မကြာခင်ထုတ်လုပ်တော့မည် Xiaomi ရဲ့အဓိက စမတ်ဖုန်း Mi 6 ကို ဗားရှင်းပုံစံသုံးမျိုးနဲ့ ထုတ်လုပ်ဖွယ်ရှိပြီး တစ်ခုကို Flat Screen နဲ့ MediaTek ရဲ့ Helio X30 Processor ၊ နောက်တစ်မျိုးကိုလည်း Flat Display နဲ့ Qualcomm ရဲ့ Snapdragon 835 Procesor နဲ့ အကောင်းဆုံး အမျိုးအစားကို Dual Curve မျက်နှာပြင် Snapdragon 835 Processor တွေ ထည့်သွင်း ထုတ်လုပ်ဖွယ်ရှိနေတာပါ။

ယခုအခါ ကောလဟလသတင်းတစ်ရပ်အရ ဈေးအမြင့်ဆုံး အကောင်းဆုံး Mi 6 မော်ဒယ်ကို Mi Mix မှာတုန်းက ထည့်သွင်း ထုတ်လုပ်ခဲ့တဲ့ Ceramic Body ၊ 6GB ရှိတဲ့ RAM ပမာဏတွေနဲ့ ထွက်လာဖို့ရှိနေတာပါ။ Flat Screen နဲ့ မော်ဒယ်နှစ်မျိုးကတော့ 4GB RAM နဲ့ ထွက်လာမှာဖြစ်ကြောင်း သိရပါတယ်။

သုံးမျိုးလုံးကို Android 7.0 Nougat ဗားရှင်းနဲ့ အလုပ်လုပ်မှာဖြစ်ပြီး ဘက်ထရပမာဏကိုတော့ 3000mAh ပမာဏနဲ့ ပြုလုပ်မှာပါ။ Xiaomi ရဲ့ Mi 6 မှာ 128GB Storage Option လည်း ပါဝင်လာဖွယ်ရှိနေပေမယ့် Entry Level မှာတော့ ပါဝင်လာနိုင်ခြေမရှိပါဘူး။

ဈေးအပေါဆုံးအမျိုးအစားကို ဒေါ်လာ ၂၉၀၊ အလယ်အလတ်တန်းစားကို ဒေါ်လာ ၃၆၅၊ မျက်နှာပြင်ကွေးပုံစံနဲ့ အမြင့်ဆုံးအမျိုးအစားကိုတော့ ဒေါ်လာ ၄၃၅ ဆိုပြီး ဈေးနှုန်းအသီးသီးရှိနိုင်ကြောင်း သိရပါတယ်။

Xiaomi ထုတ်လုပ်မယ့် ဖုန်းတွေရဲ့ ထွက်ရှိမယ့် ရက်အသေးစိတ်ကို မသိရသေးပဲ တကယ်လို့ Snapdragon 835 Chipset ကို အသုံးပြုလာမှာ သေချာရင်တော့ ဒါဟာ နောက်ဆုံးပေါ် Chipset အမျိုးအစားနဲ့ ထွက်လာမယ့် ပထမဆုံးဖုန်းအမျိုးအစားအဖြစ် Samsung Galaxy S8 ကိုကျော်ပြီး သတ်မှတ်ခံရမှာပါ။

Ref: GSM Arena