[Zawgyi]

အသည္းကြဲသူတိုင္းမျဖစ္မေနဖတ္သင့္တဲ့ စာအုပ္(၅)အုပ္

ကိုယ္တကယ္ခ်စ္ရတဲ့သူနဲ႔ လမ္းခြဲၿပီးေနာက္ပိုင္း သူ႔ကိုဆံုးရံႈးရတဲ့ခံစားခ်က္ေတြ၊ နာက်င္မႈေတြ၊ သူရက္စက္သြားခဲ့တာေတြအတြက္ မခံမရပ္ႏိုင္တဲ့ ဒဏ္ရာေတြဗရပြနဲ႔ ကုစားရခက္ၿပီး က်န္ရစ္ခဲ့တာ ခ်စ္ခဲ့ဖူးသူတိုင္းရဲ႕ ေဝဒနာပါ။ တခ်ိဳ႕ကေတာ့ ဒီနာက်င္မႈေတြကို အလုပ္ေတြဖိလုပ္ရင္းေျဖေဖ်ာက္ၾကသလို၊ တခ်ိဳ႕ကလည္း အစားထိုးစရာေတြနဲ႔ ျပန္လည္အခ်ိန္ေပးကုစားတတ္ၾကပါတယ္။ အဲ့လို အသည္းကြဲေဝဒနာကို ကုစားဖို႔အကာင္းဆံုးအရာေတြထဲမွာ စာအုပ္ေတြလည္း အပါအဝင္ပါ။

နာက်င္ခဲ့သမွ်၊ ခံစားခဲ့ရသမွ် အေထြေထြကို စိတ္ထဲကထုတ္ဖို႔၊ ဒဏ္ရာေတြမွန္သမွ်ကုစားဖို႔အတြက္ဆိုရင္ေတာ့ ဒီစာအုပ္ေလး ၅ အုပ္က မျဖစ္မေန နာက်င္မႈေတြထဲက႐ုန္းထြက္ဖို႔ ကူညီေပးႏိုင္ပါလိမ့္မယ္။

(၁) Why We Broke Up-Daniel Handler

အသည္းကြဲေဝဒနာခံစားရတဲ့အခါ အဲ့ဒီအမွတ္တရေဟာင္းေတြ၊ နာက်င္မႈေတြထဲမွာပဲ ေပ်ာ္ေမြ႕ေနသူေတြအမ်ားႀကီးပါ။ ကိုယ့္ကိုသစၥာေဖာက္သြားခဲ့တဲ့ ခ်စ္ရသူ၊ ဒါမွမဟုတ္ စိတ္သေဘာထားမတိုက္ဆိုင္ေတာ့လို႔ လမ္းခြဲခဲ့ရတဲ့ ခ်စ္သူကို ကိုယ္ခံစားရသလို ထပ္တူနာက်င္ေနေစခ်င္သူေတြလည္း ရွိေကာင္းရွိမွာပါ။ ဒီစာေရးဆရာငယ္ေလးကေတာ့ အခ်စ္ဇာတ္လမ္းေလးတစ္ခုကို အစပထမအခ်ိဳၿမိန္ဆံုး အပိုင္းကေန ခါးသီးနာက်င္စရာဇာတ္သိမ္းအထိ အျဖစ္အပ်က္ေတြကို ပံုျပင္ေလးတစ္ပုဒ္လို ျပန္ေျပာင္းေရးသားထားခဲ့ၿပီး ျပတ္ဆဲသြားၿပီးတဲ့အခါ အမွတ္တရေတြၾကား ဘယ္လိုဆက္ရပ္တည္မလဲဆိုတာ ေဖာ္ျပခဲ့ပါတယ္။ ျပန္မဖတ္ခ်င္ေတာ့တဲ့စာေတြအမွတ္တရေတြကို ေသတၱာေလးတစ္လံုးထဲမွာပဲ သိမ္းထားလိုက္ေတာ့မလားဆိုတာ ဒီစာအုပ္ေလးထဲမွ အေျဖရွာႏိုင္ပါတယ္။

(၂) Colourless Tsukuru and His Years of Pilgrimage-Haruki Murakami

နာမည္ေက်ာ္ဂ်ပန္စာေရးဆရာႀကီး Murakami ရဲ႕ လက္မလႊတ္သင့္တဲ့ စာအုပ္ေလးတစ္အုပ္ပါ။ နာက်င္မႈအမွတ္တရေတြ၊ ေန႔စြဲေတြထဲမွာပဲ ပိတ္ေလွာင္မထားဘဲ သူငယ္ခ်င္းေတြနဲ႔ ရင္းႏွီးတဲ့ ေပါင္းသင္းဆက္ဆံေရးဆီကို ကူးေျပာင္းဖို႔ ရည္ရြယ္ထားတဲ့ ဝတၳဳေလးပါ။ နာက်င္မႈေတြကေန ႐ုန္းထြက္ၿပီး အသစ္တဖန္ျပန္လည္တည္ေဆာက္ဖို႔၊ဘဝကို ေရွ႕ဆက္သြားဖို႔ ခြန္အားေတြအမ်ားႀကီးကို ဆရာႀကီး Murakami က ဒီစာအုပ္ေလးထဲကတဆင့္ ထည့္သြင္းေပးခဲ့ပါတယ္။

(၃) Wild:From Lost to Found on the Pacific Crest Trail-Cheryl Strayed

အေကာင္းဆံုးအမ်ိဳးသားစာေပဆုရခဲ့တဲ့ ဒီစာအုပ္ေလးကေတာ့ အသည္းေတြေၾကကြဲၿပီး စိတ္ဓါတ္အၿပိဳၿပိဳအလဲလဲက်ဆင္းေနခဲ့တဲ့ စာေရးသူ Cheryl တစ္ေယာက္ အလြန္အင္မတန္အႏၲရာယ္မ်ားတဲ့ Pacific ေတာင္ၾကားလမ္းသြယ္ထိပ္ကို တစ္ေယာက္တည္းစြန္႔စားခရီးသြားခဲ့တဲ့အေၾကာင္းျဖစ္ပါတယ္။ ဒီစာအုပ္ေလးကေတာ့ ပတ္ဝန္းက်င္သစ္၊ ေနရာအသစ္တစ္ခုဟာ စိတ္ထဲက ဒဏ္ရာနာက်င္မႈေတြကို ေဆးေၾကာလိုက္သလို ပေပ်ာက္ေစၿပီး ဘဝေနထိုင္နည္းအသစ္ေတြကိုရွာေဖြေတြ႕လာေစမယ္လို႔ ကိုယ္တိုင္ေတြ႕ၾကံဳခဲ့ရသမွ်အေထြေထြကို စိတ္အားတက္ႂကြဖြယ္တင္ျပထားတဲ့စာအုပ္ေလးျဖစ္ပါတယ္။

(၄) Eat,Pray,Love-Elizabeth Gilbert

Cheryl Strayed ရဲ႕ Wild ဆိုတဲ့ အထက္ပါစာအုပ္ေလးလိုပဲ Elizabeth Gilbert ရဲ႕ Eat,Pray,Love ဟာလည္း သူမရဲ႕ ပ်က္စီးၿပိဳကြဲခဲ့တဲ့ အိမ္ေထာင္ေရးအၿပီးမွာ တစ္ကိုယ္ေတာ္တစ္ေယာက္တည္း ႏိုင္ငံ (၃) ႏိုင္ငံကို ခရီးထြက္ရာမွ ရရွိခဲ့တဲ့အေတြးသစ္၊ အျမင္သစ္ေတြ၊ စိတ္ခံစားခ်က္ေတြကို စိတ္အားတက္ႂကြဖြယ္ ေရးသားထားတဲ့စာအုပ္ေလးျဖစ္ပါတယ္။ ဒီစာအုပ္ေလးထဲကေန အခ်စ္တစ္ခုေသဆံုးသြားေပမယ့္ ပိုမိုသာလြန္ေကာင္းမြန္တဲ့ ခ်စ္ျခင္းတရားေတြရွိေနႏိုင္ေၾကာင္းကို စာေရးသူ Elizabeth က ေသခ်ာေဖာ္က်ဴးထားခဲ့ပါတယ္။

(၅) The Power of Habit-Charles Duhigg

ဒီစာအုပ္ေလးကေတာ့ ကိုယ့္စိတ္ဓါတ္ေတြကိုေကာင္းမြန္ေအာင္ ျပဳျပင္ေစၿပီးအမူအက်င့္ေကာင္းေတြကို ေမြးထုတ္ေပးဖို႔ ကိုယ္တိုင္သင္ျပေပးခဲ့တဲ့ သင္ေထာက္ကူဝတၳဳေလးျဖစ္ပါတယ္။ ဒီစာအုပ္ေလးကို ဖတ္ၿပီးတာနဲ႔ ေနထိုင္မႈေတြ၊ အသက္ရွင္သန္ရျခင္းအဓိပၸာယ္ေတြေျပာင္းလဲသြားၿပီး လူသစ္စိတ္သစ္ျဖစ္လာမွာပါ။

အထက္မွာ ေဖာ္ျပခဲ့တဲ့ဒီစာအုပ္ေလး ၅အုပ္ဟာ အသည္းကြဲေဝဒနာေတြနဲ႔ စိတ္ဓါတ္က်ၿပိဳလဲေနတဲ့ ဘဝတစ္ခုလံုးကို ျပန္လည္ေကာင္းမြန္ေအာင္တည္ေဆာက္ၿပီး ဘဝမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖတ္သန္းႏိုင္ဖို႔ အေကာင္းဆံုးစာအုပ္ေလးေတြျဖစ္တာေၾကာင့္ စိတ္ဓါတ္က်ေနသူေတြနဲ႔ အသည္းကြဲေဝဒနာ နာနာက်င္က်င္ခံစားေနရသူေတြအတြက္ မဖတ္မျဖစ္ ဖတ္ရႈသင့္တဲ့စာအုပ္ေလးေတြျဖစ္ပါတယ္လို႔ တင္ျပလိုက္ရပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

အသည်းကွဲသူတိုင်းမဖြစ်မနေဖတ်သင့်တဲ့ စာအုပ်(၅)အုပ်

ကိုယ်တကယ်ချစ်ရတဲ့သူနဲ့ လမ်းခွဲပြီးနောက်ပိုင်း သူ့ကိုဆုံးရှုံးရတဲ့ခံစားချက်တွေ၊ နာကျင်မှုတွေ၊ သူရက်စက်သွားခဲ့တာတွေအတွက် မခံမရပ်နိုင်တဲ့ ဒဏ်ရာတွေဗရပွနဲ့ ကုစားရခက်ပြီး ကျန်ရစ်ခဲ့တာ ချစ်ခဲ့ဖူးသူတိုင်းရဲ့ ဝေဒနာပါ။ တချို့ကတော့ ဒီနာကျင်မှုတွေကို အလုပ်တွေဖိလုပ်ရင်းဖြေဖျောက်ကြသလို၊ တချို့ကလည်း အစားထိုးစရာတွေနဲ့ ပြန်လည်အချိန်ပေးကုစားတတ်ကြပါတယ်။ အဲ့လို အသည်းကွဲဝေဒနာကို ကုစားဖို့အကာင်းဆုံးအရာတွေထဲမှာ စာအုပ်တွေလည်း အပါအဝင်ပါ။

နာကျင်ခဲ့သမျှ၊ ခံစားခဲ့ရသမျှ အထွေထွေကို စိတ်ထဲကထုတ်ဖို့၊ ဒဏ်ရာတွေမှန်သမျှကုစားဖို့အတွက်ဆိုရင်တော့ ဒီစာအုပ်လေး ၅ အုပ်က မဖြစ်မနေ နာကျင်မှုတွေထဲကရုန်းထွက်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

(၁) Why We Broke Up-Daniel Handler

အသည်းကွဲဝေဒနာခံစားရတဲ့အခါ အဲ့ဒီအမှတ်တရဟောင်းတွေ၊ နာကျင်မှုတွေထဲမှာပဲ ပျော်မွေ့နေသူတွေအများကြီးပါ။ ကိုယ့်ကိုသစ္စာဖောက်သွားခဲ့တဲ့ ချစ်ရသူ၊ ဒါမှမဟုတ် စိတ်သဘောထားမတိုက်ဆိုင်တော့လို့ လမ်းခွဲခဲ့ရတဲ့ ချစ်သူကို ကိုယ်ခံစားရသလို ထပ်တူနာကျင်နေစေချင်သူတွေလည်း ရှိကောင်းရှိမှာပါ။ ဒီစာရေးဆရာငယ်လေးကတော့ အချစ်ဇာတ်လမ်းလေးတစ်ခုကို အစပထမအချိုမြိန်ဆုံး အပိုင်းကနေ ခါးသီးနာကျင်စရာဇာတ်သိမ်းအထိ အဖြစ်အပျက်တွေကို ပုံပြင်လေးတစ်ပုဒ်လို ပြန်ပြောင်းရေးသားထားခဲ့ပြီး ပြတ်ဆဲသွားပြီးတဲ့အခါ အမှတ်တရတွေကြား ဘယ်လိုဆက်ရပ်တည်မလဲဆိုတာ ဖော်ပြခဲ့ပါတယ်။ ပြန်မဖတ်ချင်တော့တဲ့စာတွေအမှတ်တရတွေကို သေတ္တာလေးတစ်လုံးထဲမှာပဲ သိမ်းထားလိုက်တော့မလားဆိုတာ ဒီစာအုပ်လေးထဲမှ အဖြေရှာနိုင်ပါတယ်။

(၂) Colourless Tsukuru and His Years of Pilgrimage-Haruki Murakami

နာမည်ကျော်ဂျပန်စာရေးဆရာကြီး Murakami ရဲ့ လက်မလွှတ်သင့်တဲ့ စာအုပ်လေးတစ်အုပ်ပါ။ နာကျင်မှုအမှတ်တရတွေ၊ နေ့စွဲတွေထဲမှာပဲ ပိတ်လှောင်မထားဘဲ သူငယ်ချင်းတွေနဲ့ ရင်းနှီးတဲ့ ပေါင်းသင်းဆက်ဆံရေးဆီကို ကူးပြောင်းဖို့ ရည်ရွယ်ထားတဲ့ ဝတ္ထုလေးပါ။ နာကျင်မှုတွေကနေ ရုန်းထွက်ပြီး အသစ်တဖန်ပြန်လည်တည်ဆောက်ဖို့၊ဘဝကို ရှေ့ဆက်သွားဖို့ ခွန်အားတွေအများကြီးကို ဆရာကြီး Murakami က ဒီစာအုပ်လေးထဲကတဆင့် ထည့်သွင်းပေးခဲ့ပါတယ်။

(၃) Wild:From Lost to Found on the Pacific Crest Trail-Cheryl Strayed

အကောင်းဆုံးအမျိုးသားစာပေဆုရခဲ့တဲ့ ဒီစာအုပ်လေးကတော့ အသည်းတွေကြေကွဲပြီး စိတ်ဓါတ်အပြိုပြိုအလဲလဲကျဆင်းနေခဲ့တဲ့ စာရေးသူ Cheryl တစ်ယောက် အလွန်အင်မတန်အန္တရာယ်များတဲ့ Pacific တောင်ကြားလမ်းသွယ်ထိပ်ကို တစ်ယောက်တည်းစွန့်စားခရီးသွားခဲ့တဲ့အကြောင်းဖြစ်ပါတယ်။ ဒီစာအုပ်လေးကတော့ ပတ်ဝန်းကျင်သစ်၊ နေရာအသစ်တစ်ခုဟာ စိတ်ထဲက ဒဏ်ရာနာကျင်မှုတွေကို ဆေးကြောလိုက်သလို ပပျောက်စေပြီး ဘဝနေထိုင်နည်းအသစ်တွေကိုရှာဖွေတွေ့လာစေမယ်လို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသမျှအထွေထွေကို စိတ်အားတက်ကြွဖွယ်တင်ပြထားတဲ့စာအုပ်လေးဖြစ်ပါတယ်။

(၄) Eat,Pray,Love-Elizabeth Gilbert

Cheryl Strayed ရဲ့ Wild ဆိုတဲ့ အထက်ပါစာအုပ်လေးလိုပဲ Elizabeth Gilbert ရဲ့ Eat,Pray,Love ဟာလည်း သူမရဲ့ ပျက်စီးပြိုကွဲခဲ့တဲ့ အိမ်ထောင်ရေးအပြီးမှာ တစ်ကိုယ်တော်တစ်ယောက်တည်း နိုင်ငံ (၃) နိုင်ငံကို ခရီးထွက်ရာမှ ရရှိခဲ့တဲ့အတွေးသစ်၊ အမြင်သစ်တွေ၊ စိတ်ခံစားချက်တွေကို စိတ်အားတက်ကြွဖွယ် ရေးသားထားတဲ့စာအုပ်လေးဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲကနေ အချစ်တစ်ခုသေဆုံးသွားပေမယ့် ပိုမိုသာလွန်ကောင်းမွန်တဲ့ ချစ်ခြင်းတရားတွေရှိနေနိုင်ကြောင်းကို စာရေးသူ Elizabeth က သေချာဖော်ကျူးထားခဲ့ပါတယ်။

(၅) The Power of Habit-Charles Duhigg

ဒီစာအုပ်လေးကတော့ ကိုယ့်စိတ်ဓါတ်တွေကိုကောင်းမွန်အောင် ပြုပြင်စေပြီးအမူအကျင့်ကောင်းတွေကို မွေးထုတ်ပေးဖို့ ကိုယ်တိုင်သင်ပြပေးခဲ့တဲ့ သင်ထောက်ကူဝတ္ထုလေးဖြစ်ပါတယ်။ ဒီစာအုပ်လေးကို ဖတ်ပြီးတာနဲ့ နေထိုင်မှုတွေ၊ အသက်ရှင်သန်ရခြင်းအဓိပ္ပာယ်တွေပြောင်းလဲသွားပြီး လူသစ်စိတ်သစ်ဖြစ်လာမှာပါ။

အထက်မှာ ဖော်ပြခဲ့တဲ့ဒီစာအုပ်လေး ၅အုပ်ဟာ အသည်းကွဲဝေဒနာတွေနဲ့ စိတ်ဓါတ်ကျပြိုလဲနေတဲ့ ဘဝတစ်ခုလုံးကို ပြန်လည်ကောင်းမွန်အောင်တည်ဆောက်ပြီး ဘဝမှာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ အကောင်းဆုံးစာအုပ်လေးတွေဖြစ်တာကြောင့် စိတ်ဓါတ်ကျနေသူတွေနဲ့ အသည်းကွဲဝေဒနာ နာနာကျင်ကျင်ခံစားနေရသူတွေအတွက် မဖတ်မဖြစ် ဖတ်ရှုသင့်တဲ့စာအုပ်လေးတွေဖြစ်ပါတယ်လို့ တင်ပြလိုက်ရပါတယ်။

EiEiKhineMinn (Akhayar)