[ZawGyi]
Transcend Myanmar
Transcend Myanmar
(၁) Kim Tae Hee
Kim Tae Hee
(၂) Song Hye Kyo
Song Hye Kyo
(၃) Han Hyo Joo
Han Hyo Joo
(၄) Park Min Young
Park Min Young
(၅) Bae Suzy
Bae Suzy
(၆) Jun Ji Hyun
Jun Ji Hyun
(၇) Shin Min Ah
Shin Min Ah
(၈) Park Shin Hye
Park Shin Hye
(၉) IU
IU
(၁၀) Park Bo Young
Park Bo Young
[Unicode]
ကိုရီးယားရဲ့ အပြုံး အလှဆုံး နာမည်ကျော်မင်းသမီးဆယ်ယောက်
မြန်မာမိန်းကလေးတိုင်း အားကျရတဲ့ အသားဖြူဖြူ၊ နုနုဖတ်ဖတ်အရုပ်မလေးပုံစံနဲ့ ပြစ်မျိုးမှဲ့မထင်ချောမောသူတွေကြား ကိုရီးယားမင်းသမီးလေးတွေဟာ စိတ်ကူးအိပ်မက်ထဲက Idol တွေပါပဲ။ ဒီလောက်ချောမောလှပနေတဲ့ ကိုရီးယားမင်းသမီးလေးတွေရဲ့ အလှဟာ သဘာဝအလှမျိုးနဲ့ပဲဖြစ်ဖြစ်၊ ပြုပြင်ထားတဲ့အလှမျိုးပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်နေပါစေ လှရက်လွန်းတာတော့ ငြင်းမရပါဘူး။ ဒီလောက်အလှဆုံးတွေစုနေတဲ့ ကိုရီးယားမင်းသမီးတို့ကြား ပြုံးလိုက်တာနဲ့ ကြွေကျသွားလောက်မယ့် ပြုံးအလှပိုင်ရှင် (၁၀) ယောက်လည်း ရှိပါသေးသတဲ့။ သူတို့ကတော့-
(၁) Kim Tae Hee
ဘယ်မင်းသမီးတွေ ဘယ်လောက်လှလှ ကင်ထေဟီးရဲ့ အပြုံးတစ်ချက်မှာ ကြွေဆင်းသွားကြတဲ့ယောက်ျားထုကြီးကတော့ မနည်းမနောပါပဲ။ မျက်လုံးကပါ ကြည်စင်ရွှန်းလဲ့တဲ့ သူမရဲ့ အပြုံးတစ်ချက်ကတော့ ပါးချိုင့်ကွေးကွေးလေးနဲ့ အလှဆုံးလို့ဆိုရမလောက်ပါပဲ။ ဒီအပြုံးလေးကြောင့်ပဲ ပျိုမေတို့အသည်းစွဲ မင်းသားချော Rain တောင် ရုန်းမထွက်နိုင်အောင်ဖြစ်ခဲ့ရတာမလား?
Kim Tae Hee
Transcend Myanmar
Transcend Myanmar
Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်
(၂) Song Hye Kyo
အွန်စောလို့ လူသိများတဲ့ Song Hye Kyo ရဲ့ အပြုံးကတော့ လူတိုင်းရဲ့ ရင်ထဲမှာ စွဲငြိပြီးသားဖြစ်မှာပါ။ အသက်ကြီးလာလေလေ ပိုနုပျိုလာရခြင်းအကြောင်းတွေထဲမှာ သူမရဲ့ အပြုံးချိုချိုလေးတွေလည်း ပါနေမလားဆိုတာ သိချင်စရာပါပဲ။
Song Hye Kyo
(၃) Han Hyo Joo
ဒီမင်းသမီးလေးကတော့ လွန်ခဲ့တဲ့ လအနည်းငယ်က “W Two World” Series နဲ့အောင်မြင်ခဲ့တဲ့သူဖြစ်ပြီး သူမရဲ့ အပြုံးချိုချိုအေးအေးလေးတွေက ကိုရီးယားရဲ့ အပြုံးအလှဆုံးမင်းသမီးတစ်ယောက် ဖြစ်စေခဲ့တာပါ။ ရိုးရိုးရှင်းရှင်းမျက်နှာလေးနဲ့ ဘာမှထူးထူးခြားခြားလိမ်းခြယ်ထားခြင်းမရှိတာတောင် သူမရဲ့အပြုံးတစ်ချက်နဲ့တင် သူမကို မချစ်ဘဲ မနေနိုင်အောင် စွဲလမ်းစေမိတဲ့အထိ ချစ်စရာကောင်းသူပါ။
Han Hyo Joo
(၄) Park Min Young
City Hunter ဇာတ်ကားနဲ့ တစ်ရှိန်ထိုးနာမည်ကြီးခဲ့တဲ့ ဒီမင်းသမီးချောလေးကလည်း ပြုံးလိုက်တာနဲ့ မျက်လုံးလေးတွေပိတ်သွားတဲ့အထိ ချစ်စရာကောင်းသူမို့ ကိုရီးယားက အမျိုးသားတွေ ဝန်းရံခံထားရသူလေးပါ။
Park Min Young
MSI Z370 Gaming Pro Carbon
MSI Z370 Gaming Pro Carbon
MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်
(၅) Bae Suzy
နှုတ်ခမ်းဖူးဖူး ချစ်စဖွယ်အမူအရာလေးနဲ့ ကိုကိုတွေအသည်းစွဲအောင် ပြုစားနိုင်တဲ့ Suzy ရဲ့ အပြုံးအောက်မှာ ကြွေကျသွားတဲ့ နာမည်ကျော်မင်းသားကြီးတွေလည်း ဒုနဲ့ဒေးပါပဲ။
Bae Suzy
(၆) Jun Ji Hyun
ကိုရီးယားရဲ့ တကယ့် နာမည်ကြီး ဒိတ်ဒိတ်ကြဲ ကြော်ငြာမော်ဒယ်လ်လည်းဖြစ်၊ မင်းသမီးလည်းဖြစ်တဲ့ Jun Ji Hyun ကတော့ အိမ်ထောင်သားမွေးပြုပြီးလို့ ကလေးတွေရတဲ့အထိ အပြစ်ကင်းစင်ဖွယ်အပြုံးလေးနဲ့ ပရိသတ်တွေအသည်းကို စုပြုံပိုင်ဆိုင်ထားသူပါ။ သူမ ရိုက်ကူးခဲ့တဲ့ “My Love from the Star” ရုပ်သံစီးရီး ထဲမှာတော့ တကယ့်ကို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေ အသွင်ပြင်လေးတွေနဲ့ တွေ့ရမှာပါ။ အမျိုးသားတို့သာမက အမျိုးသမီးထုပါချစ်ခင်ခြင်း ခံထားရတဲ့အထိပါပဲ။
Jun Ji Hyun
(၇) Shin Min Ah
ပါးချိုင့်ပါတဲ့လူတွေရဲ့ အပြုံးကမှ နှလုံးသားကို ညို့ယူဖမ်းစားစေတယ်ဆိုတာ Shin Min Ah ကို ရည်ညွှန်းနေသလိုပါပဲ။ ပြုံးလိုက်တိုင်း ချိုင့်ဝင်သွားတဲ့ ပါးချိုင့်ခွက်ခွက်လေး ၂ဖက်ထဲမှာ ယောက်ျားထုကြီးတစ်ရပ်လုံး ခိုဝင်ချင်သွားမှာ အသေအချာပါပဲ။
Shin Min Ah
(၈) Park Shin Hye
တည်ငြိမ်တဲ့အပြုံးလေးနဲ့ ပရိသတ်တွေရင်ထဲ ဝင်ရောက်လာခဲ့တဲ့ထဲမှာ သူမရဲ့ အပြုံးချိုချိုလေးတွေလည်း အပါအဝင်ပါပဲ။ Park Shin Hye ဟာလည်း သူမရဲ့ အပြုံးကိုမြင်မိတဲ့လူတိုင်း လိုက်ပြုံးချင်လာမိတဲ့အထိအောင် ဆွဲဆောင်မှုရှိသူပါပဲ။
Park Shin Hye
(၉) IU
မအူမလည် ခပ်တည်တည်လေးနဲ့ အေးအေးဆေးဆေးနေတတ်တဲ့ IU ကတော့ ပြုံးလိုက်တိုင်း ရင်ထဲ အေးသွားတဲ့ထိအောင် လှတဲ့ပြုံးအလှပိုင်ရှင်ပါ။ သူမရဲ့ နုနုနယ်နယ် ချစ်စရာသွင်ပြင်လေးနဲ့ အပြုံးဟာလည်း ကိုရီးယားမှာ ရေပန်းစားလျက်ရှိနေပါတယ်။
IU
(၁၀) Park Bo Young
ပြုံးအလှပိုင်ရှင်တွေထဲ ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ ပါဝင်လာတဲ့သူတွေထဲမှာ “Strong Woman Do Bong Soon” ဇာတ်လမ်းတွဲရဲ့ မင်းသမီးလေး Park Bo Young လည်း အပါအဝင်ပါ။ ရယ်လိုက်တာနဲ့ ကလေးလေးလို အပြစ်ကင်းတဲ့အပြုံးပိုင်ရှင်လေးပါပဲ။
Park Bo Young
တကယ့်ကို အချောအလှဆုံးတွေမို့ ဒီမင်းသမီးလေးတွေထဲက ဘယ်မင်းသမီးလေးကို ကိုယ်ကြွေမိလဲဆိုတာ ဖြေသွားပေးဦးနော်။
EiEiKhineMinn ( Akhayar )