[Zawgyi]

၂၀၁၈ တတိယသုံးလပတ္ရဲ႕ စိတ္ဝင္စားမႈအမ်ားဆုံး စမတ္ဖုန္း ၁၀ လုံး

ျပီးခဲ့တဲ့ ဇူလိုင္၊ ၾသဂုတ္၊ စက္တင္ဘာ ၃ လပတ္လုံး ဖုန္းအထြက္ၾကမ္းေနတာဆိုေတာ့ ဘယ္ဖုန္းစိတ္ဝင္စားမႈအမ်ားဆုံးလည္း ေျပာရခက္ပါတယ္။ အရင္လေတြကလည္း Galaxy Note 9 နဲ႔ iPhone အသစ္မိတ္ဆက္ထားတယ္၊ ဒီလထဲမွာလည္း Razer Phone 2 နဲ႔ Google Pixel ဖုန္း၊ ဒါျပီးရင္လာဦးမယ္ Flagship Killer ကေနတကယ့္ Flagship ဖုန္းျဖစ္လာေတာ့မယ့္ OnePlus 6T၊ ေနာက္ျပီး မနက္ျဖန္ဆိုရင္ပဲ မိတ္ဆက္လာေတာ့မယ့္ Mate 20 Pro က်န္ေသးတာဆိုေတာ့ အခုခ်ိန္ လူၾကိဳက္အမ်ားဆုံး စမတ္ဖုန္း ၁၀ လုံးကဘာေတြပါလဲ?

Samsung vs Huawei vs Xiaomi

ဒီလို ဒိတ္ဒိတ္ၾကဲ Flagship ဖုန္းေတြပဲ ထြက္ေနလို႔ Samsung နဲ႔ iPhone တို႔ ဗိုလ္စြဲမယ္မွတ္တယ္၊ နံပတ္ ၁ ေနရာမွာ Xiaomi က Redmi 6 Pro နဲ႔ ဦးေဆာင္ေနတယ္။

Redmi 6 Pro

သူ႔ေနာက္မွာေတာ့ Flagship Killer စမတ္ဖုန္းအသစ္ Pocophone F1။ ဒါဆိုရင္ေတာ့ Top List ၂ ေနရာကို Xiaomi သိမ္းပိုက္ထားတယ္ ေျပာရမယ္ေပါ့။ ဒီဖုန္း ၂ လုံးက လူၾကိဳက္လည္းမ်ားသလို ေစ်းကြက္ဝယ္လိုအားလည္း အမ်ားဆုံးတဲ့ဗ်ာ၊ အားက်စရာ Xiaomi Fans ေတြ။

2. Pocophone F1

သူတို႔ေနာက္က အမီလိုက္ေနတာ ဘယ္သူျဖစ္မယ္ထင္လဲ၊ ေလာေလာလတ္လတ္ ကင္မရာ ၃ လုံးနဲ႔ ေၾကညာထားတဲ့ Galaxy A7 (2018)၊ တရုတ္မွာ Trump နဲ႔ စစ္ခင္းေနတာဆိုေတာ့ iPhone ေလးေတြ တစ္ေနရာမွ ရမသြားခဲ့ဘူး၊ ေၾကကြဲစရာေပါ့ေနာ္။

3. Galaxy A7

ဒီအစား Samsung ဂြင္တည့္သြားတယ္ ေျပာရမလား စတုတၳေနရာကိုလည္း ျပီးခဲ့တဲ့ႏွစ္တုန္းက Popular ျဖစ္ခဲ့တဲ့ Galaxy S8 နဲ႔ ေနရာယူထားတယ္၊ ဘယ္လိုလုပ္ျပီး S8 က လူၾကိဳက္မ်ားေနသလဲ မေျပာတတ္ေပမယ့္ သူ႔ထက္ၾကမ္းတဲ့ ဖုန္းေတြဆက္တိုက္ထြက္ေနတာေတာင္ ဗိုလ္က်ေနတုန္းလို႔ ေျပာရမယ္ေပါ့ေနာ္။

4. Samsung Galaxy S8

ဒီေနာက္မွာေတာ့ လက္ရွိစမတ္ဖုန္းေလာကကို ဦးေဆာင္ေနပါတယ္ဆိုတဲ့ HMD Global ရဲ႕ Nokia 7.1၊ ေအာက္တိုဘာလထဲ မိတ္ဆက္မယ္ေၾကညာထားသလို ေက်ာဘက္ Dual Camera ထဲမွာ Samsung လို Dual Pixel နည္းပညာပါလာမယ္၊ ဒီလိုသာဆိုရင္ေတာ့ ကင္မရာေကာင္းတယ္ ေျပာရမယ္ေပါ့၊ f/1.8 12MP သုံးထားတာဆိုေတာ့ Official ထြက္လာမွ ဘယ္ေလာက္ေကာင္းမလဲ ဆက္ၾကည့္ရမယ္။

5. Nokia 7.1

နံပတ္ ၆ ေနရာထဲဝင္ေရာက္လာတဲ့ စမတ္ဖုန္းအသစ္က စက္တင္ဘာလထဲ မိတ္ဆက္ထားတဲ့ Honor 8X ၊ Kirin 710 SoC ၊ 20MP ကင္မရာနဲ႔ ပြဲထုတ္ထားတဲ့ Honor စမတ္ဖုန္းသစ္က Mid-range တန္းမွာ Popular ျဖစ္ေနတယ္။

6. Honor 8X

သူ႔ေနာက္မွာေတာ့ SD 660 Processor နဲ႔ မိတ္ဆက္ထားတဲ့ Mid-ranger OPPO Realme 2 Pro။

7. OPPO Realme 2 Pro

နံပတ္ ၉  လူၾကိဳက္အမ်ားဆုံး စမတ္ဖုန္းေနရာကိုလည္း Redmi Note 5 Pro နဲ႔ ပိုင္ဆိုင္ထားေသးတာမလို႔ ဘယ္လိုစမတ္ဖုန္းအသစ္ေတြပဲထြက္ေနထြက္ေန Xiaomi အၾကိဳက္မ်ားၾကတယ္ထင္ပါတယ္။

8. Redmi Note 5 Pro

သူ႔ေနာက္မွာေတာ့ အေကာင္းဆုံး Gaming Phone လို႔ ခ်ီးမြမ္းခံေနရတဲ့ Razer Phone 2 ၊ ထြက္ထားမၾကာေသးသလို လက္ရွိ Reviews & Rating အရ အေပါင္းလကၡဏာျပေနတယ္။၊ ဒီိလိုသာဆိုရင္ေတာ့ ဒီဇိုင္းပုံစံခပ္တုံးတုံးနဲ႔ ပြဲထြက္ထားတယ္ဆိုမယ့္ Improve ျဖစ္လာတဲ့အခ်က္ေတြေၾကာင့္ လူၾကိဳက္မ်ားေနတာလို႔ ခန္႔မွန္းရပါတယ္။

9. Razer Phone 2

နံပတ္ ၁၀ ေနရာမွာေတာ့ MA 2 Lite (Redmi 6 Pro) နဲ႔ Xiaomi သိမ္းပိုက္ထားျပန္ေသးလို႔ Notch စမတ္ဖုန္းေတြက လြမ္းမိုးေနဆဲပါပဲလား?

10. Mi A2 Lite

ဒီၾကားထဲ Popular ျဖစ္ေနတဲ့ Pixel 3 နဲ႔ Pixel 3 XL တို႔ကလည္း Top 10 စာရင္းထဲပါမလာခဲ့သလို ကင္မရာ ၄ လုံးသုံးထားမယ့္ဆိုတဲ့ Galaxy A9 (2018) ဖုန္းေတြက လူစိတ္ဝင္စားနည္းခဲ့တယ္ဆိုရပါမယ္။

2B (Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ တတိယသုံးလပတ်ရဲ့ စိတ်ဝင်စားမှုအများဆုံး စမတ်ဖုန်း ၁၀ လုံး

ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ ၃ လပတ်လုံး ဖုန်းအထွက်ကြမ်းနေတာဆိုတော့ ဘယ်ဖုန်းစိတ်ဝင်စားမှုအများဆုံးလည်း ပြောရခက်ပါတယ်။ အရင်လတွေကလည်း Galaxy Note 9 နဲ့ iPhone အသစ်မိတ်ဆက်ထားတယ်၊ ဒီလထဲမှာလည်း Razer Phone 2 နဲ့ Google Pixel ဖုန်း၊ ဒါပြီးရင်လာဦးမယ် Flagship Killer ကနေတကယ့် Flagship ဖုန်းဖြစ်လာတော့မယ့် OnePlus 6T၊ နောက်ပြီး မနက်ဖြန်ဆိုရင်ပဲ မိတ်ဆက်လာတော့မယ့် Mate 20 Pro ကျန်သေးတာဆိုတော့ အခုချိန် လူကြိုက်အများဆုံး စမတ်ဖုန်း ၁၀ လုံးကဘာတွေပါလဲ?

Samsung vs Huawei vs Xiaomi

ဒီလို ဒိတ်ဒိတ်ကြဲ Flagship ဖုန်းတွေပဲ ထွက်နေလို့ Samsung နဲ့ iPhone တို့ ဗိုလ်စွဲမယ်မှတ်တယ်၊ နံပတ် ၁ နေရာမှာ Xiaomi က Redmi 6 Pro နဲ့ ဦးဆောင်နေတယ်။

Redmi 6 Pro

သူ့နောက်မှာတော့ Flagship Killer စမတ်ဖုန်းအသစ် Pocophone F1။ ဒါဆိုရင်တော့ Top List ၂ နေရာကို Xiaomi သိမ်းပိုက်ထားတယ် ပြောရမယ်ပေါ့။ ဒီဖုန်း ၂ လုံးက လူကြိုက်လည်းများသလို ဈေးကွက်ဝယ်လိုအားလည်း အများဆုံးတဲ့ဗျာ၊ အားကျစရာ Xiaomi Fans တွေ။

2. Pocophone F1

သူတို့နောက်က အမီလိုက်နေတာ ဘယ်သူဖြစ်မယ်ထင်လဲ၊ လောလောလတ်လတ် ကင်မရာ ၃ လုံးနဲ့ ကြေညာထားတဲ့ Galaxy A7 (2018)၊ တရုတ်မှာ Trump နဲ့ စစ်ခင်းနေတာဆိုတော့ iPhone လေးတွေ တစ်နေရာမှ ရမသွားခဲ့ဘူး၊ ကြေကွဲစရာပေါ့နော်။

3. Galaxy A7

ဒီအစား Samsung ဂွင်တည့်သွားတယ် ပြောရမလား စတုတ္ထနေရာကိုလည်း ပြီးခဲ့တဲ့နှစ်တုန်းက Popular ဖြစ်ခဲ့တဲ့ Galaxy S8 နဲ့ နေရာယူထားတယ်၊ ဘယ်လိုလုပ်ပြီး S8 က လူကြိုက်များနေသလဲ မပြောတတ်ပေမယ့် သူ့ထက်ကြမ်းတဲ့ ဖုန်းတွေဆက်တိုက်ထွက်နေတာတောင် ဗိုလ်ကျနေတုန်းလို့ ပြောရမယ်ပေါ့နော်။

4. Samsung Galaxy S8

ဒီနောက်မှာတော့ လက်ရှိစမတ်ဖုန်းလောကကို ဦးဆောင်နေပါတယ်ဆိုတဲ့ HMD Global ရဲ့ Nokia 7.1၊ အောက်တိုဘာလထဲ မိတ်ဆက်မယ်ကြေညာထားသလို ကျောဘက် Dual Camera ထဲမှာ Samsung လို Dual Pixel နည်းပညာပါလာမယ်၊ ဒီလိုသာဆိုရင်တော့ ကင်မရာကောင်းတယ် ပြောရမယ်ပေါ့၊ f/1.8 12MP သုံးထားတာဆိုတော့ Official ထွက်လာမှ ဘယ်လောက်ကောင်းမလဲ ဆက်ကြည့်ရမယ်။

5. Nokia 7.1

နံပတ် ၆ နေရာထဲဝင်ရောက်လာတဲ့ စမတ်ဖုန်းအသစ်က စက်တင်ဘာလထဲ မိတ်ဆက်ထားတဲ့ Honor 8X ၊ Kirin 710 SoC ၊ 20MP ကင်မရာနဲ့ ပွဲထုတ်ထားတဲ့ Honor စမတ်ဖုန်းသစ်က Mid-range တန်းမှာ Popular ဖြစ်နေတယ်။

6. Honor 8X

သူ့နောက်မှာတော့ SD 660 Processor နဲ့ မိတ်ဆက်ထားတဲ့ Mid-ranger OPPO Realme 2 Pro။

7. OPPO Realme 2 Pro

နံပတ် ၉  လူကြိုက်အများဆုံး စမတ်ဖုန်းနေရာကိုလည်း Redmi Note 5 Pro နဲ့ ပိုင်ဆိုင်ထားသေးတာမလို့ ဘယ်လိုစမတ်ဖုန်းအသစ်တွေပဲထွက်နေထွက်နေ Xiaomi အကြိုက်များကြတယ်ထင်ပါတယ်။

8. Redmi Note 5 Pro

သူ့နောက်မှာတော့ အကောင်းဆုံး Gaming Phone လို့ ချီးမွမ်းခံနေရတဲ့ Razer Phone 2 ၊ ထွက်ထားမကြာသေးသလို လက်ရှိ Reviews & Rating အရ အပေါင်းလက္ခဏာပြနေတယ်။၊ ဒီလိုသာဆိုရင်တော့ ဒီဇိုင်းပုံစံခပ်တုံးတုံးနဲ့ ပွဲထွက်ထားတယ်ဆိုမယ့် Improve ဖြစ်လာတဲ့အချက်တွေကြောင့် လူကြိုက်များနေတာလို့ ခန့်မှန်းရပါတယ်။

9. Razer Phone 2

နံပတ် ၁၀ နေရာမှာတော့ MA 2 Lite (Redmi 6 Pro) နဲ့ Xiaomi သိမ်းပိုက်ထားပြန်သေးလို့ Notch စမတ်ဖုန်းတွေက လွမ်းမိုးနေဆဲပါပဲလား?

10. Mi A2 Lite

ဒီကြားထဲ Popular ဖြစ်နေတဲ့ Pixel 3 နဲ့ Pixel 3 XL တို့ကလည်း Top 10 စာရင်းထဲပါမလာခဲ့သလို ကင်မရာ ၄ လုံးသုံးထားမယ့်ဆိုတဲ့ Galaxy A9 (2018) ဖုန်းတွေက လူစိတ်ဝင်စားနည်းခဲ့တယ်ဆိုရပါမယ်။

2B (Akhayar)
www.akhayar.com