ကမ္ဘာကျော်ကုမ္ပဏီတိုင်းမှာ ကိုယ်ပိုင်ဆောင်ပုဒ်လေးတွေ ရှိပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်နေတဲ့ ကုမ္ပဏီကြီးတွေရဲ့ဆောင်ပုဒ်တိုင်းဟာ အဓိပ္ပာယ်အများကြီးရှိတဲ့အပြင် သူတို့ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေ၊ ကိုယ်ပိုင် ရပ်တည်ချက်တွေကို ကိုယ်စားပြုပါတယ်။ အခုဖော်ပြထားတဲ့ စာသားလေးတွေကို အသုံးချတတ်မယ်ဆိုရင် အခရာပရိသတ်တွေ ဘဝမှာအများကြီး အကျိုးရှိမှာပါ။

(1) Nike: “Just Do It”

အခု လုပ်ပလိုက်

ကျွန်တော်တို့တွေ အားလုံးလိုလိုက အလုပ်တစ်ခုလုပ်မယ်ဆိုရင် နေ့ရွှေ့၊ ညရွှေ့နဲ့ ကြာလာရင် မလုပ်ဖြစ်တော့ပါဘူး။ ငယ်ဘဝမှာဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ အချိန်ဆွဲတယ်ဆိုတာ အချိန်အခိုးခံရလိုက်တာပါပဲ။ လုပ်စရာတစ်ခုခုရှိနေခဲ့ရင် Nike ရဲ့ဆောင်ပုဒ်အတိုင်း အခုလုပ်ပလိုက်ပါ။

 (2) Apple: “Think Different”

ဖောက်ထွက်တွေးခေါ်ပါ။

အခြားနည်းပညာကုမ္ပဏီအားလုံးနဲ့ Apple ကို ကွာခြားသွားစေတဲ့အဓိကအချက်ပါပဲ။ Apple ဟာအမြဲဆန်းသစ်တယ်၊ Apple ဟာ သူ့ရဲ့ဖောက်ထွက်လာတဲ့ အတွေးအခေါ်ကို ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ပါတယ်။ လမ်းဟောင်းကြီးအတိုင်း မလျှောက်ပါနဲ့။ ဖောက်ထွက်တွေးခေါ်ပါ။ ကိုယ့်ရဲ့အတွေးအခေါ်ကို ပီပြင်အောင် အကောင်အထည်ဖော်ပါ။

 (3) M&M: “Melts in Your Mouth, Not in Your Hands”

လက်ထဲမှာ မထားနဲ့၊ ပါးစပ်ထဲမှာ အရသာခံပါ။

ချောကလက်လေးတွေတန်းစီ ဆိုပြီး နာမည်ကျော်ကြားခဲ့တဲ့ M&M ရဲ့ ဆောင်ပုဒ်ပါ။ ချောကလက်တွေကိုလက်ထဲမှာထားလို့ကတော့ ဘာအရသာမှ ခံစားနိုင်မှာမဟုတ်ပါဘူး။ ဒီလိုပါပဲ ကိုယ်ရှာဖွေစုစည်းထားတဲ့ စည်းစိမ်ဥစ္စာတွေကို မနှမြောပါနဲ့။ စနစ်ကျကျသုံးစွဲပါ။ ပေးကမ်းလှူဒါန်းပါ။ လောကီစည်းစိမ်ကို ခံစားပါ။ ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းပါ။

 (5) General Electric: “Imagination at Work”

လုပ်ငန်းခွင်မှာ ဥာဏ်ကွန့်မြူးးပါ။

အလုပ်ခွင်မှာ ကြိုးစားအားထုတ်မှုတွေနည်းလာရင်၊ ကိုယ့်ရဲ့အရည်အချင်းကို မမြှင့်တင်နိုင်တော့ရင် တက်လမ်းတွေ ပိတ်ဆို့သွားနိုင်ဆိုတာက သိပြီးသားဖြစ်မှာပါ။ ကြိုးစားတိုင်းလည်း အောင်မြင်တာမဟုတ်ပါဘူး။ အဲ့ဒီတော့ General Electric ရဲ့ ဆောင်ပုဒ်လို ဥာဏ်ကူပြီးတော့ အလုပ်လုပ်ပါ။

 (6) Toyata – Moving Forward

အရှေ့သို့သာ

ဥရောပကားကုမ္ပဏီတွေနဲ့ ရင်ဘောင်တန်းနိုင်ဖို့ Toyota အနေနဲ့ အများကြီးကြိုးစားခဲ့ရပါတယ်။လွယ်လွယ်နဲ့တော့ လက်မလျော့ပါနဲ့။ ကိုယ်ရဲ့အနာဂတ်ကို ဦးတည်ပြီးကြိုးစားပါ။ အခက်အခဲကြုံလာခဲ့ရင် စစ်ပြီးခေတ်ပြာပုံထဲက ရုန်းထလာတဲ့ Toyota ကို သတိရလိုက်ပါ။

 (7) Sony – Make Believe

ယုံကြည်လိုက်ပါ

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့လိုသလို အခြားသူတွေရဲ့ ယုံကြည်မှုရရှိအောင်လည်းကြိုးစားပါ။ Sonyရဲ့ ထုတ်ကုန်တိုင်းကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပြီး ဘယ်သူမှ သူရဲ့အရည်အသွေးကို မေးခွန်းထုတ်လို့မရပါဘူး။ Sony ရဲ့ထုံးကိုနလုံးမူပါ။ ကိုယ့်ရဲ့နာမည်ကိုပြောလိုက်တာနဲ့ လူတိုင်းရဲ့ ယုံကြည်မှုကိုရရှိပါစေ။

 (8) EA – Challenge everything

အားလုံးကို စိန်ခေါ်မယ်

EA ဆိုတာ ဂိမ်းအများအပြားကို ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီပါ။ သူတို့ထုတ်ထုတ်တဲ့ ဂိမ်းတွေ အားလုံးက ပြိုင်ဖက်တွေရှိန်နေလောက်အောင် အရည်အသွေးကောင်းပါတယ်။ ဘယ်အရာကိုမှ မကြိုက်ရွံ့ပါနဲ့။ ပြိုင်ဖက်ဆိုတာ ကိုယ့်အတွက်တွန်းအားပါ။ အောင်မြင်ဖို့ဆိုရင် ပြိုင်ဖက်ကောင်း ကောင်းလိုပါတယ်။ Nike နဲ့ Adidas ၊ Pepsi နဲ့ CocaCola တို့ကို ကြည့်ပါ။

(9) Adidas – Impossible is Nothing

မဖြစ်နိုင်ဘူးဆိုတာမရှိဘူး

တစ်ခုထဲကို စူးစူးစိုက်စိုက်လုပ်ပါ။ ဇောက်ချလုပ်ပါ။  မဖြစ်နိုင်ဘူးဆိုတာ ဘယ်အရာမှမရှိပါဘူး။ ကျွန်တော်တို့ဟာ အများအားဖြင့် ကိုယ်ကိုယ့်ကို ဘာဖြစ်ချင်မှန်း မသိကြတာများပါတယ်။ ဖြစ်ချင်တာကို သိတဲ့အချိန်ကြတဲ့ အသက်နည်းနည်းကြီးသွားတာမို့ ဒီအချိန်မှလုပ်ရင် ဖြစ်ရောဖြစ်နိုင်ပါ့မှမလားလို့ စိုးရိမ်ကြပြန်ရော။ တစိုက်မတ်မတ်သာ လုပ်ပါ။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။

မင်းသုခ (အခရာ)

(www.akhayar.com)