[Zawgyi]

ကမာၻေက်ာ္ ထိပ္တန္း ေရေမႊးအမွတ္တံဆိပ္ ၈ ခု

Quality ေကာင္းတဲ့ ေရေမႊးအနံ႔တစ္ခုကို ရဖို႔အတြက္ Essential Oil ေတြနဲ႔ ထုတ္လုပ္တာလည္း ရွိသလို ပန္းဝတ္မႈန္ေတြနဲ႔ ထုတ္လုပ္ၾကတာလည္း ရွိပါတယ္။ ဒါ့အျပင္ ပန္းပြင့္ေလးေတြရဲ႕ အပြင့္အဖတ္ေလးေတြကေနလည္း ထုတ္လုပ္ၾကတာရွိပါေသးတယ္။

ထုတ္လုပ္ၾကတဲ့ အရာဝတၳဳေတြနဲ႔ ပန္းေတြအေပၚမူတည္ျပီး ေရေမႊးအနံ႔တစ္ခုက ထိုက္တန္တဲ့ ေစ်းႏႈန္းကို သတ္မွတ္ေပးပါတယ္။ ကမာၻေက်ာ္ ထိပ္တန္း အမွတ္စာရင္းဝင္ ေစ်းႏႈန္းလည္းၾကီးတဲ့ ေရေမႊး အမွတ္တံဆိပ္ ၈ ခု ရဲ႕ အေၾကာင္းကို ေဝမွ်လိုက္ပါတယ္။

၁။ Baccarat

baccarat

Baccarat ဟာ Paris အေျခစိုက္ ေရေမႊး အမွတ္တံဆိပ္တစ္ခုျဖစ္ပါတယ္။  တစ္ကမာၻလံုး နံပါတ္ ၁ စာရင္းဝင္ ထိပ္တန္း ေရေမႊးအမွတ္တံဆိပ္လည္း ျဖစ္ပါတယ္။ သူရဲ႕ Crystal အစစ္နဲ႔ ေရႊေရာင္ေတြကို အသံုးျပဳျပီး ျမင္သူတိုင္းစြဲမက္ေစမယ့္ လက္ရာေျမာက္ေတြနဲ႔ ထုတ္လုပ္ထားတဲ့ ေရေမႊးပုလင္းေၾကာင့္လည္း ေစ်းႏႈန္းက ပိုျပီး ေျမာက္သြားျခင္းျဖစ္ပါတယ္။  အနိမ့္ဆံုး ေရာင္းေစ်းမွာ ေဒၚလာ ၆၉၀၀ ရွိပါတယ္။

၂။ Shalini Perfumes

shalini

အေမရိကန္ႏိုင္ငံထုတ္ ေရေမႊးတံဆိပ္တစ္ခုျဖစ္ပါတယ္။ Shalini Brand မွ အျခားနာမည္ေက်ာ္ၾကားတဲ့ အမွတ္တံဆိပ္ေတြလည္း ထြက္ပါေသးတယ္။ Shalini Perfumes နာမည္ၾကီးရတဲ့ အေၾကာင္းအရင္းကေတာ့ သူတို႔ထုတ္လုပ္ထားတဲ့ ေရေမႊးတိုင္းက အရမး္ကို ရွားပါးျပီး တန္ဖိုးၾကီးလြန္းတဲ့ Essential Oil ေတြနဲ႔ အသံုးျပဳထားတဲ့အတြက္ျဖစ္ပါတယ္။ အနိမ့္ဆံုး ေစ်းႏႈန္းမွာ ေဒၚလာ ၄၉၀၀ ရွိပါတယ္္။

၃။ Annick Goutal

ANNICKGOUTAL

ကမာၻေက်ာ္ Model ေတြနဲ႔ Celebrities ေတြ အၾကိဳက္အမ်ားဆံုး ေရေမႊး အမွတ္တံဆိပ္တစ္ခုျဖစ္ပါတယ္။ Annick Goutal ရဲ႕ အဓိကထူးျခားခ်က္က ေရေမႊးရနံ႔ကို ပန္းဝတ္မႈန္နဲ႔ သစ္ဥသစ္ဖု အေစ့အဆံေတြကေန ထုတ္လုပ္ထားတာေၾကာင့္ျဖစ္ပါတယ္။ အနိမ့္ဆံုး ေစ်းႏႈန္းမွာ ၄ ေအာင္စ ပုလင္း တစ္ပုလင္းကို ေဒၚလာ ၁၅၀၀ ေပးရပါတယ္။

၄။ Clive Christian

clivechristian

သူကေတာ့ စာေရးသူအသည္းေက်ာ္ေလးပါ။ သူ႕ရဲ႕ ထူးျခားခ်က္ကို ပုလင္း ဒီဇိုင္းမွာ အရင္ဆံုး ျမင္ေတြ႔နိုင္ပါတယ္။ ေရေမႊးအဖံုးကို Crown ပံုစံ ထုတ္လုပ္ထားပါတယ္။ ေရေမႊးအနံ႔ဟာဆိုရင္ Geza Schoen နဲ႔ Christian Provenzano ရဲ႕ ေပါင္းစပ္ထုတ္လုပ္မႈျဖစ္တဲ့အတြက္ အနိမ့္ဆံုး ေစ်းႏႈန္းမွာ ေဒၚလာ ၈၆၅ ေပးရပါတယ္။

၅။ Jar Perfume

Jar Perfume

သူရဲ႕ ထူးျခားခ်က္ေတာ့ စူးရွျပီး တစ္ဖက္လူကို စြဲေဆာင္နိုင္တဲ့ သူ႕ရဲ႕ ေရေမႊးရနံ႔ပဲျဖစ္ပါတယ္။ ပုလင္းထုပ္ပိုးမႈကေတာ့ ရိုးရွင္းပါတယ္။ ရိုးရွင္းေပမယ့္ Bolt of Lighting လို႔ ေခၚတြင္ၾကရင္း နာမည္ေက်ာ္ၾကားေနပါတယ္။ ေစ်းႏႈန္းအရေတာ့ ၁ ေအာင္စကို ေဒၚလာ ၈၀၀ ေပးရပါတယ္။

၆။ Hermes Perfume

hermes-perfume

Hermes ကေတာ့ လူသိမ်ားတဲ့ French Luxury Fashion Brand တစ္ခုပါ။ ေရေမႊးအမွတ္တံဆိပ္တစ္ခုအေနနဲ႔ဆိုရင္ေတာ့ နံပါတ္ ၆ ေနရာမွာရွိေနပါတယ္။ Baccarat ေလာက္ေတာ့ ေစ်းမၾကီးေပမယ့္ သူ႔ရဲ႕ ရနံ႔ကေတာ့ ကမာၻေက်ာ္ေအာင္ လူၾကိဳက္မ်ားၾကပါတယ္။ ေစ်းႏႈန္းအေနအထားကေတာ့ အနိမ့္ဆံုး ေဒၚလာ ၁၅၀ ရွိပါတယ္။

၇။ Ralph Lauren

Ralph-Lauren

Ralph Lauren ေတာ့ မိန္းကေလးေတြပိုျပီး အသံုးမ်ားတာကိုေတြ႔ရပါတယ္။ ပုလင္း ဒီဇိုင္း ထုပ္ပိုးမႈကလည္း ပံုစံစံု၊ ကာလာစံုနဲ႔ ထုတ္ပါတယ္။ သူရဲ႕ အနံ႔က ဆြတ္ထားတဲ့သူကို ယံုၾကည္မႈအျပည့္ေပးတဲ့ ခံစားခ်က္မ်ိဳးေပးစြမ္းနိုင္ပါတယ္။ အဲဒီအခ်က္နဲ႔ လူတိုင္းရဲ႕ အသည္းစြဲျဖစ္လာခဲ့တာပါ။ ေစ်းႏႈန္းအေနနဲ႔ေတာ့ ေဒၚလာ ၁၂၅ ရွိပါတယ္။

၈။ Chanel

coco-chanel

Chanel ကေတာ့ ပ်ိဳေမတိုင္းရဲ႕ အသည္းစြဲပါ။ Chanel ကုိ မသိတဲ့ ပ်ိဳေမဆိုတာရွိမယ္မထင္ပါဘူးေနာ္။ Chanel ရဲ႕ Signature Scent ျဖစ္တဲ့ စံပယ္ပန္းနဲ႔ Neroli နဲ႔ ေပါင္းစပ္ျပီးထုတ္ထားတဲ့ရနံ႔ဟာ ဆြဲေဆာင္ႏိုင္စြမ္းအျပည္႔ရွိပါတယ္။ ေရေမႊးတစ္ပုလင္းရဲ႕ အနိမ့္ဆံုး ေစ်းႏႈန္းမွာ ေဒၚလာ ၁၀၅ ရွိပါတယ္။

Article reference – www.successstory.com

Redrose (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
[Unicode]

ကမ္ဘာကျော် ထိပ်တန်း ရေမွှေးအမှတ်တံဆိပ် ၈ ခု

Quality ကောင်းတဲ့ ရေမွှေးအနံ့တစ်ခုကို ရဖို့အတွက် Essential Oil တွေနဲ့ ထုတ်လုပ်တာလည်း ရှိသလို ပန်းဝတ်မှုန်တွေနဲ့ ထုတ်လုပ်ကြတာလည်း ရှိပါတယ်။ ဒါ့အပြင် ပန်းပွင့်လေးတွေရဲ့ အပွင့်အဖတ်လေးတွေကနေလည်း ထုတ်လုပ်ကြတာရှိပါသေးတယ်။

ထုတ်လုပ်ကြတဲ့ အရာဝတ္ထုတွေနဲ့ ပန်းတွေအပေါ်မူတည်ပြီး ရေမွှေးအနံ့တစ်ခုက ထိုက်တန်တဲ့ ဈေးနှုန်းကို သတ်မှတ်ပေးပါတယ်။ ကမ္ဘာကျော် ထိပ်တန်း အမှတ်စာရင်းဝင် ဈေးနှုန်းလည်းကြီးတဲ့ ရေမွှေး အမှတ်တံဆိပ် ၈ ခု ရဲ့ အကြောင်းကို ဝေမျှလိုက်ပါတယ်။

၁။ Baccarat

baccarat

Baccarat ဟာ Paris အခြေစိုက် ရေမွှေး အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။  တစ်ကမ္ဘာလုံး နံပါတ် ၁ စာရင်းဝင် ထိပ်တန်း ရေမွှေးအမှတ်တံဆိပ်လည်း ဖြစ်ပါတယ်။ သူရဲ့ Crystal အစစ်နဲ့ ရွှေရောင်တွေကို အသုံးပြုပြီး မြင်သူတိုင်းစွဲမက်စေမယ့် လက်ရာမြောက်တွေနဲ့ ထုတ်လုပ်ထားတဲ့ ရေမွှေးပုလင်းကြောင့်လည်း ဈေးနှုန်းက ပိုပြီး မြောက်သွားခြင်းဖြစ်ပါတယ်။  အနိမ့်ဆုံး ရောင်းဈေးမှာ ဒေါ်လာ ၆၉၀၀ ရှိပါတယ်။

၂။ Shalini Perfumes

shalini

အမေရိကန်နိုင်ငံထုတ် ရေမွှေးတံဆိပ်တစ်ခုဖြစ်ပါတယ်။ Shalini Brand မှ အခြားနာမည်ကျော်ကြားတဲ့ အမှတ်တံဆိပ်တွေလည်း ထွက်ပါသေးတယ်။ Shalini Perfumes နာမည်ကြီးရတဲ့ အကြောင်းအရင်းကတော့ သူတို့ထုတ်လုပ်ထားတဲ့ ရေမွှေးတိုင်းက အရမ်းကို ရှားပါးပြီး တန်ဖိုးကြီးလွန်းတဲ့ Essential Oil တွေနဲ့ အသုံးပြုထားတဲ့အတွက်ဖြစ်ပါတယ်။ အနိမ့်ဆုံး ဈေးနှုန်းမှာ ဒေါ်လာ ၄၉၀၀ ရှိပါတယ်။

၃။ Annick Goutal

ANNICKGOUTAL

ကမ္ဘာကျော် Model တွေနဲ့ Celebrities တွေ အကြိုက်အများဆုံး ရေမွှေး အမှတ်တံဆိပ်တစ်ခုဖြစ်ပါတယ်။ Annick Goutal ရဲ့ အဓိကထူးခြားချက်က ရေမွှေးရနံ့ကို ပန်းဝတ်မှုန်နဲ့ သစ်ဥသစ်ဖု အစေ့အဆံတွေကနေ ထုတ်လုပ်ထားတာကြောင့်ဖြစ်ပါတယ်။ အနိမ့်ဆုံး ဈေးနှုန်းမှာ ၄ အောင်စ ပုလင်း တစ်ပုလင်းကို ဒေါ်လာ ၁၅၀၀ ပေးရပါတယ်။

၄။ Clive Christian

clivechristian

သူကတော့ စာရေးသူအသည်းကျော်လေးပါ။ သူ့ရဲ့ ထူးခြားချက်ကို ပုလင်း ဒီဇိုင်းမှာ အရင်ဆုံး မြင်တွေ့နိုင်ပါတယ်။ ရေမွှေးအဖုံးကို Crown ပုံစံ ထုတ်လုပ်ထားပါတယ်။ ရေမွှေးအနံ့ဟာဆိုရင် Geza Schoen နဲ့ Christian Provenzano ရဲ့ ပေါင်းစပ်ထုတ်လုပ်မှုဖြစ်တဲ့အတွက် အနိမ့်ဆုံး ဈေးနှုန်းမှာ ဒေါ်လာ ၈၆၅ ပေးရပါတယ်။

၅။ Jar Perfume

Jar Perfume

သူရဲ့ ထူးခြားချက်တော့ စူးရှပြီး တစ်ဖက်လူကို စွဲဆောင်နိုင်တဲ့ သူ့ရဲ့ ရေမွှေးရနံ့ပဲဖြစ်ပါတယ်။ ပုလင်းထုပ်ပိုးမှုကတော့ ရိုးရှင်းပါတယ်။ ရိုးရှင်းပေမယ့် Bolt of Lighting လို့ ခေါ်တွင်ကြရင်း နာမည်ကျော်ကြားနေပါတယ်။ ဈေးနှုန်းအရတော့ ၁ အောင်စကို ဒေါ်လာ ၈၀၀ ပေးရပါတယ်။

၆။ Hermes Perfume

hermes-perfume

Hermes ကတော့ လူသိများတဲ့ French Luxury Fashion Brand တစ်ခုပါ။ ရေမွှေးအမှတ်တံဆိပ်တစ်ခုအနေနဲ့ဆိုရင်တော့ နံပါတ် ၆ နေရာမှာရှိနေပါတယ်။ Baccarat လောက်တော့ ဈေးမကြီးပေမယ့် သူ့ရဲ့ ရနံ့ကတော့ ကမ္ဘာကျော်အောင် လူကြိုက်များကြပါတယ်။ ဈေးနှုန်းအနေအထားကတော့ အနိမ့်ဆုံး ဒေါ်လာ ၁၅၀ ရှိပါတယ်။

၇။ Ralph Lauren

Ralph-Lauren

Ralph Lauren တော့ မိန်းကလေးတွေပိုပြီး အသုံးများတာကိုတွေ့ရပါတယ်။ ပုလင်း ဒီဇိုင်း ထုပ်ပိုးမှုကလည်း ပုံစံစုံ၊ ကာလာစုံနဲ့ ထုတ်ပါတယ်။ သူရဲ့ အနံ့က ဆွတ်ထားတဲ့သူကို ယုံကြည်မှုအပြည့်ပေးတဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်ပါတယ်။ အဲဒီအချက်နဲ့ လူတိုင်းရဲ့ အသည်းစွဲဖြစ်လာခဲ့တာပါ။ ဈေးနှုန်းအနေနဲ့တော့ ဒေါ်လာ ၁၂၅ ရှိပါတယ်။

၈။ Chanel

coco-chanel

Chanel ကတော့ ပျိုမေတိုင်းရဲ့ အသည်းစွဲပါ။ Chanel ကို မသိတဲ့ ပျိုမေဆိုတာရှိမယ်မထင်ပါဘူးနော်။ Chanel ရဲ့ Signature Scent ဖြစ်တဲ့ စံပယ်ပန်းနဲ့ Neroli နဲ့ ပေါင်းစပ်ပြီးထုတ်ထားတဲ့ရနံ့ဟာ ဆွဲဆောင်နိုင်စွမ်းအပြည့်ရှိပါတယ်။ ရေမွှေးတစ်ပုလင်းရဲ့ အနိမ့်ဆုံး ဈေးနှုန်းမှာ ဒေါ်လာ ၁၀၅ ရှိပါတယ်။

Article reference – www.successstory.com

Redrose (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။