[Zawgyi]
Daria Radionova
Emir Bahadir
Nicky Kaufman
Julia Stakhiva
Mark-Francis Vandelli
Lana Scolaro
Andreas Arnhoff
Yoe Lu (Akhayar)
www.akhayar.com
Ref : Blogrope.com
[Unicode]
Instagram က ဒိတ်ဒိတ်ကြဲ Rich Kid (၇) ဦးက ဘယ်သူတွေလဲ
Rick Kid လို့ ခေါ်တဲ့ အရမ်းချမ်းသာတဲ့ မိဘက ဆင်းသက်လာတဲ့ သူဌေးသား၊ သူဌေးသမီးလေးတွေဟာ မြန်မာနိုင်ငံမှာရော၊ ကမ္ဘာမှာပါ အနှံ့အပြားရှိကြပါတယ်။ သူတို့ဟာ ချမ်းသာတဲ့ အသိုင်းအဝိုင်းက ဆင်းသက်လာပြီး အသက်လည်း ငယ်တော့ သူတို့ရဲ့ ချမ်းသာမှုကို ပြချင်တာလည်း ရှိတာပေ့ါ။
သူတို့ဟာ ပါတီကြီးတွေ၊ Private Jet လို့ခေါ်တဲ့ ကိုယ်ပိုင်လေယာဉ်တွေကနေ ခမ်းနားလှတဲ့ စံအိမ်တွေကြီးအထိ လူမှုကွန်ရက်တွေပေါ်တင်ထားတတ်ကြပါတယ်။ “ပျော်ရွှင်မှုကို ငွေကြေးနဲ့ ဝယ်လို့ မရဘူး”ဆိုပေမယ့် သူတို့ပုံတွေကို တစ်ချက်ကြည့်လိုက်ရင်တော့ ပျော်ရွှင်မှုကို ငွေကြေးနဲ့ ဝယ်ယူနိုင်တယ်ဆိုရမှာပါ။ ကဲပါ.. သူတို့ကို တစ်ချက်ကြည့်လိုက်ရအောင်။
Daria Radionova
Daria Radionova ကတော့ IG မှာ Follower 83.7k ရရှိထားတဲ့ Instagram Star တစ်ယောက်ဖြစ်ပါတယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး လန်ဒန်မှာ Business Management တက်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူ့မိဘတွေဟာ မော်လ်ဒိုဗာနိုင်ငံက လုပ်ငန်းရှင်တွေဖြစ်ပြီး သူတို့သမီးလေးကို လန်ဒန်မှာ ကျောင်းတက်ဖို့ ပို့ထားတာ ဖြစ်ပါတယ်။
သူကို ညွှန်းဆိုရင်တော့ ဂျိမ်းစ်ဘွန်းတစ်ဝက်၊ ပဲရစ်ဟီလ်တန်တစ်ဝက်လို့ ခေါ်ကြပြီး သူ့ရဲ့ မာစီးဒီးကားကို Swarovski Crystal အပြည့်အလှဆင်စီးပြီး အခုလည်း ထပ်ပြီး Lamborghini ကားကို Swarovski နဲ့ ဆင်ပြီး စီးထားပြန်ပါတယ်။
Emir Bahadir
Emir Bahadir ကတော့ တူရကီလူမျိုးဖြစ်ပြီး လက်ရှိတော့ US မှာနေထိုင်နေပါတယ်။ IG မှာ Follower 733k ရှိပြီး ၁၉၉၁ ခုနှစ်က မွေးဖွားခဲ့တဲ့အတွက် ခုဆို အသက် ၂၇နှစ်ရှိပြီဖြစ်ပါတယ်။ တူရကီရဲ့ အချမ်းသာဆုံး အိမ်ခြံမြေလုပ်ငန်းစုမျိုးဆက်ကနေ ဆင်းသက်လာတဲ့အတွက် သူ့ရဲ့ IG မှာဆိုရင် ကိုယ်ပိုင်လေယာဉ်နဲ့ Luxury Trip တွေ သွားနေတာကို အမြဲလိုလို တင်နိုင်တဲ့သူဖြစ်ပါတယ်။
Nicky Kaufman
Nicky Kaufman ကတော့ Follower 13.3k ပိုင်ဆိုင်ထားပြီး သူကတော တန်ဖိုးကြီးရှန်ပိန်ပုလင်းတွေ သောက်ရတာ၊ ဖောက်ရတာ ကြိုက်ပြီး သားမွှေးကုတ်တွေ ကြိုက်တဲ့အပြင် ရှန်ပိန်နဲ့ ရေချိုးရတာတွေပါ ကြိုက်သူပါ။
Julia Stakhiva
သူကတော့ Follower 72.4k ပိုင်ဆိုင်ထားပြီး ရုရှားဘီလျံနာတစ်ယောက်ရဲ့ သမီးဖြစ်ပါတယ်။ သူ့ရဲ့ အဝတ်ဗီဒိုတစ်လုံးစာ အဝတ်အစားတွေကတင် ဒေါ်လာ ၁.၅ သန်းတန်ကြေးရှိပါတယ်တဲ့။ သူကတော့ အရမ်းဈေးကြီးတဲ့ အဝတ်အစားတွေနဲ့ ကမ္ဘာတစ်လွှားခရီးသွားပုံတွေကို တင်လေ့ရှိပါတယ်။
Mark-Francis Vandelli
Mark-Francis ကတော့ TV Star တစ်ဦးဖြစ်ပြီး ပဲရစ်မြို့မှာ ကိုယ်ပိုင်ကျောက်မျက်ရတနာလုပ်ငန်းကိုပါ တည်ထောင်ထားသူ တစ်ယောက်ဖြစ်ပါတယ်။ Follower 415k ပိုင်ဆိုင်ထားပြီး သူတင်သမျှ ပုံတွေဟာ သူ့စည်းစိမ်ချမ်းသာကို မျက်စိကျစရာဖြစ်စေတဲ့ ပုံတွေပါ။
Lana Scolaro
Follower 96.4k ပိုင်ဆိုင်ထားပြီး အီတလီလူမျိုး တွင်းထွက်လုပ်ငန်းရှင်တစ်ယောက်ရဲ့ သမီးဖြစ်ပါတယ်။ သူဟာ စိန်တွေနဲ့ တန်ဖိုးကြီးကားတွေကို စိတ်ဝင်စားသူတစ်ယောက်ဖြစ်ပါတယ်။
Andreas Arnhoff
Arnhoff အကောင့်နဲ့သူဟာ 85.8k Follower ရှိပြီး သူကတော့ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ကားတွေကို အရူးအမူးစွဲလမ်းသူတစ်ယောက်ဖြစ်ပါတယ်။
Yoe Lu (Akhayar)
www.akhayar.com
Ref : Blogrope.com