[Zawgyi]

ကမာၻေပၚက တန္ဖိုးအႀကီးျမင့္ဆံုး ဒိတ္ဒိတ္ၾကဲ နာမည္ႀကီး ဖိနပ္ Brand မ်ား

ဖိနပ္လွလွေတြဟာ ေကာင္းတဲ႔ေနရာကို ေခၚေဆာင္သြားေပးပါတယ္ဆိုတဲ႔ စကားေလးေတြအတိုင္း မိန္းကေလးေတြဟာ ဖိနပ္လွလွေလးေတြကိုေတြ႔ရင္ မေနႏိုင္ဘဲ ဝယ္မိတတ္ၾကသလို မဝယ္မိရင္ေတာင္ အနည္းဆံုး လည္ျပန္ၾကည့္မိတတ္ၾကပါတယ္။ အဲဒီလို ဖိနပ္လွလွေတြဟာ ဘယ္ေလာက္ေတာင္ စဲြေဆာင္မႈရွိလဲဆိုေတာ့ မိန္းကေလးေတြဆီမွာ ဖိနပ္ေတြအမ်ားႀကီး ဝယ္ယူစုေဆာင္းထားတာကို ၾကည့္ရုံနဲ႔ သိႏိုင္ပါတယ္။ အဲဒီလုိ ဖိနပ္လွလွေလးေတြကို ရူးသြပ္သူေတြအတြက္ ေဖာ္ျပေပးခ်င္တာက ေစ်းကြက္ထဲမွာရွိတဲ႔ ေစ်းအႀကီးဆံုး အေကာင္းဆံုးလို႔ နာမည္ေက်ာ္ေနတဲ႔ ဖိနပ္ Brand ေတြအေၾကာင္းပဲ ျဖစ္ပါတယ္။

(၁) Miu Miu

Prada ရဲ႕ လက္ေအာက္ခံ ကုမၸဏီခဲြျဖစ္တဲ႔ Miu Miu ဟာ အမ်ဳိးသမီးဝတ္ Italian High Fashion ေတြနဲ႔ ဆက္စပ္တဲြဖက္အသံုးအေဆာင္ပစၥည္းေတြ ေရာင္းခ်ေပးေနတဲ႔ Brand ပဲ ျဖစ္ပါတယ္။ မိခင္ကုမၸဏီျဖစ္တဲ႔ Prada ဟာ သူတို႔ရဲ႕ေဖာက္သည္ေတြကို ေက်ာ့ရွင္းလွပမႈနဲ႔ ေခတ္မီဆန္းသစ္တဲ႔ဒီဇိုင္းမ်ားကို ေပးစြမ္းႏိုင္ဖို႔ ႀကိဳးစားေနစဥ္ Miu Miu ကေတာ့ မိခင္ကုမၸဏီနဲ႔မတူ ကဲြဲျပားတဲ႔ဒီဇို္င္းေတြနဲ႔ ေစ်းကြက္ထဲကို ထိုးေဖာက္ဝင္ေရာက္လာခဲ႔ပါတယ္။ Miu Miu ဟာ စထြက္ကတည္းက ဝယ္သူေတြ ႀကိဳက္ႏွစ္သက္ၾကတာမဟုတ္ဘဲ ေဝဖန္မႈေတြ အမ်ားႀကီးခံခဲ႔ရၿပီးမွ နံပါတ္(၁) ေစ်းအႀကီးဆံုးေနရာကို ရရွိပိုင္ဆိုင္တာျဖစ္ပါတယ္။ ဖိနပ္ဒီဇို္င္းေတြကို ဖန္တီးတဲ႔ေနရာမွာ မိန္းမဆန္ဆန္ Luxury က်က်ပံုစံကုိမွ ေခတ္နဲ႔လုိက္ဖက္ညီမႈရွိေအာင္ ဖန္တီးထားတာ ျဖစ္ပါတယ္။ ယေန႔ေခတ္မွာေတာ့ ဒီဖိနပ္ Brand ဟာ အမ်ဳိးသမီးေတာ္ေတာ္မ်ားမ်ားကို ဆဲြေဆာင္မႈအားေကာင္းေနတဲ႔ Brand တစ္ခုအျဖစ္ ရပ္တည္ေနပါတယ္။

Miu Miu

Miu Miu

(၂) Christian Louboutin

“Louboutin” ကို တစ္ခါေလာက္အျပင္မွာ ျမင္ဖူးရင္ ဘာေၾကာင့္ ေစ်းႏႈန္းအႀကီးဆံုး ဖိနပ္စာရင္းထဲမွာ ပါဝင္ရတာလဲဆိုတာကို ေကာင္းေကာင္း နားလည္သေဘာေပါက္သြားပါလိမ့္မယ္။ စဲြေဆာင္မႈအားေကာင္းတဲ့ Louboutin Brand ေနာက္ကြယ္က ဖိနပ္ဒီဇုိင္နာရဲ႕ ဇာတ္လမ္းကလည္း စိတ္ဝင္စားဖြယ္ေကာင္းၿပီး မေတာ္တဆျဖစ္ရပ္တစ္ခုကေန ဖိနပ္ဒီဇုိင္းကို စတင္ျပဳလုပ္ဖို႔ အၾကံရရွိခဲ႔တာ ျဖစ္ပါတယ္။ ဒီဖိနပ္ရဲ႕ ဒီဇုိင္နာျဖစ္တဲ႔ Christian Louboutin ဟာ ေက်ာင္းမွအထုတ္ခံရၿပီးေနာက္ အလုပ္ေပါင္းအေျမာက္အျမားကို သြားေရာက္ေလွ်ာက္ထားခဲ႔ပါတယ္။ အဲဒီလို အလုပ္ေပါင္းအေျမာက္အျမားေလွ်ာက္ၿပီးတဲ႔ေနာက္ ၈၀ ခုႏွစ္အေစာပိုင္းမွာ သူဟာ Freelancer Shoe ဒီဇိုင္နာအျဖစ္ စတင္အလုပ္လုပ္ခဲ႔ပါတယ္။ Freelancer Shoe ဒီဇိုင္းနာအျဖစ္ ႏွစ္အနည္းငယ္ေလာက္ လုပ္ၿပီးတဲ႔အခါ ကိုယ္ပိုင္တံဆိပ္ကို စတင္ျပဳလုပ္ခဲ႔ပါတယ္။ နာမည္ႀကီး Shoe Brand အျဖစ္ဖန္တီးဖို႔ Idea ရလာခဲ႔ပံုကေတာ့ သူလက္ေထာက္ရဲ႕ ေျခေထာက္မွာ ေျခသည္းနီဆိုးထားတာကို ၾကည့္ၿပီး ဖိနပ္ရဲ႕Sole ကို အနီေရာင္နဲ႔ ထုတ္ၿပီး အမ်ားနဲ႔မတူ ကဲြျပားတဲ့ ဒီဇိုိင္းကို ဖန္တီးႏိုင္ခဲ႔ပါတယ္။အဲဒီအနီေရာင္ Sole ပါတဲ႔ ဖိနပ္ ထုတ္လုပ္ၿပီး မၾကာခင္မွာပဲ လူေတြရဲ႕အာရုံကို သိမ္းပိုက္ႏိုင္ခဲ႔ပါတယ္။ နာမည္ႀကီးလာတာနဲ႔ ပံုတူကူးခ်ျခင္းကိစၥေတြလည္း ျဖစ္ပြားလာၿပီး YVS က Louboutin ရဲ႕ Sole အတုိင္း တစ္ပံုစံတည္း ကူးခ်လို႔ တရားရင္ဆိုင္ရတာေတြလည္း ျဖစ္ပြားခဲ႔ပါတယ္။ အခုခ်ိန္မွာ Loubouti ဟာ ကမာၻ႔ေပၚမွာ Luxury က်တဲ့ Shoe Brand အျဖစ္နဲ႔ေကာ ေစ်းအႀကီးျမင့္ဆံုး ဖိနပ္စာရင္းထဲမွာပါ ပါဝင္ၿပီး နာမည္ေက်ာ္ၾကားလို႔ ေနပါတယ္။

Christian Louboutin Crystal Heel

Christian Louboutin Crystal Heel

(၃)Manolo Blahnik

Manolo Blahnik ရဲ႕ ေဒါက္ေတြက Holy Man of Heel အျဖစ္ ေက်ာ္ၾကားပါတယ္။ ဒီဖိနပ္ရဲ႕ ဒီဇိုုင္နာကေတာ့ Manolo Blahnik ျဖစ္ၿပီး စပိန္ဖိနပ္ ဖက္ရွင္ဒီဇုိင္နာ ျဖစ္ပါတယ္။ သူရဲ႕ဒီဇိုင္းေတြက စစ္မွန္ၿပီး စနစ္တက် ျပဳလုပ္ထားတာျဖစ္တဲ့အျပင္ အေရအတြက္ကုိလည္း အကန္႔အသတ္နဲ႔ပဲ ထုတ္လုပ္ေရာင္းခ်ပါတယ္။ ၁၉၆၈ ခုႏွစ္မွာ Vogue မဂၢဇင္းရဲ႕ Editor-in-Chief နဲ႔ ေတြ႕ဆံုခဲ့ၿပီး ဖိနပ္ေတြ စတင္ျပဳလုပ္ဖို႔ စိတ္ကူးရခဲ႔သူျဖစ္ပါတယ္။ ၁၉၇၁ ခုႏွစ္ေရာက္ေတာ့ သူဖန္တီးျပဳလုပ္ထားတဲ႔ ဖိနပ္ Collection ေတြကို တစုတစည္းတည္း စုစည္းၿပီး ျပသႏိုင္ခဲ႔ပါတယ္။ သူရဲ႕တီထြင္ဖန္တီးမႈေတြကို အနီေရာင္ေကာ္ေဇာထက္၊ ရုပ္ရွင္ေတြနဲ႔ တီဗီရႈိးေတြမွာ ျပသၿပီး ေၾကာ္ျငာေလ့ရွိတဲ႔ ဒီ Brand ဟာ ကမာၻေပၚရွိ ေစ်းအႀကီးဆံုးဖိနပ္စာရင္းေတြထဲမွာ နံပါတ္(၃) ေနရာမွာ ရပ္တည္လို႔ေနပါတယ္။

Manolo Blahnik

Manolo Blahnik

(၄) Jimmy Choo

Princess Diana ကေန Carrie Bradshaw အထိ ေတာ္ဝင္အသိုင္းအဝိုင္းနဲ႔ နာမည္ႀကီး ဒိတ္ဒိတ္ၾကဲ သစြာရွိေဖာက္သည္ေတြ ဝယ္ယူသံုးစဲြမႈကို ရရွိတဲ့ နာမည္္ႀကီး Brand တစ္ခု ျဖစ္ပါတယ္။ Jimmy Choo ကို ကနဦး စတင္ဖန္တီးခဲ့သူကေတာ့ Choo Yeang Keat ျဖစ္ၿပီး မေလးရွား ဒီဇိုင္နာ ျဖစ္ကာ ဖိနပ္လုပ္ငန္းလုပ္ကိုင္တဲ႔ မိဘမ်ဳိးရုိးကေန ေပါက္ဖြားလာသူ ျဖစ္ပါတယ္။ သူဟာ ေျခေထာက္အတုိင္းအတာကို ကတ္ျပားနဲ႔အတိုင္းယူျပီး ဖိနပ္ခ်ဳပ္ရာကေနစတင္ခဲ႔ၿပီး အလွပဆံုးနဲ႔ သက္ေသာင့္သက္သာအျဖစ္ဆံုး ဖိနပ္ေတြကို ဖန္တီးႏိုင္ခဲ့လို႔ ေတာမီးသဖြယ္ တဟုန္းထိုး နာမည္ႀကီးလာသူ ျဖစ္ပါတယ္။ Jimmy Choo Handmade ဖိနပ္ေတြဟာ အရည္အေသြးမွာေတာ႔ တကယ္႔ကိုအံ႔မခန္းပဲျဖစ္လုိ႔ ဒီေန႔ ဒီအခ်ိန္ထိ ဖိနပ္ေလာကမွာ ဒိတ္ဒိတ္ၾကဲၾကဲနာမည္ႀကီးကာ ဝယ္ယူမႈအားေကာင္းလို႔ ေနပါတယ္။ Jimmy Choo ဖိနပ္ Brand လို႔ဆိုလိုက္တာနဲ႔တင္ ဘယ္မိန္းကေလးမွ မေနႏုိင္ဘဲ တန္းတန္းစဲြ ဝယ္ယူလိုစိတ္ျဖစ္တာကလည္း ဒီ Brand ရဲ႕ထူးျခားခ်က္ျဖစ္ၿပီး ဒီလိုထူးျခားခ်က္ေတြေၾကာင့္လည္း တန္ဖိုးအႀကီးျမတ္ဆံုးဖိနပ္ေတြရဲ႕ စာရင္းထဲမွာ ပါဝင္ေနရျခင္းျဖစ္ပါတယ္။

Jimmy Choo

Jimmy Choo

အခုေဖာ္ျပထားတဲ႔ Brand ေတြကေတာ့ တန္ဖိုးအႀကီးဆံုးဖိနပ္ Brand ေတြအမ်ားႀကီးရွိတဲ႔ အထဲကမွ ဒီႏွစ္ တန္ဖိုးအႀကီးျမင့္ဆံုးလို႔႔ ေရပန္းစားေနတဲ႔ဖိနပ္ Brand တခ်ဳိ႕အေၾကာင္းျဖစ္ၿပီး Jimmy Choo Brand ရဲ႕ေနာက္မွာေတာ့ Walter Steiger ၊ Alexander McQueen ၊ Brian Atwood ၊ Stuart Weitzman ၊ Louis Vuitton နဲ႔ Gucci Brand တုိ႔ိလို တန္ဖိုးႀကီး နာမည္ေက်ာ္ ဒိတ္ဒိတ္ၾကဲ Brand ေတြ ရပ္တည္လို႔ ေနပါတယ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ကမ္ဘာပေါ်က တန်ဖိုးအကြီးမြင့်ဆုံး ဒိတ်ဒိတ်ကြဲ နာမည်ကြီး ဖိနပ် Brand များ

ဖိနပ်လှလှတွေဟာ ကောင်းတဲ့နေရာကို ခေါ်ဆောင်သွားပေးပါတယ်ဆိုတဲ့ စကားလေးတွေအတိုင်း မိန်းကလေးတွေဟာ ဖိနပ်လှလှလေးတွေကိုတွေ့ရင် မနေနိုင်ဘဲ ဝယ်မိတတ်ကြသလို မဝယ်မိရင်တောင် အနည်းဆုံး လည်ပြန်ကြည့်မိတတ်ကြပါတယ်။ အဲဒီလို ဖိနပ်လှလှတွေဟာ ဘယ်လောက်တောင် စွဲဆောင်မှုရှိလဲဆိုတော့ မိန်းကလေးတွေဆီမှာ ဖိနပ်တွေအများကြီး ဝယ်ယူစုဆောင်းထားတာကို ကြည့်ရုံနဲ့ သိနိုင်ပါတယ်။ အဲဒီလို ဖိနပ်လှလှလေးတွေကို ရူးသွပ်သူတွေအတွက် ဖော်ပြပေးချင်တာက ဈေးကွက်ထဲမှာရှိတဲ့ ဈေးအကြီးဆုံး အကောင်းဆုံးလို့ နာမည်ကျော်နေတဲ့ ဖိနပ် Brand တွေအကြောင်းပဲ ဖြစ်ပါတယ်။

(၁) Miu Miu

Prada ရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲဖြစ်တဲ့ Miu Miu ဟာ အမျိုးသမီးဝတ် Italian High Fashion တွေနဲ့ ဆက်စပ်တွဲဖက်အသုံးအဆောင်ပစ္စည်းတွေ ရောင်းချပေးနေတဲ့ Brand ပဲ ဖြစ်ပါတယ်။ မိခင်ကုမ္ပဏီဖြစ်တဲ့ Prada ဟာ သူတို့ရဲ့ဖောက်သည်တွေကို ကျော့ရှင်းလှပမှုနဲ့ ခေတ်မီဆန်းသစ်တဲ့ဒီဇိုင်းများကို ပေးစွမ်းနိုင်ဖို့ ကြိုးစားနေစဉ် Miu Miu ကတော့ မိခင်ကုမ္ပဏီနဲ့မတူ ကွဲပြားတဲ့ဒီဇိုင်းတွေနဲ့ ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ Miu Miu ဟာ စထွက်ကတည်းက ဝယ်သူတွေ ကြိုက်နှစ်သက်ကြတာမဟုတ်ဘဲ ဝေဖန်မှုတွေ အများကြီးခံခဲ့ရပြီးမှ နံပါတ်(၁) ဈေးအကြီးဆုံးနေရာကို ရရှိပိုင်ဆိုင်တာဖြစ်ပါတယ်။ ဖိနပ်ဒီဇိုင်းတွေကို ဖန်တီးတဲ့နေရာမှာ မိန်းမဆန်ဆန် Luxury ကျကျပုံစံကိုမှ ခေတ်နဲ့လိုက်ဖက်ညီမှုရှိအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ ဒီဖိနပ် Brand ဟာ အမျိုးသမီးတော်တော်များများကို ဆွဲဆောင်မှုအားကောင်းနေတဲ့ Brand တစ်ခုအဖြစ် ရပ်တည်နေပါတယ်။

Miu Miu

Miu Miu

(၂) Christian Louboutin

“Louboutin” ကို တစ်ခါလောက်အပြင်မှာ မြင်ဖူးရင် ဘာကြောင့် ဈေးနှုန်းအကြီးဆုံး ဖိနပ်စာရင်းထဲမှာ ပါဝင်ရတာလဲဆိုတာကို ကောင်းကောင်း နားလည်သဘောပေါက်သွားပါလိမ့်မယ်။ စွဲဆောင်မှုအားကောင်းတဲ့ Louboutin Brand နောက်ကွယ်က ဖိနပ်ဒီဇိုင်နာရဲ့ ဇာတ်လမ်းကလည်း စိတ်ဝင်စားဖွယ်ကောင်းပြီး မတော်တဆဖြစ်ရပ်တစ်ခုကနေ ဖိနပ်ဒီဇိုင်းကို စတင်ပြုလုပ်ဖို့ အကြံရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဖိနပ်ရဲ့ ဒီဇိုင်နာဖြစ်တဲ့ Christian Louboutin ဟာ ကျောင်းမှအထုတ်ခံရပြီးနောက် အလုပ်ပေါင်းအမြောက်အမြားကို သွားရောက်လျှောက်ထားခဲ့ပါတယ်။ အဲဒီလို အလုပ်ပေါင်းအမြောက်အမြားလျှောက်ပြီးတဲ့နောက် ၈၀ ခုနှစ်အစောပိုင်းမှာ သူဟာ Freelancer Shoe ဒီဇိုင်နာအဖြစ် စတင်အလုပ်လုပ်ခဲ့ပါတယ်။ Freelancer Shoe ဒီဇိုင်းနာအဖြစ် နှစ်အနည်းငယ်လောက် လုပ်ပြီးတဲ့အခါ ကိုယ်ပိုင်တံဆိပ်ကို စတင်ပြုလုပ်ခဲ့ပါတယ်။ နာမည်ကြီး Shoe Brand အဖြစ်ဖန်တီးဖို့ Idea ရလာခဲ့ပုံကတော့ သူလက်ထောက်ရဲ့ ခြေထောက်မှာ ခြေသည်းနီဆိုးထားတာကို ကြည့်ပြီး ဖိနပ်ရဲ့Sole ကို အနီရောင်နဲ့ ထုတ်ပြီး အများနဲ့မတူ ကွဲပြားတဲ့ ဒီဇိုင်းကို ဖန်တီးနိုင်ခဲ့ပါတယ်။အဲဒီအနီရောင် Sole ပါတဲ့ ဖိနပ် ထုတ်လုပ်ပြီး မကြာခင်မှာပဲ လူတွေရဲ့အာရုံကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ နာမည်ကြီးလာတာနဲ့ ပုံတူကူးချခြင်းကိစ္စတွေလည်း ဖြစ်ပွားလာပြီး YVS က Louboutin ရဲ့ Sole အတိုင်း တစ်ပုံစံတည်း ကူးချလို့ တရားရင်ဆိုင်ရတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ အခုချိန်မှာ Loubouti ဟာ ကမ္ဘာ့ပေါ်မှာ Luxury ကျတဲ့ Shoe Brand အဖြစ်နဲ့ကော ဈေးအကြီးမြင့်ဆုံး ဖိနပ်စာရင်းထဲမှာပါ ပါဝင်ပြီး နာမည်ကျော်ကြားလို့ နေပါတယ်။

Christian Louboutin Crystal Heel

Christian Louboutin Crystal Heel

(၃)Manolo Blahnik

Manolo Blahnik ရဲ့ ဒေါက်တွေက Holy Man of Heel အဖြစ် ကျော်ကြားပါတယ်။ ဒီဖိနပ်ရဲ့ ဒီဇိုင်နာကတော့ Manolo Blahnik ဖြစ်ပြီး စပိန်ဖိနပ် ဖက်ရှင်ဒီဇိုင်နာ ဖြစ်ပါတယ်။ သူရဲ့ဒီဇိုင်းတွေက စစ်မှန်ပြီး စနစ်တကျ ပြုလုပ်ထားတာဖြစ်တဲ့အပြင် အရေအတွက်ကိုလည်း အကန့်အသတ်နဲ့ပဲ ထုတ်လုပ်ရောင်းချပါတယ်။ ၁၉၆၈ ခုနှစ်မှာ Vogue မဂ္ဂဇင်းရဲ့ Editor-in-Chief နဲ့ တွေ့ဆုံခဲ့ပြီး ဖိနပ်တွေ စတင်ပြုလုပ်ဖို့ စိတ်ကူးရခဲ့သူဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်ရောက်တော့ သူဖန်တီးပြုလုပ်ထားတဲ့ ဖိနပ် Collection တွေကို တစုတစည်းတည်း စုစည်းပြီး ပြသနိုင်ခဲ့ပါတယ်။ သူရဲ့တီထွင်ဖန်တီးမှုတွေကို အနီရောင်ကော်ဇောထက်၊ ရုပ်ရှင်တွေနဲ့ တီဗီရှိုးတွေမှာ ပြသပြီး ကြော်ငြာလေ့ရှိတဲ့ ဒီ Brand ဟာ ကမ္ဘာပေါ်ရှိ ဈေးအကြီးဆုံးဖိနပ်စာရင်းတွေထဲမှာ နံပါတ်(၃) နေရာမှာ ရပ်တည်လို့နေပါတယ်။

Manolo Blahnik

Manolo Blahnik

(၄) Jimmy Choo

Princess Diana ကနေ Carrie Bradshaw အထိ တော်ဝင်အသိုင်းအဝိုင်းနဲ့ နာမည်ကြီး ဒိတ်ဒိတ်ကြဲ သစွာရှိဖောက်သည်တွေ ဝယ်ယူသုံးစွဲမှုကို ရရှိတဲ့ နာမည်ကြီး Brand တစ်ခု ဖြစ်ပါတယ်။ Jimmy Choo ကို ကနဦး စတင်ဖန်တီးခဲ့သူကတော့ Choo Yeang Keat ဖြစ်ပြီး မလေးရှား ဒီဇိုင်နာ ဖြစ်ကာ ဖိနပ်လုပ်ငန်းလုပ်ကိုင်တဲ့ မိဘမျိုးရိုးကနေ ပေါက်ဖွားလာသူ ဖြစ်ပါတယ်။ သူဟာ ခြေထောက်အတိုင်းအတာကို ကတ်ပြားနဲ့အတိုင်းယူပြီး ဖိနပ်ချုပ်ရာကနေစတင်ခဲ့ပြီး အလှပဆုံးနဲ့ သက်သောင့်သက်သာအဖြစ်ဆုံး ဖိနပ်တွေကို ဖန်တီးနိုင်ခဲ့လို့ တောမီးသဖွယ် တဟုန်းထိုး နာမည်ကြီးလာသူ ဖြစ်ပါတယ်။ Jimmy Choo Handmade ဖိနပ်တွေဟာ အရည်အသွေးမှာတော့ တကယ့်ကိုအံ့မခန်းပဲဖြစ်လို့ ဒီနေ့ ဒီအချိန်ထိ ဖိနပ်လောကမှာ ဒိတ်ဒိတ်ကြဲကြဲနာမည်ကြီးကာ ဝယ်ယူမှုအားကောင်းလို့ နေပါတယ်။ Jimmy Choo ဖိနပ် Brand လို့ဆိုလိုက်တာနဲ့တင် ဘယ်မိန်းကလေးမှ မနေနိုင်ဘဲ တန်းတန်းစွဲ ဝယ်ယူလိုစိတ်ဖြစ်တာကလည်း ဒီ Brand ရဲ့ထူးခြားချက်ဖြစ်ပြီး ဒီလိုထူးခြားချက်တွေကြောင့်လည်း တန်ဖိုးအကြီးမြတ်ဆုံးဖိနပ်တွေရဲ့ စာရင်းထဲမှာ ပါဝင်နေရခြင်းဖြစ်ပါတယ်။

Jimmy Choo

Jimmy Choo

အခုဖော်ပြထားတဲ့ Brand တွေကတော့ တန်ဖိုးအကြီးဆုံးဖိနပ် Brand တွေအများကြီးရှိတဲ့ အထဲကမှ ဒီနှစ် တန်ဖိုးအကြီးမြင့်ဆုံးလို့ ရေပန်းစားနေတဲ့ဖိနပ် Brand တချို့အကြောင်းဖြစ်ပြီး Jimmy Choo Brand ရဲ့နောက်မှာတော့ Walter Steiger ၊ Alexander McQueen ၊ Brian Atwood ၊ Stuart Weitzman ၊ Louis Vuitton နဲ့ Gucci Brand တို့ိလို တန်ဖိုးကြီး နာမည်ကျော် ဒိတ်ဒိတ်ကြဲ Brand တွေ ရပ်တည်လို့ နေပါတယ်။

H.H(Akhayar)

www.akhayar.com