[Zawgyi]

ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံး တိုက္စစ္(၃)ဦးအတဲြ အပုိင္း(၁)

ခ်န္ပီယံလိဂ္ၿပိဳင္ပဲြဆုိတာက ကမၻာေပၚမွာ ပရိသတ္စိတ္အ၀င္စားဆုံး၊ ၿပိဳင္ဆုိင္မႈ အျပင္းထန္ဆုံးအျဖစ္ သတ္မွတ္ခံထားတယ္။ ၁၉၅၈ ခုႏွစ္မွာ ဥေရာပဖလားၿပိဳင္ပဲြအမည္နဲ႔ စတင္က်င္းပခဲ့ေပမယ့္ ၁၉၉၂ ခုႏွစ္မွာ ခ်န္ပီယံလိဂ္လုိ႔ အမည္ေျပာင္းလဲခဲ့ၿပီး ၿပိဳင္ပဲြသက္တမ္းက အခုဆုိရင္ ႏွစ္ေပါင္း(၆၀)ရွိေနပါၿပီ။ ၿပိဳင္ပဲြကာလတစ္ေလွ်ာက္မွာ ေျခစြမ္းျပခဲ့တဲ့ တိုက္စစ္အတြဲ အမ်ားႀကီးရွိခဲ့ဖူးၿပီး အဲဒီအထဲကမွ အေကာင္းဆုံးတိုက္စစ္(၃)ဦးအတြဲေတြကုိ နာမည္ႀကီး ျပင္သစ္ေဘာလုံးမဂၢဇင္းက အခုလုိ ေရြးခ်ယ္ေဖာ္ျပခဲ့ပါတယ္ . . .

၁၀. Rudi Voller, Alen Boksic, Abedi Pele (မာေဆးလ္ – ၁၉၉၃)

Marseille

Marseille

ခ်န္ပီယံလိဂ္လုိ႔ အမည္စတင္ေျပာင္းလဲခဲ့တဲ့ ၁၉၉၉၂-၉၃ ရာသီမွာ ပထမဆုံးဗုိလ္စဲြခဲ့တဲ့ မာေဆးလ္အသငး္အတြက္ သူရဲေကာင္းျဖစ္ခဲ့သူေတြပါ။ အဲဒီအခ်ိန္တုန္းက ႐ူဒီေဗာင္လာ၊ အလန္ေဘာ့ဆစ္၊ အဘီဒီပီလီတို႔ရဲ႕ ေျခစြမ္းက အေကာင္းဆုံးအခ်ိန္ေရာက္ရွိေနၿပီး ဘယ္လုိၿပိဳင္ဘက္မ်ိဳးမဆုိ ေခ်မႈန္းဖုိ႔ အသင့္ရွိေနခဲ့တယ္။

၉.Eusebio, Jose Aguas, Jose Augusto (ဘင္ဖီကာ – ၁၉၆၂)

Eusebio, Jose Aguas, Jose Augusto

Eusebio, Jose Aguas, Jose Augusto

ဥေရာပဖလားၿပိဳင္ပဲြမွာ ရီးယဲလ္အသင္း လႊမ္းမုိးေနမႈကုိ အဆုံးသတ္ခဲ့တာက ေပၚတူဂီထိပ္သီး ဘင္ဖီကာအသင္းပါပဲ။ ေပၚတူဂီဂႏၳ၀င္ကစားသမား အူဆီဘီယုိရဲ႕ ဦးေဆာင္မႈနဲ႔အတူ ဟုိေဆးေအာ္ဂတ္စ္၊ ဟုိေဆးေအာ္ဂတ္စတုိ တို႔ဟာ ဘင္ဖီကာအသင္းအတြက္ ၁၉၆၁-၆၂၊ ၁၉၆၂-၆၃ (၂)ရာသီဆက္ ဥေရာပဖလားရရွိေအာင္ စြမ္းေဆာင္ခဲ့ၾကတယ္။

၈.Del Piero, Gianluca Vialli, Fabrizio Ravanelli (ဂ်ဴဗင္တပ္စ္ – ၁၉၉၆)

Del Piero, Gianluca Vialli

Del Piero, Gianluca Vialli

ဒယ္လ္ပီယာ႐ုိ၊ ဗီယာလီ၊ ရာဗင္နယ္လီတို႔ရဲ႕ နာမည္ေတြက အခုအခ်ိန္အထိ ဂ်ဴဗင္တပ္စ္ပရိသတ္ေတြရဲ႕ ရင္ထဲမွာ စဲြၿမဲစြာ ရွိေနတုန္းပါပဲ။ ဒီ(၃)ဦးစလုံးက Skill ၊ Finishing ၊ Pace စတဲ့ အရည္အေသြးေတြနဲ႔ ျပည့္စုံၿပီး အခ်ိန္အမ်ားႀကီး တဲြဖက္ကစားခြင့္မရခဲ့ေပမယ့္ သူတို႔ရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္းအရ ခ်န္ပီယံလိဂ္ၿပိဳင္ပဲြရဲ႕ အေကာင္းဆုံးတိုက္စစ္အတြဲစာရင္းမွာ ေရြးခ်ယ္ခံခဲ့ရတာပါ။

၇.Gerd Muller, Uli Hoeness, Karl-Heinz Rummenigge (ဘုိင္ယန္ျမဴးနစ္ – ၁၉၇၆)

Hoeness, Karl-Heinz Rummenigge

Hoeness, Karl-Heinz Rummenigge

ဘုိင္ယန္ျမဴးနစ္အသင္းအတြက္သာမက ဂ်ာမနီအသင္းအတြက္ပါ ေအာင္ျမင္မႈေတြ အမ်ားႀကီး ရယူႏုိင္ခဲ့ၾကသူေတြပဲ ျဖစ္ပါတယ္။ ဂတ္မူလာ၊ အူလီဟုိးနက္စ္၊ ႐ူမင္နစ္ဂီ တို႔ရဲ႕ ေခတ္တစ္ေခတ္မွာ အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြ ျပသႏုိင္ခဲ့ၾကတယ္။

၆. Messi, Thierry Henry, Samuel Eto’o (ဘာစီလုိနာ – ၂၀၀၉)

Messi, Thierry Henry, Samuel Eto'o

Messi, Thierry Henry, Samuel Eto’o

ဒီတိုက္စစ္အတဲြကုိေတာ့ ထူးထူးျခားျခား မိတ္ဆက္ေပးစရာ လုိမယ္မထင္ပါဘူး။ ဘာစီလုိနာရဲ႕ ေခတ္သစ္တစ္ခု ျပန္စႏုိင္ေအာင္ အေျခခံအုတ္ျမစ္ခ်ေပးခဲ့သူေတြျဖစ္ၿပီး ခ်န္ပီယံလိဂ္၊ လာလီဂါအပါအ၀င္ ဆုဖလားေတြ အမ်ားႀကီး ရယူႏုိင္ခဲ့ၾကပါတယ္။

REF:The Sun
Photo:The Sun,Getty Images,AFP
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်(၃)ဦးအတွဲ အပိုင်း(၁)

ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာက ကမ္ဘာပေါ်မှာ ပရိသတ်စိတ်အဝင်စားဆုံး၊ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးအဖြစ် သတ်မှတ်ခံထားတယ်။ ၁၉၅၈ ခုနှစ်မှာ ဥရောပဖလားပြိုင်ပွဲအမည်နဲ့ စတင်ကျင်းပခဲ့ပေမယ့် ၁၉၉၂ ခုနှစ်မှာ ချန်ပီယံလိဂ်လို့ အမည်ပြောင်းလဲခဲ့ပြီး ပြိုင်ပွဲသက်တမ်းက အခုဆိုရင် နှစ်ပေါင်း(၆၀)ရှိနေပါပြီ။ ပြိုင်ပွဲကာလတစ်လျှောက်မှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်အတွဲ အများကြီးရှိခဲ့ဖူးပြီး အဲဒီအထဲကမှ အကောင်းဆုံးတိုက်စစ်(၃)ဦးအတွဲတွေကို နာမည်ကြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်းက အခုလို ရွေးချယ်ဖော်ပြခဲ့ပါတယ် . . .

၁၀. Rudi Voller, Alen Boksic, Abedi Pele (မာဆေးလ် – ၁၉၉၃)

Marseille

Marseille

ချန်ပီယံလိဂ်လို့ အမည်စတင်ပြောင်းလဲခဲ့တဲ့ ၁၉၉၉၂-၉၃ ရာသီမှာ ပထမဆုံးဗိုလ်စွဲခဲ့တဲ့ မာဆေးလ်အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့သူတွေပါ။ အဲဒီအချိန်တုန်းက ရူဒီဗောင်လာ၊ အလန်ဘော့ဆစ်၊ အဘီဒီပီလီတို့ရဲ့ ခြေစွမ်းက အကောင်းဆုံးအချိန်ရောက်ရှိနေပြီး ဘယ်လိုပြိုင်ဘက်မျိုးမဆို ချေမှုန်းဖို့ အသင့်ရှိနေခဲ့တယ်။

၉.Eusebio, Jose Aguas, Jose Augusto (ဘင်ဖီကာ – ၁၉၆၂)

Eusebio, Jose Aguas, Jose Augusto

Eusebio, Jose Aguas, Jose Augusto

ဥရောပဖလားပြိုင်ပွဲမှာ ရီးယဲလ်အသင်း လွှမ်းမိုးနေမှုကို အဆုံးသတ်ခဲ့တာက ပေါ်တူဂီထိပ်သီး ဘင်ဖီကာအသင်းပါပဲ။ ပေါ်တူဂီဂန္ထဝင်ကစားသမား အူဆီဘီယိုရဲ့ ဦးဆောင်မှုနဲ့အတူ ဟိုဆေးအော်ဂတ်စ်၊ ဟိုဆေးအော်ဂတ်စတို တို့ဟာ ဘင်ဖီကာအသင်းအတွက် ၁၉၆၁-၆၂၊ ၁၉၆၂-၆၃ (၂)ရာသီဆက် ဥရောပဖလားရရှိအောင် စွမ်းဆောင်ခဲ့ကြတယ်။

၈.Del Piero, Gianluca Vialli, Fabrizio Ravanelli (ဂျူဗင်တပ်စ် – ၁၉၉၆)

Del Piero, Gianluca Vialli

Del Piero, Gianluca Vialli

ဒယ်လ်ပီယာရို၊ ဗီယာလီ၊ ရာဗင်နယ်လီတို့ရဲ့ နာမည်တွေက အခုအချိန်အထိ ဂျူဗင်တပ်စ်ပရိသတ်တွေရဲ့ ရင်ထဲမှာ စွဲမြဲစွာ ရှိနေတုန်းပါပဲ။ ဒီ(၃)ဦးစလုံးက Skill ၊ Finishing ၊ Pace စတဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံပြီး အချိန်အများကြီး တွဲဖက်ကစားခွင့်မရခဲ့ပေမယ့် သူတို့ရဲ့ စွမ်းဆောင်ရည်မှတ်တမ်းအရ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးတိုက်စစ်အတွဲစာရင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။

၇.Gerd Muller, Uli Hoeness, Karl-Heinz Rummenigge (ဘိုင်ယန်မြူးနစ် – ၁၉၇၆)

Hoeness, Karl-Heinz Rummenigge

Hoeness, Karl-Heinz Rummenigge

ဘိုင်ယန်မြူးနစ်အသင်းအတွက်သာမက ဂျာမနီအသင်းအတွက်ပါ အောင်မြင်မှုတွေ အများကြီး ရယူနိုင်ခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။ ဂတ်မူလာ၊ အူလီဟိုးနက်စ်၊ ရူမင်နစ်ဂီ တို့ရဲ့ ခေတ်တစ်ခေတ်မှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ကြတယ်။

၆. Messi, Thierry Henry, Samuel Eto’o (ဘာစီလိုနာ – ၂၀၀၉)

Messi, Thierry Henry, Samuel Eto'o

Messi, Thierry Henry, Samuel Eto’o

ဒီတိုက်စစ်အတွဲကိုတော့ ထူးထူးခြားခြား မိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ ဘာစီလိုနာရဲ့ ခေတ်သစ်တစ်ခု ပြန်စနိုင်အောင် အခြေခံအုတ်မြစ်ချပေးခဲ့သူတွေဖြစ်ပြီး ချန်ပီယံလိဂ်၊ လာလီဂါအပါအဝင် ဆုဖလားတွေ အများကြီး ရယူနိုင်ခဲ့ကြပါတယ်။

REF:The Sun
Photo:The Sun,Getty Images,AFP
Naing Linn(Akhayar)
www.akhayar.com