[Zawgyi]

အသည္းကြဲျခင္းကေန ရရွိမယ့္ အက်ိဳးေက်းဇူး (၁၀) ခ်က္

ဘဝမွာကိုယ္ခ်စ္တဲ့သူအတြက္နဲ႔ နာက်င္ခံစားဖူးခဲ့သူေတြ၊ အသည္းကြဲတဲ့သူေတြ တပံုတပင္ရွိခဲ့ဖူးမွာပါ။ တကယ္ေတာ့ အသည္းကြဲတယ္ဆိုတာမ်ိဳးက ကိုယ့္တစ္ဘဝစာလံုး ႏွစ္ႏွစ္ကာကာရည္ရြယ္ခဲ့ဖူးသူနဲ႔ ေကြကြင္းရတဲ့အခါမ်ိဳးမွသာ နာက်င္ခံစားရတဲ့ေဝဒနာပါ။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အသည္းကြဲတတ္ၾကေပမယ့္ တကယ္တမ္းေတာ့ အသည္းကြဲတယ္ဆိုတာ နာက်င္ခံစားရရံုတင္မကဘဲ တစ္ဖက္မွာလည္း ကိုယ့္အတြက္ ေကာင္းက်ိဳးေတြ ရွိေနပါေသးတယ္။

(၁) အသည္းကြဲျခင္းဟာ ပိုသန္မာေစတယ္။

ခ်စ္တဲ့သူနဲ႔ ေကြကြင္းရလို႔ ရင္ထဲကနာက်င္ခံစားရသမွ်ခံစားခ်က္ေတြဟာ ဘဝမွာ အဆိုးဆံုးလို႔ သတ္မွတ္လိုက္တဲ့အခါ ဒီ့ထက္ပိုဆိုးရြားစရာ၊ ဆံုးရံႈးစရာမရွိေတာ့ေလာက္ေအာင္ ျဖစ္သြားတတ္ပါတယ္။ အဲ့ဒီလို ဒဏ္ရာေတြကိုတျဖည္းျဖည္းျပန္လည္ကုစားလာႏိုင္တဲ့အခါ အသည္းကြဲသူေတြဟာ အရင္ကထက္ပိုသန္မာလာပါတယ္။

(၂) အသည္းကြဲျခင္းဟာ ပိုဉာဏ္ေကာင္းေစပါတယ္။

အသည္းကြဲတဲ့သူေတြဟာ တစ္ဒဂၤတာ လက္လႊတ္ဆံုးရံႈးရတဲ့ ပူေဆြးမႈေတြ၊ ေၾကကြဲမႈေတြၾကား ကိုယ့္ကိုကိုယ္ေပ်ာက္ဆံုးသြားတတ္ပါတယ္။ ဒါေပမယ့္ ဒီအခ်ိန္ေတြေက်ာ္လြန္လာတဲ့အခါ ႏွလံုးသားက ႐ူး႐ူးမိုက္မိုက္ခံစားခဲ့သမွ်ကို ဦးေႏွာက္ကျပက္ရယ္ျပဳလာႏိုင္သြားပါၿပီ။ ကိုယ့္ဘဝအသက္ရွင္ရတာ အဓိပၸာယ္ရွိဖို႔၊ ကိုယ္နဲ႔ထိုက္တန္တဲ့သူဆီသြားဖို႔၊ ကိုယ့္အတြက္အက်ိဳးရွိဖို႔အရာေတြကို ပိုေတြးေခၚတတ္လာပါတယ္။

(၃) အသည္းကြဲျခင္းဟာ ပိုမိုယံုၾကည္မႈၿပည့္လာေစပါတယ္။

ခ်စ္တဲ့သူနဲ႔လမ္းခြဲခဲ့ရၿပီးေနာက္ သူ႔အျပစ္၊ကိုယ့္အျပစ္ေတြၾကားပိတ္ေလွာင္ရင္း နာက်င္ခဲ့ရဖူးမွာပါ။ ဒါေပမယ့္ အရာရာကို ဦးေႏွာက္နဲ႔ ေတြးေခၚတတ္လာၿပီးေနာက္မွာ အရင္နဲ႔မတူတဲ့သူျဖစ္ဖို႔၊ ပိုေတာ္၊ ပိုထက္ျမက္၊ ပိုလွဖို႔ ျပဳျပင္သင္ယူလာတတ္ပါတယ္။ အရင္ထက္အရာရာပိုတိုးတက္လာတဲ့အခါ ယံုၾကည္မႈေတြပိုၿမင့္တက္လာပါတယ္။

(၄) အသည္းကြဲျခင္းဟာ အရာရာကိုေက်းဇူးတင္တတ္လာေစပါတယ္။

ကိုယ့္ကိုနာက်င္ေစတဲ့သူထြက္ခြာသြားတဲ့အတြက္ တစ္ခ်ိန္ကိုယ့္အေပၚေကာင္းတဲ့အရာေတြ၊ လူေတြေပၚလာတဲ့အခါ ေက်းဇူးတင္တတ္လာပါတယ္။ ကိုယ့္အေပၚနာက်င္ေစခဲ့လို႔ ခံႏိုင္ရည္ရွိေအာင္ ေက်ာ္ျဖတ္တတ္ၿပီးေနာက္ မွာ ပိုသန္စြမ္းလာေစတဲ့အတြက္ အရာရာဟာေက်းဇူးတင္စရာပါပဲ။

(၅) အသည္းကြဲျခင္းဟာ ကိုယ့္ကိုကိုယ္ပိုခ်စ္လာေစပါတယ္။

ကိုယ္ခ်စ္ရတဲ့သူနဲ႔တုန္းက ခ်စ္တဲ့စိတ္နဲ႔ အရာရာခ်စ္သူအတြက္ပဲ ေတြးေပး၊ ဂ႐ုစိုက္ေပး၊ စဥ္းစားေပးရင္းနဲ႔ ကိုယ့္အတြက္ကိုယ္ေမ့ေနခဲ့မွာပါ။ ဒါေပမယ့္ ကိုယ္ေကာင္းခဲ့သေလာက္ကိုယ့္အေပၚမေကာင္းခဲ့သူေၾကာင့္ အသည္းကြဲၿပီးသြားရင္ေတာ့ ဘယ္သူ႔အတြက္မွစဥ္းစားေပး၊ ဂ႐ုစိုက္ေပးစရာမလိုေတာ့ဘဲ ကိုယ့္အတြက္ပိုၾကည့္ၿပီး ကိုယ့္ကိုယ္ကိုယ္ပိုခ်စ္တတ္လာပါတယ္။

(၆) အသည္းကြဲျခင္းဟာ ကိုယ္တစ္ေယာက္တည္းအထီးမက်န္ဘူးဆိုတာကို သိလာေစပါတယ္။

အသည္းကြဲလို႔ တစ္ေယာက္တည္းဘယ္ေလာက္ပဲ ပူေဆြးငိုေႂကြးၿပီး နာက်င္ခံစားေနရပါေစ ကိုယ့္ကိုတန္ဖိုးထားတဲ့ မိဘ၊သူငယ္ခ်င္းအစစ္အမွန္ေတြက အနားမွာ ေဝမွ်ခံစားေပး၊ အားေပးၾကတဲ့အတြက္ တစ္ေယာက္တည္းအထီးမက်န္ေတာ့ဘဲ ခ်စ္တဲ့သူအစစ္အမွန္ေတြရဲ႕ တန္ဖိုးကိုခံစားလာရေစပါတယ္။

(၇) အသည္းကြဲျခင္းဟာ ႏွလံုးသားေနရာလြတ္ေလးကို ဖန္တီးေပးပါတယ္။

ဘယ္ေလာက္ပဲနာက်င္ေၾကကြဲရပါေစ အခ်ိန္တန္လို႔ ျဖတ္သန္းေက်ာ္လႊားၿပီးခ်ိန္မွာေတာ့ ကိုယ့္အေပၚပိုေကာင္းတဲ့လူေတြအတြက္ ကိုယ့္ႏွလံုးသားကို ေနရာေပးတတ္လာပါတယ္။ ဒါ့ေၾကာင့္ ခ်စ္ျခင္းတရားကိုပိုခံစားမိေစမယ့္ ႏွလံုးသားအသစ္အစား ဒဏ္ရာေတြပရပြနဲ႔ ႏွလံုးသားအေဟာင္းႀကီးကို ေနရာေပးထားတာမ်ိဳးေတြဖယ္ထုတ္လိုက္ပါေတာ့။

(၈) အသည္းကြဲျခင္းဟာ ၾကင္နာသနားတတ္လာေစတယ္။

ကိုယ့္အေပၚ မေကာင္းခဲ့တဲ့သူေၾကာင့္ ႏွလံုးသားတစ္ခုလံုးေၾကကြဲခဲ့ၿပီးေနာက္မွာေတာ့ ျပန္တည္ၿငိမ္လာတဲ့အခါ ကိုယ္ခံစားခဲ့ရသလိုမခံစားမိေစဖို႔ လူတိုင္းအေပၚပိုၾကင္နာတတ္လာပါတယ္။ ကိုယ့္ကိုလူတစ္ေယာက္ကနာက်င္ေစခဲ့သလို ကိုယ္ကတျခားလူေတြကိုျပန္မနာက်င္မိေစဖို႔ ႏွလံုးသားကေႏြးေထြးတတ္လာပါတယ္။

(၉) အသည္းကြဲျခင္းက အႏုပညာကိုပိုခံစားတတ္လာေစပါတယ္။

အသည္းကြဲတဲ့အခါ အသည္းကြဲသီခ်င္းေတြနားေထာင္ရင္း၊ တစ္ေယာက္တည္းေတြေဝေငးေမာရင္း၊ အရာရာကိုခံစားတတ္လာေစပါတယ္။ အဲ့ဒီအခါ ဂီတအႏုပညာနဲ႔ရင္းႏွီးလာတတ္ၿပီး ပိုမို ဉာဏ္ကြန္႔ျမဴးလာတတ္ပါတယ္။

(၁၀) အသည္းကြဲျခင္းဟာ ကိုယ့္အတြက္အစစ္အမွန္ကို ရွာေဖြေတြ႕ရွိေစပါတယ္။

ကိုယ္ခ်စ္ျမတ္ႏိုးတဲ့သူနဲ႔ ေဝးကြာရတဲ့အခါ နာက်င္ခံစားမႈေတြထဲမွာ ပိတ္မိေနတတ္ေပမယ့္ တစ္ကယ္ေတာ့ ကိုယ္နဲ႔မထိုက္တန္လို႔ကိုယ့္အနားက စြန္႔ခြာသြားခဲ့တာပါ။ အခ်ိန္တန္လာတဲ့အခါ ကိုယ့္ဘက္မွာလည္း ပိုမိုရင့္က်က္လာတဲ့တစ္ခ်ိန္ ကိုယ္နဲ႔ထိုက္တန္မယ့္၊ ကိုယ့္အတြက္တည္ရွိလာသူကို ေတြ႕ရွိလာႏိုင္ပါတယ္။

အသည္းကြဲတယ္ဆိုတာ နာက်င္စရာေတြခ်ည္း ခံစားဖို႔မဟုတ္ပါဘူး။ ဒီလို တစ္ဘဝလံုးစာအတြက္အက်ိဳးရွိတဲ့ ေကာင္းက်ိဳးေတြလည္း ရႏိုင္ပါေသးတယ္။

EiEiKhineMinn (Akhayar)

[Unicode]

အသည်းကွဲခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူး (၁၀) ချက်

ဘဝမှာကိုယ်ချစ်တဲ့သူအတွက်နဲ့ နာကျင်ခံစားဖူးခဲ့သူတွေ၊ အသည်းကွဲတဲ့သူတွေ တပုံတပင်ရှိခဲ့ဖူးမှာပါ။ တကယ်တော့ အသည်းကွဲတယ်ဆိုတာမျိုးက ကိုယ့်တစ်ဘဝစာလုံး နှစ်နှစ်ကာကာရည်ရွယ်ခဲ့ဖူးသူနဲ့ ကွေကွင်းရတဲ့အခါမျိုးမှသာ နာကျင်ခံစားရတဲ့ဝေဒနာပါ။ အကြောင်းအမျိုးမျိုးကြောင့် အသည်းကွဲတတ်ကြပေမယ့် တကယ်တမ်းတော့ အသည်းကွဲတယ်ဆိုတာ နာကျင်ခံစားရရုံတင်မကဘဲ တစ်ဖက်မှာလည်း ကိုယ့်အတွက် ကောင်းကျိုးတွေ ရှိနေပါသေးတယ်။

(၁) အသည်းကွဲခြင်းဟာ ပိုသန်မာစေတယ်။

ချစ်တဲ့သူနဲ့ ကွေကွင်းရလို့ ရင်ထဲကနာကျင်ခံစားရသမျှခံစားချက်တွေဟာ ဘဝမှာ အဆိုးဆုံးလို့ သတ်မှတ်လိုက်တဲ့အခါ ဒီ့ထက်ပိုဆိုးရွားစရာ၊ ဆုံးရှုံးစရာမရှိတော့လောက်အောင် ဖြစ်သွားတတ်ပါတယ်။ အဲ့ဒီလို ဒဏ်ရာတွေကိုတဖြည်းဖြည်းပြန်လည်ကုစားလညနိုင်တဲ့အခါ အသည်းကွဲသူတွေဟာ အရင်ကထက်ပိုသန်မာလာပါတယ်။

(၂) အသည်းကွဲခြင်းဟာ ပိုဉာဏ်ကောင်းစေပါတယ်။

အသည်းကွဲတဲ့သူတွေဟာ တစ်ဒင်္ဂတာ လက်လွှတ်ဆုံးရှုံးရတဲ့ ပူဆွေးမှုတွေ၊ ကြေကွဲမှုတွေကြား ကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားတတ်ပါတယ်။ ဒါပေမယ့် ဒီအချိန်တွေကျော်လွန်လာတဲ့အခါ နှလုံးသားက ရူးရူးမိုက်မိုက်ခံစားခဲ့သမျှကို ဦးနှောက်ကပြက်ရယ်ပြုလာနိုင်သွားပါပြီ။ ကိုယ့်ဘဝအသက်ရှင်ရတာ အဓိပ္ပာယ်ရှိဖို့၊ ကိုယ်နဲ့ထိုက်တန်တဲ့သူဆီသွားဖို့၊ ကိုယ့်အတွက်အကျိုးရှိဖို့အရာတွေကို ပိုတွေးခေါ်တတ်လာပါတယ်။

(၃) အသည်းကွဲခြင်းဟာ ပိုမိုယုံကြည်မှုပြည့်လာစေပါတယ်။

ချစ်တဲ့သူနဲ့လမ်းခွဲခဲ့ရပြီးနောက် သူ့အပြစ်၊ကိုယ့်အပြစ်တွေကြားပိတ်လှောင်ရင်း နာကျင်ခဲ့ရဖူးမှာပါ။ ဒါပေမယ့် အရာရာကို ဦးနှောက်နဲ့ တွေးခေါ်တတ်လာပြီးနောက်မှာ အရင်နဲ့မတူတဲ့သူဖြစ်ဖို့၊ ပိုတော်၊ ပိုထက်မြက်၊ ပိုလှဖို့ ပြုပြင်သင်ယူလာတတ်ပါတယ်။ အရင်ထက်အရာရာပိုတိုးတက်လာတဲ့အခါ ယုံကြည်မှုတွေပိုမြင့်တက်လာပါတယ်။

(၄) အသည်းကွဲခြင်းဟာ အရာရာကိုကျေးဇူးတင်တတ်လာစေပါတယ်။

ကိုယ့်ကိုနာကျင်စေတဲ့သူထွက်ခွာသွားတဲ့အတွက် တစ်ချိန်ကိုယ့်အပေါ်ကောင်းတဲ့အရာတွေ၊ လူတွေပေါ်လာတဲ့အခါ ကျေးဇူးတင်တတ်လာပါတယ်။ ကိုယ့်အပေါ်နာကျင်စေခဲ့လို့ ခံနိုင်ရည်ရှိအောင် ကျော်ဖြတ်တတ်ပြီးနောက် မှာ ပိုသန်စွမ်းလာစေတဲ့အတွက် အရာရာဟာကျေးဇူးတင်စရာပါပဲ။

(၅) အသည်းကွဲခြင်းဟာ ကိုယ့်ကိုကိုယ်ပိုချစ်လာစေပါတယ်။

ကိုယ်ချစ်ရတဲ့သူနဲ့တုန်းက ချစ်တဲ့စိတ်နဲ့ အရာရာချစ်သူအတွက်ပဲ တွေးပေး၊ ဂရုစိုက်ပေး၊ စဉ်းစားပေးရင်းနဲ့ ကိုယ့်အတွက်ကိုယ်မေ့နေခဲ့မှာပါ။ ဒါပေမယ့် ကိုယ်ကောင်းခဲ့သလောက်ကိုယ့်အပေါ်မကောင်းခဲ့သူကြောင့် အသည်းကွဲပြီးသွားရင်တော့ ဘယ်သူ့အတွက်မှစဉ်းစားပေး၊ ဂရုစိုက်ပေးစရာမလိုတော့ဘဲ ကိုယ့်အတွက်ပိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်ပိုချစ်တတ်လာပါတယ်။

(၆) အသည်းကွဲခြင်းဟာ ကိုယ်တစ်ယောက်တည်းအထီးမကျန်ဘူးဆိုတာကို သိလာစေပါတယ်။

အသည်းကွဲလို့ တစ်ယောက်တည်းဘယ်လောက်ပဲ ပူဆွေးငိုကြွေးပြီး နာကျင်ခံစားနေရပါစေ ကိုယ့်ကိုတန်ဖိုးထားတဲ့ မိဘ၊သူငယ်ချင်းအစစ်အမှန်တွေက အနားမှာ ဝေမျှခံစားပေး၊ အားပေးကြတဲ့အတွက် တစ်ယောက်တည်းအထီးမကျန်တော့ဘဲ ချစ်တဲ့သူအစစ်အမှန်တွေရဲ့ တန်ဖိုးကိုခံစားလာရစေပါတယ်။

(၇) အသည်းကွဲခြင်းဟာ နှလုံးသားနေရာလွတ်လေးကို ဖန်တီးပေးပါတယ်။

ဘယ်လောက်ပဲနာကျင်ကြေကွဲရပါစေ အချိန်တန်လို့ ဖြတ်သန်းကျော်လွှားပြီးချိန်မှာတော့ ကိုယ့်အပေါ်ပိုကောင်းတဲ့လူတွေအတွက် ကိုယ့်နှလုံးသားကို နေရာပေးတတ်လာပါတယ်။ ဒါ့ကြောင့် ချစ်ခြင်းတရားကိုပိုခံစားမိစေမယ့် နှလုံးသားအသစ်အစား ဒဏ်ရာတွေပရပွနဲ့ နှလုံးသားအဟောင်းကြီးကို နေရာပေးထားတာမျိုးတွေဖယ်ထုတ်လိုက်ပါတော့။

(၈) အသည်းကွဲခြင်းဟာ ကြင်နာသနားတတ်လာစေတယ်။

ကိုယ့်အပေါ် မကောင်းခဲ့တဲ့သူကြောင့် နှလုံးသားတစ်ခုလုံးကြေကွဲခဲ့ပြီးနောက်မှာတော့ ပြန်တည်ငြိမ်လာတဲ့အခါ ကိုယ်ခံစားခဲ့ရသလိုမခံစားမိစေဖို့ လူတိုင်းအပေါ်ပိုကြင်နာတတ်လာပါတယ်။ ကိုယ့်ကိုလူတစ်ယောက်ကနာကျင်စေခဲ့သလို ကိုယ်ကတခြားလူတွေကိုပြန်မနာကျင်မိစေဖို့ နှလုံးသားကနွေးထွေးတတ်လာပါတယ်။

(၉) အသည်းကွဲခြင်းက အနုပညာကိုပိုခံစားတတ်လာစေပါတယ်။

အသည်းကွဲတဲ့အခါ အသည်းကွဲသီချင်းတွေနားထောင်ရင်း၊ တစ်ယောက်တည်းတွေဝေငေးမောရင်း၊ အရာရာကိုခံစားတတ်လာစေပါတယ်။ အဲ့ဒီအခါ ဂီတအနုပညာနဲ့ရင်းနှီးလာတတ်ပြီး ပိုမို ဉာဏ်ကွန့်မြူးလာတတ်ပါတယ်။

(၁၀) အသည်းကွဲခြင်းဟာ ကိုယ့်အတွက်အစစ်အမှန်ကို ရှာဖွေတွေ့ရှိစေပါတယ်။

ကိုယ်ချစ်မြတ်နိုးတဲ့သူနဲ့ ဝေးကွာရတဲ့အခါ နာကျင်ခံစားမှုတွေထဲမှာ ပိတ်မိနေတတ်ပေမယ့် တစ်ကယ်တော့ ကိုယ်နဲ့မထိုက်တန်လို့ကိုယ့်အနားက စွန့်ခွာသွားခဲ့တာပါ။ အချိန်တန်လာတဲ့အခါ ကိုယ့်ဘက်မှာလည်း ပိုမိုရင့်ကျက်လာတဲ့တစ်ချိန် ကိုယ်နဲ့ထိုက်တန်မယ့်၊ ကိုယ့်အတွက်တည်ရှိလာသူကို တွေ့ရှိလာနိုင်ပါတယ်။

အသည်းကွဲတယ်ဆိုတာ နာကျင်စရာတွေချည်း ခံစားဖို့မဟုတ်ပါဘူး။ ဒီလို တစ်ဘဝလုံးစာအတွက်အကျိုးရှိတဲ့ ကောင်းကျိုးတွေလည်း ရနိုင်ပါသေးတယ်။

EiEiKhineMinn (Akhayar)