[Zawgyi]

ခံစစ္ – တိုက္စစ္ေကာင္းမြန္တဲ႔ ပရီးမီးယားလိဂ္ေနာက္ခံလူမ်ား

ဒီဘက္ေခတ္ ေဘာလံုးေလာကမွာ ကစားသမားေတြဆီကေန ေတာင္းဆိုမႈမ်ားျပားလာခဲ႔တာ အားလံုးအသိပါ။ ခံစစ္အားသန္တဲ႔ နည္းျပရဲ႕ အသင္းမွာ ကစားတဲ႔ တိုက္စစ္ကစားသမားဟာ ခံစစ္ကူရသလို တိုက္စစ္အားသန္တဲ႔ နည္းျပရဲ႕ အသင္းမွာ ကစားတဲ႔ ခံစစ္ကစားသမားဟာလည္း ခံစစ္ကေန တိုက္စစ္ကိုလိုက္ပါကစားရသလို ခံစစ္ကေန တိုက္စစ္စတင္မႈလည္းျပဳလုပ္ေပးရေလ႔ရိွပါတယ္။ ဆိုလိုရင္းကေတာ႔ ကစားသမားတစ္ဦးဟာ ေနရာတစ္ခုထဲထက္ ပိုျပီးကစားႏိုင္ဖို႔လိုအပ္ေနတာပါပဲ။ အခုေနာက္ပိုင္းမွာ ေတြ႕ေနရတာကေတာ႔ ခံစစ္ကစားသမား(ဗဟိုေနာက္ခံလူ) ဟာ ျပိဳင္ဘက္ရဲ႕ ကြင္းဘက္ျခမ္းကို တိက်တဲ႔ေဘာလံုးေပးပို႔မႈေတြနဲ႔ တိုက္စစ္ဆင္မႈျပဳလုပ္တာပါပဲ။ လက္ရိွေခတ္စားေနတဲ႔ ပံုစံလို႔ေျပာရမွာျဖစ္ျပီး Akhayar Sports ပရိသတ္ေတြအတြက္ ခံစစ္ – တိုက္စစ္ေကာင္းမြန္တဲ႔ ပရီးမီးယားလိဂ္ေနာက္ခံလူေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ဗန္ဒိုက္ Van Dijk

Van-Dijk

Van-Dijk

လီဗာပူးလ္အသင္းရဲ႕ လက္ရိွကမၻာ႔ေၾကးအၾကီးဆံုးေနာက္ခံလူ ဗန္ဒိုက္ Van Dijk ဟာ ခံစစ္ – တိုက္စစ္ေကာင္းမြန္တဲ႔ ေနာက္ခံလူပါ။ ျပိဳင္ဘက္ရဲ႕ တိုက္စစ္ကိုျဖတ္ေတာက္ ဟန္႔တားပံုေကာင္းမြန္ျပီး ျပစ္ဒဏ္ေဘာ ၊ ေထာင္႔ကန္ေဘာေတြကို သြင္းဂိုးေတြအျဖစ္ ေျပာင္းလဲေပးႏိုင္စြမ္းရိွတဲ႔ ဗန္ဒိုက္ ဟာ ခံစစ္ကေန ျပိဳင္ဘက္ရဲ႕ ကြင္းဘက္ျခမ္းကို တိက်တဲ႔ေဘာလံုးေပးပို႔မႈေတြနဲ႔ တိုက္စစ္ဆင္မႈလည္းျပဳလုပ္ေပးႏိုင္စြမ္းရိွပါတယ္။

(၂) ေဒးဗစ္လူး၀စ္ဇ္ David Luiz 

David-Luiz

David-Luiz

ေဒးဗစ္လူး၀စ္ဇ္ David Luiz ဟာ တိုက္စစ္အားသန္လြန္းတဲ႔ ခံစစ္ကစားသမားဆိုတာ အားလံုးအသိပါ။ တစ္ခါတေလမွာလည္း တိုက္စစ္လိုက္ပါလြန္းလို႔ ျပိဳင္ဘက္ကို အခြင္႔အေရးေပးရတဲ႔အထိကို တိုက္စစ္အားသန္တဲ႔သူပါ။ ခပ္ၾကမ္းၾကမ္းကစားဟန္နဲ႔ ျပိဳင္ဘက္တိုက္စစ္ကို ဟန္႔တားကစားတဲ႔သူျဖစ္ျပီး လိုအပ္ရင္လည္း ဖရီးကစ္ကေန သြင္းဂိုးေတြရွာေဖြေပးႏိုင္သူျဖစ္ပါတယ္။  ျပစ္ဒဏ္ေဘာ ၊ ေထာင္႔ကန္ေဘာေတြကေန ေခါင္းတိုက္ျပီး ဂိုးေတြသြင္းယူေလ႔ရိွတဲ႔  ေဒးဗစ္လူး၀စ္ဇ္ ဟာ  ျပိဳင္ဘက္ရဲ႕ ကြင္းဘက္ျခမ္းကို တိက်တဲ႔ေဘာလံုးေပးပို႔မႈေတြနဲ႔ တိုက္စစ္ဆင္မႈျပဳလုပ္ေလ႔ရိွတဲ႔ ကစားသမားပါ။

(၃) လာေပါ႔တ္ Laporte

Laporte

Laporte

ဂြါဒီယိုလာ Guardiola ရဲ႕ စိတ္ၾကိဳက္ခံစစ္ကစားသမားတစ္ဦးျဖစ္တဲ႔ လာေပါ႔တ္ Laporte ဟာလည္း အရာအားလံုးျပည္႔စံုတဲ႔ ကစားသမားလို႔ေျပာရမွာပါ။ လာေပါ႔တ္ ဟာ အျမင္႔ေဘာကစားပံုေကာင္းမြန္ျပီး တည္ျငိမ္မႈအျပည္႔ရိွတဲ႔ ခံစစ္ကစားသမားမ်ိဳးပဲျဖစ္ပါတယ္။ မန္စီးတီးအသင္းရဲ႕ ကစားပံုျဖစ္တဲ႔ ခံစစ္ကေန တိုက္စစ္စတင္တဲ႔ ကစားကြက္မွာလည္း လာေပါ႔တ္ ဟာ အဓိကက်တဲ႔ ေနရာမွာပါ၀င္ေနသူပါ။

Ref: Sportskeeda
Photo: Dhaka Tribune , Football Fancast , The Independent , The Sun Nigeria
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ခံစစ် – တိုက်စစ်ကောင်းမွန်တဲ့ ပရီးမီးယားလိဂ်နောက်ခံလူများ

ဒီဘက်ခေတ် ဘောလုံးလောကမှာ ကစားသမားတွေဆီကနေ တောင်းဆိုမှုများပြားလာခဲ့တာ အားလုံးအသိပါ။ ခံစစ်အားသန်တဲ့ နည်းပြရဲ့ အသင်းမှာ ကစားတဲ့ တိုက်စစ်ကစားသမားဟာ ခံစစ်ကူရသလို တိုက်စစ်အားသန်တဲ့ နည်းပြရဲ့ အသင်းမှာ ကစားတဲ့ ခံစစ်ကစားသမားဟာလည်း ခံစစ်ကနေ တိုက်စစ်ကိုလိုက်ပါကစားရသလို ခံစစ်ကနေ တိုက်စစ်စတင်မှုလည်းပြုလုပ်ပေးရလေ့ရှိပါတယ်။ ဆိုလိုရင်းကတော့ ကစားသမားတစ်ဦးဟာ နေရာတစ်ခုထဲထက် ပိုပြီးကစားနိုင်ဖို့လိုအပ်နေတာပါပဲ။ အခုနောက်ပိုင်းမှာ တွေ့နေရတာကတော့ ခံစစ်ကစားသမား(ဗဟိုနောက်ခံလူ) ဟာ ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းကို တိကျတဲ့ဘောလုံးပေးပို့မှုတွေနဲ့ တိုက်စစ်ဆင်မှုပြုလုပ်တာပါပဲ။ လက်ရှိခေတ်စားနေတဲ့ ပုံစံလို့ပြောရမှာဖြစ်ပြီး Akhayar Sports ပရိသတ်တွေအတွက် ခံစစ် – တိုက်စစ်ကောင်းမွန်တဲ့ ပရီးမီးယားလိဂ်နောက်ခံလူတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗန်ဒိုက် Van Dijk

Van-Dijk

Van-Dijk

လီဗာပူးလ်အသင်းရဲ့ လက်ရှိကမ္ဘာ့ကြေးအကြီးဆုံးနောက်ခံလူ ဗန်ဒိုက် Van Dijk ဟာ ခံစစ် – တိုက်စစ်ကောင်းမွန်တဲ့ နောက်ခံလူပါ။ ပြိုင်ဘက်ရဲ့ တိုက်စစ်ကိုဖြတ်တောက် ဟန့်တားပုံကောင်းမွန်ပြီး ပြစ်ဒဏ်ဘော ၊ ထောင့်ကန်ဘောတွေကို သွင်းဂိုးတွေအဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ ဗန်ဒိုက် ဟာ ခံစစ်ကနေ ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းကို တိကျတဲ့ဘောလုံးပေးပို့မှုတွေနဲ့ တိုက်စစ်ဆင်မှုလည်းပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။

(၂) ဒေးဗစ်လူးဝစ်ဇ် David Luiz 

David-Luiz

David-Luiz

ဒေးဗစ်လူးဝစ်ဇ် David Luiz ဟာ တိုက်စစ်အားသန်လွန်းတဲ့ ခံစစ်ကစားသမားဆိုတာ အားလုံးအသိပါ။ တစ်ခါတလေမှာလည်း တိုက်စစ်လိုက်ပါလွန်းလို့ ပြိုင်ဘက်ကို အခွင့်အရေးပေးရတဲ့အထိကို တိုက်စစ်အားသန်တဲ့သူပါ။ ခပ်ကြမ်းကြမ်းကစားဟန်နဲ့ ပြိုင်ဘက်တိုက်စစ်ကို ဟန့်တားကစားတဲ့သူဖြစ်ပြီး လိုအပ်ရင်လည်း ဖရီးကစ်ကနေ သွင်းဂိုးတွေရှာဖွေပေးနိုင်သူဖြစ်ပါတယ်။  ပြစ်ဒဏ်ဘော ၊ ထောင့်ကန်ဘောတွေကနေ ခေါင်းတိုက်ပြီး ဂိုးတွေသွင်းယူလေ့ရှိတဲ့  ဒေးဗစ်လူးဝစ်ဇ် ဟာ  ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းကို တိကျတဲ့ဘောလုံးပေးပို့မှုတွေနဲ့ တိုက်စစ်ဆင်မှုပြုလုပ်လေ့ရှိတဲ့ ကစားသမားပါ။

(၃) လာပေါ့တ် Laporte

Laporte

Laporte

ဂွါဒီယိုလာ Guardiola ရဲ့ စိတ်ကြိုက်ခံစစ်ကစားသမားတစ်ဦးဖြစ်တဲ့ လာပေါ့တ် Laporte ဟာလည်း အရာအားလုံးပြည့်စုံတဲ့ ကစားသမားလို့ပြောရမှာပါ။ လာပေါ့တ် ဟာ အမြင့်ဘောကစားပုံကောင်းမွန်ပြီး တည်ငြိမ်မှုအပြည့်ရှိတဲ့ ခံစစ်ကစားသမားမျိုးပဲဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ကစားပုံဖြစ်တဲ့ ခံစစ်ကနေ တိုက်စစ်စတင်တဲ့ ကစားကွက်မှာလည်း လာပေါ့တ် ဟာ အဓိကကျတဲ့ နေရာမှာပါဝင်နေသူပါ။

Ref: Sportskeeda
Photo: Dhaka Tribune , Football Fancast , The Independent , The Sun Nigeria
Ko Kyue(Akhayar)
www.akhayar.com