[Zawgyi]

ကမ႓ာ့ေစ်းအႀကီးဆံုးျဖစ္လာတဲ့ ပန္းခ်ီကား ၁၀ ခ်ပ္

ႏွစ္စဥ္ႏွစ္တိုင္းေရာင္းခ်ေလ့ရွိတဲ့ ပန္းခ်ီေလလံတင္ပြဲေတြရဲ႕ ေၾကးအႀကီးဆံုး ေရာင္းခ်ခံခဲ့ရတဲ့ ပန္းခ်ီကားေတြဟာ သမိုင္းမွာ အဆင့္ဆင့္မွတ္တမ္းတင္ခံခဲ့ရပါတယ္။ ေလလံဆြဲလို႔ အႏိုင္ရတဲ့ ေစ်းႏႈန္းအေပၚမူတည္ၿပီး ကမ႓ာ့ေစ်းအႀကီးဆံုးစာရင္းဝင္ ပန္းခ်ီကားေတြဟာ အၿမဲတမ္းေျပာင္းလဲေနၾကမို႔လို႔ ဒီႏွစ္မွာလည္း လတ္တေလာေစ်းအႀကီးဆံုးစာရင္းဝင္ ပန္းခ်ီကားဆယ္ကားကို တရားဝင္ထုတ္ျပန္ခ်က္ေတြအရ ေဖာ္ျပေပးလိုက္ရပါတယ္။

(၁၀) Nu Couche’

၁၉၁၇-၁၉၁၈ ခုႏွစ္ေတြမွာ ပန္းခ်ီဆရာ Amedeo Modigliani ေရးဆြဲခဲ့တဲ့ ဒီ ဝတ္လစ္စလစ္မိန္းမပ်ိဳေလးပန္းခ်ီကားဟာ ၂၀၁၅ ႏိုဝင္ဘာလ ၉ ရက္ေန႔မွာေတာ့ New York ၿမိဳ႕ Christie’s ပန္းခ်ီေလလံတင္ပြဲမွာ အေမရိကန္ေဒၚလာ ၁၇၂.၆ သန္းနဲ႔ ေရာင္းခ်ခံခဲ့ရတာပါ။ ဆီေဆးပန္းခ်ီကားျဖစ္ၿပီး Amedeo ရဲ႕ Nude Painting Series ေတြထဲမွာေတာ့ အထင္ရွားဆံုးပါပဲ။

(၉) Les Femmes d’Alger(Version 0)

၁၉၅၅ ခုႏွစ္မွာ နာမည္ႀကီးပန္းခ်ီပညာရွင္ Pablo Picasso ဆြဲခဲ့တဲ့ ဒီေရေဆးပန္းခ်ီဟာ ေမလ ၁၁ ရက္ေန႔ ၂၀၁၅ မွာ Christie’s ေလလံတင္ပြဲကေနၿပီး အေမရိကန္ေဒၚလာ ၁၈၁.၇ သန္းနဲ႔ ေလလံအႏိုင္ရရွိခဲ့တာပါ။ ခုေတာ့ ကာတာႏိုင္ငံ၊ ဒိုဟာမွာ ကာတာဝန္ႀကီးခ်ဳပ္ရဲ႕ သီးသန္႔ Collection အျဖစ္ စုေဆာင္းထားျခင္းခံရပါတယ္။

(၈) Pendant Portrait of Maerten Soolmans and Oopjen Coppit

၁၆၃၄ ခုႏွစ္မွာ ပန္းခ်ီပညာရွင္ Rembrandt ဆြဲခဲ့တဲ့ ဒီပံုတူ ဆီေဆးပန္းခ်ီကားဟာဆိုရင္လည္း စက္တင္ဘာလ ၂၀၁၅ ခုႏွစ္မွာ ေလလံေအာင္ခဲ့ၿပီး Rijksmuseum နဲ႔ Louvre Museum တို႔မွာ ျပသခံထားရပါတယ္။ ေလလံေအာင္ေၾကး အေမရိကန္ေဒၚလာ ၁၈၂ သန္း ျဖစ္ပါတယ္။

(၇) No.6 (Violet,Green and Red)

Abstract Expressionism တစ္ေယာက္ျဖစ္တဲ့ Mark Rothkoကေတာ့ သူ႔ေခတ္အခါမွာ ေဝဖန္မႈအမ်ားဆံုး ပန္းခ်ီဆရာတစ္ေယာက္ျဖစ္ၿပီး ၁၉၅၁ တုန္းက ဆြဲခဲ့တဲ့ No.6 ဆိုတဲ့ ပန္းခ်ီကားဟာ အခ်ိန္ေတာ္ေတာ္ၾကာ ကမ႓ာ့ေစ်းအႀကီးဆံုးပန္းခ်ီကားစာရင္းဝင္အျဖစ္ အေမရိကန္ေဒၚလာ ၁၉ဝ သန္းနဲ႔ သီးသန္႔ေရာင္းခ်ခံခဲ့ရပါတယ္။

(၆) Wasserschlangen II

၁၉၀၄-၁၉၀၇ ခုႏွစ္စပ္ၾကား ပန္းခ်ီပညာရွင္ Gustav Klimt ေရးဆြဲခဲ့တဲ့ ဒီပန္းခ်ီကားဟာ အေမရိကန္ေဒၚလာ ၁၉၄.၆ သန္းနဲ႔ ၂၀၁၂ ခုႏွစ္မွာေရာင္းထြက္ခဲ့ပါတယ္။

(၅) Number 17A

Abstract Expressionism တစ္ဦးျဖစ္တဲ႔ Jackson Pollock ကေတာ့ ဒီပန္းခ်ီကားကို ၁၉၄၈ မွာစတင္ေရးဆြဲခဲ့ၿပီး စက္တင္ဘာလ၂၀၁၅ မွာ David Geffen Foundation က အေမရိကန္ေဒၚလာ ၂၀၃ သန္းနဲ႔ ေလလံေအာင္ခဲ့ပါတယ္။

(၄) Nafea Faa Ipoipo

နာမည္ေက်ာ္ ပန္းခ်ီဆရာ Paul Gauguin ရဲ႕ လူသိမ်ားတဲ့ ဒီပန္းခ်ီကားကို စက္တင္ဘာလ ၂၀၁၄ ခုႏွစ္မွာ ပန္းခ်ီကားစုေဆာင္းသူ Rudolf Staechelin ကဝယ္ယူရရွိခဲ့ၿပီး ခုခ်ိန္မွာေတာ့ ကာတာႏိုင္ငံ အပိုင္ျဖစ္ေနပါၿပီ။ အေမရိကန္ေဒၚလာ ၂၁၃ သန္းနဲ႔ ဝယ္ယူခဲ့တာျဖစ္ပါတယ္။ ပန္းခ်ီကားနာမည္ကေတာ့ “When will you marry” ဆိုတဲ့အဓိပၸာယ္ပါ။

(၃) The Card Players

ကမ႓ာ့နာမည္ႀကီး ပန္းခ်ီကားတစ္ခ်ပ္ျဖစ္တဲ့ The Card Players ကို ျပင္သစ္ Post-Impressionist တစ္ဦးျဖစ္သူ Paul Cezanne ေရးဆြဲခဲ့တာျဖစ္ၿပီး ၁၈၉၂-၉၃ ခုႏွစ္ေတြမွာ ေရးဆြဲခဲ့တဲ့ ဒီပန္းခ်ီကားဟာ ဧၿပီလ ၂၀၁၁ ခုႏွစ္မွာေတာ့ ကာတာႏိုင္ငံအပိုင္အျဖစ္ အေမရိကန္ေဒၚလာ သန္း ၂၇၀ေက်ာ္နဲ႔ ေရာင္းခ်ျခင္းခံခဲ့ရပါတယ္။ အခ်ိန္ေတာ္ေတာ္ၾကာၾကာ ေစ်းအႀကီးဆံုးပန္းခ်ီကားေတြထဲက တစ္ခ်ပ္အျဖစ္ အခ်ိန္ၾကာၾကာရပ္တည္ခဲ့ပါတယ္။

(၂) Interchange

ဒတ္ခ်္လူမ်ိဳး Abstract Expressionist တစ္ဦးျဖစ္တဲ့ Williem De Kooning ဟာ Interchange လို႔ အမည္ရတဲ့ ဒီပန္းခ်ီကားကို ၁၉၅၅ ခုႏွစ္မွာေရးဆြဲခဲ့ၿပီး စက္တင္ဘာလ ၂၀၁၅ မွာေတာ့ David Geffen Foundation ကေန အေမရိကန္ေဒၚလာ ၃၀၄ သန္းနဲ႔ သီးသန္႔ဝယ္ယူခဲ့တာျဖစ္ပါတယ္။ မႏွစ္ကအထိ ပထမေစ်းအႀကီးဆံုးေနရာမွာရပ္တည္ခဲ့တဲ့ ဒီပန္းခ်ီကားဟာ ခုလက္ရွိမွာေတာ့ ဒုတိယေစ်းအႀကီးဆံုးအျဖစ္ တစ္ေနရာက်ဆင္းခဲ့ပါတယ္။

(၁) Salvator Mundi

အီတလီလူမ်ိဳး ပန္းခ်ီဆရာႀကီး Leonardo da Vinci ရဲ႕ အံ့မခန္းလက္ရာတစ္ခုျဖစ္တဲ့ Salvator Mundi ပန္းခ်ီကားကို ႏိုဝင္ဘာလ ၁၅ ရက္၊ ၂၀၁၇ ခုႏွစ္မွာမွ Christie’s ေလလံပြဲမွာ အေမရိကန္ေဒၚလာ ၄၅၀.၃ သန္း နဲ႔ ေလလံေအာင္ခဲ့တာျဖစ္ပါတယ္။ ဒီပန္းခ်ီကားကေတာ့ Jesus ဘုရားသခင္ဟာ ညာလက္တစ္ဖက္က ေစာင့္ေရွာက္လမ္းျပေနပံုျဖစ္ၿပီး ဘယ္ဘက္လက္က Crystal ေဘာလံုးေလးကို ကိုင္ထားတဲ့ပံုျဖစ္ပါတယ္။ ဒီပန္းခ်ီကားကေတာ့ ကမ႓ာ့ေစ်းအႀကီးဆံုးအျဖစ္ရပ္တည္ခဲ့တဲ့ပန္းခ်ီကားေတြကို မႏွစ္ကမွ ေက်ာ္တက္ၿပီး မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

ကမ္ဘာ့ဈေးအကြီးဆုံးဖြစ်လာတဲ့ ပန်းချီကား ၁၀ ချပ်

နှစ်စဉ်နှစ်တိုင်းရောင်းချလေ့ရှိတဲ့ ပန်းချီလေလံတင်ပွဲတွေရဲ့ ကြေးအကြီးဆုံး ရောင်းချခံခဲ့ရတဲ့ ပန်းချီကားတွေဟာ သမိုင်းမှာ အဆင့်ဆင့်မှတ်တမ်းတင်ခံခဲ့ရပါတယ်။ လေလံဆွဲလို့ အနိုင်ရတဲ့ ဈေးနှုန်းအပေါ်မူတည်ပြီး ကမ္ဘာ့ဈေးအကြီးဆုံးစာရင်းဝင် ပန်းချီကားတွေဟာ အမြဲတမ်းပြောင်းလဲနေကြမို့လို့ ဒီနှစ်မှာလည်း လတ်တလောဈေးအကြီးဆုံးစာရင်းဝင် ပန်းချီကားဆယ်ကားကို တရားဝင်ထုတ်ပြန်ချက်တွေအရ ဖော်ပြပေးလိုက်ရပါတယ်။

(၁၀) Nu Couche’

၁၉၁၇-၁၉၁၈ ခုနှစ်တွေမှာ ပန်းချီဆရာ Amedeo Modigliani ရေးဆွဲခဲ့တဲ့ ဒီ ဝတ်လစ်စလစ်မိန်းမပျိုလေးပန်းချီကားဟာ ၂၀၁၅ နိုဝင်ဘာလ ၉ ရက်နေ့မှာတော့ New York မြို့ Christie’s ပန်းချီလေလံတင်ပွဲမှာ အမေရိကန်ဒေါ်လာ ၁၇၂.၆ သန်းနဲ့ ရောင်းချခံခဲ့ရတာပါ။ ဆီဆေးပန်းချီကားဖြစ်ပြီး Amedeo ရဲ့ Nude Painting Series တွေထဲမှာတော့ အထင်ရှားဆုံးပါပဲ။

(၉) Les Femmes d’Alger(Version 0)

၁၉၅၅ ခုနှစ်မှာ နာမည်ကြီးပန်းချီပညာရှင် Pablo Picasso ဆွဲခဲ့တဲ့ ဒီရေဆေးပန်းချီဟာ မေလ ၁၁ ရက်နေ့ ၂၀၁၅ မှာ Christie’s လေလံတင်ပွဲကနေပြီး အမေရိကန်ဒေါ်လာ ၁၈၁.၇ သန်းနဲ့ လေလံအနိုင်ရရှိခဲ့တာပါ။ ခုတော့ ကာတာနိုင်ငံ၊ ဒိုဟာမှာ ကာတာဝန်ကြီးချုပ်ရဲ့ သီးသန့် Collection အဖြစ် စုဆောင်းထားခြင်းခံရပါတယ်။

(၈) Pendant Portrait of Maerten Soolmans and Oopjen Coppit

၁၆၃၄ ခုနှစ်မှာ ပန်းချီပညာရှင် Rembrandt ဆွဲခဲ့တဲ့ ဒီပုံတူ ဆီဆေးပန်းချီကားဟာဆိုရင်လည်း စက်တင်ဘာလ ၂၀၁၅ ခုနှစ်မှာ လေလံအောင်ခဲ့ပြီး Rijksmuseum နဲ့ Louvre Museum တို့မှာ ပြသခံထားရပါတယ်။ လေလံအောင်ကြေး အမေရိကန်ဒေါ်လာ ၁၈၂ သန်း ဖြစ်ပါတယ်။

(၇) No.6 (Violet,Green and Red)

Abstract Expressionism တစ်ယောက်ဖြစ်တဲ့ Mark Rothkoကတော့ သူ့ခေတ်အခါမှာ ဝေဖန်မှုအများဆုံး ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး ၁၉၅၁ တုန်းက ဆွဲခဲ့တဲ့ No.6 ဆိုတဲ့ ပန်းချီကားဟာ အချိန်တော်တော်ကြာ ကမ္ဘာ့ဈေးအကြီးဆုံးပန်းချီကားစာရင်းဝင်အဖြစ် အမေရိကန်ဒေါ်လာ ၁၉ဝ သန်းနဲ့ သီးသန့်ရောင်းချခံခဲ့ရပါတယ်။

(၆) Wasserschlangen II

၁၉၀၄-၁၉၀၇ ခုနှစ်စပ်ကြား ပန်းချီပညာရှင် Gustav Klimt ရေးဆွဲခဲ့တဲ့ ဒီပန်းချီကားဟာ အမေရိကန်ဒေါ်လာ ၁၉၄.၆ သန်းနဲ့ ၂၀၁၂ ခုနှစ်မှာရောင်းထွက်ခဲ့ပါတယ်။

(၅) Number 17A

Abstract Expressionism တစ်ဦးဖြစ်တဲ့ Jackson Pollock ကတော့ ဒီပန်းချီကားကို ၁၉၄၈ မှာစတင်ရေးဆွဲခဲ့ပြီး စက်တင်ဘာလ၂၀၁၅ မှာ David Geffen Foundation က အမေရိကန်ဒေါ်လာ ၂၀၃ သန်းနဲ့ လေလံအောင်ခဲ့ပါတယ်။

(၄) Nafea Faa Ipoipo

နာမည်ကျော် ပန်းချီဆရာ Paul Gauguin ရဲ့ လူသိများတဲ့ ဒီပန်းချီကားကို စက်တင်ဘာလ ၂၀၁၄ ခုနှစ်မှာ ပန်းချီကားစုဆောင်းသူ Rudolf Staechelin ကဝယ်ယူရရှိခဲ့ပြီး ခုချိန်မှာတော့ ကာတာနိုင်ငံ အပိုင်ဖြစ်နေပါပြီ။ အမေရိကန်ဒေါ်လာ ၂၁၃ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ပန်းချီကားနာမည်ကတော့ “When will you marry” ဆိုတဲ့အဓိပ္ပာယ်ပါ။

(၃) The Card Players

ကမ္ဘာ့နာမည်ကြီး ပန်းချီကားတစ်ချပ်ဖြစ်တဲ့ The Card Players ကို ပြင်သစ် Post-Impressionist တစ်ဦးဖြစ်သူ Paul Cezanne ရေးဆွဲခဲ့တာဖြစ်ပြီး ၁၈၉၂-၉၃ ခုနှစ်တွေမှာ ရေးဆွဲခဲ့တဲ့ ဒီပန်းချီကားဟာ ဧပြီလ ၂၀၁၁ ခုနှစ်မှာတော့ ကာတာနိုင်ငံအပိုင်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၇၀နဲ့ ရောင်းချခြင်းခံခဲ့ရပါတယ်။ အချိန်တော်တော်ကြာကြာ ဈေးအကြီးဆုံးပန်းချီကားတွေထဲက တစ်ချပ်အဖြစ် အချိန်ကြာကြာရပ်တည်ခဲ့ပါတယ်။

(၂) Interchange

ဒတ်ချ်လူမျိုး Abstract Expressionist တစ်ဦးဖြစ်တဲ့ Williem De Kooning ဟာ Interchange လို့ အမည်ရတဲ့ ဒီပန်းချီကားကို ၁၉၅၅ ခုနှစ်မှာရေးဆွဲခဲ့ပြီး စက်တင်ဘာလ ၂၀၁၅ မှာတော့ David Geffen Foundation ကနေ အမေရိကန်ဒေါ်လာ ၃၀၄ သန်းနဲ့ သီးသန့်ဝယ်ယူခဲ့တာဖြစ်ပါတယ်။ မနှစ်ကအထိ ပထမဈေးအကြီးဆုံးနေရာမှာရပ်တည်ခဲ့တဲ့ ဒီပန်းချီကားဟာ ခုလက်ရှိမှာတော့ ဒုတိယဈေးအကြီးဆုံးအဖြစ် တစ်နေရာကျဆင်းခဲ့ပါတယ်။

(၁) Salvator Mundi

အီတလီလူမျိုး ပန်းချီဆရာကြီး Leonardo da Vinci ရဲ့ အံ့မခန်းလက်ရာတစ်ခုဖြစ်တဲ့ Salvator Mundi ပန်းချီကားကို နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်မှာမှ Christie’s လေလံပွဲမှာ အမေရိကန်ဒေါ်လာ ၄၅၀.၃ သန်း နဲ့ လေလံအောင်ခဲ့တာဖြစ်ပါတယ်။ ဒီပန်းချီကားကတော့ Jesus ဘုရားသခင်ဟာ ညာလက်တစ်ဖက်က စောင့်ရှောက်လမ်းပြနေပုံဖြစ်ပြီး ဘယ်ဘက်လက်က Crystal ဘောလုံးလေးကို ကိုင်ထားတဲ့ပုံဖြစ်ပါတယ်။ ဒီပန်းချီကားကတော့ ကမ္ဘာ့ဈေးအကြီးဆုံးအဖြစ်ရပ်တည်ခဲ့တဲ့ပန်းချီကားတွေကို မနှစ်ကမှ ကျော်တက်ပြီး မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

EiEiKhineMinn (Akhayar)