[Zawgyi]

ပရီးမီးယားလိဂ္ရာသီအဖြင့္(၂)ပဲြမွာ ကစားသမား(၉)ဦးအထိ အနားေပးဖုိ႔ စီစဥ္ေနတဲ့ Pochettino

စပါးအသင္းနည္းျပ ပုိခ်က္တီႏုိ Pochettino ဟာ လာမယ့္ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္အဖြင့္(၂)ပဲြမွာ အဓိက ကစားသမား(၉)ဦးအထိကုိ အနားေပးဖုိ႔ စီစဥ္ေနပါတယ္။ စပါးအသင္းရဲ႕ အဓိက ကစားသမား အေတာ္မ်ားမ်ားက ၂၀၁၈ ကမၻာ႔ဖလားမွာ ဗုိလ္လုပဲြနဲ႔ တတိယလုပဲြအထိ ကစားခဲ့ရတာေၾကာင့္ ပဲြပန္းမႈဒဏ္ မခံစားေစဖုိ႔အတြက္ ပုိခ်က္တီႏုိက အခုလုိ စီစဥ္ေနတာပါ။ စပါးအသင္းရဲ႕ အဂၤလန္ လက္ေရြးစင္ကစားသမား (၂)ဦးျဖစ္တဲ့ ဟာရီကိန္း Harry Kane ၊ ဒယ္လီအယ္လီ Dele Alli တို႔ဟာ အသင္းေဖာ္ေတြျဖစ္တဲ့ ထရစ္ပီယာ Trippier ၊ ဒုိင္ယာ Dier ၊ ဒန္နီ႐ုိ႕စ္ Danny Rose ၊ ဗာတြန္ဂန္ Vertonghen တို႔နဲ႔အတူ ေလ့က်င့္ခန္း ျပန္ဆင္းေနၿပီျဖစ္ပါတယ္။

Harry-KaneAlli-and-Dier

Harry-KaneAlli-and-Dier

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြၿပီးဆုံးတာ (၃)ပတ္ေက်ာ္ရွိေနၿပီျဖစ္ေပမယ့္ ပုိခ်က္တီႏုိက သူ႔ကစားသမားေတြ ႀကံ့ခုိင္မႈ မျပည့္၀ဘဲ ထိခုိက္ဒဏ္ရာရမွာ စုိးတဲ့အတြက္ ပရီးမီးယားလိဂ္ရာသီအဖြင့္ပဲြမွာ အနားေပးဖုိ႔ ဆႏၵရွိေနတာျဖစ္ပါတယ္။ ပိုခ်က္တီႏုိက “ကမၻာ႔ဖလားဆင္ႏႊဲခဲ့တဲ့ ကစားသမားေတြကုိ ရာသီအဖြင့္ တစ္ပဲြ၊ ႏွစ္ပဲြေလာက္မွာ အနားေပးတာက ပုိေကာင္းမယ္ထင္ပါတယ္။ မလုိလားအပ္တဲ့ ဒဏ္ရာျပႆနာေၾကာင့္ ပဲြေတြ အမ်ားႀကီး လဲြမွာကုိ ကၽြန္ေတာ္ စုိးရိမိတယ္။ ဒီကစားသမားေတြ နယူးကာဆယ္နဲ႔အဖြင့္ပဲြအမီ ရာႏႈန္းျပည့္ႀကံ့ခုိင္မႈ ျပည့္၀လာဖုိ႔ဆုိတာ မျဖစ္ႏုိင္ေလာက္ပါဘူး။ အႏၱရာယ္လည္းမ်ားပါတယ္။ ဒါေၾကာင့္ သူတို႔ ဘယ္ေလာက္ပဲ ေလ့က်င့္ခန္းဆင္းေနပါေစ၊ ကၽြန္ေတာ္တို႔ ထည့္သြင္းကစားမွာ မဟုတ္ပါဘူး”လုိ႔ ဆုိခဲ့တယ္။ စပါးအသင္းဟာ ၂၀၁၈-၁၉ ရာသီအဖြင့္ပဲြအျဖစ္ အခုၾသဂုတ္လ(၁၁)ရက္မွာ နယူးကာဆယ္နဲ႔ အေ၀းကြင္း၊ (၁၈)ရက္မွာ ဖူလ္ဟမ္နဲ႔ အိမ္ကြင္းပဲြစဥ္ေတြ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။

REF:The Sun
Photo:The Sun,Four Four Two
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်ရာသီအဖွင့်(၂)ပွဲမှာ ကစားသမား(၉)ဦးအထိ အနားပေးဖို့ စီစဉ်နေတဲ့ Pochettino

စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino ဟာ လာမယ့် ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်အဖွင့်(၂)ပွဲမှာ အဓိက ကစားသမား(၉)ဦးအထိကို အနားပေးဖို့ စီစဉ်နေပါတယ်။ စပါးအသင်းရဲ့ အဓိက ကစားသမား အတော်များများက ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲနဲ့ တတိယလုပွဲအထိ ကစားခဲ့ရတာကြောင့် ပွဲပန်းမှုဒဏ် မခံစားစေဖို့အတွက် ပိုချက်တီနိုက အခုလို စီစဉ်နေတာပါ။ စပါးအသင်းရဲ့ အင်္ဂလန် လက်ရွေးစင်ကစားသမား (၂)ဦးဖြစ်တဲ့ ဟာရီကိန်း Harry Kane ၊ ဒယ်လီအယ်လီ Dele Alli တို့ဟာ အသင်းဖော်တွေဖြစ်တဲ့ ထရစ်ပီယာ Trippier ၊ ဒိုင်ယာ Dier ၊ ဒန်နီရို့စ် Danny Rose ၊ ဗာတွန်ဂန် Vertonghen တို့နဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပါတယ်။

Harry-KaneAlli-and-Dier

Harry-KaneAlli-and-Dier

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးတာ (၃)ပတ်ကျော်ရှိနေပြီဖြစ်ပေမယ့် ပိုချက်တီနိုက သူ့ကစားသမားတွေ ကြံ့ခိုင်မှု မပြည့်ဝဘဲ ထိခိုက်ဒဏ်ရာရမှာ စိုးတဲ့အတွက် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲမှာ အနားပေးဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ပိုချက်တီနိုက “ကမ္ဘာ့ဖလားဆင်နွှဲခဲ့တဲ့ ကစားသမားတွေကို ရာသီအဖွင့် တစ်ပွဲ၊ နှစ်ပွဲလောက်မှာ အနားပေးတာက ပိုကောင်းမယ်ထင်ပါတယ်။ မလိုလားအပ်တဲ့ ဒဏ်ရာပြဿနာကြောင့် ပွဲတွေ အများကြီး လွဲမှာကို ကျွန်တော် စိုးရိမိတယ်။ ဒီကစားသမားတွေ နယူးကာဆယ်နဲ့အဖွင့်ပွဲအမီ ရာနှုန်းပြည့်ကြံ့ခိုင်မှု ပြည့်ဝလာဖို့ဆိုတာ မဖြစ်နိုင်လောက်ပါဘူး။ အန္တရာယ်လည်းများပါတယ်။ ဒါကြောင့် သူတို့ ဘယ်လောက်ပဲ လေ့ကျင့်ခန်းဆင်းနေပါစေ၊ ကျွန်တော်တို့ ထည့်သွင်းကစားမှာ မဟုတ်ပါဘူး”လို့ ဆိုခဲ့တယ်။ စပါးအသင်းဟာ ၂၀၁၈-၁၉ ရာသီအဖွင့်ပွဲအဖြစ် အခုသြဂုတ်လ(၁၁)ရက်မှာ နယူးကာဆယ်နဲ့ အဝေးကွင်း၊ (၁၈)ရက်မှာ ဖူလ်ဟမ်နဲ့ အိမ်ကွင်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

REF:The Sun
Photo:The Sun,Four Four Two
Naing Linn(Akhayar)
www.akhayar.com