ကမ္ဘာ့ငွေကြေး ထက်ဝက်ကိုပိုင်ဆိုင်ထားတဲ့ လူသားရှစ်ဦး

ကမ္ဘာပေါ်မှာ ဆင်းရဲ၊ချမ်းသာကွာဟမှုဟာ ပိုမိုများပြားလာတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ ပိုမိုသိသာပြီး ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ကွာဟချက်ကိုအတိုင်းအတာတစ်ခုအထိ မြင်တွေ့နေရတယ်။ အခု Oxfam ရဲ့ထုတ်ပြန်ချက်အရ ကမ္ဘာ့ငွေကြေးပိုင်ဆိုင်မှုရဲ့ထက်ဝက်က လူသားရှစ်ဦးရဲ့ လက်ထဲမှာရှိနေတယ်လို့သိရပါတယ်။လောကကြီးမှာ အတော်ဆုံးလူတွေထက်စာရင် အကြိုးစားဆုံးလူတွေက ပိုမိုအောင်မြင်တတ်ကြသလို ကိုယ့်ရဲ့ယုံကြည်မှုနောက်ကိုလိုက်ရင်းအောင်မြင်မှုနဲ့အတူ ငွေကြေးဥစ္စာပါ ကြွယ်ဝချမ်းသာလာတဲ့ ဒီလူသားရှစ်ယောက်ကို ကျွန်တော်တို့အားကျအတုယူသင့်ပါတယ်။

အဲ့ဒီလူသားရှစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေကတော့ …..

(1) Bill Gates

 Bill Gates ဟာ Microsoft ကိုတည်ထောင်ခဲ့သူဖြစ်ပြီး Forbes ရဲ့ထုတ်ပြန်ချက်အရ သူရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၇၅ ဘီလီယံ ရှိပါတယ်။

 (2)  Amancio Ortega

 စပိန်စီးပွားရေးလုပ်ငန်းရှင် Amancio Ortega ကတော့ ဒေါ်လာ ၆၇ ဘီလီယံပိုင်ဆိုင်ပါတယ်။ Inditex ဖက်ရှင်အုပ်စုရဲ့ဥက္ကဌဖြစ်ပြီးတော့ Zara အရောင်းဆိုင်ကွန်ယက်ကိုပိုင်ထားတဲ့သူလည်းဖြစ်ပါတယ်။

 (3) Warren Buffett

ရင်းနှီးမြှုပ်နှံမှုဖခင်ကြီး Warren Buffet အကြောင်းကိုတော့ အထူးတလည်ပြောနေဖို့ မလိုပါဘူး။ သူရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၆၀.၈ ဘီလီယံဖြစ်ပါတယ်။

 (4) Carlos Slim

မက္ကဆီကန် စီးပွားရေးလုပ်ငန်းရှင် Carlos Slim ကတော့ ဒေါ်လာ ၅၀ ဘီလီယံရှိပါတယ်။ သူ့ရဲ့ Grupo Carso လက်အောက်မှာ ကုမ္ပဏီအများအပြားရှိပါတယ်။

 (5) Jeff Bezos

Amazon ကိုတည်ထောင်သူ Jeff Bezos ကတော့ ဒေါ်လာ ၄၅.၂ ဘီလီယံပိုင်ဆိုင်ပါတယ်။

You May Also Like: “ကမ္ဘာကျော်တွေရဲ့ မသေခင် ပြောကြား နောက်ဆုံး စကားများ”

 (6) Mark Zuckerberg

Facebook ရဲ့ စီအီးအို Mark Zuckerberg ရဲ့ပိုင်ဆိုင်မှုက ဒေါ်လာ ၄၄.၆ ဘီလီယံပါ။

 (7) Larry Ellison

Oracle Corporation ကိုတည်ထောင်သူ Larry Ellison ကတော့ ဒေါ်လာ ၄၃.၆ ဘီလီယံကိုပိုင်ဆိုင်ပါတယ်။

 (8) Michael Bloomberg

Bloomberg ကိုတည်ထောင်သူ Michael Bloomberg ရဲ့ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၄၀ ဘီလီယံပါ။

မင်းသုခ (အခရာ)

(www.akhayar.com)

Ref: (http://news.sky.com/)