ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စပါးအသင်းဟာ လက်ရှိမှာလည်း အဓိကကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့ ထပ်ပြီးရင်ဆိုင်နေရပါတယ်။ ဒီကစားသမားတွေကတော့ မကြာသေးခင်ကမှ ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့ကြတဲ့ ဟယ်ရီကိန်း Harry Kane နဲ့ ဒယ်လီအယ်လီ Dele Alli တို့ပါပဲ။ ဒီကစားသမား (၂)ဦးလုံးဟာ စပါး ( ၁ – ၀ ) မန်စီးတီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ ပွဲစဉ်မှာ ဒဏ်ရာကိုယ်စီရရှိခဲ့ကြတာကြောင့် နိုင်ပွဲတစ်ပွဲအတွက် ပေးဆပ်မှုကြီးမားခဲ့တယ်လို့ ဆိုရမှာပါ။

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်း ဟာ မန်စီးတီးကစားသမား ဒဲလ်ဖ် Delph ရဲ့ ကြမ်းတမ်းတဲ့ ကစားပုံကြောင့် ခြေကျင်းဝတ်အရွတ် ဒဏ်ရာရရှိခဲ့ပြီး ရာသီကုန်ထိ အနားယူရဖို့ရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒယ်လီအယ်လီ ကတော့ လက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လာမယ့် ဧပြီ (၁၃)ရက်နေ့မှာ ဒဏ်ရာကနေ ပြန်လာနိုင်ခြေရှိတယ်လို့ သိရပါတယ်။ သူတို့(၂)ဦးအပြင် နောက်ထပ်ကစားသမားတွေဖြစ်ကြတဲ့ အော်ရီယာ Aurier ၊ အဲရစ်ဒိုင်ယာ Eric Dier ၊ လာမယ်လာ Lamela တို့ဟာလည်း ဒဏ်ရာပြဿနာတွေရှိနေကြပြီး ဧပြီ (၁၃)ရက်နေ့မှာ ဒဏ်ရာကနေ ပြန်လာနိုင်တယ်လို့ သိရပါတယ်။ လာမယ့် ဧပြီ (၁၃)ရက်နေ့မှာတော့ စပါးအသင်းဟာ ဟတ်ဒါဖီးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားသွားရမှာဖြစ်တာကြောင့် ဒီကစားသမားတွေ အဲဒီပွဲစဉ်မှာ အသင့်ဖြစ်နေမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: Sports Mole
Photo: Evening Standard , Daily Mail
Ko Kyue(Akhayar)
www.akhayar.com