[Zawgyi]

ခ်န္ပီယံလိဂ္ဖလားနဲ႔ ကံမဆံုတဲ့ ဂႏၳ၀င္ေတြ

ခ်န္ပီယံလိဂ္ဖလားဆုိတာ နတ္ႀကီးသလား။ ခ်န္ပီယံလိဂ္လို႔ အမည္ေျပာင္းလဲၿပီးေနာက္ပိုင္း (၂)ရာသီဆက္ ဗိုလ္စြဲတဲ့အသင္းမရိွတဲ့အစဥ္အလာဟာ ၂၀၁၇ ခုႏွစ္ေရာက္မွ ပ်က္ျပယ္သြားတာ၊ ၁၉၉၉ ဗိုလ္လုပြဲမွာမန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေနာက္ဆံုးမိနစ္ (၂)ဂိုးနဲ႔ ႏိုင္ခဲ့တာ၊ ၂၀၀၅ ဗိုလ္လုပြဲမွာလီဗာပူးလ္ရဲ႕ (၃)ဂိုးအ႐ႈံးကေနျပန္လုိက္ကစားၿပီး ခ်န္ပီယံျဖစ္ခဲ့တာေတြဟာလည္း ခ်န္ပီယံလိဂ္ဒုိင္ယာရီထဲက မေမ့ႏုိင္စရာဇာတ္လမ္းမ်ားပါပဲ။ ခ်န္ပီယံလိဂ္မွာ ကံတရားသက္ေရာက္မႈႀကီးမားတယ္ဆိုတာကိုသက္ေသျပခဲ့ တာေတြပါပဲ။

နာမည္ေက်ာ္ကစားသမား၊ တခ်ဳိ႕ဆိုဂႏၳ၀င္ကစားသမားေတြျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္ဖလားကို မပိုင္ဆုိင္ခဲ့ဖူးတဲ့ ကစားသမားေတြလည္း ရွိေနပါတယ္။ သူတို႔က ကမၻာ့ေဘာလံုးဇာတ္ခံုေပၚမွာ ထင္ရွားေက်ာ္ၾကားစြာအသံုးေတာ္ခံႏုိင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္အိပ္မက္ေတြ ၿပိဳလဲခဲ့ရသူေတြလို႔ဆိုရမယ္။

နစၥတယ္လ္ရြိဳင္း (Nistelrooy)

နယ္သာလန္ကစားသမားေတြထဲမွာ နစၥတယ္လ္ရြိဳင္း (Nistelrooy)ဟာ သြင္းဂိုး (၆၅)ဂိုးနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲဂိုးအမ်ားဆံုးသြင္းထားသူပါပဲ။ ဒါေပမဲ့ သူဟာ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲကို တစ္ႀကိမ္မွမေရာက္ခဲ့ ဖူးပါဘူး။ ၂၀၀၂ ခုႏွစ္ မန္ခ်က္စတာယူႏုိက္တက္နဲ႔အတူ ဆီမီးဖုိင္နယ္အထိတက္ေရာက္ႏုိင္ခဲ့ေပမယ့္ ေလဗာကူဆင္ကို မေက်ာ္ျဖတ္ႏုိင္လို႔ နစၥတယ္ရြိဳင္း ဗိုလ္လုပြဲနဲ႔ ေ၀းခဲ့ရတယ္။ ပိုၿပီးရင္နာစရာေကာင္းတာက မန္ခ်က္စတာယူႏုိက္တက္ကေန ထြက္ခြာခ်ိန္မွာ သူသြားကစားမယ့္ ရီးယဲလ္က ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့ၿပီး ရီးယဲလ္ကို ေရာက္လာခ်ိန္မွာ သူစြန္႔ခြာခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္က ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့တာပါပဲ။

ဗီယာရာ (Vieira)

ဗီယာရာ(Vieira) ဟာ ျပင္သစ္ဂႏၳ၀င္ကစားသမားျဖစ္ေပမယ့္ ခ်န္ပီယံလိဂ္ေတာ့ မရဖူးဘူး။ ခ်န္ပီယံလိဂ္ေမွ်ာ္လင့္ခ်က္နဲ႔ ဂ်ဴဗင္တပ္စ္ကို ေျပာင္းခဲ့ေပမယ့္ သူ႕ေမွ်ာ္လင့္ခ်က္ဟာ အေကာင္အထည္မေပၚခဲ့ဘူး။ အာဆင္နယ္နဲ႔ ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္မွာ ျပန္ဆံုေတာ့ ဗီယာရာဟာ အသင္းေဟာင္းပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္မႈနဲ႔ ရင္ဆုိင္ခဲ့ရေသးတယ္။ သူ႕ရဲ႕ကစားပံုကို ပရိသတ္ေတြေလွာင္ေျပာင္ခဲ့တာျဖစ္ၿပီး ဗီယာရာအတြက္ မေမ့ႏုိင္စရာျဖစ္ေနမလားပဲ။ ဗီယာရာကလည္း ခ်န္ပီယံလိဂ္နဲ႔ ကံမစပ္သူတစ္ဦးျဖစ္ၿပီး အင္တာမီလန္အသင္းမွာ ကစားခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဖလားဆြတ္ခူးခဲ့တဲ့ ၂၀၁၀ ခုႏွစ္မတိုင္မီ အသင္းနဲ႔ လမ္းခဲြခဲ့လုိ႔ ခ်န္ပီယံဆုကို ပိုင္ဆုိင္ခြင့္မရခဲ့ဘူး။

 

ခရက္စ္ပို (Crespo)

ဆံပင္အရွည္ကို ကစားသမားဘ၀အခ်ိန္အမ်ားစုမွာ စြဲၿမဲစြာထားခဲ့သူ အာဂ်င္တီးနားဂိုးသြင္းစက္လို႔ တင္စားရမယ့္ ခရက္စ္ပို (Crespo)ဟာ ခ်န္ပီယံလိဂ္ဗုိလ္လုပြဲမွာ (၂)ဂိုးသြင္းခဲ့ဖူးပါတယ္။ ဒါေပမဲ့ သူပါ၀င္ကစားခဲ့တဲ့ ေအစီမီလန္ဟာ ၿပိဳင္ဘက္လီဗာပူးလ္ကို ပယ္နယ္တီအဆံုးအျဖတ္မွာ အေရးနိမ့္ခဲ့လို႔ ခရက္စ္ပိုရဲ႕ဂိုးေတြ အလာကားျဖစ္သြားရတတယ္။ အဲဒီေနာက္မွာ ခ်ယ္လ္ဆီး၊ အင္တာမီလန္တို႔မွာ သူ႕ရဲ႕သြင္းဂိုးေတြဆက္လက္ေတာက္ပေနေပမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တစ္ႀကိမ္မွထပ္ကစားခြင့္မရေတာ့ဘူး။ ခ်န္ပီယံလိဂ္မွာ ခရက္စ္ပိုက (၆၅)ပြဲကစားၿပီး (၂၅)ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ခရက္စ္ပိုရဲ႕ ဂိုးေတြဟာေအာင္ပြဲနဲ႔အနားသတ္ခြင့္မရတာေတာ့ စိတ္မေကာင္းစရာပဲ။

၂၀၀၅ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ လီဗာပူးလ္ဘက္ ဂိုးသြင္းေနသူ ခရက္စ္ပို(Crespo)

၂၀၀၅ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ လီဗာပူးလ္ဘက္ ဂိုးသြင္းေနသူ ခရက္စ္ပို(Crespo)

နက္ဗက္(Nedved)

၂၀၀၃ ခ်န္ပီယံလိဂ္ဆီမီးဖိုင္နယ္မွာ ဂ်ဴဗင္တပ္စ္နဲ႔ ရီးယဲလ္ဆံုေတြ႕ခဲ့ပါတယ္။ အဲဒီပြဲမွာ နက္ဗက္(Nedved)က မေမ့ႏိုင္စရာလွပတဲ့ဂိုးတစ္ဂိုးသြင္းေပးခဲ့ၿပီး ဂ်ဴဗင္တပ္စ္လည္း ဗိုလ္လုပြဲတက္ခဲ့ပါတယ္။ ဒါေပမဲ့ ဆီမီးဖိုင္နယ္သြင္းဂိုသူရဲေကာင္း နက္ဗက္ဟာ ရီးယဲလ္ေတာင္ပံကစားသမား မက္မနာမန္(Mc Manaman) ကုိကစားပံုၾကမ္းခဲ့လို႔ ထုတ္ပယ္ခံခဲ့ရလို႔ ဗိုလ္လုပြဲနဲ႔ ေ၀းခဲ့ရတယ္။ဗိုလ္လုပြဲမွာ နက္ဗက္မပါတာဟာ ဂ်ဴဗင္တပ္စ္ကို အားနည္းေစၿပီး ေနာက္ဆံုးေအစီမီလန္ကို ပယ္နယ္တီအဆံုးအျဖတ္နဲ႔ ႐ႈံးခဲ့ရတယ္။ နက္ဗက္လည္း Hero ကေန Zero ျဖစ္ခဲ့ပါတယ္။ သူ႕အတြက္ေက်နပ္စရာက အဲဒီႏွစ္မွာ Bakkon d’ Or ဆုကို ပုိင္ဆုိင္ခဲ့တာပါပဲ။

ကင္နာဗာ႐ို (Cannavaro)

၂၀၀၆ ကမၻာ့ဖလားခ်န္ပီယံအီတလီအသင္းရဲ႕ အသင္းေခါင္းေဆာင္ေကာင္းျဖစ္တဲ့ ကင္နာဗာ႐ို(Cannavaro)လည္း ခ်န္ပီယံလိဂ္ဖလားမရဖူးဘူး။ ခ်န္ပီယံလိဂ္ဖလားမရဘဲနဲ႔ Ballon d’ Or ဆုကုိ ဆြတ္ခူးႏုိင္တဲ့ ေနာက္ဆံုးကစားသမားဟာ ကင္နာဗာ႐ိုပါပဲ။ အင္တာမီလန္၊ ေအစီမီလန္အသငး္းတို႔နဲ႔ အတူ ခ်န္ပီယံလိဂ္ဆီီးဖုိင္နယ္ကစားခဲ့ေပမယ့္ သူ႕ရဲ႕ ခ်န္ပီယံလိဂ္ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ မရွင္သန္ခဲ့ပါဘူး။

ဘားကမ့္(Bergkamp)

ဘားကမ့္(Bergkamp)ဆိုတာ ၿပိဳင္ဘက္ကစားသမားေတြကို လွလွပပလွည့္ဖ်ုား။ မေမ့ႏုိင္စရာဂိုးေတြသြင္းယူခဲ့ သူေပါ့။ သူဟာ အာဆင္နယ္နဲ႔အတူ ၂၀၀၅ ခုႏွစ္မွာ ခ်န္ပီယံလိဂ္ဗို္လ္လုပြဲကစားခြင့္ရခဲ့ေပမယ့္ ကံမေကာင္းခဲ့ပါဘူး။ ဘာစီလုိနာနဲ႔ကစားခဲ့ရမွာ အာဆင္နယ္ဂိုးသမား ေလးမန္း(Lehmann) ထုတ္ပယ္ခံရလို႔ ဂိုးသမားတစ္ဦးျပန္လည္အစားထိုးခဲ့ရပါတယ္။ အာဆင္နယ္နည္းျပ ၀င္းဂါး(Wenger) အတြက္ ဒါဟာ နည္းစနစ္အက်ပ္အတည္းျဖစ္ခဲ့သလုိ၊ ဘားကမ့္လည္း ကစားခြင့္မရခဲ့ပါဘူး။ခ်န္ပီယံလိဂ္ဖလားကို မပိုင္ဆုိင္ခဲ့ေပမယ့္ ေအဂ်က္စ္၊ အင္တာမီလန္အသင္းေတြနဲ႔အတူ UEFA Cup (ယူ႐ိုပါလိဂ္) (၂)ႀကိမ္ ပိုင္ဆုိင္ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္ဖလားမရတာဟာ ဘားကမ့္ရဲ႕ကစားသမားဘ၀မွာ စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။

ဘာတစၥတူတာ(Batistuta)

ဘာတစၥတူတာ(Batistuta)၊ ဘာတီဂိုး၊ ျပင္းထန္တိက်တဲ့ကန္ခ်က္မ်ားပိုင္ရွင္ဟာ ခ်န္ပီယံလိဂ္ဖလားမရဖူး႐ံုသာမကဘဲ ခ်န္ပီယံလိဂ္ ႐ႈံးထြက္အဆင့္ကိုေတာင္ တစ္ႀကိမ္မွမေရာက္ခဲ့ဖူးပါဘူး။ စီးရီးေအၿပိဳင္ပြဲနဲ႔အတူ၊ အာဂ်င္တီးနားနဲ႔အတူ မေမ့ႏုိင္စရာတုိက္စစ္မွဴးဘ၀ကို တည္ေထာင္ႏုိင္ခဲ့သူအတြက္ ခ်န္ပီယံလိဂ္ဖလားမရဖူးတာဟာ အႀကီးမားဆံုးကြက္လပ္လို႔ ဆိုရမယ္။

အီဘရာဟီမိုဗစ္( Ibrahimovic)

ခ်န္ပီယံလိဂ္ (၁၅)ရာသီကစား၊ ပြဲေပါင္း (၁၂၄)ပြဲ၊ သြင္းဂိုး (၄၈)ဂိုး ေရးထိုးထားႏုိင္သူဟာ ခ်န္ပီယံလိဂ္ဖလားကို မရဖူးဘူးဆိုတာ အံ့အားသင့္စရာပဲ။ ဘာစီလိုနာ၊ ေအဂ်က္စ္၊ ေအစီမီလန္၊ ဂ်ဴဗင္တပ္စ္၊ အင္တာမီလန္၊ PSGအသင္းေတြနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္၊ ဆီမီးဖုိင္နယ္အဆင့္ကိုသာေရာက္ခဲ့ဖူးပါတယ္။ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ ပြဲ(၄၀)ကစားခဲ့ရာမွာ (၁၀)ဂိုးအထိသြင္းယူထားႏုိင္သူအတြက္ ခ်န္ပီယံေအာင္ပြဲရဲ႕ ခ်ဳိၿမိန္မႈကို မခံစားခဲ့ရပါဘူး။ ကစားသမားဘ၀မွာ က်င္လည္ေနဆဲျဖစ္လို႔ သူ႕အတြက္ အခြင့္အေရးရွိဦးမလား။

ဘူဖြန္ (Buffon)

၂၀၀၃၊ ၂၀၁၅၊ ၂၀၁၇ ခုႏွစ္ေတြမွာ ခ်န္ပီယံလိဂ္ဗုိုလ္လုပြဲအဆင့္ကို ဘူဖြန္(Buffon) တက္ေရာက္ႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ အႀကိမ္တုိင္းမွာ ဒုတိယလူအျဖစ္နဲ႔သာေက်နပ္ခဲ့ရတယ္။ ဘူဖြန္ကိုယ္တုိင္လည္း ကစားသမားဘ၀အဆံုးမသတ္မီမွာ ခ်န္ပီယံလိဂ္ဖလားရခ်င္တယ္လို႔ ပြင့္ပြင့္လင္းလင္း၀န္ခံထားပါတယ္။ ၂၀၀၃ ဗိုလ္လုပြဲမွာ ပယ္နယ္တီနဲ႔ ရႈံးခဲ့တာဟာ နာက်င္စရာအေကာင္းဆံုးပါပဲလို႔ ဘူဖြန္က ေဆြးေျမ့စြာ ဆိုခဲ့ပါတယ္။

ေရာ္နယ္လ္ဒို(Ronaldo)

ကမၻာ့ဖလားခ်န္ပီယံဆုမ်ားကို ဆြတ္ခူးႏုိင္ခဲ့သူဟာ ခ်န္ပီယံလိဂ္မွာ ပြဲ(၄၀)ကစားခဲ့တယ္ဆိုရင္ ယံုႏုိင္ပါ့မလား။ PSV ၊ အင္တာမီလန္၊ ဘာစီလိုနာ၊ ရီးယဲလ္၊ ေအစီမီလန္အသင္းေတြနဲ႔ ဥေရာပေဘာလံုးေလာကမွာက်င္လည္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေအာင္ျမင္မႈဟာ ဗလာနတိၱပါပဲ။ ၁၉၉၇ ၊ ၂၀၀၂ ကမၻာ့အေကာင္းဆံုးကစားသမားဆုေတြကို ဆြတ္ခူးႏုိင္ခဲ့သူရဲ႕ အိပ္မက္ေတြကိုဒဏ္ရာျပႆနာက ထိုးႏွက္ခဲ့တယ္။ ၂၀၀၃ ခုႏွစ္၊ ရီးယဲလ္မွာကစားခဲ့စဥ္က မန္ခ်က္စတာယူႏုိက္တက္နဲ႔ ကြာတားဖုိင္နယ္မွာ ေရာ္နယ္လ္ဒို(Ronaldo) ဟက္ထရစ္သြင္းႏုိင္ခဲ့တယ္။ ဒါေပမဲ့ သူရဲ႕ရီးယဲလ္အသင္းစာ ဆီမီးဖုိင္နယ္မွာ ဂ်ဴဗင္တပ္စ္ကို ႐ႈံးခဲ့တယ္။ ေနာက္တစ္ႏွစ္အၾကာမွာလည္း ရီးယဲလ္ဟာ မိုနာကိုနဲ႔သာ ရင္ဆုိင္ခဲ့ရေပမယ့္ ႐ႈံးနိမ့္ခဲ့လုိ႔ ဗိုလ္လုပြဲနဲ႔ လြဲေခ်ာ္ခဲ့ျပန္တယ္။ အသက္ (၂၉)ႏွစ္အရြယ္မွာ ေရာ္နယ္လ္ဒိုဟာ သူ႕ရဲ႕ခ်န္ပီယံလိဂ္ေနာက္ဆံးပြဲကို ကစားခဲ့ၿပီး ေအာင္ျမင္ျခင္းမရွိမွတ္တမ္းဆိုးနဲ႔သာ အဆံုးသတ္ခဲ့ရတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

 

 

 

 

[Unicode]

ချန်ပီယံလိဂ်ဖလားနဲ့ ကံမဆုံတဲ့ ဂန္ထဝင်တွေ

ချန်ပီယံလိဂ်ဖလားဆိုတာ နတ်ကြီးသလား။ ချန်ပီယံလိဂ်လို့ အမည်ပြောင်းလဲပြီးနောက်ပိုင်း (၂)ရာသီဆက် ဗိုလ်စွဲတဲ့အသင်းမရှိတဲ့အစဉ်အလာဟာ ၂၀၁၇ ခုနှစ်ရောက်မှ ပျက်ပြယ်သွားတာ၊ ၁၉၉၉ ဗိုလ်လုပွဲမှာမန်ချက်စတာယူနိုက်တက်ရဲ့ နောက်ဆုံးမိနစ် (၂)ဂိုးနဲ့ နိုင်ခဲ့တာ၊ ၂၀၀၅ ဗိုလ်လုပွဲမှာလီဗာပူးလ်ရဲ့ (၃)ဂိုးအရှုံးကနေပြန်လိုက်ကစားပြီး ချန်ပီယံဖြစ်ခဲ့တာတွေဟာလည်း ချန်ပီယံလိဂ်ဒိုင်ယာရီထဲက မမေ့နိုင်စရာဇာတ်လမ်းများပါပဲ။ ချန်ပီယံလိဂ်မှာ ကံတရားသက်ရောက်မှုကြီးမားတယ်ဆိုတာကိုသက်သေပြခဲ့ တာတွေပါပဲ။

နာမည်ကျော်ကစားသမား၊ တချို့ဆိုဂန္ထဝင်ကစားသမားတွေဖြစ်ပေမယ့် ချန်ပီယံလိဂ်ဖလားကို မပိုင်ဆိုင်ခဲ့ဖူးတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။ သူတို့က ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်မှာ ထင်ရှားကျော်ကြားစွာအသုံးတော်ခံနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်အိပ်မက်တွေ ပြိုလဲခဲ့ရသူတွေလို့ဆိုရမယ်။

နစ္စတယ်လ်ရွိုင်း (Nistelrooy)

နယ်သာလန်ကစားသမားတွေထဲမှာ နစ္စတယ်လ်ရွိုင်း (Nistelrooy)ဟာ သွင်းဂိုး (၆၅)ဂိုးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲဂိုးအများဆုံးသွင်းထားသူပါပဲ။ ဒါပေမဲ့ သူဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တစ်ကြိမ်မှမရောက်ခဲ့ ဖူးပါဘူး။ ၂၀၀၂ ခုနှစ် မန်ချက်စတာယူနိုက်တက်နဲ့အတူ ဆီမီးဖိုင်နယ်အထိတက်ရောက်နိုင်ခဲ့ပေမယ့် လေဗာကူဆင်ကို မကျော်ဖြတ်နိုင်လို့ နစ္စတယ်ရွိုင်း ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရတယ်။ ပိုပြီးရင်နာစရာကောင်းတာက မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာချိန်မှာ သူသွားကစားမယ့် ရီးယဲလ်က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့ပြီး ရီးယဲလ်ကို ရောက်လာချိန်မှာ သူစွန့်ခွာခဲ့တဲ့ မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့တာပါပဲ။

ဗီယာရာ (Vieira)

ဗီယာရာ(Vieira) ဟာ ပြင်သစ်ဂန္ထဝင်ကစားသမားဖြစ်ပေမယ့် ချန်ပီယံလိဂ်တော့ မရဖူးဘူး။ ချန်ပီယံလိဂ်မျှော်လင့်ချက်နဲ့ ဂျူဗင်တပ်စ်ကို ပြောင်းခဲ့ပေမယ့် သူ့မျှော်လင့်ချက်ဟာ အကောင်အထည်မပေါ်ခဲ့ဘူး။ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ပြန်ဆုံတော့ ဗီယာရာဟာ အသင်းဟောင်းပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရသေးတယ်။ သူ့ရဲ့ကစားပုံကို ပရိသတ်တွေလှောင်ပြောင်ခဲ့တာဖြစ်ပြီး ဗီယာရာအတွက် မမေ့နိုင်စရာဖြစ်နေမလားပဲ။ ဗီယာရာကလည်း ချန်ပီယံလိဂ်နဲ့ ကံမစပ်သူတစ်ဦးဖြစ်ပြီး အင်တာမီလန်အသင်းမှာ ကစားခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားဆွတ်ခူးခဲ့တဲ့ ၂၀၁၀ ခုနှစ်မတိုင်မီ အသင်းနဲ့ လမ်းခွဲခဲ့လို့ ချန်ပီယံဆုကို ပိုင်ဆိုင်ခွင့်မရခဲ့ဘူး။

 

ခရက်စ်ပို (Crespo)

ဆံပင်အရှည်ကို ကစားသမားဘဝအချိန်အများစုမှာ စွဲမြဲစွာထားခဲ့သူ အာဂျင်တီးနားဂိုးသွင်းစက်လို့ တင်စားရမယ့် ခရက်စ်ပို (Crespo)ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ (၂)ဂိုးသွင်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူပါဝင်ကစားခဲ့တဲ့ အေစီမီလန်ဟာ ပြိုင်ဘက်လီဗာပူးလ်ကို ပယ်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ခဲ့လို့ ခရက်စ်ပိုရဲ့ဂိုးတွေ အလာကားဖြစ်သွားရတတယ်။ အဲဒီနောက်မှာ ချယ်လ်ဆီး၊ အင်တာမီလန်တို့မှာ သူ့ရဲ့သွင်းဂိုးတွေဆက်လက်တောက်ပနေပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တစ်ကြိမ်မှထပ်ကစားခွင့်မရတော့ဘူး။ ချန်ပီယံလိဂ်မှာ ခရက်စ်ပိုက (၆၅)ပွဲကစားပြီး (၂၅)ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ခရက်စ်ပိုရဲ့ ဂိုးတွေဟာအောင်ပွဲနဲ့အနားသတ်ခွင့်မရတာတော့ စိတ်မကောင်းစရာပဲ။

၂၀၀၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လီဗာပူးလ်ဘက် ဂိုးသွင်းနေသူ ခရက်စ်ပို(Crespo)

၂၀၀၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် လီဗာပူးလ်ဘက် ဂိုးသွင်းနေသူ ခရက်စ်ပို(Crespo)

နက်ဗက်(Nedved)

၂၀၀၃ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဂျူဗင်တပ်စ်နဲ့ ရီးယဲလ်ဆုံတွေ့ခဲ့ပါတယ်။ အဲဒီပွဲမှာ နက်ဗက်(Nedved)က မမေ့နိုင်စရာလှပတဲ့ဂိုးတစ်ဂိုးသွင်းပေးခဲ့ပြီး ဂျူဗင်တပ်စ်လည်း ဗိုလ်လုပွဲတက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆီမီးဖိုင်နယ်သွင်းဂိုသူရဲကောင်း နက်ဗက်ဟာ ရီးယဲလ်တောင်ပံကစားသမား မက်မနာမန်(Mc Manaman) ကိုကစားပုံကြမ်းခဲ့လို့ ထုတ်ပယ်ခံခဲ့ရလို့ ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရတယ်။ဗိုလ်လုပွဲမှာ နက်ဗက်မပါတာဟာ ဂျူဗင်တပ်စ်ကို အားနည်းစေပြီး နောက်ဆုံးအေစီမီလန်ကို ပယ်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးခဲ့ရတယ်။ နက်ဗက်လည်း Hero ကနေ Zero ဖြစ်ခဲ့ပါတယ်။ သူ့အတွက်ကျေနပ်စရာက အဲဒီနှစ်မှာ Bakkon d’ Or ဆုကို ပိုင်ဆိုင်ခဲ့တာပါပဲ။

ကင်နာဗာရို (Cannavaro)

၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံအီတလီအသင်းရဲ့ အသင်းခေါင်းဆောင်ကောင်းဖြစ်တဲ့ ကင်နာဗာရို(Cannavaro)လည်း ချန်ပီယံလိဂ်ဖလားမရဖူးဘူး။ ချန်ပီယံလိဂ်ဖလားမရဘဲနဲ့ Ballon d’ Or ဆုကို ဆွတ်ခူးနိုင်တဲ့ နောက်ဆုံးကစားသမားဟာ ကင်နာဗာရိုပါပဲ။ အင်တာမီလန်၊ အေစီမီလန်အသင်းးတို့နဲ့ အတူ ချန်ပီယံလိဂ်ဆီးဖိုင်နယ်ကစားခဲ့ပေမယ့် သူ့ရဲ့ ချန်ပီယံလိဂ် ချန်ပီယံမျှော်လင့်ချက် မရှင်သန်ခဲ့ပါဘူး။

ဘားကမ့်(Bergkamp)

ဘားကမ့်(Bergkamp)ဆိုတာ ပြိုင်ဘက်ကစားသမားတွေကို လှလှပပလှည့်ဖျုား။ မမေ့နိုင်စရာဂိုးတွေသွင်းယူခဲ့ သူပေါ့။ သူဟာ အာဆင်နယ်နဲ့အတူ ၂၀၀၅ ခုနှစ်မှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခွင့်ရခဲ့ပေမယ့် ကံမကောင်းခဲ့ပါဘူး။ ဘာစီလိုနာနဲ့ကစားခဲ့ရမှာ အာဆင်နယ်ဂိုးသမား လေးမန်း(Lehmann) ထုတ်ပယ်ခံရလို့ ဂိုးသမားတစ်ဦးပြန်လည်အစားထိုးခဲ့ရပါတယ်။ အာဆင်နယ်နည်းပြ ဝင်းဂါး(Wenger) အတွက် ဒါဟာ နည်းစနစ်အကျပ်အတည်းဖြစ်ခဲ့သလို၊ ဘားကမ့်လည်း ကစားခွင့်မရခဲ့ပါဘူး။ချန်ပီယံလိဂ်ဖလားကို မပိုင်ဆိုင်ခဲ့ပေမယ့် အေဂျက်စ်၊ အင်တာမီလန်အသင်းတွေနဲ့အတူ UEFA Cup (ယူရိုပါလိဂ်) (၂)ကြိမ် ပိုင်ဆိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားမရတာဟာ ဘားကမ့်ရဲ့ကစားသမားဘဝမှာ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

ဘာတစ္စတူတာ(Batistuta)

ဘာတစ္စတူတာ(Batistuta)၊ ဘာတီဂိုး၊ ပြင်းထန်တိကျတဲ့ကန်ချက်များပိုင်ရှင်ဟာ ချန်ပီယံလိဂ်ဖလားမရဖူးရုံသာမကဘဲ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကိုတောင် တစ်ကြိမ်မှမရောက်ခဲ့ဖူးပါဘူး။ စီးရီးအေပြိုင်ပွဲနဲ့အတူ၊ အာဂျင်တီးနားနဲ့အတူ မမေ့နိုင်စရာတိုက်စစ်မှူးဘဝကို တည်ထောင်နိုင်ခဲ့သူအတွက် ချန်ပီယံလိဂ်ဖလားမရဖူးတာဟာ အကြီးမားဆုံးကွက်လပ်လို့ ဆိုရမယ်။

အီဘရာဟီမိုဗစ်( Ibrahimovic)

ချန်ပီယံလိဂ် (၁၅)ရာသီကစား၊ ပွဲပေါင်း (၁၂၄)ပွဲ၊ သွင်းဂိုး (၄၈)ဂိုး ရေးထိုးထားနိုင်သူဟာ ချန်ပီယံလိဂ်ဖလားကို မရဖူးဘူးဆိုတာ အံ့အားသင့်စရာပဲ။ ဘာစီလိုနာ၊ အေဂျက်စ်၊ အေစီမီလန်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ PSGအသင်းတွေနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်အဆင့်ကိုသာရောက်ခဲ့ဖူးပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက်အဆင့် ပွဲ(၄၀)ကစားခဲ့ရာမှာ (၁၀)ဂိုးအထိသွင်းယူထားနိုင်သူအတွက် ချန်ပီယံအောင်ပွဲရဲ့ ချိုမြိန်မှုကို မခံစားခဲ့ရပါဘူး။ ကစားသမားဘဝမှာ ကျင်လည်နေဆဲဖြစ်လို့ သူ့အတွက် အခွင့်အရေးရှိဦးမလား။

ဘူဖွန် (Buffon)

၂၀၀၃၊ ၂၀၁၅၊ ၂၀၁၇ ခုနှစ်တွေမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ကို ဘူဖွန်(Buffon) တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ ဒုတိယလူအဖြစ်နဲ့သာကျေနပ်ခဲ့ရတယ်။ ဘူဖွန်ကိုယ်တိုင်လည်း ကစားသမားဘဝအဆုံးမသတ်မီမှာ ချန်ပီယံလိဂ်ဖလားရချင်တယ်လို့ ပွင့်ပွင့်လင်းလင်းဝန်ခံထားပါတယ်။ ၂၀၀၃ ဗိုလ်လုပွဲမှာ ပယ်နယ်တီနဲ့ ရှုံးခဲ့တာဟာ နာကျင်စရာအကောင်းဆုံးပါပဲလို့ ဘူဖွန်က ဆွေးမြေ့စွာ ဆိုခဲ့ပါတယ်။

ရော်နယ်လ်ဒို(Ronaldo)

ကမ္ဘာ့ဖလားချန်ပီယံဆုများကို ဆွတ်ခူးနိုင်ခဲ့သူဟာ ချန်ပီယံလိဂ်မှာ ပွဲ(၄၀)ကစားခဲ့တယ်ဆိုရင် ယုံနိုင်ပါ့မလား။ PSV ၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ရီးယဲလ်၊ အေစီမီလန်အသင်းတွေနဲ့ ဥရောပဘောလုံးလောကမှာကျင်လည်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲအောင်မြင်မှုဟာ ဗလာနတ္တိပါပဲ။ ၁၉၉၇ ၊ ၂၀၀၂ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုတွေကို ဆွတ်ခူးနိုင်ခဲ့သူရဲ့ အိပ်မက်တွေကိုဒဏ်ရာပြဿနာက ထိုးနှက်ခဲ့တယ်။ ၂၀၀၃ ခုနှစ်၊ ရီးယဲလ်မှာကစားခဲ့စဉ်က မန်ချက်စတာယူနိုက်တက်နဲ့ ကွာတားဖိုင်နယ်မှာ ရော်နယ်လ်ဒို(Ronaldo) ဟက်ထရစ်သွင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ သူရဲ့ရီးယဲလ်အသင်းစာ ဆီမီးဖိုင်နယ်မှာ ဂျူဗင်တပ်စ်ကို ရှုံးခဲ့တယ်။ နောက်တစ်နှစ်အကြာမှာလည်း ရီးယဲလ်ဟာ မိုနာကိုနဲ့သာ ရင်ဆိုင်ခဲ့ရပေမယ့် ရှုံးနိမ့်ခဲ့လို့ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပြန်တယ်။ အသက် (၂၉)နှစ်အရွယ်မှာ ရော်နယ်လ်ဒိုဟာ သူ့ရဲ့ချန်ပီယံလိဂ်နောက်ဆံးပွဲကို ကစားခဲ့ပြီး အောင်မြင်ခြင်းမရှိမှတ်တမ်းဆိုးနဲ့သာ အဆုံးသတ်ခဲ့ရတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။