This Football update is proudly sponsored by Telenor Myanmar.

[Zawgyi]



Spurs-players

Spurs-players






စပိန်အခြေစိုက် – (၁၂)ဦး
ဂျာမနီအခြေစိုက် – (၇)ဦး
အီတလီအခြေစိုက် – (၇)ဦး
တရုတ်အခြေစိုက် – (၂)ဦး


စပါး – (၉)ဦး

REF:Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com

အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားဆီမီးရောက် အသင်းတွေထဲမှာ ကစားသမားပါဝင်မှု အများဆုံးဖြစ်နေတဲ့ စပါးအသင်း

ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဟာ ကစားသမား (၁၂)ဦးအထိ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နိုင်ငံလက်ရွေးစင်အသင်းတွေအတွက် စေလွှတ်ခဲ့ရတယ်။ စပါးအသင်းက စေလွှတ်ခဲ့တဲ့ (၁၂)ဦးထဲက (၃)ဦးသာ ပြိုင်ပွဲက ထွက်ခဲ့ရပြီး (၉)ဦးအထိ ဆက်လက်ယှဉ်ပြိုင်နေခဲ့တယ်။ ဆီမီးဖိုင်နယ်ရောက် ကစားသမား (၉၁)ယောက်ထဲမှာ စပါးအသင်းက (၉)ယောက်အထိ ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ဒီမှတ်တမ်းဟာ ကမ္ဘာ့ဖလားဆီမီးရောက်အသင်းတွေထဲမှာ ကစားသမားပါဝင်မှု အများဆုံးဖြစ်နေခဲ့တယ်။ ဥရောပထိပ်တန်း အသင်းကြီးအများစုကို ကျော်ဖြတ်ပြီး စပါးအသင်းရဲ့ ကစားသမားတွေဟာ ဆီမီးဖိုင်နယ်ရောက် နိုင်ငံအသင်းတွေထဲမှာ အများဆုံး ပါဝင်နေခဲ့တာဖြစ်တယ်။ စပါးအသင်း ကစားသမားတွေဖြစ်တဲ့ အဲရစ်ဆင် (ဒိန်းမတ်)၊ ဆန်းချက်ဇ် (ကိုလံဘီယာ)နဲ့ ဆွန်ဟောင်မင် (တောင်ကိုရီးယား)တို့ (၃)ဦးသာ ပြိုင်ပွဲက ထွက်ခဲ့ရပြီး ဟယ်ရီကိန်း၊ အယ်လီ၊ အဲရစ်ဒိုင်ယာ၊ ထရစ်ပီယာ၊ ဒန်နီရို့စ် (အင်္ဂလန်)၊ ဒမ်ဘီလီ၊ ဗာတွန်ဂန်၊ အယ်လ်ဒါဝီရယ် (ဘယ်လ်ဂျီယံ)နဲ့ လိုရစ် (ပြင်သစ်)တို့ (၉)ဦးအထိ ဆီမီးရောက်အသင်းတွေထဲမှာ ပါဝင်နေခဲ့တာပါ။

Spurs-players

Spurs-players

စပါးအသင်းက ကစားသမား (၉)ဦးအထိ ပါဝင်နေပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်ယူ၊ မန်စီးတီးနဲ့ ချယ်လ်ဆီးအသင်းတွေက ကစားသမား (၇)ဦးစီနဲ့ ဒုတိယအများဆုံး ပါဝင်နေတဲ့ အသင်းတွေအဖြစ် မှတ်တမ်းဝင်နေခဲ့တယ်။ မန်ယူ၊ မန်စီးတီးနဲ့ ချယ်လ်ဆီးရဲ့ ကစားသမားပါဝင်မှုက အီတလီစီးရီးအေနဲ့ ဂျာမန်ဘွန်ဒစ်လီဂါအခြေစိုက် ကစားသမားတွေ ပါဝင်မှုနဲ့ တူညီနေခဲ့တယ်။ ကမ္ဘာ့ဖလားဆီမီးရောက် ကစားသမား (၉၁)ယောက်ထဲမှာ အင်္ဂလန်အခြေစိုက် ကစားသမား (၄၁)ယောက်အထိ ပါဝင်နေခဲ့ပြီး ပရီးမီးယားလိဂ်အခြေစိုက် ကစားသမား (၃၉)ယောက်အထိ ပါဝင်နေခဲ့တယ်။ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်လာတဲ့ အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ပြည်တွင်းအခြေစိုက် ကစားသမားတွေချည်း ပါဝင်နေခဲ့တာကြောင့်လည်း ကစားသမားပါဝင်မှုအများဆုံး စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတာဖြစ်တယ်။

Harry-Kane-is-all-but-certain-to-be-fit-for-Saturdays-quarter-final-against-Sweden

Harry-Kane-is-all-but-certain-to-be-fit-for-Saturdays-quarter-final-against-Sweden

ဆီမီးဖိုင်နယ်အဆင့် ကစားသမား ပါဝင်မှုစာရင်း

နိုင်ငံအခြေစိုက် ကစားသမားပါဝင်မှု

အင်္ဂလန်အခြေစိုက် – (၄၁)ဦး
စပိန်အခြေစိုက် – (၁၂)ဦး
ပြင်သစ်အခြေစိုက် – (၁၂)ဦး
ဂျာမနီအခြေစိုက် – (၇)ဦး
အီတလီအခြေစိုက် – (၇)ဦး
ခရိုအေးရှားအခြေစိုက် – (၂)ဦး
ဘယ်လ်ဂျီယံအခြေစိုက် – (၂)ဦး
တရုတ်အခြေစိုက် – (၂)ဦး
စကော့တလန်အခြေစိုက်၊ ရုရှားအခြေစိုက်၊ သြစတြီးယားအခြေစိုက်၊ တူရကီအခြေစိုက်၊ ယူကရိန်းအခြေစိုက် – (၁)ဦးစီ

ကလပ်အသင်း ကစားသမားပါဝင်မှုတချို့

စပါး – (၉)ဦး
မန်စီးတီး၊ မန်ယူ၊ ချယ်လ်ဆီး – (၇)ဦးစီ
လီဗာပူးလ်၊ ဘာစီလိုနာ၊ PSG၊ မိုနာကို – (၄)ဦးစီ
ရီးယဲလ်၊ အက်သလက်တီကို၊ ဂျူဗင်တပ်စ်၊ မာဆေးလ် – (၄)ဦးစီ
လက်စတာ၊ အင်တာမီလန် – (၁)ဦးစီ

REF:Daily Mail
Photo:Goal.com, SPORTbible
Aung Kyaw Wai (Akhayar)
www.akhayar.com