[Zawgyi]

ကမၻာ့အဆင့္ျမင့္ဆုံးသုိင္းေပါင္းစုံအဖြဲ႕အစည္း (၅) ခု

သုိင္းေပါင္းစုံၿပိဳင္ပြဲ (Mixed Martial Arts) ေတြဟာ ၁၉၉၃ခုႏွစ္မွသာ စတင္က်င္းပတယ္ဆုိေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ တဟုန္ထုိးလူႀကိဳက္မ်ားလာတဲ့ အားကစားျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ သုိင္းေပါင္းစုံအဖြဲ႕ အစည္း (၁ဝဝ) ေက်ာ္ရွိတယ္လုိ႔ သုိင္းေပါင္းစုံကြန္ရက္ Tapology ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

သုိင္းေပါင္းစုံအေၾကာင္းအရာေတြကုိ စုစည္းတင္ျပေနတဲ့ ScorecardMMA သတင္းဌာနဟာ ကမၻာအျမင့္ဆုံးသုိင္းေပါင္းစုံအဖြဲ႕အစည္းေတြရဲ႕ အဆင့္အတန္းကုိ တင္ျပထားပါတယ္။

သုိင္းေပါင္းစုံအဖြဲ႕အစည္းရဲ႕ ေနာက္ဆုံးက်င္းပခဲ့တဲ့ၿပိဳင္ပြဲ၊ တစ္ႏွစ္ (၃၆၅ ရက္) အတြင္း က်င္းပခဲ့တဲ့ ၿပိဳင္ပြဲအေရအတြက္၊ ေနာက္ဆုံးသုံးလပတ္အတြင္းမွာ ယွဥ္ၿပိဳင္ေစခဲ့တဲ့ ကစားသမားအေရအတြက္၊ ကစားသမားေတြရဲ႕ အဆင့္အတန္းနဲ႔ တစ္ႏွစ္အတြင္း အေကာင္းဆုံးၿပိဳင္ပြဲစတဲ့ အခ်က္အလက္ေတြကုိ မူတည္ၿပီး အဖြဲ႕ အစည္းေတြရဲ႕ အဆင့္အတန္းကုိ တြက္ခ်က္တာျဖစ္ပါတယ္။ ScorecardMMA သတင္းဌာနရဲ႕ ေဖာ္ျပခ်က္ကုိ အေျခခံၿပီး ကမၻာ့အဆင့္အျမင့္ဆုံး သုိင္းေပါင္းစုံအဖြဲ႕အစည္း (၅) ခုကုိ ျပန္လည္ေဖာ္ျပပါမယ္။

(၅) ONE Championship

စကၤာပူႏုိင္ငံအေျခစုိက္ ONE Championship ဟာ ၂ဝ၁၁ခုႏွစ္ ဇူလုိင္လ (၁၄) ရက္ေန႔မွသာ တည္ေထာင္ခဲ့တဲ့ သုိင္းေပါင္းစုံအဖြဲ႕အစည္းဆုိေပမယ့္ အာရွတစ္ခြင္မွာေတာ့ အႀကီးမားဆုံးျဖစ္ေနပါၿပီ။ ၂ဝ၁၈ခုႏွစ္ စက္တင္ဘာလအထိ ၿပိဳင္ပြဲအေရအတြက္ (၇၇) ပြဲက်င္းပခဲ့ၿပီး (၁၃၈) ႏုိင္ငံကုိ ထုတ္လႊင့္ျပသေနပါတယ္။

CEO ျဖစ္တဲ့ Chatri Sityodtong ရဲ႕ ဦးေဆာင္မႈနဲ႔ သုိင္းေပါင္းစုံအျပင္ ေဘာက္ဆင္၊ ကစ္ေဘာက္ဆင္၊ ေမြထုိင္းနဲ႔ ရုိးရာလက္ေဝွ႔ပြဲေတြကုိ က်င္းပႏုိင္ခဲ့ပါတယ္။ Eddie Alvarez ၊ Bibiano Fernandes ၊ Brandon Vera ၊ Demetrious Johnson နဲ႔ Aung La N Sang တုိ႔လုိ နာမည္ေက်ာ္ေတြ ကစားေနတဲ့ သုိင္းေပါင္းစုံၿပိဳင္ပြဲႀကီးျဖစ္ပါတယ္။

(၄) Fight Nights Global (FNG)

ရုရွားႏုိင္ငံအေျခစုိက္ Fight Nights Global ဟာ ၂ဝ၁ဝခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး ၂ဝ၁၈ခုႏွစ္ ဇူလုိင္လအထိ ၿပိဳင္ပြဲအေရအတြက္ (၉ဝ) ပြဲအထိ က်င္းပခဲ့ပါတယ္။ Ildemar Alcântara ၊ Sultan Aliev ၊ Andrei Arlovski ၊ Ali Bagautinov နဲ႔ Diego Brandão တုိ႔လုိ နာမည္ေက်ာ္ေတြ ကစားေနပါတယ္။

(၃) Absolute Championship Berkut (ACB)

ရုရွားႏုိင္ငံအေျခစုိက္ Absolute Championship Berkut (ACB) ဟာ သုိင္းေပါင္းစုံသာမက ကစ္ေဘာက္ဆင္၊ ဘရာဇီးဂ်ဴဂ်စ္ဆုစတဲ့ ကစားနည္းေတြပါ က်င္းပေပးခဲ့ပါတယ္။ အားကစားတက္ၾကြလႈပ္ရွားသူ Mairbek Khasiev က တည္ေထာင္ခဲ့တာျဖစ္ၿပီး ပြဲေဝးေနတဲ့ အားကစားသမားေတြကုိ အလုပ္အကုိင္ဖန္တီးေပးခ်င္တဲ့ ေစတနာေၾကာင့္္ပါ။

၂ဝ၁၈ခုႏွစ္ စက္တင္ဘာလအထိ ၿပိဳင္ပြဲ (၉၈) ခုအထိ က်င္းပခဲ့ၿပီး ဥေရာပတုိက္မွာ ေအာင္ျမင္ေနတဲ့ အဖြဲ႕ အစည္းႀကီးျဖစ္ပါတယ္။ Absolute Championship Berkut (ACB) မွာ ေအာင္ျမင္လာတဲ့ ကစားသမားေတြဟာ Ultimate Fighting Championship (UFC) ကုိ သြားထုိးႏုိင္တဲ့အထိကုိ ျမင့္မားခဲ့ပါတယ္။

(၂) Bellator MMA

အေမရိကန္ႏုိင္ငံအေျခစုိက္ Bellator MMA ဟာ ကမၻာ့ဒုတိယအဆင့္ျမင့္ဆုံးသုိင္းေပါင္းစုံအဖြဲ႕ အစည္းလုိ႔ ဆုိႏုိင္ပါတယ္။ ၂ဝဝ၈ခုႏွစ္တည္းက တည္ေထာင္ခဲ့ၿပီး (၂၁၄) ပြဲ က်င္းပခဲ့ပါၿပီ။

Bellator MMA မွာ ေအာင္ျမင္လာတဲ့ ကစားသမားေတြဟာ Ultimate Fighting Championship (UFC) အထိကုိ ေျခဆန္႔ၾကသလုိ UFC မွာ လက္ရည္က်လာတဲ့သူေတြက Bellator MMA ကုိ ဆင္းထုိးၾကပါတယ္။ Rory MacDonald ၊ Gegard Mousasi ၊ Brent Primus ၊ Darrion Caldwell ၊ Ryan Bader နဲ႔ Patricio Pitbull တုိ႔လုိ ထိပ္တန္းဖုိက္တာေတြ ကစားေနပါတယ္။

(၁) Ultimate Fighting Championship (UFC)

Ultimate Fighting Championship (UFC) မွာ ထုိးသတ္ဖုိ႔ဆုိတာ ကစားသမားေတြရဲ႕ အိပ္မက္ပါ။ ၁၉၉၃ခုႏွစ္ ႏုိဝင္ဘာလ (၁၂) ရက္ေန႔က စတင္ခဲ့တဲ့ UFC ဟာ သုိင္းေပါင္းစုံရဲ႕ အစလုိ႔ေတာင္ ဆုိႏုိင္ပါတယ္။ လက္ရွိအခ်ိန္ထိ ၿပိဳင္ပြဲေပါင္း (၄၅၅) အထိ က်င္းပခဲ့ပါၿပီ။

UFC ဟာ တျခားသုိင္းေပါင္းစံုအဖြဲ႕ အစည္းေတြနဲ႔ယွဥ္ရင္ သက္တမ္းပုိရင့္သလုိ ကစားသမားေတြက ပိုက္ဆံပုိရၾကပါတယ္။ ျမင္လြယ္ေအာင္ေျပာရရင္ ONE Championship မွာ ထုိးေနတဲ့ ဖိုက္တာေတြက ေဒၚလာေသာင္းဂဏန္းေလာက္ပဲ ရေနတဲ့အခ်ိန္မွာ UFC ကစားသမားေတြက သန္းဂဏန္းပါ။

Brandon Vera ဆုိရင္ UFC မွာ ထုိးတုန္းက သာမန္ကစားသမားပဲျဖစ္ေပမယ့္ ONE Championship မွာေတာ့ ကမၻာ့ဟဲဗီးဝိတ္ခ်န္ပီယံႀကီးပါ။ UFC မွာေတာ့ Jon Jones ၊ Daniel Cormier ၊ Khabib Nurmagomedov ၊ Max Holloway ၊ Georges St-Pierre ၊ Conor McGregor ၊ Robert Whittaker နဲ႔ Tony Ferguson တုိ႔လုိ ထိပ္တန္းဖုိက္တာေတြ က်င္လည္ေနပါတယ္။

ONE Championship ရဲ႕ မစ္ဒယ္ဝိတ္တန္းကမၻာ့ခ်န္ပီယံ Aung La N Sang အေနနဲ႔ UFC ဘက္က စာခ်ဳပ္ခ်ဳပ္ဖုိ႔ ကမ္းလွမ္းလာရင္ လက္ခံသင့္တယ္လုိ႔ ျမင္မိပါတယ္။ UFC မွာသြားထုိးရင္ တစ္ကေန ျပန္စရမွာဆုိေပမယ့္ ကမၻာ့အဆင့္မီကစားသမားေတြနဲ႔ ယွဥ္ၿပိဳင္ရမွာပါ။

ေက်ာ္ၾကားမႈလည္း ဒီထက္ပုိလာၿပီး ပညာ၊ ထုိးသတ္ေၾကးလည္း ပုိရမွာ ေသခ်ာပါတယ္။ ျပည္သူ႕အခ်စ္ေတာ္ Aung La N Sang လည္း ကမၻာ့အဆင့္ျမင့္ဆုံးသုိင္းေပါင္းစုံအဖြဲ႕အစည္းျဖစ္တဲ့ UFC မွာ အျမန္ထုိးသတ္ရပါေစလုိ႔ ဆုေတာင္းလုိက္ရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကမ္ဘာ့အဆင့်မြင့်ဆုံးသိုင်းပေါင်းစုံအဖွဲ့အစည်း (၅) ခု

သိုင်းပေါင်းစုံပြိုင်ပွဲ (Mixed Martial Arts) တွေဟာ ၁၉၉၃ခုနှစ်မှသာ စတင်ကျင်းပတယ်ဆိုပေမယ့် လက်ရှိအချိန်မှာတော့ တဟုန်ထိုးလူကြိုက်များလာတဲ့ အားကစားဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သိုင်းပေါင်းစုံအဖွဲ့ အစည်း (၁ဝဝ) ကျော်ရှိတယ်လို့ သိုင်းပေါင်းစုံကွန်ရက် Tapology ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သိုင်းပေါင်းစုံအကြောင်းအရာတွေကို စုစည်းတင်ပြနေတဲ့ ScorecardMMA သတင်းဌာနဟာ ကမ္ဘာအမြင့်ဆုံးသိုင်းပေါင်းစုံအဖွဲ့အစည်းတွေရဲ့ အဆင့်အတန်းကို တင်ပြထားပါတယ်။

သိုင်းပေါင်းစုံအဖွဲ့အစည်းရဲ့ နောက်ဆုံးကျင်းပခဲ့တဲ့ပြိုင်ပွဲ၊ တစ်နှစ် (၃၆၅ ရက်) အတွင်း ကျင်းပခဲ့တဲ့ ပြိုင်ပွဲအရေအတွက်၊ နောက်ဆုံးသုံးလပတ်အတွင်းမှာ ယှဉ်ပြိုင်စေခဲ့တဲ့ ကစားသမားအရေအတွက်၊ ကစားသမားတွေရဲ့ အဆင့်အတန်းနဲ့ တစ်နှစ်အတွင်း အကောင်းဆုံးပြိုင်ပွဲစတဲ့ အချက်အလက်တွေကို မူတည်ပြီး အဖွဲ့ အစည်းတွေရဲ့ အဆင့်အတန်းကို တွက်ချက်တာဖြစ်ပါတယ်။ ScorecardMMA သတင်းဌာနရဲ့ ဖော်ပြချက်ကို အခြေခံပြီး ကမ္ဘာ့အဆင့်အမြင့်ဆုံး သိုင်းပေါင်းစုံအဖွဲ့အစည်း (၅) ခုကို ပြန်လည်ဖော်ပြပါမယ်။

(၅) ONE Championship

စင်္ကာပူနိုင်ငံအခြေစိုက် ONE Championship ဟာ ၂ဝ၁၁ခုနှစ် ဇူလိုင်လ (၁၄) ရက်နေ့မှသာ တည်ထောင်ခဲ့တဲ့ သိုင်းပေါင်းစုံအဖွဲ့အစည်းဆိုပေမယ့် အာရှတစ်ခွင်မှာတော့ အကြီးမားဆုံးဖြစ်နေပါပြီ။ ၂ဝ၁၈ခုနှစ် စက်တင်ဘာလအထိ ပြိုင်ပွဲအရေအတွက် (၇၇) ပွဲကျင်းပခဲ့ပြီး (၁၃၈) နိုင်ငံကို ထုတ်လွှင့်ပြသနေပါတယ်။

CEO ဖြစ်တဲ့ Chatri Sityodtong ရဲ့ ဦးဆောင်မှုနဲ့ သိုင်းပေါင်းစုံအပြင် ဘောက်ဆင်၊ ကစ်ဘောက်ဆင်၊ မွေထိုင်းနဲ့ ရိုးရာလက်ဝှေ့ပွဲတွေကို ကျင်းပနိုင်ခဲ့ပါတယ်။ Eddie Alvarez ၊ Bibiano Fernandes ၊ Brandon Vera ၊ Demetrious Johnson နဲ့ Aung La N Sang တို့လို နာမည်ကျော်တွေ ကစားနေတဲ့ သိုင်းပေါင်းစုံပြိုင်ပွဲကြီးဖြစ်ပါတယ်။

(၄) Fight Nights Global (FNG)

ရုရှားနိုင်ငံအခြေစိုက် Fight Nights Global ဟာ ၂ဝ၁ဝခုနှစ်မှာ တည်ထောင်ခဲ့ပြီး ၂ဝ၁၈ခုနှစ် ဇူလိုင်လအထိ ပြိုင်ပွဲအရေအတွက် (၉ဝ) ပွဲအထိ ကျင်းပခဲ့ပါတယ်။ Ildemar Alcântara ၊ Sultan Aliev ၊ Andrei Arlovski ၊ Ali Bagautinov နဲ့ Diego Brandão တို့လို နာမည်ကျော်တွေ ကစားနေပါတယ်။

(၃) Absolute Championship Berkut (ACB)

ရုရှားနိုင်ငံအခြေစိုက် Absolute Championship Berkut (ACB) ဟာ သိုင်းပေါင်းစုံသာမက ကစ်ဘောက်ဆင်၊ ဘရာဇီးဂျူဂျစ်ဆုစတဲ့ ကစားနည်းတွေပါ ကျင်းပပေးခဲ့ပါတယ်။ အားကစားတက်ကြွလှုပ်ရှားသူ Mairbek Khasiev က တည်ထောင်ခဲ့တာဖြစ်ပြီး ပွဲဝေးနေတဲ့ အားကစားသမားတွေကို အလုပ်အကိုင်ဖန်တီးပေးချင်တဲ့ စေတနာကြောင့််ပါ။

၂ဝ၁၈ခုနှစ် စက်တင်ဘာလအထိ ပြိုင်ပွဲ (၉၈) ခုအထိ ကျင်းပခဲ့ပြီး ဥရောပတိုက်မှာ အောင်မြင်နေတဲ့ အဖွဲ့ အစည်းကြီးဖြစ်ပါတယ်။ Absolute Championship Berkut (ACB) မှာ အောင်မြင်လာတဲ့ ကစားသမားတွေဟာ Ultimate Fighting Championship (UFC) ကို သွားထိုးနိုင်တဲ့အထိကို မြင့်မားခဲ့ပါတယ်။

(၂) Bellator MMA

အမေရိကန်နိုင်ငံအခြေစိုက် Bellator MMA ဟာ ကမ္ဘာ့ဒုတိယအဆင့်မြင့်ဆုံးသိုင်းပေါင်းစုံအဖွဲ့ အစည်းလို့ ဆိုနိုင်ပါတယ်။ ၂ဝဝ၈ခုနှစ်တည်းက တည်ထောင်ခဲ့ပြီး (၂၁၄) ပွဲ ကျင်းပခဲ့ပါပြီ။

Bellator MMA မှာ အောင်မြင်လာတဲ့ ကစားသမားတွေဟာ Ultimate Fighting Championship (UFC) အထိကို ခြေဆန့်ကြသလို UFC မှာ လက်ရည်ကျလာတဲ့သူတွေက Bellator MMA ကို ဆင်းထိုးကြပါတယ်။ Rory MacDonald ၊ Gegard Mousasi ၊ Brent Primus ၊ Darrion Caldwell ၊ Ryan Bader နဲ့ Patricio Pitbull တို့လို ထိပ်တန်းဖိုက်တာတွေ ကစားနေပါတယ်။

(၁) Ultimate Fighting Championship (UFC)

Ultimate Fighting Championship (UFC) မှာ ထိုးသတ်ဖို့ဆိုတာ ကစားသမားတွေရဲ့ အိပ်မက်ပါ။ ၁၉၉၃ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့က စတင်ခဲ့တဲ့ UFC ဟာ သိုင်းပေါင်းစုံရဲ့ အစလို့တောင် ဆိုနိုင်ပါတယ်။ လက်ရှိအချိန်ထိ ပြိုင်ပွဲပေါင်း (၄၅၅) အထိ ကျင်းပခဲ့ပါပြီ။

UFC ဟာ တခြားသိုင်းပေါင်းစုံအဖွဲ့ အစည်းတွေနဲ့ယှဉ်ရင် သက်တမ်းပိုရင့်သလို ကစားသမားတွေက ပိုက်ဆံပိုရကြပါတယ်။ မြင်လွယ်အောင်ပြောရရင် ONE Championship မှာ ထိုးနေတဲ့ ဖိုက်တာတွေက ဒေါ်လာသောင်းဂဏန်းလောက်ပဲ ရနေတဲ့အချိန်မှာ UFC ကစားသမားတွေက သန်းဂဏန်းပါ။

Brandon Vera ဆိုရင် UFC မှာ ထိုးတုန်းက သာမန်ကစားသမားပဲဖြစ်ပေမယ့် ONE Championship မှာတော့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံကြီးပါ။ UFC မှာတော့ Jon Jones ၊ Daniel Cormier ၊ Khabib Nurmagomedov ၊ Max Holloway ၊ Georges St-Pierre ၊ Conor McGregor ၊ Robert Whittaker နဲ့ Tony Ferguson တို့လို ထိပ်တန်းဖိုက်တာတွေ ကျင်လည်နေပါတယ်။

ONE Championship ရဲ့ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ Aung La N Sang အနေနဲ့ UFC ဘက်က စာချုပ်ချုပ်ဖို့ ကမ်းလှမ်းလာရင် လက်ခံသင့်တယ်လို့ မြင်မိပါတယ်။ UFC မှာသွားထိုးရင် တစ်ကနေ ပြန်စရမှာဆိုပေမယ့် ကမ္ဘာ့အဆင့်မီကစားသမားတွေနဲ့ ယှဉ်ပြိုင်ရမှာပါ။

ကျော်ကြားမှုလည်း ဒီထက်ပိုလာပြီး ပညာ၊ ထိုးသတ်ကြေးလည်း ပိုရမှာ သေချာပါတယ်။ ပြည်သူ့အချစ်တော် Aung La N Sang လည်း ကမ္ဘာ့အဆင့်မြင့်ဆုံးသိုင်းပေါင်းစုံအဖွဲ့အစည်းဖြစ်တဲ့ UFC မှာ အမြန်ထိုးသတ်ရပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com