Pro ဆန်ဆန် Skill တွေလေ့လာနိုင်မယ့် PUBG Streamer ၃ ဦး

PUBG ကစားတာ ထင်သလောက် မလွယ်ကူသလို သာမန် ပစ်တတ်၊ ခတ်တတ်ရုံနဲ့ Survive လုပ်နိုင်မယ့်ဂိမ်းလည်း မဟုတ်ပါဘူး။ 30 Min ဂိမ်းဆိုပေမယ့် ကိုယ့်အတွက် 3 Min ပဲ ဖြစ်နေသလား၊ ဒီလိုမှမဟုတ် Survival ကစားမယ့်အစား Camping လုပ်ပြီး နာမည်ကြီးနေရာတွေမှာ Shooter ပုံစံလိုက်ပစ်မလား? အခုလို ကိုယ်ကျွမ်းကျင်သလို ကစားနိုင်တယ်ဆိုမယ့် Competitive ဖြစ်လွန်းတဲ့ PUBG ကို Top Player တွေ ဘယ်လိုကစားနေသလဲ? သူတို့ကစားဟန်ကို လေ့လာပြီး Skill တက်လာအောင် Twitch.TV မှာ ရေပန်းစားနေတဲ့ PUBG Player ၃ ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

PUBG Gameplay

Shroud

Shroud ဟာ လက်ရှိ Popular အဖြစ်ဆုံး PUBG Streamer ဖြစ်ပြီး Pro ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ၁၉၉၄ ဇွန်လ ၄ ရက်နေ့မှာမွေးဖွားပြီး အခုဆိုရင် အသက် ၂၄ နှစ်ပဲရှိပါသေးတယ်။ Shroud ဟာ ကနေဒါနိုင်ငံသားဖြစ်ပြီး မူရင်းနာမည်က Michael Grzesiek ပါ။ Career Life ကို CS:GO နဲ့ ၂၀၁၄ မှာ စတင်ခဲ့ပြီး CompLexity Gaming နဲ့ပထမဆုံး Stand-in အဖြစ်ကစားပေးခဲ့ဖူးပါတယ်။ ဒိနောက်ပိုင်း Cloud9 နဲ့ လက်တွဲဖြစ်သွားခဲ့ပြီး 2016 မှာကျင်းပတဲ့ ESL Pro League Season 4 မှာ ဗိုလ်ဆွဲခဲ့ပါတယ်။ နောက်ပြီး 2017 မှာ ကျင်းပတဲ့ CS:GO Premier Tournament မှာ ဒုတိယရသွားတဲ့အထိ ဦးဆောင်ခဲ့ဖူးပါတယ်။

Shroud

ဒီလိုစွမ်းဆောင်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ အစားထိုးအနေနဲ့ပဲ ပါဝင်ခဲ့ရပြီး 2018 ဧပြီလောက်မှာ Cloud9 နဲ့ လက်တွဲဖြုတ်ခဲ့သလို CS:GO Career က အနားယူလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ ဒီအချိန်မှာ Shroud ရဲ့ Total Earning က $226,230.69  ရှိနေမှာပါပြီ။ အဲ့နောက်ပိုင်း PlayerUnknown’s Battleground ကိုပဲ ဖိကစားခဲ့ပြီး “Twitch Rivals” ပြိုင်ပွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ လက်ရှိအချိန် PUBG ပြိုင်ပွဲတွေကနေ $5450 ဆုကြေးရရှိထားပြီး 6 min နဲ့ 17 Kills ရတာမျိုး၊ ကြမ်းလွန်းတဲ့ Sniping Skill၊ လက်သွက်လွန်းပြီး Pro ကျတဲ့ ကစားကွက်မျိုးတွေနဲ့ 30 Kills ရသွားတဲ့ပွဲမျိုးတွေလည်း ရှိပါတယ်။ Shroud ဟာ လက်ရှိကစားနေတဲ့ Duo Team နဲ့ ဒုတိယချိတ်ခဲ့ပြီး Follower ၅ သန်းကျော်ရှိနေတဲ့ Twitch Stream အဖြစ် ကစားလျက်ရှိပါတယ်။
Shroud: twitch.tv Link ၊ YouTube Link

ChocoTaco

နောက်ထပ် Popular ဖြစ်နေသူ PUBG Streamer ကတော့ ChocoTaco ပါပဲ။ နာမည်ရင်းက Throop ဖြစ်ပြီးအခုဆိုရင် အသက် ၂၉ နှစ်ရှိနေပါပြီ။ အရင်က Area Manager အဖြစ်ကုမ္ပဏီတစ်ခုမှာလုပ်ကိုင်ခဲ့ဖူးပြီး ကလေးတွေကို Engineering အကြောင်းသင်ကြားပေးတဲ့ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီလိုကမှတဆင့် Throop ဟာ Gaming နဲ့ အသက်မွေးလိုစိတ်ပျင်းပြနေခဲ့ပြီး PUBG Pro Player ဖြစ်မလာခင် Counter-Strike 1.6 ၊ Source တို့ကစားခဲ့ပြီး DOTA ခေတ်ရောက်လာတော့ မြောက်အမေရိကမှာ Top 50 ဝင်တဲ့အထိ ကျွမ်းကျွမ်းကျင်ကျင်ကစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

Chocotaco

ဒါကြောင့်ပဲ 2018 နှစ်အစမှာ အလုပ်ထွက်ပစ်လိုက်ပြီး Gaming Career နဲ့ ဘဝတစ်ခုစတင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အသက်ကြီးနေတာတကြောင်း၊ ဂိမ်းကစားတာနဲ့ပတ်သက်လို့ Throop မိဘတွေ မတားမြစ်လိုပေမယ့် အခုချိန်မှာဆိုရင် ဒုတိယ Popular အဖြစ်ဆုံး Full Time Streamer အဖြစ်ရပ်တည်နေပါပြီ။ အထူးသဖြင့် PUBG နဲ့ လူသိများလာပြီး Shroud ထက်တောင် Follower များပါတယ်။ သူ့ရဲ့ Duo Gameplay တွေဟာ အင်မတန်ကြည့်ကောင်းပြီး AKM ၊ Kar98K နဲ့ AWM တွဲပစ်တဲ့ ကစားကွက်မျိုးတွေက လူကြိုက်များရေပန်းစားပါတယ်။
ChocoTaco: twitch.tvYouTube

Just9n

သူကတော့ 2018 ဒီဇင်ဘာ Rating အရ တတိယ Popular အဖြစ်ဆုံး Twitch Streamer ဖြစ်လာတာပါ။ အရင်က Professional CS:GO Player ဖြစ်ပြီး ၁၉၉၄ အောက်တိုဘာလထဲ မွေးဖွားခဲ့သူပါ။ နာမည်ရင်းက Ortiz ဖြစ်ပြီး 2016 တုန်းကကျင်းပခဲ့တဲ့ CS:GO (Esports Championship Series Season 1) Major ပြိုင်ပွဲမှာ အဆင့် ၈ ချိတ်ခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ CS:GO Career ကနေ အနားယူထားပြီး Full Time PUBG Streamer အဖြစ်ကစားလျက်ရှိပါတယ်။

Just9n

ဒီလို PUBG Career အဖြစ်စတင်ခဲ့တဲ့ Just9n ကို နာမည်ကျော်သွားစေတာက Shroud ၊ Chad နဲ့ တွဲကစားစဉ် 49Kills ရခဲ့တာမျိုး၊ Total 30 Kills နဲ့ Classic FPP ဂိမ်းမှာ Rank 1 ချိတ်တာ၊ Squad ကစားရင်း 45 Kills အထိရခဲ့တာမျိုးက Just9n ကို Professional Player အဖြစ် Popular ဖြစ်သွားစေခဲ့ပါတယ်။
Just9n: twitch.tvYouTube

တခြား Popluar Streamer တွေကတော့

Chad: twitch.tv
TSM Viss: twitch.tv
Break: twitch.tv
OfficalAndyPro: twitch.tv
Anthony-Kongphan: twitch.tv
P4wnyhof: twitch.tv
Deadmau 5: twitch.tv

PUBG Gameplay

Related Links

PUBG ကစားမယ့်သူတွေ သိထားသင့်၊ ရှောင်ရှားသင့်တဲ့အချက် 8 ချက်
PUBG ကစားရင် ယောင်လို့တောင် မကောက်သင့်တဲ့ လက်နက် 5 မျိုး