အခုဆိုရင် မဟာသင်္ကြန်ကာလဟာ ကျရောက်တော့မှာဆိုတော့ ဈေးဝယ်ချင်သူတွေအတွက် ၈၉% အထိ လျော့ဈေးတွေနဲ့ Shop ရဲ့ သင်္ကြန်အထူးအွန်လိုင်းလျော့ဈေးမှာ သင်္ကြန်မဏ္ဍပ်လက်မှတ် ၊ဖုန်း၊ လက်တော့၊ လျှပ်စစ်ပစ္စည်း နဲ့ ပစ္စည်းပေါင်း ၅၀၀၀၀ ကျော်ကို ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ဧပြီလ (၁) ရက်ကနေ (၉) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ဈေးဝယ်သူတွေအတွက် လျော့ဈေးပေါင်းများစွာအပြင်၊ ဘောက်ချာကုတ်လျော့ဈေး နဲ့ Visa လျော့ဈေးပေါင်းများစွာ ပါဝင်မှာပါ။အဲဒီလိုအထူးလျှော့ဈေးတွေနဲ့ရောင်းချမယ့် ပစ္စည်းပေါင်း ၅၀,၀၀၀ ထဲကမှ အ၀ယ်သင့်ဆုံးပစ္စည်း ၁၀ မျိုးကိုတင်ပြလိုက်ပါတယ်။

(၁) Huawei Y Max ( ၃၆၉,၀၀၀ ကျပ် မှ ၂၇၄,၀၀၀ ကျပ်အထိလျော့ဈေး)

လက်ရှိ Huawei Y Max ဟာပြင်ပဆိုင်တွေမှာ ၀ယ်ယူမယ်ဆိုရင်တော့ ၃၆၉,၀၀၀ ကျပ်နဲ့ ပေါက်ဈေးဖြစ်နေပြီး၊ Shop အွန်လိုင်းကနေ မဟာသင်္ကြန်လျော့ဈေးကာာလမှာ ၀ယ်ယူမယ်ဆိုရင်တော့ ၃၁၅,၀၀၀ ကျပ်နဲ့ လျော့ဈေး ၅ဝ,ဝဝဝ ကျပ်အထိရရှိမှာပဲဖြစ်ပါတယ်။ Huawei Y Max ဖုန်းရဲ့ထူးခြားချက်တော့ Screen က ကြီးမားကျယ်ပြန့်ပြီး Display က 7.2” ၊ Ram 4 GB အထိပါဝင်ကား၊ Resolution 1080 p အထိ ရှိပါတယ်။ ဘက်ထရီကလည်း 5000mAh ဖြစ်တာကြောင့် အကြာကြီးအသုံးခံမှာပါ။ ၀ယ်ယူမယ်ဆိုရင်တော့ SHOPTGYMAX – ဘောက်ချာကုဒ်ကို အသုံးပြုရမှာဖြစ်ပါတယ်။ CB Visa ကိုအသုံးပြုပြီး ထပ်ဆောင်း ၂၀% လျော့ဈေး (အမြင့်ဆုံး ၄၀,၀၀၀ ကျပ်)အထိလည်း ထပ်မံလျော့ပေးမှာမို့ ၂၇၄,၀၀၀ ကျပ်သာကျသင့်မှာပါ။ Huawei Y Max နဲ့ တခြားအမှတ်တံဆိပ်ဖုန်းတွေကို Shop မှာ ၀ယ်ယူရန် Link 

(၂) Barrack Water Festival လက်မှတ်

“Noisecontrollers ၊ DJ SURA ၊ Salvatore Ganacci အစရှိတဲ့ ကမ္ဘာကျော် DJ တွေပါဝင်မယ့် Barrack Water Festival ရဲ့ လက်မှတ်တွေကိုလည်း Shop အွန်လိုင်းမှာ ၀ယ်ယူနိုင်ပါပြီ။ Barrack Water Festival ကို ဧပြီလ ၁၃ မှ ၁၆ ရက်နေ့ ၊ ပြည်လမ်း မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ လက်မှတ်တွေကို Shop မှတစ်ဆင့် ၀ယ်ယူမယ်ဆိုရင် ၀ယ်ယူပြီး ၃ ရက်အတွင်း ပို့ဆောင်ပေးမှာ ဖြစ်ပါတယ် ။ VISA ကဒ်နဲ့ ၀ယ်ယူရင် ၁ဝ ရာခိုင်နှုန်းလျှော့ဈေးရရှိမှာဖြစ်ပြီး အများဆုံး ၁၀,၀၀၀ ကျပ်အထိသက်သာခွင့်ရရှိမှာဖြစ်ပါတယ်။ Barrack Water Festival လက်မှတ်ကို VIP All Day ၉၀,၀၀၀ကျပ် နှင့် တခြားပွဲလက်မှတ်တွေကို Shop မှာ ဝယ်ယူရန် Link 

(၃) Zerowatt Semi Auto အဝတ်လျှော်စက် ( ၁၇၅,၀၀၀ ကျပ်မှ ၁၀၅,၆၀၀ ကျပ်အထိလျော့ဈေး)

အဝတ်လျှော်စက်ဝယ်ဖို့အစီအစဉ်ရှိနေသူတွေအတွက်လည်း Shop အွန်လိုင်းမဟာသင်္ကြန်လျော့ဈေးကာလမှာ အရမ်းတန်တဲ့ဈေးနဲ့ဝယ်ယူနိုင်မယ့်အခွင့်အရေးရှိပါတယ်။ အပြင်ဆိုင်တွေမှာ ၁၇၅,၀၀၀ ကျပ်ဈေးရှိတဲ့ Zerowatt Semi Auto အဝတ်လျှော်စက်ကို CB Visa နှင့် ဘောက်ချာကုဒ် SHOPTG3000 ၀ယ်ယူပါက ၁၀၅,၆၀၀ ကျပ်နဲ့ဝယ်ယူပြီး ၆၉,၄၀၀ ကျပ်အထိလျော့ဈေးရရှိနိုင်မှာပဲဖြစ်ပါတယ်။ ဒီအဝတ်လျှော်စက်ဟာ Semi Auto ဖြစ်တာကြောင့် အဝတ်လျှော်တဲ့နေရာမှာအချိန်ကို ထိထိရောက်ရောက် အသုံးချနိုင်မှာဖြစ်ပြီး Gentle Washing Mode လည်းပါဝင်တာကြောင့် နူးညံ့တဲ့အဝတ်အစားတွေကို ထိခိုက်ပျက်စီးမှု မရှိဘဲလျှော်ဖွပ်နိုင်မှာပဲဖြစ်ပါတယ်။ Zerowatt Semi Auto အဝတ်လျှော်စက် နှင့် တခြားအမှတ်တံဆိပ် အ၀တ်လျှော်စက်များ ကို Shop မှာ ဝယ်ယူရန် Link 

(၄) Hisense ရေခဲသေတ္တာ (၂၅၂,၀၀၀ ကျပ်မှ ၁၆၃,၀၀၀ ကျပ်အထိလျော့ဈေး)

Hisense ရဲ့ 2 Door ၊ Timer Type RD18 ရေခဲသေတ္တာဟာ အပြင်ဆိုင်တွေမှာ ၂၅၂,၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။ ဒီရေခဲသေတ္တာကို Shop အွန်လိုင်းမဟာသင်္ကြန်လျော့ဈေးကာလမှာတော့ CB Visa နှင့် ဘောက်ချာကုဒ် SHOPTG3000 ၀ယ်ယူပါက ၁၆၃,၀၀၀ ကျပ်နဲ့ဝယ်ယူနိုင်မှာဖြစ်ပြီး ၈၉,၀၀၀ ကျပ်အထိလျော့ဈေးရရှိမှာပဲဖြစ်ပါတယ်။ ကြယ်လေးပွင့်ဒီဇိုင်းနဲ့ဒီရေခဲသေတ္တာဟာ ဆူညံသံသက်သာသလို လျှပ်စစ်စွမ်းအားအသုံးပြုမှုလည်းသက်သာပါတယ်။ ၁၃၈ လီတာဝင်ဆံ့ပြီး အအေးနှုန်းထိန်းချုပ်နိုင်စွမ်းရှိပါတယ်။ Hisense လျှပ်စစ်ပစ္စည်းတွေဟာ အရည်အသွေးကောင်းမွန်ပြီး စိတ်ချရတာကြောင့် လူကြိုက်များတဲ့အမှတ်တံဆိပ်တစ်ခုပါပဲ။ Hisense ရေခဲသေတ္တာ နှင့် တခြားအမှတ်တံဆိပ် ရေခဲသေတ္တာများ ကို Shop မှာ ဝယ်ယူရန် Link

(၅) Samsung လက်မ ၄၀ TV

ပုံမှန်ဈေး ၅၄၅,၀၀၀ ကျပ်ရှိနေတဲ့ Samsung လက်မ ၄၀ TV ကို Shop အွန်လိုင်းရဲ့ မဟာသင်္ကြန်လျော့ ဈေးကာလမှာဝယ်ယူမယ်ဆိုရင် ၃၆၅,၀၀၀ ကျပ်သာကျသင့်မှာဖြစ်တာကြောင့် လျော့ဈေး ၁၈၀,၀၀၀ ကျပ်အထိရရှိမှာ ဖြစ်လို့ အရမ်းကိုတန်ပါတယ်။ Samsung လက်မ ၄၀ TV ရဲ့ Model No က UA40M5000AKXMR ဖြစ်ပြီး ကြည်လင်ပြတ်သားတဲ့ Full HD (1920×1080) ရုပ်ထွက်၊ Slim Edge Design ၊ ကောင်းမွန်လှတဲ့ Dolby Digital (+) အသံထွက်စနစ်၊ DVB T2 Tuner(+) နဲ့ Hard disk ၊ USB တို့နဲ့ချိတ်ဆက်ဖို့ USB ပေါက်၊ Laptop ကွန်ပြူတာနဲ့အခြား Device တွေနဲ့ချိတ်ဆက်နိုင်ဖို့ HDMI ပေါက် ၂ ပေါက်တို့လည်းပါဝင်ပါတယ်။

ဘောက်ချာကုတ် SHOPTG20000 ဖြင့် ၂၀,၀၀၀ကျပ်လျော့ဈေးနှင့် CB Visa ဖြင့်ဝယ်ယူပြီး ထပ်ဆောင်း ၂၀ရာခိုင်နှုန်း လျော့ဈေး (အမြင့်ဆုံး ၄၀,၀၀၀ကျပ်) အထိ စုစုပေါင်း ၆၀,၀၀၀ကျပ် အထိထပ်ဆောင်းလျော့ဈေးရယူနိုင်ပါတယ်။ Samsung လက်မ ၄၀ TV နှင့် တခြားအမှတ်တံဆိပ် TV တွေကို Shop မှာ ဝယ်ယူရန် Link 

(၆) Lenovo IdeaPad 300 (Pentium) Laptop (Black Color)

လက်ပ်တော့ဝယ်ဖို့စဉ်းစားနေသူတွေအတွက် Lenovo IdeaPad 300 လက်ပ်တော့ကို Shop အွန်လိုင်းရဲ့ မဟာသင်္ကြန်လျော့ဈေးကာလမှာဝယ်ယူမယ်ဆိုရင် ၂၃၇,၀၀၀ ကျပ်အထိသက်သာမှာမလို့ အရမ်းကိုတန်ပါတယ်။ အပြင်မှာ ပေါက်ဈေး ၆၅၇,၀၀၀ ကျပ်ရှိတဲ့ဒီ လက်ပ်တော့ကို ၄၂၀,၀၀၀ ကျပ်တည်းနဲ့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ဘောက်ချာကုတ် SHOPTG20000 နဲ့ ၂၀,၀၀၀ကျပ်လျော့ဈေး နှင့် CB Visa ဖြင့်ဝယ်ယူပြီး ထပ်ဆောင်း ၂၀ ရာခိုင်နှုန်း လျော့ဈေး (အမြင့်ဆုံး ၄၀,၀၀၀ကျပ်) အထိ စုစုပေါင်း ၆၀,၀၀၀ကျပ် အထိ ထပ်ဆောင်းလျော့ဈေးရယူနိုင်ပါတယ်။

၁၄ လက်မအရွယ်အစားရှိ ဒီ လက်ပ်တော့မှာ Memory 4GB DDR3L 1600 ၊ 500 GB HDD ၊ N16V-GM DDR3L 1GB Graphic Card တို့ပါဝင်ကာ Intel Pentium N3710 Processor နဲ့စွမ်းဆောင်ရည်မြင့်လက်ပ်တော့ တစ်လုံးပဲ ဖြစ်ပါတယ်။ Lenovo IdeaPad 300 (Pentium) Laptop နှင့် တခြားအမှတ်တံဆိပ် လက်ပ်တော့တွေကို Shop မှာ ဝယ်ယူရန် Link 

(၇) Huawei Nova 3 စမတ်ဖုန်း

လူကြိုက်များပြီးရောင်းအားကောင်းလှတဲ့ Huawei ရဲ့ Nova 3 စမတ်ဖန်းကိုလည်း Shop အွန်လိုင်းရဲ့ မဟာသင်္ကြန် လျော့ဈေးကာလမှာ အရမ်းတန်တဲ့ဈေးနဲ့ဝယ်ယူနိုင်ဦးမှာပါ။ အပြင်ဆိုင်တွေမှာ ရောင်းဈေး ၅၈၉,၀၀၀ ကျပ်ရှိတဲ့ ဒီစမတ်ဖုန်းကို Shop အွန်လိုင်းရဲ့ မဟာသင်္ကြန် လျော့ဈေးကာလမှာတော့ ၄၉၉,၀၀၀ ကျပ်ထဲနဲ့ဝယ်ယူနိုင်မှာဖြစ်တာကြောင့် ၉၀,၀၀၀ ကျပ်အထိလျော့ဈေးရရှိမှာပဲဖြစ်ပါတယ်။ အရည်အသွေးမြင့်မားပြီး Notch ဒီဇိုင်းနဲ့ ၆.၃ လက်မမျက်နှာပြင်၊ RAM 6 GB ၊ Storage 128 GB ၊ 16MP ကင်မရာ ၊ 3750 mAh ဘက်ထရီ၊ Finger Print တို့နဲ့ဒီစမတ်ဖုန်းဟာ နောက်ဆုံးပေါ် ခေတ်မီစွမ်းဆောင်ရည်တွေ၊ နည်းပညာတွေပါဝင်နေတဲ့အပြင် ဒီဇိုင်းကလည်း သေသပ်လှပလှပါတယ်။

ဘောက်ချာကုတ် SHOPTG20000 ဖြင့် ၂၀,၀၀၀ကျပ်လျော့ဈေးနဲ့ CB Visa ဖြင့်ဝယ်ယူပြီး ထပ်ဆောင်း ၂ဝ ရာခိုင်နှုန်း လျော့ဈေး (အမြင့်ဆုံး ၄၀,၀၀၀ကျပ်) အထိ စုစုပေါင်း ၆၀,၀၀၀ကျပ် အထိ ထပ်ဆောင်းလျော့ဈေးရယူနိုင်ပါတယ်။ Huawei Nova 3 စမတ်ဖုန်းနဲ့ တခြားအမှတ်တံဆိပ် စမတ်ဖုန်းတွေကို Shop မှာ ဝယ်ယူရန် Link 

(၈) Xiaomi Mi 6 စမတ်ဖုန်း

RAM 6GB ၊ ROM 63 GB ရှိတဲ့ Xiaomi Mi 6 စမတ်ဖုန်းကို အပြင်ဆိုင်တွေမှာ ၄၁၉,၀၀၀ ကျပ်နဲ့ရောင်းချနေပြီး Shop အွန်လိုင်းရဲ့မဟာသင်္ကြန်လျော့ဈေးကာလမှာတော့ ၃၉၁,၅၀၀ ကျပ်နဲ့ဝယ်ယူနိုင်မှာဖြစ်တာကြောင့် လျော့ဈေး ၂၇,၅၀၀ ကျပ်အထိ ရရှိမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၂ လုံး (12MP + 12MP ) ၊ အရှေ့ဘက်မှာ 8MP Selfie ကင်မရာ ပါဝင်ပြီး မျက်နှာပြင်က ၅.၁၅ လက်မ 1920×1080 Full HD ရှိပါတယ်။ CPU က Snapdragon 835 Octa Core 2.45 GHz ဖြစ်တာကြောင့်စွမ်းဆောင်ရည်မြင့်မားပြီး Xiaomi ရဲ့တန်းမြင့်စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ဘောက်ချာကုတ် SHOPTG20000 ဖြင့် ၂၀၀၀၀ကျပ်လျော့ဈေး နှင့် CB Visa ဖြင့်ဝယ်ယူပြီး ထပ်ဆောင်း ၂၀ ရာခိုင်နှုန်းလျော့ဈေး (အမြင့်ဆုံး ၄၀,၀၀၀ကျပ်) အထိ စုစုပေါင်း ၆၀,၀၀၀ကျပ် အထိ ထပ်ဆောင်းလျော့ဈေးရယူနိုင်ပါတယ်။ Xiaomi Mi 6 စမတ်ဖုန်းနှင့် တခြားအမှတ်တံဆိပ်ဖုန်းတွေကို Shop မှာ ဝယ်ယူရန် Link 

(၉) Innisfree Green Tea Special Kit

သင်္ကြန်ပွဲတော်မှာအသားအရေမပျက်စီးရအောင် ထိန်းသိမ်းမယ့်သူတွေအတွက် Innisfree Green Tea Skin Care Special Kit ကိုလည်း Shop အွန်လိုင်းရဲ့မဟာသင်္ကြန်လျော့ဈေးကာလမှာ ဈေးသက်သက်သာသာနဲ့ ဝယ်ယူနိုင်ဦးမှာပါ။ အပြင်မှာပုံမှန်ဈေး ၁၅,၀၀၀ ကျပ်ရှိတဲ့ ဒီ Innisfree Green Tea Special Kit ကို Shop အွန်လိုင်းရဲ့မဟာသင်္ကြန်လျော့ဈေး မှာတော့ ၉,၅၀၀ ကျပ်သာကျသင့်မှာဖြစ်တာကြောင့် ၅,၅၀၀ ကျပ်တောင်သက်သာမှာပဲဖြစ်ပါတယ်။ အသားအရေ အစိုဓါတ်ကိုထိန်းသိမ်းပေးပြီး ညီညွတ်မျှတစေနိုင်တဲ့ သဘာဝ Green Tea ကနေထုတ်လုပ်ထားတဲ့ Skin Care ဖြစ်ပါတယ်။ အရည်အသွေးမြင့်မားတာကြောင့် လူတိုင်းနှစ်သက်ကြတဲ့ Skin Care ပဲဖြစ်ပါတယ်။ Innisfree Green Tea Special Kit နှင့် တခြားအမှတ်တံဆိပ်အလှကုန်တွေကို Shop မှာ ဝယ်ယူရန် Link 

(၁၀) Sketcher Women’s Wear You Inspire Sneaker

ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Sketcher ရဲ့ နာမည်ကျော်စီးရီး You Inspire Sneaker ကို အမျိုးသမီးတွေ အတွက်ထုတ်လုပ်ပေးထားတဲ့ ဒီဖိနပ်ကို အပြင်မှာပုံမှန်ဆိုရင် ၉၅,၀၀၀ ကျပ်အထိပေးပြီးဝယ်ယူရမှာဖြစ်ပေမယ့် Shop အွန်လိုင်းရဲ့ မဟာသင်္ကြန်လျော့ဈေးကာလမှာဝယ်ယူမယ်ဆိုရင်တော့ ၅၅,၀၀၀ ကျပ်သာကျသင့်မှာဖြစ်လို့ ၄၀,၀၀၀ ကျပ်တောင် သက်သာမှာပဲဖြစ်ပါတယ်။ ဘောက်ချာကုတ် SHOPTG3000 ဖြင့် ၃,၀၀၀ ကျပ်လျော့ဈေးနဲ့ CB Visa နဲ့ ဝယ်ယူပြီး ထပ်ဆောင်း ၂၀ ရာခိုင်နှုန်း လျော့ဈေး (အမြင့်ဆုံး ၄၀,၀၀၀ကျပ်) အထိ ထပ်ဆောင်းလျော့ဈေးရယူနိုင်ပါတယ်။

အရည်အသွေးမြင့်မားတဲ့ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုထားပြီး ဒီဇိုင်းပိုင်းကလည်း ထူးခြားကောင်းမွန်လှတာကြောင့် ဖိနပ်စီးထားရတာ ပင်ပန်းမှုလုံးဝမရှိဘဲ သက်သောင့်သက်သာရှိမှုကို ပေးစွမ်းနိုင်ပါတယ်။ သင်္ကြန်ပွဲတော်အပါအဝင် ပေါ့ပေါ့ပါးပါးနဲ့ပျော်ရွှင်ကြမယ့်ပွဲမျိုးတွေတိုင်းနဲ့ အထူးသင့်လျော်လှပါတယ်။ Sketcher Women’s Wear You Inspire Sneaker နှင့် အခြားအမှတ်တံဆိပ် စနီကာများ ကို Shop မှာ ဝယ်ယူရန် Link 

အထက်မှာ ဖော်ပြထားတဲ့ ပစ္စည်းတွေက ဈေးနှုန်းသက်သာလွန်းလို့ အဝယ်သင့်ဆုံးတွေပါ။ ဒါ့အပြင် ဘောက်ချာကုတ်၊ Visa ကတ်နဲ့ CB Visa ကတ်တွေနဲ့ ငွေပေးချေရင် ထပ်ဆောင်းလျော့ချထားတာဖြစ်လို့ လက်မနှေးဘဲ ချက်ချင်းပြေးဝယ်သင့်တဲ့ ပစ္စည်းတွေလို့ ဆိုရမှာပေါ့။

VISA ကဒ်င့်ငွေပေးချေမှုအတွက် ၁၀% လျှော့ဈေး (အများဆုံး ၂ သောင်းကျပ်အထိ)
CB VISA ကဒ်ဖြင့်ငွေပေးချေမှုအတွက် ၂၀% လျှော့ဈေး (အများဆုံး ၄ သောင်းကျပ်အထိ)
အနည်းဆုံး ကျပ် ၃သောင်းခွဲဖိုးဝယ်လျှင် ၃ ထောင်ကျပ်လျှော့ဈေး ရယူရန် – ဘောက်ချာကုဒ် SHOPTG3000
အနည်းဆုံး ကျပ် ၂ သိန်းခွဲဖိုး ၀ယ်လျှင် ၂ သောင်း ကျပ်လျှော့ဈေး ရယူရန် – ဘောက်ချာကုဒ် SHOPTG20000
အနည်းဆုံး ကျပ် ၆ သိန်းခွဲဖိုး ၀ယ်လျှင် ၄ သောင်းခွဲ ကျပ်လျှော့ဈေး ရယူရန် – ဘောက်ချာကုဒ် SHOPTG45000
ပြည်နယ်နှင့်တိုင်း(၁၄)ခုနေရာအနှံ့ပို့ဆောင်ပေးပါသည်။ ပြီးတော့ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။ အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးဖို့တော့လိုပါတယ်။ Shop ရဲ့ App ကို ဖုန်းထဲ Download ဆွဲထားပြီး အချိန်ကုန်သက်သာစွာ ဈေးဝယ်လိုက်ပါ ။

Shop App ကို ရယူရန်>> Download Here

အခရာ (www.akhayar.com)