration-in-dressing-room-japes

Manchester-United-stars-pull-off-Dele-Allis-celebration-in-dressing-room-japes

အဲဒီေနာက္ပုိင္း Dele Alli Challenge ဆုိတဲ့အမည္နဲ႔ နာမည္ေက်ာ္ ေဘာလုံးသမားေတြ၊ က႑အသီးသီးက Celebrity ေတြပါ အယ္လီရဲ႕ ပုံစံအတိုင္း လုိက္လုပ္ၾကတဲ့အထိျဖစ္ခဲ့ၿပီး လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာလည္း Dele Alli Challenge က ေပါက္ေျမာက္ခဲ့တယ္။ ျမန္မာျပည္တြင္းက Celebrity ေတြေတာင္ အဲဒီလုိ ပုံစံေတြ လုိက္လုပ္ခဲ့ၾကေသးတယ္။ တခ်ဳိ႕ၾကေတာ့လည္း အဆင္ေျပသြားေပမယ့္ တခ်ိဳ႕ၾကေတာ့ အခုအထိ မလုပ္တတ္ၾကေသးဘူး။ လုပ္တတ္သြားတဲ့သူေတြက လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ ပုံေတြ အလုအယက္ Post တင္ေနတုန္းပဲ ရွိေသး၊ အခု အယ္လီက ေနာက္ထပ္ ပုံစံသစ္တစ္ခုကုိ ထပ္လုပ္လုိက္ျပန္ၿပီ။ ဘယ္လုိပုံစံလဲဆုိတာ စာနဲ႔ မေရးျပတတ္ေတာ့လုိ႔ .. ေအာက္က ပုံကုိသာ ၾကည့္ၾကပါေတာ့။

Tottenham-star-Dele-Alli-is-back-with-yet-another-contorted-hand-celebration

Tottenham-star-Dele-Alli-is-back-with-yet-another-contorted-hand-celebration

အဲဒီပုံကုိ အယ္လီက သူ႔ Instagram မွာ ေဖာ္ျပခဲ့တာျဖစ္ၿပီး ဂုိးသြင္းၿပီးရင္ ေအာင္ပြဲခံမယ့္ ပုံစံသစ္ ျဖစ္မယ္ထင္တယ္။ ေနာက္ပုိင္းမွာ အယ္လီက သူ႔ Post ကုိ ျပန္ဖ်က္သြားေပမယ့္ မီဒီယာေတြက အမိအရ သတင္းယူထားႏုိင္ၿပီး ဒီသတင္းက လူမႈကြန္ရက္ေတြမွာလည္း ျပန္႔ႏွံ႔ေနပါၿပီ။ ကဲ ..ပရိသတ္ႀကီးေရ၊ ပုံကုိ ေသေသခ်ာခ်ာၾကည့္ၿပီး အယ္လီ လုပ္သလုိ လုပ္ၾကည့္ရေအာင္ . . .

REF:The Sun
Photo:talkSPORT, The Sun, Dele Alli Instagram
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နောက်ထပ် ပုံစံတစ်မျိုး ထပ်ထွင်လိုက်တဲ့ ဒယ်လီအယ်လီ Dele Alli

လက်ချောင်းတွေကို ပေါက်ပေါက်ရှာရှာ ပုံစံတွေ လုပ်ပြတာမှာ ဆရာတစ်ဆူဖြစ်တဲ့ စပါးအသင်း ကွင်းလယ်လူ ဒယ်လီအယ်လီ Dele Alli ကတော့ နောက်ထပ် ပုံစံတစ်မျိုး ထပ်ထွင်လိုက်ပြန်ပါပြီ။ အရင်ပုံစံတုန်းက Dele Alli Challenge ဆိုပြီး နာမည်ကျော်ခဲ့တဲ့ အောင်ပွဲခံပုံထက် အခုလုပ်ရမယ့်ပုံစံက ပိုခက်နေသလိုပါပဲ။ အယ်လီဟာ ရာသီအဖွင့်တုန်းက နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းအပြီး လက်မနဲ့လက်ညိုးကို ဝိုင်း၊ လက်ဖဝါးကို ပြောင်းပြန်လှန် မျက်နှာပေါ်ကပ်တဲ့ပုံစံနဲ့ အောင်ပွဲခံတာမှာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတယ်။

Manchester-United-stars-pull-off-Dele-Allis-celebration-in-dressing-room-japes

Manchester-United-stars-pull-off-Dele-Allis-celebration-in-dressing-room-japes

အဲဒီနောက်ပိုင်း Dele Alli Challenge ဆိုတဲ့အမည်နဲ့ နာမည်ကျော် ဘောလုံးသမားတွေ၊ ကဏ္ဍအသီးသီးက Celebrity တွေပါ အယ်လီရဲ့ ပုံစံအတိုင်း လိုက်လုပ်ကြတဲ့အထိဖြစ်ခဲ့ပြီး လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း Dele Alli Challenge က ပေါက်မြောက်ခဲ့တယ်။ မြန်မာပြည်တွင်းက Celebrity တွေတောင် အဲဒီလို ပုံစံတွေ လိုက်လုပ်ခဲ့ကြသေးတယ်။ တချို့ကြတော့လည်း အဆင်ပြေသွားပေမယ့် တချို့ကြတော့ အခုအထိ မလုပ်တတ်ကြသေးဘူး။ လုပ်တတ်သွားတဲ့သူတွေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပုံတွေ အလုအယက် Post တင်နေတုန်းပဲ ရှိသေး၊ အခု အယ်လီက နောက်ထပ် ပုံစံသစ်တစ်ခုကို ထပ်လုပ်လိုက်ပြန်ပြီ။ ဘယ်လိုပုံစံလဲဆိုတာ စာနဲ့ မရေးပြတတ်တော့လို့ .. အောက်က ပုံကိုသာ ကြည့်ကြပါတော့။

Tottenham-star-Dele-Alli-is-back-with-yet-another-contorted-hand-celebration

Tottenham-star-Dele-Alli-is-back-with-yet-another-contorted-hand-celebration

အဲဒီပုံကို အယ်လီက သူ့ Instagram မှာ ဖော်ပြခဲ့တာဖြစ်ပြီး ဂိုးသွင်းပြီးရင် အောင်ပွဲခံမယ့် ပုံစံသစ် ဖြစ်မယ်ထင်တယ်။ နောက်ပိုင်းမှာ အယ်လီက သူ့ Post ကို ပြန်ဖျက်သွားပေမယ့် မီဒီယာတွေက အမိအရ သတင်းယူထားနိုင်ပြီး ဒီသတင်းက လူမှုကွန်ရက်တွေမှာလည်း ပြန့်နှံ့နေပါပြီ။ ကဲ ..ပရိသတ်ကြီးရေ၊ ပုံကို သေသေချာချာကြည့်ပြီး အယ်လီ လုပ်သလို လုပ်ကြည့်ရအောင် . . .

REF:The Sun
Photo:talkSPORT, The Sun, Dele Alli Instagram
Naing Linn(Akhayar)
www.akhayar.com