Butter Eating Competition

ထောပတ်ဆိုတာ မွှေးပြီးစားလို့ကောင်းတဲ့အရာပေမယ့် တော်တော်များများကတော့ သူ့ချည်းသီးသန့် ထိုင်စားချင်လောက်အောင် မကြိုက်ကြဘူးထင်ပါတယ်။ အများစုက ပေါင်မုန့်နဲ့တွဲဖက်စားတာမျိုးတွေလောက်ပဲ အများဆုံးလုပ်ကြမှာပါ။ ဒါပေမယ့် အခုပြိုင်ပွဲကတော့ ပေါင်မုန့်လို တွဲဖက်စားရမယ့်အရာတွေပါ ပါနေမှာမဟုတ်ပါဘူး။ ထောပတ်ချည်းပဲ စားရတာပါ။ ဒီတိုင်းပြောနေတာနဲ့တင် ညှင်းဆဲနေသလို ခံစားရပါတယ်။ ဒီပြိုင်ပွဲမှာ ထောပတ်အများဆုံးစားနိုင်သူအဖြစ် စံချိန်တင်ထားသူကတော့ Don Lerman ဆိုသူပဲ ဖြစ်ပါတယ်။ သူကတော့ နှစ်ပေါင်ခွဲအလေးချိန်နဲ့ညီမျှတဲ့ ထောပတ်တွေကို ငါးမိနစ်အတွင်းစားပြီး စံချိန်တင်ခဲ့တာဖြစ်ပါတယ်။ မအီဘူးလား မသိဘူးနော်။

World Oyster Eating Championship

နယူးအော်လန်ရဲ့ Oyster Festival ကို နှစ်စဉ် ဇွန်လမှာ ပြုလုပ်လေ့ရှိပါတယ်။ ဒီပွဲတော်မှာ ထည့်သွင်းကျင်းပလေ့ရှိတဲ့ ဒီပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ရင် အနိုင်ရရှိသူကတော့ အမေရိကန်ဒေါ်လာ ၁၀၀၀ လက်ဝယ်ပိုင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ခရုအမြန်ဆုံးစားနိုင်သူတွေကတော့ ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သူတွေပဲ ဖြစ်ပါလိမ့်မယ်။

International Kimchi Eating Championship Chowdown

ကင်ချီစားပြိုင်ပွဲပါတဲ့။ ဒီပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ ချီကာဂိုပြည်နယ်က Korea Town မှာ နှစ်တိုင်းကျင်းပလေ့ရှိပါတယ်။ ကင်ချီဆိုတာ သိတဲ့အတိုင်းပဲ ချဉ်လည်း ချဉ်၊ စပ်ကလည်းစပ်ဆိုတော့ ပြိုင်ပွဲဝင်သူတွေကို လက်ဖျားခါမိတာအမှန်ပါ။

World Crawfish Eating Championship

နယူးဂျာစီပြည်နယ်မှာ နှစ်တိုင်းကျင်းပလေ့ရှိတဲ့ ဒီပြိုင်ပွဲဟာ အစားပြိုင်ပွဲတွေရဲ့ သမိုင်းကြောင်းမှာ Wildest Record တင်ထားခြင်းခံထားရပါတယ်။ ဒီပြိုင်ပွဲရဲ့ အောင်နိုင်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Chris Hendrix ကတော့ အချိန် ၁၂ မိနစ်အတွင်း ဧရာမအခွံမာရေနေသတ္တဝါတွေ ၃၃၁ ခုကို အများဆုံးစားနိုင်သူအဖြစ် စံချိန်တင်ထားတာပါ။ သူ့စံချိန်ကို ချိုးဖျက်နိုင်ဖို့တော့ လွယ်မယ်မထင်ပါဘူး။

The Baked Bear World Ice-Cream Sandwich Eating Championship

နာမည်ကြည့်လိုက်တာနဲ့ အတော်လေးအမယ်များတဲ့ အစားပြိုင်ပွဲဆိုတာ ချက်ချင်းသိမှာပါ။ ရေခဲမုန့်ရယ် Sandwich ရယ်ကို အများဆုံး ငါးခုလောက်စီ စားလိုက်ရင်ပဲ ထမင်းစားဖို့မလိုလောက်အောင် ဗိုက်ဝနေပြီဆိုတော့ ဒါကိုပြိုင်ပွဲဝင်သူတွေက ဘယ်လောက်တောင် စားရမလဲဆိုတာ စဉ်းစားသာကြည့်ပါတော့။

အခုပြောပြပေးသွားတဲ့ ပြိုင်ပွဲတွေမှာ တူညီတာတစ်ခုရှိပါတယ်။ ဒါကတော့ ဒီပြိုင်ပွဲတွေအားလုံးက အမေရိကန်နိုင်ငံတစ်ခုတည်းမှာပဲ ကျင်းပတာပါ။ အမေရိကန်တွေက တစ်ခုခုဆိုအထူးအဆန်းလုပ်တတ်ကြတယ် ထင်ပါရဲ့။

Photo Credit

NSC (Akhayar)

www.akhayar.com