” ဖေကြီးနဲ့ မေကြီး ဘယ်သူ့ပိုချစ်လဲ’ ဆိုရင်တောင် ကျွန်တော်တို့က ပြောရဆိုရ တင်းမာတတ်တဲ့ အဖေထက် ခေါင်းဝှေ့ပြီး ချွဲလို့ ကောင်းတဲ့ အမေ့ကို ပိုချစ်တယ်လို့ ဖြေတတ်ကြပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အမေများ အားလုံး သက်ရှည်ကျန်းမာပြီး စိတ်နှလုံး ရွှင်လန်းပါစေလို့ အခရာက ဆန္ဒပြုရင်း အမေနေ့ အတွက် ဒီတပတ်ကြည့်ရှုခံစားလို့ ကောင်းမယ့် နိုင်ငံတကာရုပ်ရှင်ကားကောင်းလေးတွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။

1. Mother (2009)

ကိုရီးယားရုပ်ရှင်ဖြစ်ပြီး မင်းသား Won Bin (ထယ်စောက်) ပါဝင်သရုပ်ဆောင်ထားပါတယ်။ မိန်းကလေးတစ်ယောက် အသတ်ခံရမှုအတွက် သူ့သားအပေါ် ကျရောက်လာတဲ့ စွပ်စွဲမှုတွေကို အမေတစ်ယောက်အနေနဲ့ ဘယ်လို တုံ့ပြန်ဖြေရှင်းမလဲဆိုတာ ရှုစားရမှာပါ။

2. Volver (2006)

Penelope Cruz ပါဝင်သရုပ်ဆောင်ထားတဲ့ စပိန်မှာ အခြေပြုရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားကောင်း တစ်ကားပါ။

3. Vera Drake (2004)

၂၀၀၄ ခုနှစ်က ထွက်ရှိထားပြီး ၁၉၅၀ ခုနှစ်က လန်ဒန်မြို့ကြီးမှာ တရားမဝင် ကိုယ်ဝန်ဖျက်ချပေးနေတဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာပါ။

4. Chocolat (2000)

သေးငယ်တဲ့ ပြင်သစ်ကျေးရွာလေးတစ်ခုမှာ အမျိုးသမီးတစ်ဦးနဲ့ သူမရဲ့ သမီးဟာ ချောကလက်အရောင်းဆိုင်တစ်ခုဖွင့်လှစ်လိုက်တဲ့ အခါ အေးစက်စက် လူမှုအသိုင်းအဝိုင်းတစ်ခုကို ဘယ်လို လှုပ်ခတ်သွားစေမလဲဆိုတာကို ရိုက်ပြထားပါတယ်။

5. Erin Brockovich (2000)

Julia Roberts ဝင်ကြဲထားတဲ့ Erin Brockovich ဇာတ်ကားဟာ အလုပ်မရှိတဲ့ Single mother တစ်ယောက်ကနေ Legal Assistant တစ်ယောက်ဖြစ်လာပြီး မြို့ရဲ့ ရေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ California Power Company တစ်ခုကို ရင်ဆိုင်ပုံကို ဒီဇာတ်ကားမှာ မြင်တွေ့နိုင်ပါတယ်။

 

You May Also Like : “ဇန်နဝါရီလအတွင်း ဆက်လက်ထွက်ရှိလာမယ့် ဇာတ်ကားများ

6. All About My Mother (1999)

Manuela ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့သားလေး ကားတိုက်ခံရလို့ ဆုံးပါးပြီးနောက်မှာ သူတစ်သက်လုံး ဖုံးကွယ်ထားတဲ့ သားလေးရဲ့ ဖခင်ကို ရှာပုံတော်ဖွင့်တဲ့ အကြောင်းပါ။

7. Stepmom (1998)

ဒီတစ်ခါလည်း Julia Roberts ပဲဗျ။ Fashion Photographer တစ်ယောက်ဖြစ်တဲ့ Kelly ဟာ ကလေးသုံးယောက်ဖခင် Harrison နဲ့ တွေ့ဆုံတဲ့ အခါ ကလေးတွေအပေါ် ဒုတိယအမေတစ်ယောက် အဖြစ် ဘယ်လို ဆက်ဆံမလဲဆိုတာ ရှုစားရမှာပါ။

8. Dolores Claiborne (1995)

သတင်းထောက်အမျိုးသမီးတစ်ယောက်ဟာ လူသတ်မှုကြောင့် အဖမ်းခံထားရတဲ့ သူ့မိခင်ရှိရာ မြို့ငယ်လေးကို ပြန်လာတဲ့ နေရာကနေ ဇာတ်လမ်းဆင်ထားပါတယ်။

9. Forrest Gump (1994)

ကျွန်တော်တို့ရဲ့ အသည်းကျော်ကြီး Forrest Gump ရဲ့ အမေ Mrs. Gump ရဲ့ “Life is like a box of chocolates . . . you never know what you’re gonna get” လို့ ပြောခဲ့တဲ့   သူ့သားအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားဘက်ကနေလည်း ဒီကားကို တစ်ချက်ပြန်ကြည့်သင့်ပါတယ်။

10. Steel Magnolias (1989)

အမျိုးသမီးခြောက်ယောက်ရဲ့ ဘဝ၊အချစ်နဲ့ ဆုံးရှုံးမှုတွေအကြောင်း ရိုက်ကူးတင်ပြထားပါတယ်။

 

အခရာပရိသတ်တွေလည်း ဘယ်ကားကတော့ ပရိသတ်ကြီးနဲ့ အကြိုက်တူတယ်ဆိုတာရယ်၊ ကျွန်တော်တို့ ဖော်ပြဖို့ ကျန်ခဲ့တဲ့ နောက်ထပ် မိခင်မေတ္တာဖွဲ့ကားလေးတွေ ရှိသေးရင်လည်း Comment မှာ လက်တို့ခဲ့ပါဦးလို့။

 

ရိုးလူ (အခရာ)

www.akhayar.com