[Zawgyi]

ဒန္နီ႐ုိစ္႔ Danny Rose ကိုေရာင္းခ်ဖို႔ အသင္႔ရိွေနတဲ႔ စပါး

စပါးအသင္းနည္းျပ ပိုခ်က္တီႏို Pochettino ဟာ အသင္းရဲ႕ဘယ္ေနာက္ခံလူ ဒန္နီ႐ုိစ္႔ Danny Rose ကိုေရာင္းခ်ဖို႔ အသင္႔ရိွေနပါတယ္။ ဒန္နီ႐ုိစ္႔ Danny Rose ကို ေရွာ္လ္ေကးနဲ႔ PSG တို႔ဟာ စိတ္၀င္စားေနၾကျပီး ဒန္နီ႐ုိစ္႔ Danny Rose ကေတာ႔ PSG အသင္းကိုေျပာင္းေရႊ႕ဖို႔ ဆႏၵရိွေနတာပဲ ျဖစ္ပါတယ္။ ဒန္နီ႐ုိစ္႔ Danny Rose ဟာ ဥေရာပအေျပာင္းအေရႊ႕ကာလမပိတ္ခင္မွာအသင္းက ထြက္ခြာလိုေနတာပါ။

Danny-Rose

Danny-Rose

ဒန္နီ႐ုိစ္႔ Danny Rose ဟာ ေျခစြမ္းပိုင္းေကာင္းမြန္တဲ႔ ကစားသမားျဖစ္ေပမယ္႔ စပါးအသင္းမွာ တျဖည္းျဖည္းနဲ႔ ပံုမွန္ေနရာေပ်ာက္ဆံုးလာခဲ႔သူပဲျဖစ္ပါတယ္။ စပါးအသင္းနည္းျပ ပိုခ်က္တီႏို Pochettino ဟာ ဘယ္ေနာက္ခံေနရာမွာ ဘင္ေဒးဗီးစ္ Ben Davies ကိုဦးစားေပး ကစားသမားအျဖစ္အသံုးျပဳျပီး ဒန္နီ႐ုိစ္႔ Danny Rose ကိုေတာ႔ အရန္ကစားသမားအျဖစ္သာ ကစားေစတာျဖစ္ပါတယ္။ ျပီးခဲ႔တဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္(၂)ပြဲမွာလည္း ဒန္နီ႐ုိစ္႔ Danny Rose ဟာ ပြဲကစားခြင္႔ေပ်ာက္ဆံုးခဲ႔ပါတယ္။ ျပီးခဲ႔တဲ႔ ေဘာလံုးရာသီ က စပါးအသင္းအတြက္ ဒန္နီ႐ုိစ္႔ Danny Rose ဟာ ပရီးမီးယားလိဂ္ပြဲ(၁၀)ပြဲသာ ကစားခြင္႔ရရိွခဲ႔ပါတယ္။ ဒန္နီ႐ုိစ္႔ Danny Rose ဟာ ေျခစြမ္းပိုင္းေကာင္းမြန္တဲ႔ ကစားသမားျဖစ္တာေၾကာင္႔ ပံုမွန္ကစားခြင္႔ရမယ္႔ အသင္းတစ္သင္းကို ေျပာင္းေရႊ႕သင္႔တာကေတာ႔ အမွန္ပဲျဖစ္ျပီး ဒန္နီ႐ုိစ္႔ Danny Rose ရဲ႕ အနာဂတ္ကို ဆက္လက္ေစာင္႔ၾကည္႔သြားရမွာပဲျဖစ္ပါတယ္။

Ref: Daily Mail
Photo: The Boot Room , 10z Soccer
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒန်နီရိုစ့် Danny Rose ကိုရောင်းချဖို့ အသင့်ရှိနေတဲ့ စပါး

စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino ဟာ အသင်းရဲ့ဘယ်နောက်ခံလူ ဒန်နီရိုစ့် Danny Rose ကိုရောင်းချဖို့ အသင့်ရှိနေပါတယ်။ ဒန်နီရိုစ့် Danny Rose ကို ရှော်လ်ကေးနဲ့ PSG တို့ဟာ စိတ်ဝင်စားနေကြပြီး ဒန်နီရိုစ့် Danny Rose ကတော့ PSG အသင်းကိုပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။ ဒန်နီရိုစ့် Danny Rose ဟာ ဥရောပအပြောင်းအရွှေ့ကာလမပိတ်ခင်မှာအသင်းက ထွက်ခွာလိုနေတာပါ။

Danny-Rose

Danny-Rose

ဒန်နီရိုစ့် Danny Rose ဟာ ခြေစွမ်းပိုင်းကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမယ့် စပါးအသင်းမှာ တဖြည်းဖြည်းနဲ့ ပုံမှန်နေရာပျောက်ဆုံးလာခဲ့သူပဲဖြစ်ပါတယ်။ စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino ဟာ ဘယ်နောက်ခံနေရာမှာ ဘင်ဒေးဗီးစ် Ben Davies ကိုဦးစားပေးကစားသမားအဖြစ်အသုံးပြုပြီး ဒန်နီရိုစ့် Danny Rose ကိုတော့ အရန်ကစားသမားအဖြစ်သာ ကစားစေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂)ပွဲမှာလည်း ဒန်နီရိုစ့် Danny Rose ဟာ ပွဲကစားခွင့်ပျောက်ဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီ က စပါးအသင်းအတွက် ဒန်နီရိုစ့် Danny Rose ဟာ ပရီးမီးယားလိဂ်ပွဲ(၁၀)ပွဲသာ ကစားခွင့်ရရှိခဲ့ပါတယ်။ ဒန်နီရိုစ့် Danny Rose ဟာ ခြေစွမ်းပိုင်းကောင်းမွန်တဲ့ ကစားသမားဖြစ်တာကြောင့် ပုံမှန်ကစားခွင့်ရမယ့် အသင်းတစ်သင်းကို ပြောင်းရွှေ့သင့်တာကတော့ အမှန်ပဲဖြစ်ပြီး ဒန်နီရိုစ့် Danny Rose ရဲ့ အနာဂတ်ကို ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

Ref: Daily Mail
Photo: The Boot Room , 10z Soccer
Ko Kyue(Akhayar)
www.akhayar.com