[ZawGyi]

 ႏႈတ္ခမ္းနီမေလးေတြေႂကြက်ေစမယ့္ အရယ္အျပံဳးအလွဆံုး ကိုရီးယားမင္းသား ၁၀ဦး

ျပံဳးတယ္ဆိုတာ မိတ္ဆက္မႈ၊ ရင္းႏွီးမႈ၊ ေႏြးေထြးမႈတို႕ရဲ႕ သေကၤတ ရင္ကိုေအးေစတဲ့အျပဳအမူေလးပါ။ ဒါေပမယ့္ ဒီကိုရီးယားမင္းသားေတြရဲ႕ အျပံဳးေတြကေတာ့ ရင္ကိုဗေလာင္ဆူ ေႂကြက်ေစမယ့္ အျပံဳးလွပိုင္ရွင္ေတြပါပဲ။ /ပါတယ္။ အဲ့ဒီလို နာမည္ႀကီးတဲ့ အျပံဳးေတြေၾကာင့္ မီဒီယာေတြေရာ ပရိသတ္ေတြကပါ သတ္မွတ္ထားၾကတဲ့ ကိုရီးယားရဲ႕ အျပံဳးအလွဆံုး နာမည္ေက်ာ္ မင္းသားေတြကေတာ့-

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

(၁) Park Bo Gum

အသက္ငယ္ငယ္ရြယ္ရြယ္ေလးနဲ႔ ေအာင္ျမင္မႈေတြပိုင္ဆိုင္ထားတဲ့ ကိုရီးယားမင္းသားေလး Park Bo Gum ကေတာ့ အားရပါးရ ျပံဳးလိုက္တာနဲ႔ ျမင္သူတိုင္းကပါ လိုက္ျပံဳးခ်င္ေစသူပါပဲ။ “Moonlight Drawn by Clouds” ဇာတ္လမ္းတြဲနဲ႔ တဟုန္ထိုးေအာင္ျမင္လာတဲ့ မင္းသားျဖစ္ၿပီး သူ႔အျပံဳးေတြနဲ႔တင္ ပရိသတ္အခိုင္အမာထူေထာင္ႏိုင္ခဲ့သူပါ။

Park Bo Gum

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

(၂) Song Joong Ki

“Descendants of the Sun” ဇာတ္လမ္းတြဲနဲ႔ ပရိသတ္အခိုင္အမာအားေပးမႈရထားတဲ့ Song Joong Ki ကေတာ့ သူ႕ရဲ႕တည္ၿငိမ္ေခ်ာေမာတဲ့ ႐ုပ္ရည္နဲ႔မလိုက္ေအာင္ဘဲ ရယ္လိုက္တိုင္း ကေလးတစ္ေယာက္လို အျပစ္ကင္းစင္တဲ့ အျပံဳးအရယ္ေလးေၾကာင့္ ေကာင္မေလးအမ်ားစုရဲ႕ အသည္းစြဲျဖစ္ေနသူပါ။

Song Joong Ki

(၃) Kim Woo Bin

ေယာက္်ားပီသၿပီး ခန္႔ျငားတည္ၾကည္တဲ့ မင္းသားေခ်ာ Kim Woo Bin ကေတာ့ သူရယ္လိုက္တိုင္း ေဘးလူပါ မရယ္ဘဲ မေနႏိုင္ေလာက္ေအာင္ကို အားရပါးရနဲ႔ ခ်စ္စရာေကာင္းတာမို႔ ကိုရီးယားမွာ တင္မက အေရွ႕ေတာင္ အာရွမွာပါနာမည္ႀကီးသူပါ။

Kim Woo Bin

(၄) Lee Seung Gi

ဆြန္းအိုဂံုဆိုၿပီး “Hwayugi” ဇာတ္လမ္းတြဲနဲ႔ နာမည္ႀကီးလာတဲ့ မိန္းကေလးတိုင္းရဲ႕ အသည္းေက်ာ္ Lee Seung Gi ဟာလည္း တည္တည္ၿငိမ္ၿငိမ္ေလး ျပံဳးလိုက္တာနဲ႔ကို ေကာင္မေလးေတြရဲ႕ အိပ္မက္ေတြထိစိုးမိုးႏိုင္ေလာက္သူပါ။

Lee Seung Gi

(၅) Ji Chang Wook

K2 မင္းသားျဖစ္တဲ့ Ji Chang Wook ကေတာ့ ႐ုပ္ရည္ပါေခ်ာေမာလွပရံုသာမက အျပံဳးေတြကပါ ႏူးညံ့လြန္းလို႔ ေကာင္မေလးေတြ အရည္ေပ်ာ္က်မတတ္ ႀကိဳက္ႏွစ္သက္ၾကသူပါ။ တည္ၿငိမ္ေအးေဆးတဲ့ဟန္ပန္နဲ႔ ေနထိုင္တတ္သူမို႔ သူျပံဳးလိုက္တိုင္းလည္း ပရိသတ္ေတြ သည္းသည္းလႈပ္ၾကရတဲ့သူပါ။

Ji Chang Wook

(၆) Gong Yoo

ဒီဦးေလးႀကီးကလည္း ေခသူမဟုတ္ပါဘူး။ မင္းသားႀကီးစာရင္းထဲဝင္လာတာေတာင္ အျပစ္ကင္းတဲ့ ျပံဳးရယ္ပံုေလးေၾကာင့္ ႐ုပ္ရည္မေခ်ာေမာတာေတာင္မွ ေကာင္မေလး အရြယ္ႀကီးႀကီးငယ္ငယ္ ဝန္းရံခံရသူပါ။ သူ႕ရဲ႕ ေနာက္ဆံုးနာမည္ႀကီးခဲ့တဲ့ “Goblin” ဇာတ္လမ္းတြဲၾကည့္ၿပီး မေႂကြသူမရွိ၊ တခဲနက္အားေပးခံထားရသူပါ။

Gong Yoo

(၇) Kim Soo Hyun

“My Love from the Star” ဇာတ္လမ္းတြဲထဲမွာ ေအးတိေအးစက္ ၾကယ္ကမ႓ာကၿဂိဳဟ္သားတစ္ေယာက္အသြင္နဲ႔ ပရိသတ္ေကာင္မေလးေတြ ေႂကြေစခဲ့တဲ့ Kim Soo Hyun ကေတာ့ ျပံဳးလိုက္တိုင္း မ်က္လံုးေထာင့္နားမွာေပၚလာတဲ့ မ်က္ရစ္ေႀကာင္းေလးေတြကကို ဆြဲေဆာင္မႈရွိရွိ ခ်စ္ဖို႔ေကာင္းေနတာမို႔ ေကာင္မေလးေတြ ဘဝင္မခိုင္ေအာင္ပါပဲ။

Kim Soo Hyun

(၈) Kim Rae Won

သူ႔ရဲ႕ ေနာက္ဆံုးေအာင္ျမင္ခဲ့တဲ့ “Doctors” ဇာတ္လမ္းတြဲဟာလည္း ေကာင္မေလးေတြ ဝိုင္းဝိုင္းလည္ႀကိဳက္ၾကေစတဲ့ ဇာတ္ကားေကာင္းပါ။ သူရယ္လိုက္တိုင္း ေႏြးေထြးလံုျခံဳသလိုခံစားရေစတာမို႔ ကိုရီးယားရဲ႕ အျပံဳးအရယ္အလွဆံုး မင္းသားတစ္ေယာက္ေနရာထိုက္တန္လြန္းသူပါ။

Kim Rae Won

(၉) Kim Bum

သူကေတာ့ လတ္တေလာ ေအာင္ျမင္တဲ့ အႏုပညာလႈပ္ရွားမႈေတြ မရွိေသးေပမယ့္ သူပါဝင္ေအာင္ျမင္ခဲ့တဲ့ F4 ဇာတ္ကားရဲ႕ ေအာင္ျမင္မႈက ခုထိ ႐ိုက္ခတ္ေနတုန္းပါ။ သူ႔အျပံဳးကလည္း ကေလးဆန္ၿပီး ခ်စ္ဖို႔ေကာင္းလြန္းတာမို႔ အရယ္အျပံဳးအလွဆံုးမင္းသားအျဖစ္ ပရိသတ္အမ်ားစု လက္ခံထားတာခံရသူပါ၊

Kim Bum

(၁၀) Lee Joon Gi

နန္းတြင္းကားေတြေတာ္ေတာ္မ်ားမ်ား႐ိုက္ကူးခဲ့ၿပီး ႏုဖတ္ေခ်ာေမာတဲ့ ႐ုပ္ရည္ေလးနဲ႔မလိုက္ အက္ရွင္ဇာတ္လမ္းတြဲေတြမွာပါ ပရိသတ္အားေပးျခင္းခံခဲ့ရတဲ့ Lee Joon Gi တစ္ေယာက္ကေတာ့ ရယ္ျပံဳးလိုက္တိုင္းမွိတ္မွိတ္သြားတဲ့ မ်က္လံုးေလးေတြေအာက္မွာ ေကာင္မေလးေတြ အသည္းပါ ပါသြားတဲ့ထိပါပဲ။

ဒီမင္းသားေတြအျပင္ တျခားေသာ အျပံဳးအလွဆံုးမင္းသားေတြ ရွိေနေသးေပမယ့္ သူတို႔ကေတာ့ လတ္တေလာအားေပးမႈအခိုင္အမာရထားတဲ့ ပရိသတ္အသည္းစြဲေတြပဲျဖစ္ပါတယ္။

EiEiKhineMinn (Akhayar)

www.akhayar.com

[Unicode]

 နှုတ်ခမ်းနီမလေးတွေကြွေကျစေမယ့် အရယ်အပြုံးအလှဆုံး ကိုရီးယားမင်းသား ၁၀ဦး

ပြုံးတယ်ဆိုတာ မိတ်ဆက်မှု၊ ရင်းနှီးမှု၊ နွေးထွေးမှုတို့ရဲ့ သင်္ကေတ ရင်ကိုအေးစေတဲ့အပြုအမူလေးပါ။ ဒါပေမယ့် ဒီကိုရီးယားမင်းသားတွေရဲ့ အပြုံးတွေကတော့ ရင်ကိုဗလောင်ဆူ ကြွေကျစေမယ့် အပြုံးလှပိုင်ရှင်တွေပါပဲ။ သူတို့ရဲ့ ပြုံးနေ၊ ရယ်နေတဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းလေးတစ်ခန်းကဖြစ်ဖြစ်၊ ဓါတ်ပုံလေးတစ်ပုံကပဲဖြစ်ဖြစ် Fan တွေကို သဘောမကျဘဲမနေနိုင်အောင်ကို ညို့ယူလွန်းလှပါတယ်။ အဲ့ဒီလို နာမည်ကြီးတဲ့ အပြုံးတွေကြောင့် မီဒီယာတွေရော ပရိသတ်တွေကပါ သတ်မှတ်ထားကြတဲ့ ကိုရီးယားရဲ့ အပြုံးအလှဆုံး နာမည်ကျော် မင်းသားတွေကတော့-

(၁) Park Bo Gum

အသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ ကိုရီးယားမင်းသားလေး Park Bo Gum ကတော့ အားရပါးရ ပြုံးလိုက်တာနဲ့ မြင်သူတိုင်းကပါ လိုက်ပြုံးချင်စေသူပါပဲ။ “Moonlight Drawn by Clouds” ဇာတ်လမ်းတွဲနဲ့ တဟုန်ထိုးအောင်မြင်လာတဲ့ မင်းသားဖြစ်ပြီး သူ့အပြုံးတွေနဲ့တင် ပရိသတ်အခိုင်အမာထူထောင်နိုင်ခဲ့သူပါ။

Park Bo Gum

(၂) Song Joong Ki

“Descendants of the Sun” ဇာတ်လမ်းတွဲနဲ့ ပရိသတ်အခိုင်အမာအားပေးမှုရထားတဲ့ Song Joong Ki ကတော့ သူ့ရဲ့တည်ငြိမ်ချောမောတဲ့ ရုပ်ရည်နဲ့မလိုက်အောင်ဘဲ ရယ်လိုက်တိုင်း ကလေးတစ်ယောက်လို အပြစ်ကင်းစင်တဲ့ အပြုံးအရယ်လေးကြောင့် ကောင်မလေးအများစုရဲ့ အသည်းစွဲဖြစ်နေသူပါ။

Song Joong Ki

(၃) Kim Woo Bin

ယောက်ျားပီသပြီး ခန့်ငြားတည်ကြည်တဲ့ မင်းသားချော Kim Woo Bin ကတော့ သူရယ်လိုက်တိုင်း ဘေးလူပါ မရယ်ဘဲ မနေနိုင်လောက်အောင်ကို အားရပါးရနဲ့ ချစ်စရာကောင်းတာမို့ ကိုရီးယားမှာ တင်မက အရှေ့တောင် အာရှမှာပါနာမည်ကြီးသူပါ။

Kim Woo Bin

(၄) Lee Seung Gi

ဆွန်းအိုဂုံဆိုပြီး “Hwayugi” ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာတဲ့ မိန်းကလေးတိုင်းရဲ့ အသည်းကျော် Lee Seung Gi ဟာလည်း တည်တည်ငြိမ်ငြိမ်လေး ပြုံးလိုက်တာနဲ့ကို ကောင်မလေးတွေရဲ့ အိပ်မက်တွေထိစိုးမိုးနိုင်လောက်သူပါ။

Lee Seung Gi

(၅) Ji Chang Wook

K2 မင်းသားဖြစ်တဲ့ Ji Chang Wook ကတော့ ရုပ်ရည်ပါချောမောလှပရုံသာမက အပြုံးတွေကပါ နူးညံ့လွန်းလို့ ကောင်မလေးတွေ အရည်ပျော်ကျမတတ် ကြိုက်နှစ်သက်ကြသူပါ။ တည်ငြိမ်အေးဆေးတဲ့ဟန်ပန်နဲ့ နေထိုင်တတ်သူမို့ သူပြုံးလိုက်တိုင်းလည်း ပရိသတ်တွေ သည်းသည်းလှုပ်ကြရတဲ့သူပါ။

Ji Chang Wook

(၆) Gong Yoo

ဒီဦးလေးကြီးကလည်း ခေသူမဟုတ်ပါဘူး။ မင်းသားကြီးစာရင်းထဲဝင်လာတာတောင် အပြစ်ကင်းတဲ့ ပြုံးရယ်ပုံလေးကြောင့် ရုပ်ရည်မချောမောတာတောင်မှ ကောင်မလေး အရွယ်ကြီးကြီးငယ်ငယ် ဝန်းရံခံရသူပါ။ သူ့ရဲ့ နောက်ဆုံးနာမည်ကြီးခဲ့တဲ့ “Goblin” ဇာတ်လမ်းတွဲကြည့်ပြီး မကြွေသူမရှိ၊ တခဲနက်အားပေးခံထားရသူပါ။

Gong Yoo

(၇) Kim Soo Hyun

“My Love from the Star” ဇာတ်လမ်းတွဲထဲမှာ အေးတိအေးစက် ကြယ်ကမ္ဘာကဂြိုဟ်သားတစ်ယောက်အသွင်နဲ့ ပရိသတ်ကောင်မလေးတွေ ကြွေစေခဲ့တဲ့ Kim Soo Hyun ကတော့ ပြုံးလိုက်တိုင်း မျက်လုံးထောင့်နားမှာပေါ်လာတဲ့ မျက်ရစ်ကြောင်းလေးတွေကကို ဆွဲဆောင်မှုရှိရှိ ချစ်ဖို့ကောင်းနေတာမို့ ကောင်မလေးတွေ ဘဝင်မခိုင်အောင်ပါပဲ။

Kim Soo Hyun

(၈) Kim Rae Won

သူ့ရဲ့ နောက်ဆုံးအောင်မြင်ခဲ့တဲ့ “Doctors” ဇာတ်လမ်းတွဲဟာလည်း ကောင်မလေးတွေ ဝိုင်းဝိုင်းလည်ကြိုက်ကြစေတဲ့ ဇာတ်ကားကောင်းပါ။ သူရယ်လိုက်တိုင်း နွေးထွေးလုံခြုံသလိုခံစားရစေတာမို့ ကိုရီးယားရဲ့ အပြုံးအရယ်အလှဆုံး မင်းသားတစ်ယောက်နေရာထိုက်တန်လွန်းသူပါ။

Kim Rae Won

(၉) Kim Bum

သူကတော့ လတ်တလော အောင်မြင်တဲ့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးပေမယ့် သူပါဝင်အောင်မြင်ခဲ့တဲ့ F4 ဇာတ်ကားရဲ့ အောင်မြင်မှုက ခုထိ ရိုက်ခတ်နေတုန်းပါ။ သူ့အပြုံးကလည်း ကလေးဆန်ပြီး ချစ်ဖို့ကောင်းလွန်းတာမို့ အရယ်အပြုံးအလှဆုံးမင်းသားအဖြစ် ပရိသတ်အများစု လက်ခံထားတာခံရသူပါ၊

Kim Bum

(၁၀) Lee Joon Gi

နန်းတွင်းကားတွေတော်တော်များများရိုက်ကူးခဲ့ပြီး နုဖတ်ချောမောတဲ့ ရုပ်ရည်လေးနဲ့မလိုက် အက်ရှင်ဇာတ်လမ်းတွဲတွေမှာပါ ပရိသတ်အားပေးခြင်းခံခဲ့ရတဲ့ Lee Joon Gi တစ်ယောက်ကတော့ ရယ်ပြုံးလိုက်တိုင်းမှိတ်မှိတ်သွားတဲ့ မျက်လုံးလေးတွေအောက်မှာ ကောင်မလေးတွေ အသည်းပါ ပါသွားတဲ့ထိပါပဲ။

ဒီမင်းသားတွေအပြင် တခြားသော အပြုံးအလှဆုံးမင်းသားတွေ ရှိနေသေးပေမယ့် သူတို့ကတော့ လတ်တလောအားပေးမှုအခိုင်အမာရထားတဲ့ ပရိသတ်အသည်းစွဲတွေပဲဖြစ်ပါတယ်။

EiEiKhineMinn (Akhayar)

www.akhayar.com