[Zawgyi]

ဘရာဇီးလ္ ေဘာလံုးသမိုင္းတစ္ေလ်ာက္အေကာင္းဆံုး ကစားသမား(၅)ဦး

အဂၤလန္ကို ေဘာလံုးဘိုးေအလို႔ေျပာရင္ ဘရာဇီးလ္ကိုေတာ႔ ေဘာလံုးရဲ႕အရွင္သခင္လို႔ ေျပာရပါလိမ္႔မယ္။ ကမၻာ႔အၾကီးက်ယ္ဆံုး ေဘာလံုးျပိဳင္ပြဲျဖစ္တဲ႔ ကမၻာ႔ဖလားျပိဳင္ပြဲမွာ (၅)ၾကိမ္ထိဗိုလ္စြဲထားျပီး ျပိဳင္ပြဲရဲ႕ အေအာင္ျမင္ဆံုးအသင္းျဖစ္တဲ႔ ဘရာဇီးလ္ဟာ ေဘာလံုးသမားေကာင္းေတြ အမ်ားၾကီးပိုင္ဆိုင္ထားပါတယ္။ ဘရာဇီးလ္ႏိုင္ငံဟာ ေဘာလံုးေရခံေျမခံေကာင္းတဲ႔ ႏိုင္ငံျဖစ္ျပီး ေခတ္အဆက္ဆက္ ေဘာလံုးသမားေကာင္းေတြ မ်ားစြာထြက္ေပၚခဲ႔တဲ႔ ႏိုင္ငံျဖစ္ပါတယ္။ ဒီအထဲမွာမွ အေကာင္းဆံုးကစားသမားကို ေရြးခ်ယ္ဖို႔ဆိုတာ ေတာ္ေတာ္ကိုခက္ခဲတဲ႔အရာပါ။ ဒါေပမဲ႔ Sportskeeda အားကစား၀က္ဆိုက္ဘ္ကေတာ႔ ဘရာဇီးလ္ ေဘာလံုးသမိုင္းတစ္ေလ်ာက္အေကာင္းဆံုး ကစားသမား(၅)ဦးေဖာ္ျပခဲ႔တာေၾကာင္႔ Akhayar Sports ပရိသတ္ေတြ သိရိွေစဖို႔အတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

(၅) ဇစ္ကို Zico

Zico

Zico

ဘရာဇီးလ္အသင္းအတြက္ ၁၉၇၆ ခုႏွစ္ကေန ၁၉၈၆ ခုႏွစ္အထိ ဆယ္စုႏွစ္တစ္ခုၾကာ ကစားေပးခဲ႔တဲ႔ ဇစ္ကို Zico ဟာ ဘရာဇီးလ္ ေဘာလံုးသမိုင္းတစ္ေလွ်ာက္အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးပါ။ ဇစ္ကိုဟာ ဘရာဇီးလ္အသင္းအတြက္ ပြဲေပါင္း(၇၁)ပြဲ ကစားခဲ႔ျပီး (၄၈)ဂိုးသြင္းယူခဲ႔သလို အသင္းနဲ႔အတူ ၁၉၇၈ ကမၻာ႔ဖလားျပိဳင္ပြဲနဲ႔ ၁၉၇၉ ကိုပါအေမရိကဖလားျပိဳင္ပြဲေတြမွာ တတိယဆုေတြကိုရရိွခဲ႔ပါတယ္။

(၄) ႐ိုမာရီယို Romario

Romario

Romario

ဘရာဇီးလ္အသင္းရဲ႕ အေကာင္းဆံုးတိုက္စစ္မႈးေတြထဲက တစ္ဦးျဖစ္တဲ႔ ႐ိုမာရီယို Romario ဟာ သူ႕ေခတ္သူ႕အအခါက ဘရာဇီးလ္အသင္းအတြက္ မရိွမျဖစ္ကစားသမားပါ။ ႐ိုမာရီယိုရဲ႕ ေျပးအား ၊ တိုးအားနဲ႔ ႐ုန္းအားေတြကိုေတာ႔ ပရိသတ္ေတြမွတ္မိေနၾကဦးမယ္လို႔ ထင္ပါတယ္။ ဘရာဇီးလ္အသင္းမွာ ႐ိုမာရီယိုဟာ ၁၉၈၇ ခုႏွစ္ကေန ၂၀၀၅ ခုႏွစ္အထိကစားခဲ႔ျပီး ပြဲေပါင္း(၇၀)မွာ (၅၅)ဂိုးသြင္းယူခဲ႔ပါတယ္။ ႐ိုမာရီယိုဟာ ဘရာဇီးလ္အသင္းနဲ႔ အတူဆုဖလားေအာင္ျမင္မႈေတြလည္းရရိွခဲ႔ပါတယ္။

႐ိုမာရီယို Romario ရဲ႕ ဘရာဇီးလ္ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Australia Bicentenary Gold Cup: 1988
Copa América: 1989, 1997
FIFA World Cup: 1994
FIFA Confederations Cup: 1997

(၃) ဂါရင္ခ်ာ Garrincha

Garrincha

Garrincha

ဘရာဇီးလ္ရဲ႕ ေဘာလံုးဂႏၳ၀င္တစ္ဦးျဖစ္တဲ႔ ဂါရင္ခ်ာ Garrincha ဟာ အသင္းအတြက္ ၁၉၅၅ ခုႏွစ္ကေန ၁၉၆၆ ခုႏွစ္အထိ ဆယ္စုနွစ္တစ္ခုေက်ာ္ၾကာကစားခဲ႔သူပါ။ ဂါရင္ခ်ာရဲ႕ ေတာင္ပံတစ္ေလွ်ာက္ အေကာင္းဆံုးထိုးေဖာက္မႈေတြဟာလည္း ဘရာဇီးလ္အသင္းအတြက္ အေထာက္အပံေကာင္းေတြျဖစ္ခဲ႔ပါတယ္။ ဂါရင္ခ်ာဟာ ဘရာဇီးလ္အသင္းအတြက္ ပြဲေပါင္း(၅၀)မွာ (၁၂)ဂိုးသြင္းယူႏိုင္ခဲ႔ျပီး အသင္းနဲ႔အတူဆုဖလားေအာင္ျမင္မႈေတြလည္းရရိွခဲ႔ပါတယ္။

ဂါရင္ခ်ာ Garrincha ရဲ႕ ဘရာဇီးလ္ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

FIFA World Cup Champion: 1958, 1962
O’Higgins Cup winner: 1955, 1959, 1961
Oswaldo Cruz Cup: 1960

(၂) ေရာ္နယ္လ္ဒို Ronaldo

Ronaldo

Ronaldo

ဘရာဇီးလ္တိုက္စစ္မႈး ေရာ္နယ္လ္ဒို Ronaldo ဟာ ဘယ္ေလာက္ေတာင္ ေကာင္းတဲ႔ ကစားသမားလည္းဆိုတာသိပ္ျပီးေျပာေနစရာမလိုပါဘူး။ ၂၀၀၂ ကမၻာ႔ဖလားျပိဳင္ပြဲကိုေတာ႔ ေရာ္နယ္လ္ဒိုအေနနဲ႔ သူရဲ႕ဘ၀မွာ ဘယ္ေတာ႔မွေမ႔လို႔ရမွာ မဟုတ္တာကလည္း ေသခ်ာေနတဲ႔အရာပါ။ အဲဒီျပိဳင္ပြဲမွာ ေရာ္နယ္လ္ဒိုရဲ႕ ဘရာဇီးလ္အသင္းဟာ ခ်န္ပီယံျဖစ္ခဲ႔ျပီး ေရာ္နယ္လ္ဒို ဟာလည္း ေရႊဖိနပ္ဆုကိုရရိွခဲ႔ပါတယ္။ ေရာ္နယ္လ္ဒိုဟာ ဘရာဇီးလ္အသင္းအတြက္ ၁၉၉၄ ခုႏွစ္ကေန ၂၀၁၁ ခုႏွစ္အထိ အခ်ိန္အေတာ္ၾကာ ကစားခဲ႔ျပီး ပြဲေပါင္း(၉၈)မွာ (၆၂)ဂိုးသြင္းယူႏိုင္ခဲ႔သလို အသင္းနဲ႔အတူဆုဖလားေအာင္ျမင္မႈေတြလည္းရရိွခဲ႔ပါတယ္။

ေရာ္နယ္လ္ဒို Ronaldo ရဲ႕ ဘရာဇီးလ္ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

FIFA World Cup (2): 1994, 2002
Copa América (2): 1997, 1999
FIFA Confederations Cup: 1997

(၁) ပီလီ Pele

Pele

Pele

ဘရာဇီးလ္အသင္းကို အသက္(၁၇)ႏွစ္အရြယ္မွာပဲ ကမၻာ႔ဖလားခ်န္ပီယံဆုကို ရရိွေအာင္ စြမ္းေဆာင္ေပးခဲ႔တဲ႔ ပီလီ Pele ကေတာ႔ နံပါတ္(၁)ေနရာမွာ အျငင္းပြားဖြယ္ရာမရိွ ရပ္တည္ေနပါတယ္။ ဘရာဇီးလ္အသင္းအတြက္ ၁၉၅၇ ကေန ၁၉၇၁ ခုႏွစ္အထိ ပီလီဟာ ႏွစ္ေပါင္းမ်ားစြာကစားခဲ႔ျပီး အရာအားလံုးေပးဆပ္ခဲ႔သူပါ။ ပီလီဟာ ဘရာဇီးလ္အသင္းအတြက္ ပြဲေပါင္း(၉၂)ပြဲမွာ (၇၇)ဂိုးသြင္းယူထားျပီး အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆံုးကစားသမား လည္းျဖစ္ပါတယ္။ ပီလီဟာ အသင္းနဲ႔အတူဆုဖလားေအာင္ျမင္မႈေတြလည္းရရိွခဲ႔ပါတယ္။

ပီလီ Pele ရဲ႕ ဘရာဇီးလ္ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

FIFA World Cup (3): 1958, 1962, 1970

Ref: Sportskeeda
Photo: Playbuzz , The Independent , Veja , Sporting News , Sportsnet , World in Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘရာဇီးလ် ဘောလုံးသမိုင်းတစ်လျောက်အကောင်းဆုံး ကစားသမား(၅)ဦး

အင်္ဂလန်ကို ဘောလုံးဘိုးအေလို့ပြောရင် ဘရာဇီးလ်ကိုတော့ ဘောလုံးရဲ့အရှင်သခင်လို့ ပြောရပါလိမ့်မယ်။ ကမ္ဘာ့အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၅)ကြိမ်ထိဗိုလ်စွဲထားပြီး ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဘရာဇီးလ်ဟာ ဘောလုံးသမားကောင်းတွေ အများကြီးပိုင်ဆိုင်ထားပါတယ်။ ဘရာဇီးလ်နိုင်ငံဟာ ဘောလုံးရေခံမြေခံကောင်းတဲ့ နိုင်ငံဖြစ်ပြီး ခေတ်အဆက်ဆက် ဘောလုံးသမားကောင်းတွေ များစွာထွက်ပေါ်ခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီအထဲမှာမှ အကောင်းဆုံးကစားသမားကို ရွေးချယ်ဖို့ဆိုတာ တော်တော်ကိုခက်ခဲတဲ့အရာပါ။ ဒါပေမဲ့ Sportskeeda အားကစားဝက်ဆိုက်ဘ်ကတော့ ဘရာဇီးလ် ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံး ကစားသမား(၅)ဦးဖော်ပြခဲ့တာကြောင့် Akhayar Sports ပရိသတ်တွေ သိရှိစေဖို့အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

(၅) ဇစ်ကို Zico

Zico

Zico

ဘရာဇီးလ်အသင်းအတွက် ၁၉၇၆ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကြာ ကစားပေးခဲ့တဲ့ ဇစ်ကို Zico ဟာ ဘရာဇီးလ် ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးပါ။ ဇစ်ကိုဟာ ဘရာဇီးလ်အသင်းအတွက် ပွဲပေါင်း(၇၁)ပွဲ ကစားခဲ့ပြီး (၄၈)ဂိုးသွင်းယူခဲ့သလို အသင်းနဲ့အတူ ၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၁၉၇၉ ကိုပါအမေရိကဖလားပြိုင်ပွဲတွေမှာ တတိယဆုတွေကိုရရှိခဲ့ပါတယ်။

(၄) ရိုမာရီယို Romario

Romario

Romario

ဘရာဇီးလ်အသင်းရဲ့ အကောင်းဆုံးတိုက်စစ်မှုးတွေထဲက တစ်ဦးဖြစ်တဲ့ ရိုမာရီယို Romario ဟာ သူ့ခေတ်သူ့အအခါက ဘရာဇီးလ်အသင်းအတွက် မရှိမဖြစ်ကစားသမားပါ။ ရိုမာရီယိုရဲ့ ပြေးအား ၊ တိုးအားနဲ့ ရုန်းအားတွေကိုတော့ ပရိသတ်တွေမှတ်မိနေကြဦးမယ်လို့ ထင်ပါတယ်။ ဘရာဇီးလ်အသင်းမှာ ရိုမာရီယိုဟာ ၁၉၈၇ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိကစားခဲ့ပြီး ပွဲပေါင်း(၇၀)မှာ (၅၅)ဂိုးသွင်းယူခဲ့ပါတယ်။ ရိုမာရီယိုဟာ ဘရာဇီးလ်အသင်းနဲ့ အတူဆုဖလားအောင်မြင်မှုတွေလည်းရရှိခဲ့ပါတယ်။

ရိုမာရီယို Romario ရဲ့ ဘရာဇီးလ်ကစားသမားဘ၀ အောင်မြင်မှုများ

Australia Bicentenary Gold Cup: 1988
Copa América: 1989, 1997
FIFA World Cup: 1994
FIFA Confederations Cup: 1997

(၃) ဂါရင်ချာ Garrincha

Garrincha

Garrincha

ဘရာဇီးလ်ရဲ့ ဘောလုံးဂန္ထဝင်တစ်ဦးဖြစ်တဲ့ ဂါရင်ချာ Garrincha ဟာ အသင်းအတွက် ၁၉၅၅ ခုနှစ်ကနေ ၁၉၆၆ ခုနှစ်အထိ ဆယ်စုနှစ်တစ်ခုကျော်ကြာကစားခဲ့သူပါ။ ဂါရင်ချာရဲ့ တောင်ပံတစ်လျှောက် အကောင်းဆုံးထိုးဖောက်မှုတွေဟာလည်း ဘရာဇီးလ်အသင်းအတွက် အထောက်အပံကောင်းတွေဖြစ်ခဲ့ပါတယ်။ ဂါရင်ချာဟာ ဘရာဇီးလ်အသင်းအတွက် ပွဲပေါင်း(၅၀)မှာ (၁၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့အတူဆုဖလားအောင်မြင်မှုတွေလည်းရရှိခဲ့ပါတယ်။

ဂါရင်ချာ Garrincha ရဲ့ ဘရာဇီးလ်ကစားသမားဘ၀ အောင်မြင်မှုများ

FIFA World Cup Champion: 1958, 1962
O’Higgins Cup winner: 1955, 1959, 1961
Oswaldo Cruz Cup: 1960

(၂) ရော်နယ်လ်ဒို Ronaldo

Ronaldo

Ronaldo

ဘရာဇီးလ်တိုက်စစ်မှုး ရော်နယ်လ်ဒို Ronaldo ဟာ ဘယ်လောက်တောင် ကောင်းတဲ့ ကစားသမားလည်းဆိုတာသိပ်ပြီးပြောနေစရာမလိုပါဘူး။ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ရော်နယ်လ်ဒိုအနေနဲ့ သူရဲ့ဘဝမှာ ဘယ်တော့မှမေ့လို့ရမှာ မဟုတ်တာကလည်း သေချာနေတဲ႔အရာပါ။ အဲဒီပြိုင်ပွဲမှာ ရော်နယ်လ်ဒိုရဲ့ ဘရာဇီးလ်အသင်းဟာ ချန်ပီယံဖြစ်ခဲ့ပြီး ရော်နယ်လ်ဒို ဟာလည်း ရွှေဖိနပ်ဆုကိုရရှိခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ဘရာဇီးလ်အသင်းအတွက် ၁၉၉၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ အချိန်အတော်ကြာ ကစားခဲ့ပြီး ပွဲပေါင်း(၉၈)မှာ (၆၂)ဂိုးသွင်းယူနိုင်ခဲ့သလို အသင်းနဲ့အတူဆုဖလားအောင်မြင်မှုတွေလည်းရရှိခဲ့ပါတယ်။

ရော်နယ်လ်ဒို Ronaldo ရဲ့ ဘရာဇီးလ်ကစားသမားဘ၀ အောင်မြင်မှုများ

FIFA World Cup (2): 1994, 2002
Copa América (2): 1997, 1999
FIFA Confederations Cup: 1997

(၁) ပီလီ Pele

Pele

Pele

ဘရာဇီးလ်အသင်းကို အသက်(၁၇)နှစ်အရွယ်မှာပဲ ကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ပီလီ Pele ကတော့ နံပါတ်(၁)နေရာမှာ အငြင်းပွားဖွယ်ရာမရှိ ရပ်တည်နေပါတယ်။ ဘရာဇီးလ်အသင်းအတွက် ၁၉၅၇ ကနေ ၁၉၇၁ ခုနှစ်အထိ ပီလီဟာ နှစ်ပေါင်းများစွာကစားခဲ့ပြီး အရာအားလုံးပေးဆပ်ခဲ့သူပါ။ ပီလီဟာ ဘရာဇီးလ်အသင်းအတွက် ပွဲပေါင်း(၉၂)ပွဲမှာ (၇၇)ဂိုးသွင်းယူထားပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမား လည်းဖြစ်ပါတယ်။ ပီလီဟာ အသင်းနဲ့အတူဆုဖလားအောင်မြင်မှုတွေလည်းရရှိခဲ့ပါတယ်။

ပီလီ Pele ရဲ့ ဘရာဇီးလ်ကစားသမားဘ၀ အောင်မြင်မှုများ

FIFA World Cup (3): 1958, 1962, 1970

Ref: Sportskeeda
Photo: Playbuzz , The Independent , Veja , Sporting News , Sportsnet , World in Sport
Ko Kyue(Akhayar)
www.akhayar.com