[Zawgyi]
#1 TurboVPN
Turbo VPN
Turbo VPN
#2 OpenVPN
#3 TunnelBear VPN
TunnelBearVPN
TunnelBearVPN
#4 Psiphon VPN
Psiphon VPN
Psiphon VPN
#5 ProtonVPN
ProtonVPN
ProtonVPN
Phone Hay Ko (Akhayar)
www.akhayar.com
[Unicode]
Android စမတ်ဖုန်းအတွက် အကောင်းဆုံး Free VPN ၅ မျိုး
ဒီတစ်ခေါက်မှာတော့ Akhayar-Tech ရဲ့ Fans တွေအတွက် အသုံးပြုရတာ လွယ်ကူရိုးရှင်းပြီး Download ဆွဲလို့လည်းအဆင်ပြေမယ့် VPN(Virtual Private Network) App ၅ခုကိုဝေမျှပေးချင်ပါတယ်။ ဒီ VPN ၅ ခုထဲက တစ်ခုခုကို ဆောင်ထားမယ်ဆိုရင်တော့ မကြာခဏဆိုသလို Play Store က အချိန်အကန့်အသတ်နဲ့ အခမဲ့ Download ပြုလုပ်ခွင့်ပေးတဲ့ App နဲ့ Game တွေကို လွယ်ကူစွာနဲ့ Download ရယူနိုင်မှာဖြစ်သလို မြန်မာ IP နဲ့ ရှာလို့မရ၊ Download လုပ်လို့မရတဲ့ Game နဲ့ App တွေကိုလည်း ရှာဖွေနိုင်မှာပါ။ အခြား နေရာတွေမှာလည်း လိုအပ်သလိုအသုံးပြုနိုင်ပါလိမ့်မယ်။
လက်ရှိဖြစ်နေတဲ့ပြဿနာက VPN ကျော်ပြီး Download ဆွဲဖို့အတွက် VPN ကို Download ဆွဲရာမှာ VPN ကျော်ဖို့လိုနေတဲ့ပြဿနာပါ။ ဘဲဥအစရှာနေရသလိုဖြစ်နေတာပါ။ ဒါကြောင့် Play Store ကမဟုတ်ပဲ သီးသန့် Download ရယူနိုင်ဖို့အတွက် စုစည်းဖော်ပြပေးရခြင်းဖြစ်ပါတယ်။ ကဲ စလိုက်ရအောင်
#1 TurboVPN
လက်ရှိ ကျွန်တော် အသုံးပြုမိသလောက်မှာတော့ အတော်လေးသဘောကျနေတဲ့ VPN တစ်ခုပါ။ အသုံးပြုရတာ အတော်ကိုရိုးရှင်းလွယ်ကူပါတယ်။ ဒါကြောင့် နံပါတ် ၁ နေရာမှာထားထားပါတယ်။ စမ်းသပ်အသုံးပြုချင်ရင်တော့ ဒီနေရာကနေ Download ရယူနိုင်ပါတယ်။
Turbo VPN
Turbo VPN
#2 OpenVPN
OpenVPN Connect ကတော့ VPN လောကမှာအတော်လေးသက်တမ်းကြာပြီဖြစ်တဲ့ ဝါရင့် VPN App တစ်ခုပါ။ အသုံးပြုရတဲ့ UI ရိုးရှင်းသလို အသုံးချနိုင်တဲ့ Feature တွေကလည်း တော်တော်ကိုစုံလင်တာတွေ့ရပါတယ်။ စမ်းသပ်အသုံးပြုချင်ရင်တော့ ဒီနေရာမှာ Download ရယူနိုင်ပါတယ်။
#3 TunnelBear VPN
သူကတော့ Free နဲ့ Paid Version ၂ မျိုးရှိပါတယ်။ Free မှာတော့ VPN အသုံးပြုခွင့် Bandwidth တလကို 500MB သာရရှိမှာဖြစ်ပြီး၊ Unlimited အနေနဲ့ Download ပြုလုပ်ချင်တယ်ဆိုရင်တော့ လစဉ်ကြေး $9.99 ဖြင့်အသုံးပြုနိုင်ပါတယ်။ Free ကို အကန့်အသတ်နဲ့သုံးရတယ်ဆိုပေမယ့် တစ်ကယ်ကို ထိထိရောက်ရောက်အသုံးဝင်တဲ့ VPN တစ်ခုဖြစ်တာကြောင့် ပုံမှန်သုံးနေကျမဟုတ်တဲ့သူတွေအနေနဲ့ အတော်လေးအဆင်ပြေပါတယ်။
Download TunnelBear VPN
TunnelBearVPN
TunnelBearVPN
#4 Psiphon VPN
Play Store က App တွေ Download လုပ်ဖို့အတွက်အသင့်တော်ဆုံး App လို့တောင်ပြောလို့ရပါတယ်။ သုံးတာကြာလာရင် Market Location တောင် ပြောင်းသွားတာကိုကြုံဖူးပါတယ်။ နောက်ပိုင်း ဘာ VPN မှမလိုတော့ပဲ Play Store က App တွေကို Download လုပ်လို့ရသွားတာမျိုးပါ။ စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ ဒီနေရာမှာ Download ရယူနိုင်ပါတယ်။
Psiphon VPN
Psiphon VPN
#5 ProtonVPN
ProtonVPN ကလည်း Free ထဲမှာမှ တော်တော်လေးကို လန်းတဲ့ Feature တွေပါဝင်တဲ့ VPN Service တစ်ခုပါ။ အကောင်းဆုံးတစ်ချက်ကိုပြောပါဆိုရင်တော့ Payment ပိုင်းမှာလုံးဝ Free ဖြစ်တဲ့အပြင် ကြော်ငြာ Ads တွေကိုလည်း ထည့်သွင်းထားခြင်းမရှိတာပါပဲ။ Unlimited Data Usage ဖြစ်တာကြောင့် VPN ကိုအချိန်ပြည့်နီးပါးအသုံးပြုချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ ဒါ့အပြင် ရွေးချယ်စရာ နိုင်ငံတွေလည်း အတော်လေးစုံစုံလင်လင် ထည့်သွင်းပေးထားတာကြောင့် အခုမှ VPN စသုံးမယ့်သူတွေ၊ ဒါမှမဟုတ် ဘယ် VPN ကောင်းမလဲ စမ်းကြည့်ချင်တဲ့သူတွေအတွက် အထူးသင့်တော်မယ်လို့ယုံကြည်ပါတယ်။
ProtonVPN
ProtonVPN
Download Proton VPN Here
အခုဖော်ပြပေးခဲ့တာကတော့ လက်ရှိမှာ အကောင်းဆုံးနဲ့ အလွယ်ဆုံးအသုံးပြုနိုင်တဲ့ Android VPN Service App ၅ခုပဲဖြစ်ပါတယ်။ Akhayar-Tech ရဲ့ Fan တွေထဲမှာရော VPN သုံးနေတဲ့သူတွေရှိလား၊ ဘယ် VPN ကသုံးလို့အဆင်ပြေလဲ…? ဝင်ရောက်ဆွေးနွှေးပေးခဲ့ပါဦး…
Phone Hay Ko (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။