[Zawgyi]

နယူးကာဆယ္ကုိ အႀကိတ္အနယ္ကစားၿပီးမွ အႏုိင္(၃)မွတ္ ရခဲ့တဲ့ စပါး

ပရီးမီးယားလိဂ္ပဲြစဥ္(၁) စေနေန႔ အေစာပုိင္းပဲြျဖစ္တဲ့ နယူးကာဆယ္-စပါးအသင္းတို႔ရဲ႕ပဲြမွာေတာ့ အျပန္အလွန္ထုိးေဖာက္မႈေတြနဲ႔အတူ စပါးအသင္းက (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့တယ္။ ပဲြ စကတည္းက ႏွစ္သင္းစလုံး တိုက္စစ္ဖြင့္ ကစားခဲ့လုိ႔ အႀကိတ္အနယ္ရွိခဲ့ပါတယ္။ စပါးအသင္းရဲ႕ အဓိက ကစားသမားအမ်ားစုက ကမၻာ႔ဖလားၿပိဳင္ပဲြ ဆင္ႏႊဲခဲ့ရတာေၾကာင့္ ပဲြပန္းေနတဲ့ပုံေပါက္ေနၿပီး နယူးကာဆယ္ဘက္က ထုိးေဖာက္မႈေတြကုိ အသည္းအသန္ ကာကြယ္ခဲ့ရတယ္။ အဖြင့္ဂုိးကုိေတာ့ (၈)မိနစ္မွာ စပါးအသင္းက စတင္ရရွိခဲ့တာပါ။ အဲရစ္ဆင္ Eriksen ရဲ႕ ေထာင့္ကန္ေဘာကေန ေဒဗာဆန္ဆန္းခ်က္ဇ္ Davinson Sanchez ေခါင္းတိုက္တာကုိ ဗာတြန္ဂန္ Vertonghen က ထပ္ဆင့္ ေခါင္းတိုက္ သြင္းယူခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္ဂုိးသမား ကာကြယ္ႏုိင္ခဲ့ေပမယ့္ ေဘာလုံးက ဂုိးစည္းေက်ာ္သြားၿပီးျဖစ္တာေၾကာင့္ Goal Line Technology အရ စပါးအသင္း ဂုိးရခဲ့တာပါ။

Vertonghen-Score-Opening-Goal

Vertonghen-Score-Opening-Goal

ဒါေပမဲ့ (၃)မိနစ္ေလာက္အၾကာမွာပဲ နယူးကာဆယ္က ေခ်ပဂုိး ျပန္ရခဲ့တယ္။ ေတာင္ပံကစားသမား ရစ္ခ်ီ Ritchie ရဲ႕ျဖတ္တင္ေဘာကေန တိုက္စစ္မွဴး ဟုိေဆးလူ Joselu က ေခါင္းတိုက္ သြင္းယူခဲ့တာျဖစ္ပါတယ္။

Joselu-Score-For-Newcastle

Joselu-Score-For-Newcastle

နယူးကာဆယ္အသင္း ေခ်ပဂုိးျပန္ရလုိ႔ ပရိသတ္ေတြ ေပ်ာ္ေနတုန္းပဲရွိေသးတယ္၊ (၁၈)မိနစ္မွာ ဦးေဆာင္ဂုိး ျပန္ေပးခဲ့ရတာေၾကာင့္ နယူးကာဆယ္ပရိသတ္ေတြရဲ႕ အေပ်ာ္က သိပ္မခံခဲ့ဘူး။ ဒီဂုိးကုိေတာ့ ေနာက္ခံလူ ေအာ္ရီယာ Aurier ျဖတ္တင္ေဘာကေန အယ္လီ Alli က အပုိင္ေခါင္းတိုက္ သြင္းယူခဲ့တာျဖစ္ပါတယ္။

Alli-Celebrate

Alli-Celebrate

ဒုတိယပုိင္းမွာ ပဲြက ပုိေကာင္းလာခဲ့ၿပီး စပါးအသင္းရဲ႕ ထုိးေဖာက္မႈကို နယူးကာဆယ္ဂုိးသမား ဒူဘရက္ဗ္ကာ Dúbravka ကာကြယ္ႏုိင္ခ့ဲသလုိ နယူးကာဆယ္ တိုက္စစ္မွဴး ရြန္ဒြန္ Rodon ၊ အယုိေဇပီရက္ဇ္ Ayoze Pérez တို႔ရဲ႕ ကန္ခ်က္ေတြကလည္း စပါးဂုိးသမား လုိရစ္ Lloris ကာကြယ္ႏုိင္တာ၊ တိုင္ထိထြက္တာေတြေၾကာင့္ ဂုိးထပ္မရေတာ့ဘဲ (၂-၁)ဂုိးနဲ႔ ပဲြၿပီးခ့ဲပါတယ္။

Photo: tottenham hotspur Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နယူးကာဆယ်ကို အကြိတ်အနယ်ကစားပြီးမှ အနိုင်(၃)မှတ် ရခဲ့တဲ့ စပါး

ပရီးမီးယားလိဂ်ပွဲစဉ်(၁) စနေနေ့ အစောပိုင်းပွဲဖြစ်တဲ့ နယူးကာဆယ်-စပါးအသင်းတို့ရဲ့ပွဲမှာတော့ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့အတူ စပါးအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ပွဲ စကတည်းက နှစ်သင်းစလုံး တိုက်စစ်ဖွင့် ကစားခဲ့လို့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ စပါးအသင်းရဲ့ အဓိက ကစားသမားအများစုက ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲခဲ့ရတာကြောင့် ပွဲပန်းနေတဲ့ပုံပေါက်နေပြီး နယူးကာဆယ်ဘက်က ထိုးဖောက်မှုတွေကို အသည်းအသန် ကာကွယ်ခဲ့ရတယ်။ အဖွင့်ဂိုးကိုတော့ (၈)မိနစ်မှာ စပါးအသင်းက စတင်ရရှိခဲ့တာပါ။ အဲရစ်ဆင် Eriksen ရဲ့ ထောင့်ကန်ဘောကနေ ဒေဗာဆန်ဆန်းချက်ဇ် Davinson Sanchez ခေါင်းတိုက်တာကို ဗာတွန်ဂန် Vertonghen က ထပ်ဆင့် ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်ဂိုးသမား ကာကွယ်နိုင်ခဲ့ပေမယ့် ဘောလုံးက ဂိုးစည်းကျော်သွားပြီးဖြစ်တာကြောင့် Goal Line Technology အရ စပါးအသင်း ဂိုးရခဲ့တာပါ။

Vertonghen-Score-Opening-Goal

Vertonghen-Score-Opening-Goal

ဒါပေမဲ့ (၃)မိနစ်လောက်အကြာမှာပဲ နယူးကာဆယ်က ချေပဂိုး ပြန်ရခဲ့တယ်။ တောင်ပံကစားသမား ရစ်ချီ Ritchie ရဲ့ဖြတ်တင်ဘောကနေ တိုက်စစ်မှူး ဟိုဆေးလူ Joselu က ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပါတယ်။

Joselu-Score-For-Newcastle

Joselu-Score-For-Newcastle

နယူးကာဆယ်အသင်း ချေပဂိုးပြန်ရလို့ ပရိသတ်တွေ ပျော်နေတုန်းပဲရှိသေးတယ်၊ (၁၈)မိနစ်မှာ ဦးဆောင်ဂိုး ပြန်ပေးခဲ့ရတာကြောင့် နယူးကာဆယ်ပရိသတ်တွေရဲ့ အပျော်က သိပ်မခံခဲ့ဘူး။ ဒီဂိုးကိုတော့ နောက်ခံလူ အော်ရီယာ Aurier ဖြတ်တင်ဘောကနေ အယ်လီ Alli က အပိုင်ခေါင်းတိုက် သွင်းယူခဲ့တာဖြစ်ပါတယ်။

Alli-Celebrate

Alli-Celebrate

ဒုတိယပိုင်းမှာ ပွဲက ပိုကောင်းလာခဲ့ပြီး စပါးအသင်းရဲ့ ထိုးဖောက်မှုကို နယူးကာဆယ်ဂိုးသမား ဒူဘရက်ဗ်ကာ Dúbravka ကာကွယ်နိုင်ခဲ့သလို နယူးကာဆယ် တိုက်စစ်မှူး ရွန်ဒွန် Rodon ၊ အယိုဇေပီရက်ဇ် Ayoze Pérez တို့ရဲ့ ကန်ချက်တွေကလည်း စပါးဂိုးသမား လိုရစ် Lloris ကာကွယ်နိုင်တာ၊ တိုင်ထိထွက်တာတွေကြောင့် ဂိုးထပ်မရတော့ဘဲ (၂-၁)ဂိုးနဲ့ ပွဲပြီးခဲ့ပါတယ်။

Photo: tottenham hotspur Twitter
Naing Linn(Akhayar)
www.akhayar.com