[Zawgyi]
(၁၀) AT&T
(၉) Toyota
(၈) Disney
(၇) Samsung
(၆) Coca-Cola
(၅) Amazon
(၄) Facebook
(၃) Microsoft
(၂) Google
(၁) Apple
[Unicode]
၂ဝ၁၈ခုနှစ်ရဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး Brand (၁ဝ) မျိုး
လူတစ်ယောက်ရဲ့ အဆင့်အတန်း၊ နေထိုင်ဝတ်ဆင်မှုတွေကို အဓိကပုံဖော်ပေးတဲ့အရာကတော့ အဲ့ဒီလူဝတ်ဆင်သုံးစွဲတဲ့ အမှတ်တံဆိပ်ပဲဖြစ်ပါတယ်။ Brand ဆိုတဲ့ စကားလုံးလေးက ရိုးရှင်းပေမယ့် အဲ့ဒီလို လူတစ်ယောက်ရဲ့ ပုံရိပ်ကိုအကောင်းဆုံး ပုံဖော်ပေးနိုင်ဖို့အတွက် အချိန်တွေ၊ အရည်အသွေးတွေ၊ ကြိုးစားအားထုတ်မှုတွေအများကြီးနဲ့ တည်ဆောက်ခဲ့ရပါတယ်။
အဲ့ဒါကြောင့်လည်း သာမန်ကုန်ပစ္စည်းအမှတ်တံဆိပ်တွေထက် Brand တံဆိပ်အခိုင်အမာရှိတဲ့ ကုန်ပစ္စည်းတွေဟာ လူတွေရဲ့ တန်ဖိုးထားခြင်းကို ခံလာရပါတယ်။ Brand နဲ့ပတ်သက်ရင် စားသောက်ကုန်၊ Fashion ၊ နည်းပညာ၊ လူမှုအသုံးအဆောင် ပစ္စည်းအမျိုးမျိုးရှိတဲ့အထဲက ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးအဖြစ် သြဇာအာဏာာအကြီးမားဆုံးနဲ့ အောင်မြင်ကျော်ကြားလူကြိုက်အများဆုံး ထိပ်သီး Brand ၁၀ ခု ရှိပါတယ်။ အဲ့ဒီ Brand ၁၀ ခုကတော့ လူနေမှုဘဝကို အစိုးမိုးနိုင်ဆုံးအဖြစ် လူတိုင်းလိုချင်တပ်မက်တန်ဖိုးထားရတဲ့ အရာတွေပါပဲ။ သူတို့ကတော့-
(၁၀) AT&T
Telecom Brand တစ်ခုဖြစ်တဲ့ AT&T Inc, ဟာ Telecommunication နဲ့ Digital Entertainment Service တစ်ခုဖြစ်ပြီး ဝန်ထမ်းပေါင်း ၂၅၂,၀၀၀ နဲ့ ကျယ်ကျယ်ပြန့်ပြန့်လည်ပတ်နေတာဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ်မှာစတင်ခဲ့ပြီး ပိုင်ရှင်ကတော့ Randall Stephenson ဖြစ်ပါတယ်။ AT&T ရဲ့ Brand တန်ဖိုးက US$ ၄၁.၉ ဘီလီယံဖြစ်ပါတယ်။
(၉) Toyota
Automotive Company တစ်ခုဖြစ်တဲ့ Toyota ဟာ ၁၉၃၇ မှာစတင်တည်ထောင်ခဲ့တဲ့ Brand တစ်ခုဖြစ်ပြီး လက်ရှိ ဝန်ထမ်း ၃၆၉,၁၂၄ နဲ့လည်ပတ်နေပါတယ်။ စတင်တည်ထောင်သူကတော့ Kiichiro Toyoda ဖြစ်ပြီး ခုချိန်မှာတော့ Takeshi Uchiyamada နဲ့ Aiko Toyoda တို့ကဆက်လက်အုပ်ချုပ်နေပါတယ်။ Toyota Brand ကတော့ တန်ဖိုး US$ ၄၄.၇ ဘီလီယံဖြစ်ပါတယ်။
(၈) Disney
Walt Disney Company ကတော့ ၁၉၂၃ မှာတည်ထောင်ခဲ့တာဖြစ်ပြီး ဝန်ထမ်းပေါင်း ၁၉၉,၀၀၀ နဲ့လည်ပတ်နေတာဖြစ်ပါတယ်။ စတင်တည်ထောင်သူတွေကတော့ Walt Disney နဲ့ Roy O Disney တို့ပဲဖြစ်ပါတယ်။ Disney Brand ရဲ့ တန်ဖိုးငွေကြေးကတော့ US$ ၄၇.၅ ဘီလီယံဖြစ်ပါတယ်။
(၇) Samsung
တောင်ကိုရီးယား Electronic Company တစ်ခုဖြစ်တဲ့ Samsung ဟာ ၁၉၆၉ ခုနှစ်တည်းက တည်ထောင်ခဲ့တာဖြစ်ပြီး ဝန်ထမ်းပေါင်း ၄၈၉,၀၀၀ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ Samsung ကိုတော့ Lee Byung Chul က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ Lee Kon Hee နဲ့ Lee Jae Yong တို့က ဆက်လက်အုပ်ချုပ်နေပါတယ်။Samsung ကတော့ Brand တန်ဖိုး US$ ၄၇.၆ ဘီလီယံဖြစ်ပါတယ်။
(၆) Coca-Cola
သောက်သုံးကုန် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Coca-Cola ကတော့ ၁၈၉၂ မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ဝန်ထမ်း ၆၁,၈၀၀ နဲ့ လည်ပတ်နေတာပါ။ John Pemberton က Coca Cola Brand ကိုစတည်ထောင်ခဲ့ပြီး Asa Griggs Candler က The Coca Cola Conpany ကို တည်ထောင်ခဲ့ပါတယ်။ Coca-Cola ရဲ့ Brand တန်ဖိုးက US$ ၅၇.၃ ဘီလီယံဖြစ်ပါတယ်။
(၅) Amazon
နည်းပညာ အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Amazon ဟာလည်း Jeff Bezos ကိုယ်တိုင် ၁၉၉၄ မှ စတင်တည်ထောင်ခဲ့ပေမယ့် ခုချိန်မှာတော့ ဝန်ထမ်းပေါင်း ၅၆၆,၀၀၀ နဲ့ ကျော်ကြားနေပါပြီ။ Amazon ကတော့ Brand တန်ဖိုး US$ ၇၀.၉ ဘီလီယံထိရှိပါတယ်။
(၄) Facebook
တစ်ကမ္ဘာလုံးအနံ့ ကွန်ရက်ဖြန့်ကျက်နိုင်ခဲ့တဲ့ Facebook ဟာလည်း ၂၀၀၄ မှ Mark Zuckerberg စတင်တည်ထောင်ခဲ့ပေမယ့် တစ်ကမ္ဘာလုံးအနှံ့ အောင်မြင်မှုအပြည့်ရနေပြီဖြစ်ပါတယ်။ Facebook Company ကိုတော့ဝန်ထမ်း ၂၅,၁၀၅ နဲ့သာ လည်ပတ်နေတာဖြစ်ပါတယ်။ Facebook ရဲ့ Brand တန်ဖိုးကတော့ US$ ၉၄.၈ ဘီလီယံပါ။
(၃) Microsoft
တန်ဖိုးအကြီးမားဆုံး ထိပ်တန်း Brand ၃မျိုးထဲ စာရင်းဝင်ခဲ့တဲ့ Microsoft ကို ၁၉၇၅ ခုနှစ်တည်းက Bill Gates နဲ့ Paul Allen တို့တည်ထောင်ခဲ့တာဖြစ်ပြီး ဝန်ထမ်း ၁၃၁,၃၀၀ နဲ့ လည်ပတ်နေတာပါ။ Microsoft ရဲ့ Brand တန်ဖိုးကတော့ US$ ၁၀၄.၉ ဘီလီယံရှိပါတယ်။ Microsoft ရဲ့ Brand တန်ဖိုးကတော့ US$ ၁၀၄.၉ ဘီလီယံရှိပါတယ်။
(၂) Google
မသိတာအကုန်ရှာဖွေလို့ရတဲ့ နည်းပညာဂုရုကြီး Google ကတော့ ဒုတိယတန်ဖိုးအကြီးဆုံး Brand ပါ။ Larry Page နဲ့ Sergey Brin တို့ ၂ယောက်သား ၁၉၉၈ မှ စတင်တည်ထောင်ခဲ့ပေမယ့် ခုချိန်မှာတော့ တစ်ကမ္ဘာလုံးကအားကိုးရတဲ့ Search Engine ကြီးအဖြစ် လည်ပတ်နေပါပြီ။ ဝန်ထမ်း ၈၅,၀၅၀ ရှိပြီး ကမ္ဘာ့လူအသိများဆုံး နဲ့ ဒုတိယတန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်ဖြစ်ပါတယ်။ Google ရဲ့ Brand တန်ဖိုးကတော့ US$ ၁၃၂.၂ ဘီလီယံထိရှိပါတယ်။
(၁) Apple
ပန်းသီးတစ်ခြမ်းပဲ့ပုံလေးနဲ့ တစ်ကမ္ဘာလုံးက နည်းပညာချစ်သူတွေကြား လွှမ်းမိုးခဲ့တဲ့ Apple Brand ကတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး Brand တွေရဲ့ နံပါတ်တစ်နေရာမှာ ရပ်တည်လာပါပြီ။ ၁၉၇၆ မှာ Steve Jobs ၊ Steve Wozniak နဲ့ Ronald Wayne တို့ စတင်တည်ထောင်ခဲ့တဲ့ Apple ဟာခုဆိုရင်တော့ ဝန်ထမ်းပေါင်း ၁၂၃,၀၀၀ နဲ့ လည်ပတ်နေပါတယ်။ Apple ရဲ့ Brand တန်ဖိုးကတော့ US$ ၁၈၂.၈ ဘီလီယံဖြစ်လာပါတယ်။
ဒီလောက်ဆိုရင် ၂၀၁၈ ခုနှစ်အတွင်းထိပ်ဆုံးရောက်နေတဲ့ ကမ္ဘာကျော် Brand ၁၀ မျိုးကို သိလောက်ကြပြီထင်ပါတယ်။
EiEiKhineMinn (Akhayar)