[Zawgyi]

(၁) Apple iPhone 8 ကို လာမယ့္ စက္တင္ဘာလ ၁၂ ရက္ေန႔မွာ စတင္မိတ္ဆက္မည္

Apple ကေန ေနာက္ဆံုးေတာ့ iPhone 8 ကို တရားဝင္ေၾကညာမယ့္ေန႔ကို ထုတ္ေဖာ္ေျပာၾကားလုိက္ျပီျဖစ္ပါတယ္။ လာမယ့္စက္တင္ဘာလ ၁၂ ရက္ေန႔မွာ လက္ရွိတည္ေဆာက္လ်က္ရွိတဲ့ Apple Campus အသစ္မွာရွိတဲ့ Steve Jobs Theater မွာ က်င္းပသြားဖုိ႔ ရည္ရြယ္ထားျပီး တကယ္လုိ႔ အဆင္မေျပခဲ့ရင္ ယခင္ႏွစ္ေတြက က်င္းပေနၾကေနရာျဖစ္တဲ့ San Francisco က Bill Graham Civic Auditorium မွာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။ အခုပြဲမွာ Apple iPhone 8 အျပင္ Glass Body နဲ႔ iPhone 7S ၊ 7S Plus ၊ Apple Watch အသစ္နဲ႔ Apple 4K TV ကို ျပသသြားမယ္လုိ႔ ယူဆရပါတယ္။

(၂) Smartphone ေတြထဲမွာ Display အေကာင္းဆံုးလို႔ သတ္မွတ္ခံလုိက္ရတဲ့ Samsung Galaxy Note 8

Samsung Galaxy Note 8 ကို Display Research Firm တစ္ခုျဖစ္တဲ့ DisplayMate ကေန လက္ရွိအေကာင္းဆံုး Display ပါဝင္တဲ့ဖုနး္အျဖစ္ သတ္မွတ္လုိက္ပါတယ္။ ယခင္က Display အေကာင္းဆံုးေနရာကို Samsung Galaxy S8 ကို သတ္မွတ္ခဲ့တာျဖစ္ျပီး ယခု Galaxy Note 8 ဟာ ျပီးခဲ့တဲ့ Galaxy S8 ထက္ Brightness ၂၂ ရာခိုင္ႏႈန္းပိုမိုျမင့္မားျပီး HDR ကိုလည္း Support ျပဳလုပ္မွာျဖစ္ပါတယ္။ Samsung Galaxy Note 8 မွာ ၾကီးမားတဲ့ 6.3″ Quad HD+ Super AMOLED Display တပ္ဆင္ထားတာျဖစ္ပါတယ္။

(၃) LG V30 ရဲ႕အသံစြမ္းရည္ပုိင္းကုိ ထုတ္ေဖာ္ျပသ

LG ဟာ သူတုိ႕ရဲ႕ထုတ္ကုန္ျဖစ္တဲ့ V30 ရဲ႕ အသံစြမ္းရည္ပုိင္းနဲ႔ပတ္သတ္တဲ့ ဗီဒီယုိေၾကညာတစ္ခုကုိ
ျပသလုိက္တယ္လုိ႕ သိရပါတယ္။ ဗီဒီယုိ နာမည္ကုိ The Next V: Immersive Sound လုိ႕နာမည္ေပးထားျပီး August ၂၄ ရက္ေန႕မွာ YouTube Channel ကေန ျပခဲ့တာျဖစ္ပါတယ္။ ဗီဒီယုိမွာ Pop သီခ်င္းကေန Classic အမ်ဳိးအစားမ်ားကုိ အစုံအလင္နားေထာင္ႏုိင္မွာျဖစ္ျပီး အဆုံးမွာ ပုံနဲ႕Logo ကုိျပသထားတာျဖစ္ပါတယ္။ LG V Series ေတြဟာ Digital To Audio Converter (DAC) ပါ၀င္ျပီး ဗီဒီယုိေတြၾကည့္တဲ့အခါ ျမင့္မားတဲ့စြမ္းေဆာင္ရည္ ရရွိေစပါတယ္။ မၾကာခင္က ထြက္ေပၚလာတဲ႔သတင္းမ်ားအရ LG V30 ေမာ္ဒယ္ေတြအားလုံးမွာ သီခ်င္းရဲ႕အသံပုိင္းဆုိင္ရာနဲ႕ ဖမ္းယူတဲ့အခါမွာ ဆူညံမႈကုိေလ်ာ႔ခ်ေပးတဲ့ Quad DAC နည္းပညာပါ၀င္မွာျဖစ္တယ္လုိ႕သိရပါတယ္။ ျပီးခဲ့တဲ့ႏွစ္က ထုတ္လုပ္ခဲ့တဲ့ V20 မွာလည္း Quad DAC ပါ၀င္ျပီး အသံဆူညံမႈကုိ ၅၀% ထိေလ်ာ႔ခ်ေပးႏုိင္တယ္လုိ႕ သိရပါတယ္။

(၄) Fitbit ကေန Smartwatch အသစ္ကိုထုတ္လုပ္

Fitness Tracker Wearable ပစၥည္းေတြကို ထုတ္လုပ္ေနတဲ့ Fitbit ကုမၸဏီကေန Fitbit Ionic နာမည္ရတဲ့ Smartwatch အမ်ိဳးအစားသစ္တစ္ခုကို ထုတ္လုပ္ခဲ့ပါတယ္။ အဆိုပါ Fitbit Ionic Watch ဟာ Google ရဲ႕ Android Wear ကို အသံုးျပဳတာမဟုတ္ပဲ Fitbit ရဲ႕ ကိုယ္ပိုင္ Ionic OS ကို အသံုးျပဳလာတာျဖစ္ပါတယ္။ Fitbit Ionic Watch မွာ 4 Days Battery life ၊ GPS ၊ Water Resistant up to 50m ၊ Swimming Mode ၊ Optical Heart Rate Sensor နဲ႔ Mobile Payment ေတြကို Support ျပဳလုပ္မွာျဖစ္ပါတယ္။ Fitbit Ionic Smartwatch ကို ေဒၚလာ ၃၀၀ ခန္႔နဲ႔ ေအာက္တိုဘာလထဲမွာ စတင္ဝယ္ယူရရွိႏုိင္မွာျဖစ္ပါတယ္။

(၅) MIUI 9 Global Beta Rom ထြက္ရွိေၾကာင္း Xiaomi ေၾကညာ

Xiaomi ဟာ MIUI 9 Global Beta Rom ကုိ Xiaomi စမတ္ဖုန္း ၉ မ်ဳိးအတြက္ ထပ္မံထုတ္လုပ္လုိက္ျပီျဖစ္ေၾကာင္း သိရပါတယ္။ အေစာပုိင္းမွာ MIUI 9 အရင္ဆုံးရရွိတဲ့ စမတ္ဖုန္းေတြကေတာ့ Mi 6 နဲ႕ Redmi Note 4x တုိ႕ပဲျဖစ္ပါတယ္။ လက္ရွိမွာ MIUI 9 Global Beta Rom ရရွိတဲ့ Device ေတြကေတာ့ Mi Mix ၊ Mi Note 2 ၊ Mi 5 ၊ Mi 5s ၊ Mi 5s Plus ၊ Mi Max 2 ၊ Mi Max ၊ Redmi 4 နဲ႕ Redmi 4X ပဲျဖစ္ပါတယ္။

HGID_KV_Ads_Square-42

www.akhayar.com

[Unicode]

(၁) Apple iPhone 8 ကို လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်မိတ်ဆက်မည်

Apple ကနေ နောက်ဆုံးတော့ iPhone 8 ကို တရားဝင်ကြေညာမယ့်နေ့ကို ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ်။ လာမယ့်စက်တင်ဘာလ ၁၂ ရက်နေ့မှာ လက်ရှိတည်ဆောက်လျက်ရှိတဲ့ Apple Campus အသစ်မှာရှိတဲ့ Steve Jobs Theater မှာ ကျင်းပသွားဖို့ ရည်ရွယ်ထားပြီး တကယ်လို့ အဆင်မပြေခဲ့ရင် ယခင်နှစ်တွေက ကျင်းပနေကြနေရာဖြစ်တဲ့ San Francisco က Bill Graham Civic Auditorium မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အခုပွဲမှာ Apple iPhone 8 အပြင် Glass Body နဲ့ iPhone 7S ၊ 7S Plus ၊ Apple Watch အသစ်နဲ့ Apple 4K TV ကို ပြသသွားမယ်လို့ ယူဆရပါတယ်။

(၂) Smartphone တွေထဲမှာ Display အကောင်းဆုံးလို့ သတ်မှတ်ခံလိုက်ရတဲ့ Samsung Galaxy Note 8

Samsung Galaxy Note 8 ကို Display Research Firm တစ်ခုဖြစ်တဲ့ DisplayMate ကနေ လက်ရှိအကောင်းဆုံး Display ပါဝင်တဲ့ဖုန်းအဖြစ် သတ်မှတ်လိုက်ပါတယ်။ ယခင်က Display အကောင်းဆုံးနေရာကို Samsung Galaxy S8 ကို သတ်မှတ်ခဲ့တာဖြစ်ပြီး ယခု Galaxy Note 8 ဟာ ပြီးခဲ့တဲ့ Galaxy S8 ထက် Brightness ၂၂ ရာခိုင်နှုန်းပိုမိုမြင့်မားပြီး HDR ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ Samsung Galaxy Note 8 မှာ ကြီးမားတဲ့ 6.3″ Quad HD+ Super AMOLED Display တပ်ဆင်ထားတာဖြစ်ပါတယ်။

(၃) LG V30 ရဲ့အသံစွမ်းရည်ပိုင်းကို ထုတ်ဖော်ပြသ

LG ဟာ သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ V30 ရဲ့ အသံစွမ်းရည်ပိုင်းနဲ့ပတ်သတ်တဲ့ ဗီဒီယိုကြေညာတစ်ခုကို
ပြသလိုက်တယ်လို့ သိရပါတယ်။ ဗီဒီယို နာမည်ကို The Next V: Immersive Sound လို့နာမည်ပေးထားပြီး August ၂၄ ရက်နေ့မှာ YouTube Channel ကနေ ပြခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုမှာ Pop သီချင်းကနေ Classic အမျိုးအစားများကို အစုံအလင်နားထောင်နိုင်မှာဖြစ်ပြီး အဆုံးမှာ ပုံနဲ့Logo ကိုပြသထားတာဖြစ်ပါတယ်။ LG V Series တွေဟာ Digital To Audio Converter (DAC) ပါဝင်ပြီး ဗီဒီယိုတွေကြည့်တဲ့အခါ မြင့်မားတဲ့စွမ်းဆောင်ရည် ရရှိစေပါတယ်။ မကြာခင်က ထွက်ပေါ်လာတဲ့သတင်းများအရ LG V30 မော်ဒယ်တွေအားလုံးမှာ သီချင်းရဲ့အသံပိုင်းဆိုင်ရာနဲ့ ဖမ်းယူတဲ့အခါမှာ ဆူညံမှုကိုလျော့ချပေးတဲ့ Quad DAC နည်းပညာပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ V20 မှာလည်း Quad DAC ပါဝင်ပြီး အသံဆူညံမှုကို ၅၀% ထိလျော့ချပေးနိုင်တယ်လို့ သိရပါတယ်။

(၄) Fitbit ကနေ Smartwatch အသစ်ကိုထုတ်လုပ်

Fitness Tracker Wearable ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ Fitbit ကုမ္ပဏီကနေ Fitbit Ionic နာမည်ရတဲ့ Smartwatch အမျိုးအစားသစ်တစ်ခုကို ထုတ်လုပ်ခဲ့ပါတယ်။ အဆိုပါ Fitbit Ionic Watch ဟာ Google ရဲ့ Android Wear ကို အသုံးပြုတာမဟုတ်ပဲ Fitbit ရဲ့ ကိုယ်ပိုင် Ionic OS ကို အသုံးပြုလာတာဖြစ်ပါတယ်။ Fitbit Ionic Watch မှာ 4 Days Battery life ၊ GPS ၊ Water Resistant up to 50m ၊ Swimming Mode ၊ Optical Heart Rate Sensor နဲ့ Mobile Payment တွေကို Support ပြုလုပ်မှာဖြစ်ပါတယ်။ Fitbit Ionic Smartwatch ကို ဒေါ်လာ ၃၀၀ ခန့်နဲ့ အောက်တိုဘာလထဲမှာ စတင်ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

(၅) MIUI 9 Global Beta Rom ထွက်ရှိကြောင်း Xiaomi ကြေညာ

Xiaomi ဟာ MIUI 9 Global Beta Rom ကို Xiaomi စမတ်ဖုန်း ၉ မျိုးအတွက် ထပ်မံထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အစောပိုင်းမှာ MIUI 9 အရင်ဆုံးရရှိတဲ့ စမတ်ဖုန်းတွေကတော့ Mi 6 နဲ့ Redmi Note 4x တို့ပဲဖြစ်ပါတယ်။ လက်ရှိမှာ MIUI 9 Global Beta Rom ရရှိတဲ့ Device တွေကတော့ Mi Mix ၊ Mi Note 2 ၊ Mi 5 ၊ Mi 5s ၊ Mi 5s Plus ၊ Mi Max 2 ၊ Mi Max ၊ Redmi 4 နဲ့ Redmi 4X ပဲဖြစ်ပါတယ်။

HGID_KV_Ads_Square-42

www.akhayar.com