[Zawgyi]

(၁) Google Pixel နဲ႔ Nexus Devices ေတြမွာ Android Oreo Stable Update ရရွိေနျပီျဖစ္

Google ကေန Android 8.0 Oreo ကို ေၾကညာျပီး ယခုအခ်ိန္မွာေတာ့ Android Oreo Stable Version Update ကို Google ကေနထုတ္လုပ္ထားတဲ့ Pixel နဲ႔ Nexus Device ေတြမွာ စတင္ရရွိေနျပီျဖစ္ပါတယ္။ အဆုိပါ Devices ေတြကေတာ့ Google Pixel ၊ Pixel XL ၊ Pixel C Nexus 6PNexus 5X နဲ႔ Nexus Player ေတြပဲျဖစ္ပါတယ္။

(၂) စက္တင္ဘာလ ၁၁ ရက္ေန႔မွာ Xiaomi Mi Mix 2 ကို ေၾကညာမည္ဟု Xiaomi မွ အတည္ျပဳေျပာၾကား

Xiaomi ရဲ႕ Bezel-less ဖုန္းတစ္လံုးျဖစ္လာဦးမယ့္ Xiaomi Mi Mix 2 ကို လာမယ့္စက္တင္ဘာလ ၁၁ ရက္ေန႔မွာ တရားဝင္ေၾကညာသြားမယ္လို႔ အတည္ျပဳေျပာၾကားလုိက္ပါတယ္။ Xiaomi Mi Mix 2 ဟာ ယခင္ Generation ထက္ ပိုျပီးပါးလႊာတဲ့ ေဘးေဘာင္ေတြပါဝင္မွာျဖစ္ျပီး Dual Camera လည္းပါဝင္မွာျဖစ္တယ္လုိ႔ သိရပါတယ္။

(၃) Chipset တစ္ခုထဲကိုပဲ အျမဲသံုးစြဲသြားဖို႔မရွိဘူးလုိ႔ ေျပာၾကားလုိက္တဲ့ Meizu

Meizu ကုမၸဏီကေန ေနာက္ဆံုးထြက္ရွိထားတဲ့ Meizu M6 Note Smartphone ဟာ ပထမဆံုးအေနနဲ႔ Qualcomm Snapdragon Chipset ကို စတင္အသံုးျပဳထားတဲ့ Meizu Smartphone ျဖစ္ခဲ့ပါတယ္။ ဒါေပမယ္႔ Meizu ကုမၸဏီကေနျပီးေတာ႔ သူတို႔ဟာ ေနာက္ပိုင္းဆက္ထုတ္လုပ္သြားမယ့္ဖုန္းေတြမွာ MediaTek Chipset အစား Snapdragon ကို လံုးဝေျပာင္းလဲသံုးစြဲေတာ့မွာမဟုတ္ပဲ Qualcomm Snapdragon MediaTek နဲ႔ Samsung Exynos Chipset ေတြအကုန္လံုးကို အလ်ဥ္းသင့္သလုိ အသံုးျပဳသြားမွာျဖစ္တယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။

(၄) MackBook မွာေရာင္းခ်ေနတဲ့ System ကုိ Hacking လုပ္ျပီး ၁ ေဒၚလာနဲ႕ ၀ယ္ယူႏုိင္တဲ့ ဟက္ကာမ်ား

ERPScan လုံျခဳံေရးအဖြဲ႕အစည္းက သုေသတနပညာရွင္ေတြဟာ SAP နဲ႕ Oracle တုိ႔ ပူးေပါင္းဖန္တီးထားတဲ့ Point-of-Sale Terminals မွာ လုံျခဳံေရးနဲ႕ပတ္သတ္တဲ႔ဟာကြက္ကုိ ေတြ႕ရွိခဲ့ၾကပါတယ္။ ဒီဟာကြက္ကုိအေျခခံျပီး ဟက္ကာေတြဟာ Apple MacBook ရဲ႕ အေရာင္းစနစ္ကုိ Hacking လုပ္ျပီး ၁ ေဒၚလာနဲ႔၀ယ္ယူႏုိင္တဲ့ နည္းလမ္းကုိ တီထြင္ခဲ့ပါတယ္။

သူတုိ႕ဟာ Apple MacBook ကုိသာမက တျခားကုန္ပစၥည္းေတြရဲ႕ေစ်းႏႈန္းကုိလည္း ၾကဳိက္သလုိသတ္မွတ္ႏုိင္ပါတယ္။ ေစ်းႏႈန္းအျပင္ Discount Rates ကုိလည္း ဖန္တီးႏုိင္သလုိ Terminal ေတြကုိလည္း အေ၀းကေန ဖြင့္ျခင္း ၊ ပိတ္ျခင္းမ်ားျပဳလုပ္ႏုိင္ပါတယ္။

ဒါေၾကာင့္ ပညာရွင္ေတြဟာ SAP ရဲ႕ POS Terminal အသုံးျပဳသူေတြကုိ SAP Security Note 2476601 နဲ႕ SAP Security Note 2520064 စတဲ့ Patches ေတြကုိသာ သုံးဖုိ႕အတြက္ အၾကံေပးထားတယ္လုိ႔သိရပါတယ္။

(၅) iPhone 8 အေနနဲ ့ Home Button မပါ၀င္ဖို ့ေသခ်ာသေလာက္ရွိေန

Bloomberg အေနနဲ ့iPhone မွာ အရင္ျမင္ေတြ ႔ခဲ႔ရတဲ့ Home Button ဟာ ယခုလာမဲ့ iPhone 8 မွာမပါ၀င္ႏုိင္ေတာ့ဘူးလို ့သတင္းမ်ားထြက္ရွိခဲ့ပါတယ္။ Home Button အစား Gesture Control အသစ္ေတြပါ၀င္လာႏိုင္ျပီး iPad Pro မွာ အသံုးျပဳႏိုင္ေနျပီျဖစ္တဲ့ Dock နဲ ့တြဲဖက္အသံုးျပဳႏုိင္ဖို ကိုလဲ ေမ်ွာ္လင့္ရပါတယ္။HGID_KV_Ads_Square-42

www.akhayar.com

[Unicode]

(၁) Google Pixel နဲ့ Nexus Devices တွေမှာ Android Oreo Stable Update ရရှိနေပြီဖြစ်

Google ကနေ Android 8.0 Oreo ကို ကြေညာပြီး ယခုအချိန်မှာတော့ Android Oreo Stable Version Update ကို Google ကနေထုတ်လုပ်ထားတဲ့ Pixel နဲ့ Nexus Device တွေမှာ စတင်ရရှိနေပြီဖြစ်ပါတယ်။ အဆိုပါ Devices တွေကတော့ Google Pixel ၊ Pixel XL ၊ Pixel C Nexus 6PNexus 5X နဲ့ Nexus Player တွေပဲဖြစ်ပါတယ်။

(၂) စက်တင်ဘာလ ၁၁ ရက်နေ့မှာ Xiaomi Mi Mix 2 ကို ကြေညာမည်ဟု Xiaomi မှ အတည်ပြုပြောကြား

Xiaomi ရဲ့ Bezel-less ဖုန်းတစ်လုံးဖြစ်လာဦးမယ့် Xiaomi Mi Mix 2 ကို လာမယ့်စက်တင်ဘာလ ၁၁ ရက်နေ့မှာ တရားဝင်ကြေညာသွားမယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ Xiaomi Mi Mix 2 ဟာ ယခင် Generation ထက် ပိုပြီးပါးလွှာတဲ့ ဘေးဘောင်တွေပါဝင်မှာဖြစ်ပြီး Dual Camera လည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

(၃) Chipset တစ်ခုထဲကိုပဲ အမြဲသုံးစွဲသွားဖို့မရှိဘူးလို့ ပြောကြားလိုက်တဲ့ Meizu

Meizu ကုမ္ပဏီကနေ နောက်ဆုံးထွက်ရှိထားတဲ့ Meizu M6 Note Smartphone ဟာ ပထမဆုံးအနေနဲ့ Qualcomm Snapdragon Chipset ကို စတင်အသုံးပြုထားတဲ့ Meizu Smartphone ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Meizu ကုမ္ပဏီကနေပြီးတော့ သူတို့ဟာ နောက်ပိုင်းဆက်ထုတ်လုပ်သွားမယ့်ဖုန်းတွေမှာ MediaTek Chipset အစား Snapdragon ကို လုံးဝပြောင်းလဲသုံးစွဲတော့မှာမဟုတ်ပဲ Qualcomm Snapdragon ၊ MediaTek နဲ့ Samsung Exynos Chipset တွေအကုန်လုံးကို အလျဉ်းသင့်သလို အသုံးပြုသွားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

(၄) MackBook မှာရောင်းချနေတဲ့ System ကို Hacking လုပ်ပြီး ၁ ဒေါ်လာနဲ့ ဝယ်ယူနိုင်တဲ့ ဟက်ကာများ

ERPScan လုံခြုံရေးအဖွဲ့အစည်းက သုသေတနပညာရှင်တွေဟာ SAP နဲ့ Oracle တို့ ပူးပေါင်းဖန်တီးထားတဲ့ Point-of-Sale Terminals မှာ လုံခြုံရေးနဲ့ပတ်သတ်တဲ့ဟာကွက်ကို တွေ့ရှိခဲ့ကြပါတယ်။ ဒီဟာကွက်ကိုအခြေခံပြီး ဟက်ကာတွေဟာ Apple MacBook ရဲ့ အရောင်းစနစ်ကို Hacking လုပ်ပြီး ၁ ဒေါ်လာနဲ့ဝယ်ယူနိုင်တဲ့ နည်းလမ်းကို တီထွင်ခဲ့ပါတယ်။

သူတို့ဟာ Apple MacBook ကိုသာမက တခြားကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းကိုလည်း ကြိုက်သလိုသတ်မှတ်နိုင်ပါတယ်။ ဈေးနှုန်းအပြင် Discount Rates ကိုလည်း ဖန်တီးနိုင်သလို Terminal တွေကိုလည်း အဝေးကနေ ဖွင့်ခြင်း ၊ ပိတ်ခြင်းများပြုလုပ်နိုင်ပါတယ်။

ဒါကြောင့် ပညာရှင်တွေဟာ SAP ရဲ့ POS Terminal အသုံးပြုသူတွေကို SAP Security Note 2476601 နဲ့ SAP Security Note 2520064 စတဲ့ Patches တွေကိုသာ သုံးဖို့အတွက် အကြံပေးထားတယ်လို့သိရပါတယ်။

(၅) iPhone 8 အနေနဲ့ Home Button မပါဝင်ဖို့သေချာသလောက်ရှိနေ

Bloomberg အနေနဲ့iPhone မှာ အရင်မြင်တွေ့ခဲ့ရတဲ့ Home Button ဟာ ယခုလာမဲ့ iPhone 8 မှာမပါဝင်နိုင်တော့ဘူးလို့သတင်းများထွက်ရှိခဲ့ပါတယ်။ Home Button အစား Gesture Control အသစ်တွေပါဝင်လာနိုင်ပြီး iPad Pro မှာ အသုံးပြုနိုင်နေပြီဖြစ်တဲ့ Dock နဲ့တွဲဖက်အသုံးပြုနိုင်ဖို ကိုလဲ မျှော်လင့်ရပါတယ်။

HGID_KV_Ads_Square-42

www.akhayar.com