[Zawgyi]

ကစားသမားဘဝတစ္ေလ်ွာက္ ရႈံးပြဲမရွိဖူးတဲ့ သမုိင္းဝင္လက္ေဝွ႔ေက်ာ္ (၆) ဦး

အားကစားဆုိတာက အႏုိင္၊ အရႈံးဆုိတာ ဒြန္တြဲေနစျမဲပါ။ ဒါေပမယ့္ ေၾကးစားသက္တမ္းမွာ ရႈံးပြဲမရွိဘဲ အႏုိင္ရလဒ္ေတြကုိ ဆက္ထိန္းဖုိ႔ဆုိတာ သာမန္လက္ေဝွ႔သမားေတြအတြက္ မျဖစ္ႏုိင္ပါဘူး။ ဒါေပမယ့္ မရႈံးဖူးတဲ့ လက္ေဝွ႔ေက်ာ္ေတြက အမ်ားႀကီးျဖစ္ပါတယ္။ လက္ေဝွ႔သမုိင္းမွွာ ရႈံးပြဲမရွိေသးတဲ့ ကမၻာ့ခ်န္ပီယံ (၁၅) ဦးအထိ ရွိပါတယ္။ အဲဒီအထဲကမွ ဂႏၱဝင္လုိ႔ သတ္မွတ္ႏုိင္တဲ့ လက္ေဝွ႔ေက်ာ္ (၆) ဦးရဲ႕အေၾကာင္းကုိပဲ ေဖာ္ျပသြားမွာျဖစ္ပါတယ္။

(၆) Laszlo Papp

၁၉၂၆ခုႏွစ္ မတ္လ (၂၅) ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ ဟန္ေဂရီႏုိင္ငံသား ‘Laszlo Papp’ ဟာ သက္တမ္းတစ္ေလ်ွာက္ (၂၇) ပြဲထုိးသတ္ခဲ့ၿပီး ရႈံးပြဲမရွိခဲ့ပါဘူး။ (၂၇) ပြဲအႏုိင္ရကာ (၂) ပြဲ သေရက်ခဲ့ပါတယ္။ အႏုိင္ရခဲ့တဲ့ (၂၇) ပြဲအနက္ (၁၅) ပြဲက အလဲထုိးႏုိင္ခဲ့တာပါ။ မစ္ဒယ္ဝိတ္တန္း (Middleweight) မွာ ကစားခဲ့ၿပီး ၅ေပ၅လက္မသာ ရွိေပမယ့္ သူ႕ထက္အရပ္ျမင့္တဲ့ ၿပိဳင္ဘက္ေတြကုိေတာင္ အလဲထုိးႏုိင္ခဲ့သူပါ။ အဲဒီအခ်ိန္တုန္းက ဟန္ေဂရီႏုိင္ငံဟာ ကြန္ျမဴနစ္ႏုိင္ငံျဖစ္တဲ့အတြက္ ႏုိင္ငံတကာေၾကးစားအဖြဲ႕က သူ႕ကုိ ထုိးသတ္ခြင့္မျပဳပါဘူး။ သူဟာ ၾသစတီးယားႏုိင္ငံ ဗီယင္နာၿမိဳ႕ကုိ သြားၿပီး ေလ့က်င့္ခဲ့ရပါတယ္။ အဲဒီေခတ္အခါက ၿပိဳင္ဘက္အလီလီကုိ အႏုိင္ယူခဲ့ေပမယ့္ ကမၻာ့ခ်န္ပီယံအတြက္ ထုိးသတ္ခြင့္ရတဲ့အခ်ိန္မွ ဟန္ေဂရီႏုိင္ငံဟာ သူ႕ကုိ ဗီဇာမေပးတဲ့အတြက္ သူ႕အနာဂတ္ေမွးမွိန္ခဲ့ရပါတယ္။ ဒါေပမယ့္ သူဟာ ၁၉၄၈ အုိလံပစ္၊ ၁၉၅၂ အုိလံပစ္နဲ႔ ၁၉၅၆ အုိလံပစ္ပြဲေတြမွာ ႏုိင္ငံအတြက္ ေရႊတံဆိပ္ရေအာင္ စြမ္းေဆာင္ခဲ့သူျဖစ္ပါတယ္။

Laszlo Papp

Laszlo Papp

(၅) Edwin Valero

ဗင္နီဇြဲလားႏုိင္ငံသား ‘Edwin Valero’ ကလည္း ရႈံးပြဲမရွိခဲ့တဲ့ လက္ေဝွ႔ခ်န္ပီယံျဖစ္ပါတယ္။ သူဟာ WBA ရဲ႕ စူပါဖယ္သာဝိတ္တန္း (Super Featherweight) ကမၻာ့ခ်န္ပီယံျဖစ္သလုိ WBC ရဲ႕လုိက္ဝိတ္တန္း ကမၻာ့ခ်န္ပီယံလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ၁၉၈၁ခုႏွစ္ ဒီဇင္ဘာလ (၃) ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့သူဟာ ၂ဝ၁ဝခုႏွစ္ ဧၿပီလ (၁၉) ရက္ေန႔မွာ (၂၈) ႏွစ္အရြယ္မွာ ကြယ္လြန္ခဲ့ပါတယ္။ ျဖစ္ပုံက ဒီလုိပါ။ သူ႕ရဲ႕ေၾကးစားဘဝကုိ ၂ဝဝ၂ခုႏွစ္ ဇူလုိင္လ (၉) ရက္ေန႔မွာ စတင္ခဲ့တယ္။ အဲဒီအခ်ိန္တုန္းက သူဟာ အသက္ (၂ဝ) စြန္းစြန္းပဲ ရွိပါေသးတယ္။ ၿပိဳင္ပြဲစုံ (၂၇) ပြဲထုိးသတ္ခဲ့ၿပီး အကုန္လုံးက အလဲထုိးႏုိင္ပြဲခ်ည္းပါ။ လက္ေဝွ႔ပြဲေတြမွာ အားပါတဲ့လက္သီးေတြနဲ႔ ၿပိဳင္ဘက္ေတြကုိ လွဲသိပ္ခဲ့တဲ့ ‘Edwin Valero’ ဟာ လူမႈဘဝမွာလည္း လက္ျမန္လွသူပါ။ သူဟာ သူ႕အေမနဲ႔ အမႀကီးေတြေတာင္ ထုိးခဲ့တယ္လုိ႔ နာမည္ႀကီးသူပါ။ ၂ဝ၁ဝခုႏွစ္မွာ သူ႕မိန္းမကုိိ သတ္တယ္လုိ႔ ရဲတပ္ဖြဲ႕က သံသယရွိတဲ့အတြက္ ဖမ္းဆီးရာကေန သူဟာ ကုိယ့္ကုိယ္ကုိ သတ္ေသသြားပါတယ္။

Edwin Valero

Edwin Valero

(၄) Joe Calzaghe

ေဝးလ္ႏုိင္ငံသား ‘Joe Calzaghe’ ကုိလည္း ဒီစာရင္းထဲမွာ ခ်န္ခဲ့လုိ႔ မရျပန္ပါဘူး။ သူဟာ WBA (Super) ၊ WBC ၊ WBO နဲ႔ IBF အဖြဲ႕အစည္းေတြရဲ႕ စူပါမစ္ဒယ္ဝိတ္တန္း (Super Middleweight) ကမၻာ့ခ်န္ပီယံျဖစ္သလိုိ Ring Magazine ရဲ႕ လုိက္ဟဲဗီးဝိတ္တန္း (Light Heavyweight) ကမၻာ့ခ်န္ပီယံလည္း ျဖစ္သူပါ။ သူဟာ WBO ရဲ႕ စူပါမစ္ဒယ္ဝိတ္ခါးပတ္ကုိ သက္တမ္းအရွည္ဆုံး (၁ဝ ႏွစ္) သိမ္းပုိက္ႏုိင္သူျဖစ္ၿပီး (၂၁) ႀကိမ္အထိ ကာကြယ္ႏုိင္ခဲ့ပါတယ္။ ေၾကးစားဘဝမွာ (၄၆) ပြဲထုိးသတ္ခဲ့ၿပီး ရႈံးပြဲမရွိခဲ့ဘဲ (၃၂) ပြဲက အလဲထုိးအႏုိင္ရခဲ့သူလည္း ျဖစ္ပါတယ္။ ၁၉၇၂ခုႏွစ္ မတ္လ (၂၃) ရက္ေန႔မွာ ေမြးဖြားတဲ့ ‘Joe Calzaghe’ ဟာ ေၾကးစားဘဝကုိ ၁၉၉၃ခုႏွစ္မွာ စတင္ခဲ့ၿပီး ၂ဝဝ၈ခုႏွစ္မွာ အနားယူခဲ့ပါတယ္။

Joe Calzaghe

Joe Calzaghe

(၃) Ricardo López

မကၠဆီကုိ ႏုိင္ငံသား ‘Ricardo López’ ဟာ Lineal Championship ၊ WBO ၊ WBC နဲ႔ WBA တုိ႔ရဲ႕ စထေရာဝိတ္ (Strawweight) ခ်န္ပီယံျဖစ္ၿပီး IBF ရဲ႕ လုိက္ဖလုိင္းဝိတ္ (Light Flyweight) ခ်န္ပီယံလည္း ျဖစ္ပါတယ္။ ၁၉၆၆ခုႏွစ္ ဇူလုိင္လ (၂၅) ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ ‘Ricardo López’ ဟာ ၁၉၈၅ခုႏွစ္ (အသက္ ၁၈ႏွစ္အရြယ္) မွာ ေၾကးစားဘဝကုိ စတင္ခဲ့ပါတယ္။ ကစားသမားသက္တမ္းတစ္ေလ်ွာက္ (၅၂) ပြဲ ထုိးသတ္ခဲ့ၿပီး (၅၁) ပြဲအႏုိင္ရရွိခဲ့ကာ တစ္ပြဲသာ သေရက်ခဲ့ပါတယ္။ အႏုိင္ရခဲ့တဲ့ (၅၁) ပြဲမွာလည္း (၃၈) ပြဲက အလဲထုိးႏုိင္ခဲ့တာျဖစ္ပါတယ္။ WBC ရဲ႕ စထေရာဝိတ္ခါးပတ္ကုိ (၂၁) ႀကိမ္အထိ ကာကြယ္ႏုိင္ခဲ့သူအျဖစ္ မွတ္တမ္းတင္ခဲ့ပါတယ္။ ၂ဝဝ၁ခုႏွစ္မွာ ကစားသမားဘဝကေန အနားယူခဲ့ၿပီး ေဘာက္ဆင္အသံလႊင့္ဌာနမွာ အလုပ္လုပ္ေနပါတယ္။

Ricardo López

Ricardo López

(၂) Floyd Mayweather

အေမရိကန္ႏုိင္ငံသား ‘Floyd Mayweather’ ကေတာ့ စူပါဖယ္သာဝိတ္ (Super Featherweight) ၊ လုိက္ဝိတ္ (Lightweight) ၊ လုိက္ဝယ္တာဝိတ္ (Light Welterweight) ၊ ဝယ္တာဝိတ္ (Welterweight) နဲ႔ လုိက္မစ္ဒယ္ဝိတ္ (Light Middleweight) စတဲ့ ဝိိတ္တန္း (၅) ခုရဲ႕ ကမၻာ့ခ်န္ပီယံျဖစ္ပါတယ္။ ေၾကးစားကစားသမားဘဝကုိ ၁၉၉၆ခုႏွစ္မွာ စတင္ခဲ့ၿပီး ပြဲစဥ္ (၅ဝ) ထုိးသတ္ရာမွာ ရာႏႈန္းျပည့္အႏုိင္ရရွိခဲ့ပါတယ္။ ႏုိင္ပြဲ (၅ဝ) အနက္မွ (၂၇) ပြဲဟာ အလဲထုိးႏုိင္ခဲ့တာပါ။ ၂ဝ၁၇ခုႏွစ္ ၾသဂုတ္လ (၂၆) ရက္ေန႔မွာ ‘Conor McGregor’ ကုိ အလဲထုိးႏုိင္ခဲ့ၿပီး အနားယူၿပီျဖစ္ေၾကာင္း တရားဝင္ေၾကညာခဲ့ပါတယ္။

Floyd Mayweather

Floyd Mayweather

(၁) Rocky Marciano

ကစားသမားဘဝတစ္ေလ်ွာက္ (၄၉) ပြဲ ထုိးသတ္ခဲ့ၿပီး ရာႏႈန္းျပည့္အႏုိင္ယူထားတဲ့ ‘Rocky Marciano’ ကုိေတာ့ နံပါတ္ (၁) အျဖစ္ သတ္မွတ္ထားၾကပါတယ္။ သူ႕ရဲ႕ (၄၉) ပြဲဆက္တုိက္ ရႈံးပြဲမရွိစံခ်ိန္ကုိ ‘Floyd Mayweather’ က ၂ဝ၁၇ခုႏွစ္ ၾသဂုတ္လ (၂၆) ရက္ေန႔မွာ ‘Conor McGregor’ ကုိ အလဲထုိးၿပီး ခ်ိဳးဖ်က္သြားပါတယ္။ ဒါေပမယ့္ ‘Floyd Mayweather’ ရဲ႕ႏုိင္ပြဲတခ်ိဳ႕ (ဥပမာ – Manny Pacquiao နဲ႔ပြဲ) ဟာ အျငင္းပြာစရာရွိတာေၾကာင့္ နံပါတ္ (၂) မွာပဲ သတ္မွတ္လုိက္တာပါ။

 Rocky Marciano

Rocky Marciano

‘Rocky Marciano’ ဟာ အႏုိင္ယူခဲ့တဲ့ (၄၉) ပြဲမွာ (၄၃) ပြဲက အလဲထုိးႏုိင္ခဲ့တာပါ။ ၁၉၄၇ခုႏွစ္ကေန ၁၉၅၅ခုႏွစ္အတြင္း ထုိးသတ္ခဲ့တဲ့ ‘Rocky Marciano’ ရဲ႕ပြဲေတြကုိ လူငယ္ေတြ သိပ္မသိၾကေပမယ့္ ပြဲစဥ္တုိင္းကုိ အျငင္းပြားဖြယ္မရွိ အႏုိင္ယူခဲ့သူပါ။ ၁၉၂၃ခုႏွစ္ စက္တင္ဘာလ (၁) ရက္ေန႔မွာ ေမြးဖြားခဲ့တဲ့ ဂႏၱဝင္လက္ေဝွ႔သမားႀကီးဟာ ၁၉၆၉ခုႏွစ္ ၾသဂုတ္လ (၃၁) ရက္ေန႔မွာ ေလယာဥ္ပ်က္က်ခဲ့ၿပီး ကြယ္လြန္ခဲ့ပါတယ္။ ကဲ . . . အခုေဖာ္ျပခဲ့တဲ့ ကစားသမားေတြက သမုိင္းတစ္ေလ်ွာက္မွာ အေကာင္းဆုံးလုိ႔ သတ္မွတ္လုိ႔ရတဲ့ လက္ေဝွ႔ေက်ာ္ေတြျဖစ္ပါတယ္။ ပရိသတ္ေတြနဲ႔လည္း အႀကိဳက္ခ်င္းတူမယ္လုိ႔ ေမ်ွာ္လင့္မိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကစားသမားဘဝတစ်လျှောက် ရှုံးပွဲမရှိဖူးတဲ့ သမိုင်းဝင်လက်ဝှေ့ကျော် (၆) ဦး

အားကစားဆိုတာက အနိုင်၊ အရှုံးဆိုတာ ဒွန်တွဲနေစမြဲပါ။ ဒါပေမယ့် ကြေးစားသက်တမ်းမှာ ရှုံးပွဲမရှိဘဲ အနိုင်ရလဒ်တွေကို ဆက်ထိန်းဖို့ဆိုတာ သာမန်လက်ဝှေ့သမားတွေအတွက် မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မရှုံးဖူးတဲ့ လက်ဝှေ့ကျော်တွေက အများကြီးဖြစ်ပါတယ်။ လက်ဝှေ့သမိုင်းမှှာ ရှုံးပွဲမရှိသေးတဲ့ ကမ္ဘာ့ချန်ပီယံ (၁၅) ဦးအထိ ရှိပါတယ်။ အဲဒီအထဲကမှ ဂန္တဝင်လို့ သတ်မှတ်နိုင်တဲ့ လက်ဝှေ့ကျော် (၆) ဦးရဲ့အကြောင်းကိုပဲ ဖော်ပြသွားမှာဖြစ်ပါတယ်။

(၆) Laszlo Papp

၁၉၂၆ခုနှစ် မတ်လ (၂၅) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဟန်ဂေရီနိုင်ငံသား ‘Laszlo Papp’ ဟာ သက်တမ်းတစ်လျှောက် (၂၇) ပွဲထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိခဲ့ပါဘူး။ (၂၇) ပွဲအနိုင်ရကာ (၂) ပွဲ သရေကျခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ (၂၇) ပွဲအနက် (၁၅) ပွဲက အလဲထိုးနိုင်ခဲ့တာပါ။ မစ်ဒယ်ဝိတ်တန်း (Middleweight) မှာ ကစားခဲ့ပြီး ၅ပေ၅လက်မသာ ရှိပေမယ့် သူ့ထက်အရပ်မြင့်တဲ့ ပြိုင်ဘက်တွေကိုတောင် အလဲထိုးနိုင်ခဲ့သူပါ။ အဲဒီအချိန်တုန်းက ဟန်ဂေရီနိုင်ငံဟာ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတကာကြေးစားအဖွဲ့က သူ့ကို ထိုးသတ်ခွင့်မပြုပါဘူး။ သူဟာ သြစတီးယားနိုင်ငံ ဗီယင်နာမြို့ကို သွားပြီး လေ့ကျင့်ခဲ့ရပါတယ်။ အဲဒီခေတ်အခါက ပြိုင်ဘက်အလီလီကို အနိုင်ယူခဲ့ပေမယ့် ကမ္ဘာ့ချန်ပီယံအတွက် ထိုးသတ်ခွင့်ရတဲ့အချိန်မှ ဟန်ဂေရီနိုင်ငံဟာ သူ့ကို ဗီဇာမပေးတဲ့အတွက် သူ့အနာဂတ်မှေးမှိန်ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ၁၉၄၈ အိုလံပစ်၊ ၁၉၅၂ အိုလံပစ်နဲ့ ၁၉၅၆ အိုလံပစ်ပွဲတွေမှာ နိုင်ငံအတွက် ရွှေတံဆိပ်ရအောင် စွမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

Laszlo Papp

Laszlo Papp

(၅) Edwin Valero

ဗင်နီဇွဲလားနိုင်ငံသား ‘Edwin Valero’ ကလည်း ရှုံးပွဲမရှိခဲ့တဲ့ လက်ဝှေ့ချန်ပီယံဖြစ်ပါတယ်။ သူဟာ WBA ရဲ့ စူပါဖယ်သာဝိတ်တန်း (Super Featherweight) ကမ္ဘာ့ချန်ပီယံဖြစ်သလို WBC ရဲ့လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၈၁ခုနှစ် ဒီဇင်ဘာလ (၃) ရက်နေ့မှာ မွေးဖွားခဲ့တဲ့သူဟာ ၂ဝ၁ဝခုနှစ် ဧပြီလ (၁၉) ရက်နေ့မှာ (၂၈) နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ သူ့ရဲ့ကြေးစားဘဝကို ၂ဝဝ၂ခုနှစ် ဇူလိုင်လ (၉) ရက်နေ့မှာ စတင်ခဲ့တယ်။ အဲဒီအချိန်တုန်းက သူဟာ အသက် (၂ဝ) စွန်းစွန်းပဲ ရှိပါသေးတယ်။ ပြိုင်ပွဲစုံ (၂၇) ပွဲထိုးသတ်ခဲ့ပြီး အကုန်လုံးက အလဲထိုးနိုင်ပွဲချည်းပါ။ လက်ဝှေ့ပွဲတွေမှာ အားပါတဲ့လက်သီးတွေနဲ့ ပြိုင်ဘက်တွေကို လှဲသိပ်ခဲ့တဲ့ ‘Edwin Valero’ ဟာ လူမှုဘဝမှာလည်း လက်မြန်လှသူပါ။ သူဟာ သူ့အမေနဲ့ အမကြီးတွေတောင် ထိုးခဲ့တယ်လို့ နာမည်ကြီးသူပါ။ ၂ဝ၁ဝခုနှစ်မှာ သူ့မိန်းမကိို သတ်တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိတဲ့အတွက် ဖမ်းဆီးရာကနေ သူဟာ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။

Edwin Valero

Edwin Valero

(၄) Joe Calzaghe

ဝေးလ်နိုင်ငံသား ‘Joe Calzaghe’ ကိုလည်း ဒီစာရင်းထဲမှာ ချန်ခဲ့လို့ မရပြန်ပါဘူး။ သူဟာ WBA (Super) ၊ WBC ၊ WBO နဲ့ IBF အဖွဲ့အစည်းတွေရဲ့ စူပါမစ်ဒယ်ဝိတ်တန်း (Super Middleweight) ကမ္ဘာ့ချန်ပီယံဖြစ်သလို Ring Magazine ရဲ့ လိုက်ဟဲဗီးဝိတ်တန်း (Light Heavyweight) ကမ္ဘာ့ချန်ပီယံလည်း ဖြစ်သူပါ။ သူဟာ WBO ရဲ့ စူပါမစ်ဒယ်ဝိတ်ခါးပတ်ကို သက်တမ်းအရှည်ဆုံး (၁ဝ နှစ်) သိမ်းပိုက်နိုင်သူဖြစ်ပြီး (၂၁) ကြိမ်အထိ ကာကွယ်နိုင်ခဲ့ပါတယ်။ ကြေးစားဘဝမှာ (၄၆) ပွဲထိုးသတ်ခဲ့ပြီး ရှုံးပွဲမရှိခဲ့ဘဲ (၃၂) ပွဲက အလဲထိုးအနိုင်ရခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၇၂ခုနှစ် မတ်လ (၂၃) ရက်နေ့မှာ မွေးဖွားတဲ့ ‘Joe Calzaghe’ ဟာ ကြေးစားဘဝကို ၁၉၉၃ခုနှစ်မှာ စတင်ခဲ့ပြီး ၂ဝဝ၈ခုနှစ်မှာ အနားယူခဲ့ပါတယ်။

Joe Calzaghe

Joe Calzaghe

(၃) Ricardo López

မက္ကဆီကို နိုင်ငံသား ‘Ricardo López’ ဟာ Lineal Championship ၊ WBO ၊ WBC နဲ့ WBA တို့ရဲ့ စထရောဝိတ် (Strawweight) ချန်ပီယံဖြစ်ပြီး IBF ရဲ့ လိုက်ဖလိုင်းဝိတ် (Light Flyweight) ချန်ပီယံလည်း ဖြစ်ပါတယ်။ ၁၉၆၆ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ‘Ricardo López’ ဟာ ၁၉၈၅ခုနှစ် (အသက် ၁၈နှစ်အရွယ်) မှာ ကြေးစားဘဝကို စတင်ခဲ့ပါတယ်။ ကစားသမားသက်တမ်းတစ်လျှောက် (၅၂) ပွဲ ထိုးသတ်ခဲ့ပြီး (၅၁) ပွဲအနိုင်ရရှိခဲ့ကာ တစ်ပွဲသာ သရေကျခဲ့ပါတယ်။ အနိုင်ရခဲ့တဲ့ (၅၁) ပွဲမှာလည်း (၃၈) ပွဲက အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ WBC ရဲ့ စထရောဝိတ်ခါးပတ်ကို (၂၁) ကြိမ်အထိ ကာကွယ်နိုင်ခဲ့သူအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ၂ဝဝ၁ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပြီး ဘောက်ဆင်အသံလွှင့်ဌာနမှာ အလုပ်လုပ်နေပါတယ်။

Ricardo López

Ricardo López

(၂) Floyd Mayweather

အမေရိကန်နိုင်ငံသား ‘Floyd Mayweather’ ကတော့ စူပါဖယ်သာဝိတ် (Super Featherweight) ၊ လိုက်ဝိတ် (Lightweight) ၊ လိုက်ဝယ်တာဝိတ် (Light Welterweight) ၊ ဝယ်တာဝိတ် (Welterweight) နဲ့ လိုက်မစ်ဒယ်ဝိတ် (Light Middleweight) စတဲ့ ဝိတ်တန်း (၅) ခုရဲ့ ကမ္ဘာ့ချန်ပီယံဖြစ်ပါတယ်။ ကြေးစားကစားသမားဘဝကို ၁၉၉၆ခုနှစ်မှာ စတင်ခဲ့ပြီး ပွဲစဉ် (၅ဝ) ထိုးသတ်ရာမှာ ရာနှုန်းပြည့်အနိုင်ရရှိခဲ့ပါတယ်။ နိုင်ပွဲ (၅ဝ) အနက်မှ (၂၇) ပွဲဟာ အလဲထိုးနိုင်ခဲ့တာပါ။ ၂ဝ၁၇ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့မှာ ‘Conor McGregor’ ကို အလဲထိုးနိုင်ခဲ့ပြီး အနားယူပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

Floyd Mayweather

Floyd Mayweather

(၁) Rocky Marciano

ကစားသမားဘဝတစ်လျှောက် (၄၉) ပွဲ ထိုးသတ်ခဲ့ပြီး ရာနှုန်းပြည့်အနိုင်ယူထားတဲ့ ‘Rocky Marciano’ ကိုတော့ နံပါတ် (၁) အဖြစ် သတ်မှတ်ထားကြပါတယ်။ သူ့ရဲ့ (၄၉) ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်ကို ‘Floyd Mayweather’ က ၂ဝ၁၇ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့မှာ ‘Conor McGregor’ ကို အလဲထိုးပြီး ချိုးဖျက်သွားပါတယ်။ ဒါပေမယ့် ‘Floyd Mayweather’ ရဲ့နိုင်ပွဲတချို့ (ဥပမာ – Manny Pacquiao နဲ့ပွဲ) ဟာ အငြင်းပွာစရာရှိတာကြောင့် နံပါတ် (၂) မှာပဲ သတ်မှတ်လိုက်တာပါ။

 Rocky Marciano

Rocky Marciano

‘Rocky Marciano’ ဟာ အနိုင်ယူခဲ့တဲ့ (၄၉) ပွဲမှာ (၄၃) ပွဲက အလဲထိုးနိုင်ခဲ့တာပါ။ ၁၉၄၇ခုနှစ်ကနေ ၁၉၅၅ခုနှစ်အတွင်း ထိုးသတ်ခဲ့တဲ့ ‘Rocky Marciano’ ရဲ့ပွဲတွေကို လူငယ်တွေ သိပ်မသိကြပေမယ့် ပွဲစဉ်တိုင်းကို အငြင်းပွားဖွယ်မရှိ အနိုင်ယူခဲ့သူပါ။ ၁၉၂၃ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ ဂန္တဝင်လက်ဝှေ့သမားကြီးဟာ ၁၉၆၉ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့မှာ လေယာဉ်ပျက်ကျခဲ့ပြီး ကွယ်လွန်ခဲ့ပါတယ်။ ကဲ . . . အခုဖော်ပြခဲ့တဲ့ ကစားသမားတွေက သမိုင်းတစ်လျှောက်မှာ အကောင်းဆုံးလို့ သတ်မှတ်လို့ရတဲ့ လက်ဝှေ့ကျော်တွေဖြစ်ပါတယ်။ ပရိသတ်တွေနဲ့လည်း အကြိုက်ချင်းတူမယ်လို့ မျှော်လင့်မိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com