[Zawgyi]

Instagram မွာ Follow လုပ္ထားသင့္တဲ့ Nail Artist ၆ ဦး

ပ်ိဳေမေလးေတြ လက္သည္းပံုေဖာ္ၾကတဲ့အခါတိုင္း ဘယ္ဒီဇိုင္းပံုေဖာ္ရမယ္ဆိုတာကို အျမဲစဥ္းစားရခက္တတ္ၾကပါတယ္။ ကိုယ္သေဘာက်တဲ့ လက္သည္းဒီဇိုင္းပံုေလးေတြ ေတြ႔မိတဲ့အခ်ိန္တိုင္းမွာ သိမ္းထားခဲ့ရင္ ဒီလိုေတြျဖစ္လာစရာမလိုေတာ့ဘူးေလ။ လက္သည္း ဒီဇိုင္းပံုစံအမိုက္စားေလးေတြကို Instagram မွာ ရွာလို႔ရနိုင္ပါတယ္။

၁။ Breanna Robak (nailsbybree)

Breanna က 411 Studio & Boutique Salon ပိုင္ရွင္တစ္ေယာက္ျဖစ္ျပီး သူပံုေဖာ္ထားတဲ့ လက္သည္း ဒီဇိုင္းေတြက အရမ္းမိုက္ပါတယ္။ အေရာင္စံုတယ္။ ဒီဇိုင္းေလးေတြလည္း ဆန္းတယ္။ Halloween လက္သည္းဒီဇိုင္းေတြဆို သူမ်ားေတြထက္ ေသသပ္တယ္။ အေရာင္ေတြ သံုးထားတာလည္း စံုတယ္။ လက္သည္းဒီဇိုင္းမွာ အဓိကက အေရာင္ကစားတတ္ဖို႔နဲ႔ ဒီဇိုင္းေသသပ္ဖို႔ပါပဲ။

nailsbybreee၂။ Yukimi (minmin_nail)

Yukimi ကေတာ့ Japanese Nail Artist တစ္ေယာက္ျဖစ္ပါတယ္။ သူက ပန္းပံု လက္သည္းဒီဇိုင္းေလးေတြ ေဖာ္တာမ်ားတယ္။ သူပံုေဖာ္တဲ႔ 3D ပန္းပံုေလးေတြဟာ လက္ေရာက္ေျမာက္တာကိုေတြ႔ရမွာပါ။ အေရာင္အႏုေလးေတြနဲ႔ အေရာင္ရင့္ေလးေတြ ေရာျပီး ပံုေဖာ္ေလ့ရွိပါတယ္။ ပန္းပံုေလးေတြအျပင္ Mable ဒီဇိုင္းေလးေတြလည္း ေဖာ္ပါေသးတယ္။ အနီေရာင္နဲ႔ အသားေရာင္ကေတာ့ သူအသံုးမ်ားတဲ့ အေရာင္ေလးေတြလို႔ေျပာလို႔ရပါတယ္။

minmin_nail၃။ Marie Nails (marienails)

Marie Nails က Professional Nail School ျဖစ္ပါတယ္။ သူကေတာ့ ဒီဇိုင္းသီးသန္႔ေတြမ်ားပါတယ္။ Modern Design ေလးေတြ ပံုေဖာ္တာမ်ားပါတယ္။ ပန္းပံုစံ လက္သည္းပံုေဖာ္တာေတာ့ နည္းပါတယ္။ Nail School ျဖစ္တဲ့အတြက္ လက္သည္းပံုေဖာ္ရတာ စိတ္ဝင္စားတဲ့သူေတြ သြားေရာက္ေလ့လာလို႔လည္း ရပါတယ္။

 

marienails

၄။ Vanity Projects (vanityprojects)

Vanity Projects ကေတာ့ လက္သည္းအလွျပင္ဆုိင္သက္သက္ျဖစ္ပါတယ္။ သူ႔ဆိုင္မွာ လာျပီး လက္သည္းပံုေဖာ္ထားသမွွ်ကို တင္ေလ့ရွိပါတယ္။ သူလည္းပဲ Modern Design ေလးေတြ မ်ားပါတယ္။ အေရာင္ေလးေတြ ရိုးျပီး ဒီဇိုင္းေလးေတြဆန္းပါတယ္။ Fashion Nail Art ပံုစံမ်ိဳးသြားပါတယ္။ အမ်ားဆံုးပံုေဖာ္ျဖစ္တဲ့ အေရာင္ကေတာ့ အမည္းေရာင္ေလးေတြမ်ားပါတယ္။

vanityprojects

၅။ Nina Park, Nail Art. Boston.(ninanailedit)

Nina က Nail Art ပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ သူရဲ႕ လက္သည္းဒီဇိုင္းေလးေတြကေတာ့ ရိုးရိုးေလးေတြမ်ားပါတယ္။ သံုးတဲ့ အေရာင္ေလးေတြက အေရာင္လြင္လြင္ေလးေတြနဲ႔ လူငယ္ၾကိဳက္ျဖစ္ပါတယ္။

ninanailedit

၆။ Gracie J, Nail Stylist/Artist (theeditorialnail)

Gracie ကေတာ့ လက္သည္းပံုေဖာ္တဲ့ ပညာရွင္တစ္ေယာက္ပါ။ သူပံုေဖာ္ထားတဲ့ လက္သည္းဒီဇိုင္းေလးေတြလည္း Modern Design ေလးေတြမ်ားပါတယ္။ ဒါ့အျပင္ သူမ်ားနဲ႔ မတူဘဲဆန္းဆန္းျပားျပားဒီဇိုင္းေလးေတြလည္း ဖန္တီးေလ႔ရွိပါတယ္။

theeditorialnail

ျမန္မာႏိုင္ငံက Fashion အက်ဆံုး မိန္းကေလးေတြရဲ႕ ဝတ္စားဆင္ယင္မႈ၊ lifestyle ေတြကို တစ္ေနရာတည္းမွာ ေဝေဝဆာဆာၾကည့္ခ်င္တယ္ဆိုရင္ေတာ့ Akhayar Lifestyle Instagram ကို Follow လုပ္ထားၿပီး ဘယ္ပြဲလမ္းသဘင္ ဘယ္ေနရာအေနအထားနဲ႔ ဘယ္လို Fashion မ်ိဳးက အလိုက္ဖက္ဆံုးလဲဆိုတာ ဝင္ေလ့လာလို႔ရေနပါၿပီ။ တစ္ကယ့္ကို Fashion အက်ဆံုး မိန္းကေလးေတြခ်ည္း စုစည္းေပးထားတာမို႔ Inspiration တစ္ခုအေနနဲ႔ ေသခ်ာေပါက္ Followထားသင့္တာအမွန္ပါ။

Redrose (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသ

ည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Instagram မှာ Follow လုပ်ထားသင့်တဲ့ Nail Artist ၆ ဦး

ပျိုမေလေးတွေ လက်သည်းပုံဖော်ကြတဲ့အခါတိုင်း ဘယ်ဒီဇိုင်းပုံဖော်ရမယ်ဆိုတာကို အမြဲစဉ်းစားရခက်တတ်ကြပါတယ်။ ကိုယ်သဘောကျတဲ့ လက်သည်းဒီဇိုင်းပုံလေးတွေ တွေ့မိတဲ့အချိန်တိုင်းမှာ သိမ်းထားခဲ့ရင် ဒီလိုတွေဖြစ်လာစရာမလိုတော့ဘူးလေ။ လက်သည်း ဒီဇိုင်းပုံစံအမိုက်စားလေးတွေကို Instagram မှာ ရှာလို့ရနိုင်ပါတယ်။

၁။ Breanna Robak (nailsbybree)

Breanna က 411 Studio & Boutique Salon ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူပုံဖော်ထားတဲ့ လက်သည်း ဒီဇိုင်းတွေက အရမ်းမိုက်ပါတယ်။ အရောင်စုံတယ်။ ဒီဇိုင်းလေးတွေလည်း ဆန်းတယ်။ Halloween လက်သည်းဒီဇိုင်းတွေဆို သူများတွေထက် သေသပ်တယ်။ အရောင်တွေ သုံးထားတာလည်း စုံတယ်။ လက်သည်းဒီဇိုင်းမှာ အဓိကက အရောင်ကစားတတ်ဖို့နဲ့ ဒီဇိုင်းသေသပ်ဖို့ပါပဲ။

nailsbybreee၂။ Yukimi (minmin_nail)

Yukimi ကတော့ Japanese Nail Artist တစ်ယောက်ဖြစ်ပါတယ်။ သူက ပန်းပုံ လက်သည်းဒီဇိုင်းလေးတွေ ဖော်တာများတယ်။ သူပုံဖော်တဲ့ 3D ပန်းပုံလေးတွေဟာ လက်ရောက်မြောက်တာကိုတွေ့ရမှာပါ။ အရောင်အနုလေးတွေနဲ့ အရောင်ရင့်လေးတွေ ရောပြီး ပုံဖော်လေ့ရှိပါတယ်။ ပန်းပုံလေးတွေအပြင် Mable ဒီဇိုင်းလေးတွေလည်း ဖော်ပါသေးတယ်။ အနီရောင်နဲ့ အသားရောင်ကတော့ သူအသုံးများတဲ့ အရောင်လေးတွေလို့ပြောလို့ရပါတယ်။

minmin_nail၃။ Marie Nails (marienails)

Marie Nails က Professional Nail School ဖြစ်ပါတယ်။ သူကတော့ ဒီဇိုင်းသီးသန့်တွေများပါတယ်။ Modern Design လေးတွေ ပုံဖော်တာများပါတယ်။ ပန်းပုံစံ လက်သည်းပုံဖော်တာတော့ နည်းပါတယ်။ Nail School ဖြစ်တဲ့အတွက် လက်သည်းပုံဖော်ရတာ စိတ်ဝင်စားတဲ့သူတွေ သွားရောက်လေ့လာလို့လည်း ရပါတယ်။

 

marienails

၄။ Vanity Projects (vanityprojects)

Vanity Projects ကတော့ လက်သည်းအလှပြင်ဆိုင်သက်သက်ဖြစ်ပါတယ်။ သူ့ဆိုင်မှာ လာပြီး လက်သည်းပုံဖော်ထားသမှျှကို တင်လေ့ရှိပါတယ်။ သူလည်းပဲ Modern Design လေးတွေ များပါတယ်။ အရောင်လေးတွေ ရိုးပြီး ဒီဇိုင်းလေးတွေဆန်းပါတယ်။ Fashion Nail Art ပုံစံမျိုးသွားပါတယ်။ အများဆုံးပုံဖော်ဖြစ်တဲ့ အရောင်ကတော့ အမည်းရောင်လေးတွေများပါတယ်။

vanityprojects

၅။ Nina Park, Nail Art. Boston.(ninanailedit)

Nina က Nail Art ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ လက်သည်းဒီဇိုင်းလေးတွေကတော့ ရိုးရိုးလေးတွေများပါတယ်။ သုံးတဲ့ အရောင်လေးတွေက အရောင်လွင်လွင်လေးတွေနဲ့ လူငယ်ကြိုက်ဖြစ်ပါတယ်။

ninanailedit

၆။ Gracie J, Nail Stylist/Artist (theeditorialnail)

Gracie ကတော့ လက်သည်းပုံဖော်တဲ့ ပညာရှင်တစ်ယောက်ပါ။ သူပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးတွေလည်း Modern Design လေးတွေများပါတယ်။ ဒါ့အပြင် သူများနဲ့ မတူဘဲဆန်းဆန်းပြားပြားဒီဇိုင်းလေးတွေလည်း ဖန်တီးလေ့ရှိပါတယ်။

theeditorialnail

မြန်မာနိုင်ငံက Fashion အကျဆုံး မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှု၊ lifestyle တွေကို တစ်နေရာတည်းမှာ ဝေဝေဆာဆာကြည့်ချင်တယ်ဆိုရင်တော့ Akhayar Lifestyle Instagram ကို Follow လုပ်ထားပြီး ဘယ်ပွဲလမ်းသဘင် ဘယ်နေရာအနေအထားနဲ့ ဘယ်လို Fashion မျိုးက အလိုက်ဖက်ဆုံးလဲဆိုတာ ဝင်လေ့လာလို့ရနေပါပြီ။ တစ်ကယ့်ကို Fashion အကျဆုံး မိန်းကလေးတွေချည်း စုစည်းပေးထားတာမို့ Inspiration တစ်ခုအနေနဲ့ သေချာပေါက် Followထားသင့်တာအမှန်ပါ။

Redrose (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသ

ည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။