[Zawgyi]

KPop ေလာကရဲ႕ က်ိက်ိတက္အခ်မ္းသာဆံုး ေငြၾကယ္ပြင့္ ၁၀ ဦး

KPop လိႈင္းလံုးႀကီးကေတာ့ အာရွတိုက္တင္မက အေနာက္ႏိုင္ငံေတြအထိပါ အျပင္းအထန္ ကူးစက္ပ်ံ႕ႏွံ႔လာတဲ့အထိကို ေအာင္ျမင္တာမွ အံ့မခန္းပါပဲ။ အဖြဲ႕တစ္ဖြဲ႕ဆီအလိုက္ ႀကိဳးစားအားထုတ္မႈေတြျပင္းထန္သလို တီထြင္ဖန္တီးမႈ အကအလွဂီတအသစ္ေတြနဲ႔ ေအာင္ျမင္မႈအလီလီ သိမ္းပိုက္ႏိုင္တာနဲ႔အမွ် အဖြဲ႕ဝင္ေတြရဲ႕ ႂကြယ္ဝခ်မ္းသာမႈေတြကလည္း အံ့မခန္းပါပဲ။ ဒီထဲကမွ နာမည္ႀကီးသေလာက္ KPop ေလာကမွာ အခ်မ္းသာဆံုးလို႔ဆိုရမယ့္ Top Star ၁၀ ဦးလည္းရွိပါေသးတယ္။ သူတို႔ကေတာ့-

(၁၀) Tae Yang – US$ ၁၀ သန္း

Solo Album ေတြအမ်ားႀကီးထြက္ရွိၿပီး အႀကီးအက်ယ္ေအာင္ျမင္ခဲ့တဲ့ Big Bang ရဲ႕ အကအေတာ္ဆံုးအဖြဲ႕ဝင္ျဖစ္သူ Tae Yang ကေတာ့ ေတာင္ကိုရီးယား ဂီတေလာကရဲ႕ အခ်မ္းသာဆံုးစာရင္းမွာ အေမရိကန္ေဒၚလာ ၁၀ သန္းအသားတင္ပိုင္ဆိုင္မႈနဲ႔ အမွတ္စဥ္ ၁၀ ခ်ိတ္ခဲ့ပါတယ္။

(၉) Suzy- US$ ၁၀သန္း+

Miss A ရဲ႕ အဖြဲ႕ဝင္ျဖစ္တဲ့အျပင္ ေတာင္ကိုရီးယားရဲ႕ ျပည္သူ႔အခ်စ္ေတာ္ Suzy ကေတာ့ ႐ုပ္သံဇာတ္လမ္းတြဲေတြအျပင္ ေၾကာ္ျငာေတြ၊ ဆုတံဆိပ္ေတြ ေအာင္ျမင္မႈအလီလီနဲ႔ ႂကြယ္ဝလာတာဆိုရင္ ခုခ်ိန္မွာ အသားတင္ဝင္ေငြ အေမရိကန္ေဒၚလာ ၁၀ သန္းေက်ာ္ထိရွိလာသူပါ။

(၈) Yoona – US$ ၁၈ သန္း

KPop ေလာကရဲ႕ ဆယ္စုႏွစ္ၾကာ အေအာင္ျမင္ဆံုး အမ်ိဳးသမီး Girl Band အဖြဲ႕ေခါင္းေဆာင္ Yoona ကေတာ့ ေတာင္ကိုရီးယားမွာေရာ တ႐ုတ္ျပည္မွာပါ ေအာင္ျမင္မႈေပါင္းမ်ားစြာနဲ႔ ပရိသတ္အခ်စ္ခံရတဲ့သူပါ။ သူမရဲ႕ ဝင္ေငြပိုင္ဆိုင္မႈကလည္း အေမရိကန္ေဒၚလာ ၁၁ သန္းထိရွိေနပါၿပီတဲ့။

(၇) BoA – US$ ၁၄ သန္း

သူမရဲ႕ ဂီတအႏုပညာသက္တမ္း ၁၇ ႏွစ္ေက်ာ္အတြင္း တ႐ုတ္မွာေရာ၊ ေတာင္ကိုရီးယားမွာပါ ဟုန္းဟုန္းေတာက္ ေက်ာ္ႀကားခဲ့ၿပီးတည္းက ေအာင္ျမင္မႈတည္ၿမဲေနခဲ့တာ ခုဆိုရင္ေတာ့ အေမရိကန္ေဒၚလာ ၁၄ သန္း ႂကြယ္ဝမႈနဲ႔ အမွတ္စဥ္ ၇ ခ်ိတ္တဲ့သူပါ။

(၆) IU – US$ ၁၅ သန္း

ငယ္ငယ္ရြယ္ရြယ္ေလးနဲ႔ ေတာင္ကိုရီးယားရဲ႕ နာမည္အႀကီးဆံုး အမ်ိဳးသမီးအဆိုေတာ္ျဖစ္ခဲ့သူ IU ကေတာ့ ဂီတ Chart List ေတြတိုင္းမွာ ထိပ္ဆံုးထိေရာက္ခဲ့တဲ့ သူမရဲ႕ သီခ်င္းေတြကေန ေအာင္ျမင္လာတာျဖစ္ပါတယ္။ တစ္ႏိုင္ငံလံုး ရဲ႕ အခ်စ္ခံရၿပီး သူမပါဝင္တဲ့ ဇာတ္လမ္းတြဲေတြ၊ သ႐ုပ္ေဆာင္တဲ့ ေၾကာ္ျငာေတြကေန ဝင္ေငြရွာေဖြႏိုင္ခဲ့တာဟာ ခုဆိုအေမရိကန္ေဒၚလာ ၁၅ သန္းနဲ႔အႂကြယ္ဝဆံုးထိပ္သီးစာရင္းဝင္ျဖစ္လာပါၿပီ။

(၅) Dara- US$ ၁၆ သန္း

Dara ကေတာ့ ကိုရီးယားမွာ 2NE1 ဆိုတဲ့ Girl Band အဖြဲ႕အျဖစ္နဲ႔ မေအာင္ျမင္ခင္ကတည္းက ဖိလစ္ပိုင္မွာ နာမည္ႀကီးခဲ့ၿပီး ကိုရီးယားေရာက္ခ်ိန္မွ ေအာင္ျမင္မႈ တဟုန္ထိုး တက္ခဲ့တဲ့သူပါ။ 2NE1 နဲ႔ တြဲဖက္ေဖ်ာ္ေျဖခဲ့ခ်ိန္ေတြမွာ Dara ရဲ႕ အသားတင္ႂကြယ္ဝမႈဟာ အေမရိကန္ေဒၚလာ ၁၆ သန္းထိ ရွိလာခဲ့ပါတယ္။

(၄) Rain – US$ -၂၀ သန္း

ေအာင္ျမင္မႈအႀကီးမားဆံုး အဆိုေတာ္တစ္ဦးျဖစ္သလို One Man Show ေတြ၊ Full House တို႔လို Drama ဇာတ္လမ္းတြဲေတြနဲ႔ ပရိသတ္အသည္းကို ပိုင္ဆိုင္ခဲ့တဲ့ Rain ကေတာ့ ခုခ်ိန္မွာ အေမရိကန္ေဒၚလာ သန္း ၂၀ ထိ ဝင္ေငြအခိုင္အမာရွိေနတာကို သိရပါတယ္။

(၃) G Dragon- US$ ၂၁ သန္း

အၿမဲတမ္း ထူးျခားတဲ့ အသံေတြ၊ Fashion ေတြ၊ Style ေတြ၊ ဂီတေတြနဲ႔ ေတာင္ကိုရီးယားရဲ႕ အထာအက်ဆံုး ပရိသတ္အခ်စ္ေတာ္ G-Dragon ရဲ႕ ေအာင္ျမင္မႈကေတာ့ ထိပ္သီး KPop Idol ေတြထဲမွာ Top Three အႂကြယ္ဝအခ်မ္းသာဆံုး စာရင္းဝင္တဲ့ထိပါပဲ။ သူ႕ရဲ႕ ေအာင္ျမင္မႈေတြ လႊမ္းမိုးမႈေတြေအာက္မွာ ႂကြယ္ဝခ်မ္းသာမႈအေထြေထြက အေမရိကန္ေဒၚလာ ၂၁ သန္းထက္ေတာင္ ပိုမယ္လို႔ ခန္႔မွန္းရသူပါ။

(၂) Siwon – US$ ၃၅ သန္း+

G Dragon လို လႊမ္းမိုးမႈအားႀကီးတဲ့သူထက္ေတာင္ ႂကြယ္ဝၿပီး ဒုတိယအခ်မ္းသာဆံုးေနရာမွာ ရပ္တည္ေနတဲ့သူကေတာ့ ေတာင္ကိုရီးယားရဲ႕ ႏွစ္ကာလအရွည္ၾကာဆံုးရပ္တည္ႏိုင္တဲ့ Super Junior အဖြဲ႕ေခါင္းေဆာင္ ကိုလူေခ်ာေလး Siwon ပဲျဖစ္ပါတယ္။ လူငယ္တက္သစ္စအဖြဲ႕ေတြအမ်ားႀကီးထြက္ေပၚလာခဲ့ၿပီးတာေတာင္ ေအာင္ျမင္မႈစန္းမက်သြားတဲ့ Siwon ကေတာ့ အေမရိကန္ေဒၚလာ ၃၅ သန္းေက်ာ္နဲ႔ ခ်မ္းသာၿမဲခ်မ္းသာဆဲပါပဲ။

(၁) PSY – US$ ၄၅ သန္း

၂၀၁၃ ခုႏွစ္မွာပဲ Gangnam Style ဆိုတဲ့သီခ်င္းတစ္ပုဒ္နဲ႔ တစ္ကမ႓ာလံုးအႏွံ႔အုန္းအုန္းက်က္က်က္ေအာင္ျမင္ခဲ့တဲ့ အဆိုေတာ္ႀကီး PSY ကေတာ့ ၅ ႏွစ္တာ ၾကည့္ရႈသူအမ်ားဆံုး YouTube Video အျဖစ္မွတ္တမ္းဝင္ခဲ့တဲ့အထိ အံ့မခန္းလူႀကိဳက္မ်ားခဲ့သူပါ။ ေတာင္ကိုရီးယားအႏုပညာကို ကမ႓ာကလက္ခံလာတဲ့အထိ ထိုးေဖာက္ခဲ့တဲ့ PSY ကေတာ့ အဲ့သီခ်င္းတစ္ပုဒ္လည္းအၿပီး ကမ႓ာ့အႂကြယ္ဝအခ်မ္းသာဆံုးလူအျဖစ္ အေမရိကန္ေဒၚလာ ၄၅ သန္းထိ ခ်မ္းသာခဲ့တဲ့ ပထမဆံုး အဆိုေတာ္ျဖစ္လာခဲ့ပါတယ္။

ႀကိဳးစား႐ုန္းကန္မႈျပင္းထန္သေလာက္ ေအာင္ျမင္လာခ်ိန္မွာလည္း ဝင္ေငြပိုင္ဆိုင္မႈအမ်ားအျပားနဲ႔ ေအာင္ျမင္မႈအသီးအပြင့္ ႂကြယ္ဝခ်မ္းသာမႈေတြကို ပိုင္ဆိုင္ရတဲ့ ေတာင္ကိုရီးယားေငြၾကယ္ပြင့္ေတြရဲ႕ ဘဝကေတာ့ အားက်စရာပါပဲ။

EiEiKhineMinn (Akhayar)

[Unicode]

KPop လောကရဲ့ ကျိကျိတက်အချမ်းသာဆုံး ငွေကြယ်ပွင့် ၁၀ ဦး

KPop လှိုင်းလုံးကြီးကတော့ အာရှတိုက်တင်မက အနောက်နိုင်ငံတွေအထိပါ အပြင်းအထန် ကူးစက်ပျံ့နှံ့လာတဲ့အထိကို အောင်မြင်တာမှ အံ့မခန်းပါပဲ။ အဖွဲ့တစ်ဖွဲ့ဆီအလိုက် ကြိုးစားအားထုတ်မှုတွေပြင်းထန်သလို တီထွင်ဖန်တီးမှု အကအလှဂီတအသစ်တွေနဲ့ အောင်မြင်မှုအလီလီ သိမ်းပိုက်နိုင်တာနဲ့အမျှ အဖွဲ့ဝင်တွေရဲ့ ကြွယ်ဝချမ်းသာမှုတွေကလည်း အံ့မခန်းပါပဲ။ ဒီထဲကမှ နာမည်ကြီးသလောက် KPop လောကမှာ အချမ်းသာဆုံးလို့ဆိုရမယ့် Top Star ၁၀ ဦးလည်းရှိပါသေးတယ်။ သူတို့ကတော့-

(၁၀) Tae Yang – US$ ၁၀ သန်း

Solo Album တွေအများကြီးထွက်ရှိပြီး အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Big Bang ရဲ့ အကအတော်ဆုံးအဖွဲ့ဝင်ဖြစ်သူ Tae Yang ကတော့ တောင်ကိုရီးယား ဂီတလောကရဲ့ အချမ်းသာဆုံးစာရင်းမှာ အမေရိကန်ဒေါ်လာ ၁၀ သန်းအသားတင်ပိုင်ဆိုင်မှုနဲ့ အမှတ်စဉ် ၁၀ ချိတ်ခဲ့ပါတယ်။

(၉) Suzy- US$ ၁၀သန်း+

Miss A ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့အပြင် တောင်ကိုရီးယားရဲ့ ပြည်သူ့အချစ်တော် Suzy ကတော့ ရုပ်သံဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေ၊ ဆုတံဆိပ်တွေ အောင်မြင်မှုအလီလီနဲ့ ကြွယ်ဝလာတာဆိုရင် ခုချိန်မှာ အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ထိရှိလာသူပါ။

(၈) Yoona – US$ ၁၈ သန်း

KPop လောကရဲ့ ဆယ်စုနှစ်ကြာ အအောင်မြင်ဆုံး အမျိုးသမီး Girl Band အဖွဲ့ခေါင်းဆောင် Yoona ကတော့ တောင်ကိုရီးယားမှာရော တရုတ်ပြည်မှာပါ အောင်မြင်မှုပေါင်းများစွာနဲ့ ပရိသတ်အချစ်ခံရတဲ့သူပါ။ သူမရဲ့ ဝင်ငွေပိုင်ဆိုင်မှုကလည်း အမေရိကန်ဒေါ်လာ ၁၁ သန်းထိရှိနေပါပြီတဲ့။

(၇) BoA – US$ ၁၄ သန်း

သူမရဲ့ ဂီတအနုပညာသက်တမ်း ၁၇ နှစ်ကျော်အတွင်း တရုတ်မှာရော၊ တောင်ကိုရီးယားမှာပါ ဟုန်းဟုန်းတောက် ကျော်ကြားခဲ့ပြီးတည်းက အောင်မြင်မှုတည်မြဲနေခဲ့တာ ခုဆိုရင်တော့ အမေရိကန်ဒေါ်လာ ၁၄ သန်း ကြွယ်ဝမှုနဲ့ အမှတ်စဉ် ၇ ချိတ်တဲ့သူပါ။

(၆) IU – US$ ၁၅ သန်း

ငယ်ငယ်ရွယ်ရွယ်လေးနဲ့ တောင်ကိုရီးယားရဲ့ နာမည်အကြီးဆုံး အမျိုးသမီးအဆိုတော်ဖြစ်ခဲ့သူ IU ကတော့ ဂီတ Chart List တွေတိုင်းမှာ ထိပ်ဆုံးထိရောက်ခဲ့တဲ့ သူမရဲ့ သီချင်းတွေကနေ အောင်မြင်လာတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ရဲ့ အချစ်ခံရပြီး သူမပါဝင်တဲ့ ဇာတ်လမ်းတွဲတွေ၊ သရုပ်ဆောင်တဲ့ ကြော်ငြာတွေကနေ ဝင်ငွေရှာဖွေနိုင်ခဲ့တာဟာ ခုဆိုအမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့အကြွယ်ဝဆုံးထိပ်သီးစာရင်းဝင်ဖြစ်လာပါပြီ။

(၅) Dara- US$ ၁၆ သန်း

Dara ကတော့ ကိုရီးယားမှာ 2NE1 ဆိုတဲ့ Girl Band အဖွဲ့အဖြစ်နဲ့ မအောင်မြင်ခင်ကတည်းက ဖိလစ်ပိုင်မှာ နာမည်ကြီးခဲ့ပြီး ကိုရီးယားရောက်ချိန်မှ အောင်မြင်မှု တဟုန်ထိုး တက်ခဲ့တဲ့သူပါ။ 2NE1 နဲ့ တွဲဖက်ဖျော်ဖြေခဲ့ချိန်တွေမှာ Dara ရဲ့ အသားတင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၁၆ သန်းထိ ရှိလာခဲ့ပါတယ်။

(၄) Rain – US$ -၂၀ သန်း

အောင်မြင်မှုအကြီးမားဆုံး အဆိုတော်တစ်ဦးဖြစ်သလို One Man Show တွေ၊ Full House တို့လို Drama ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အသည်းကို ပိုင်ဆိုင်ခဲ့တဲ့ Rain ကတော့ ခုချိန်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀ ထိ ဝင်ငွေအခိုင်အမာရှိနေတာကို သိရပါတယ်။

(၃) G Dragon- US$ ၂၁ သန်း

အမြဲတမ်း ထူးခြားတဲ့ အသံတွေ၊ Fashion တွေ၊ Style တွေ၊ ဂီတတွေနဲ့ တောင်ကိုရီးယားရဲ့ အထာအကျဆုံး ပရိသတ်အချစ်တော် G-Dragon ရဲ့ အောင်မြင်မှုကတော့ ထိပ်သီး KPop Idol တွေထဲမှာ Top Three အကြွယ်ဝအချမ်းသာဆုံး စာရင်းဝင်တဲ့ထိပါပဲ။ သူ့ရဲ့ အောင်မြင်မှုတွေ လွှမ်းမိုးမှုတွေအောက်မှာ ကြွယ်ဝချမ်းသာမှုအထွေထွေက အမေရိကန်ဒေါ်လာ ၂၁ သန်းထက်တောင် ပိုမယ်လို့ ခန့်မှန်းရသူပါ။

(၂) Siwon – US$ ၃၅ သန်း+

G Dragon လို လွှမ်းမိုးမှုအားကြီးတဲ့သူထက်တောင် ကြွယ်ဝပြီး ဒုတိယအချမ်းသာဆုံးနေရာမှာ ရပ်တည်နေတဲ့သူကတော့ တောင်ကိုရီးယားရဲ့ နှစ်ကာလအရှည်ကြာဆုံးရပ်တည်နိုင်တဲ့ Super Junior အဖွဲ့ခေါင်းဆောင် ကိုလူချောလေး Siwon ပဲဖြစ်ပါတယ်။ လူငယ်တက်သစ်စအဖွဲ့တွေအများကြီးထွက်ပေါ်လာခဲ့ပြီးတာတောင် အောင်မြင်မှုစန်းမကျသွားတဲ့ Siwon ကတော့ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော်နဲ့ ချမ်းသာမြဲချမ်းသာဆဲပါပဲ။

(၁) PSY – US$ ၄၅ သန်း

၂၀၁၃ ခုနှစ်မှာပဲ Gangnam Style ဆိုတဲ့သီချင်းတစ်ပုဒ်နဲ့ တစ်ကမ္ဘာလုံးအနှံ့အုန်းအုန်းကျက်ကျက်အောင်မြင်ခဲ့တဲ့ အဆိုတော်ကြီး PSY ကတော့ ၅ နှစ်တာ ကြည့်ရှုသူအများဆုံး YouTube Video အဖြစ်မှတ်တမ်းဝင်ခဲ့တဲ့အထိ အံ့မခန်းလူကြိုက်များခဲ့သူပါ။ တောင်ကိုရီးယားအနုပညာကို ကမ္ဘာကလက်ခံလာတဲ့အထိ ထိုးဖောက်ခဲ့တဲ့ PSY ကတော့ အဲ့သီချင်းတစ်ပုဒ်လည်းအပြီး ကမ္ဘာ့အကြွယ်ဝအချမ်းသာဆုံးလူအဖြစ် အမေရိကန်ဒေါ်လာ ၄၅ သန်းထိ ချမ်းသာခဲ့တဲ့ ပထမဆုံး အဆိုတော်ဖြစ်လာခဲ့ပါတယ်။

ကြိုးစားရုန်းကန်မှုပြင်းထန်သလောက် အောင်မြင်လာချိန်မှာလည်း ဝင်ငွေပိုင်ဆိုင်မှုအများအပြားနဲ့ အောင်မြင်မှုအသီးအပွင့် ကြွယ်ဝချမ်းသာမှုတွေကို ပိုင်ဆိုင်ရတဲ့ တောင်ကိုရီးယားငွေကြယ်ပွင့်တွေရဲ့ ဘဝကတော့ အားကျစရာပါပဲ။

EiEiKhineMinn (Akhayar)