[Zawgyi]

(၁) Google Allo ကို Web Browser မွာစတင္ အသံုးျပဳႏုိင္ျပီ

Google ရဲ႕ AI စနစ္ျဖစ္တဲ့ Google Assistant ပါဝင္တဲ့ Google Allo ကို Android နဲ႔ iPhone App အေနနဲ႔တင္မဟုတ္ပဲ Web Browser ကေနတစ္ဆင့္ အသံုးျပဳႏုိင္ျပီပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာ ဖုန္းမွာသြင္းထားတဲ့ Allo App ကေန QR Code Scan ဖတ္ျပီး အသံုးျပဳရမွာျဖစ္ျပီး Apple iDevice အတြက္မရရွိႏုိင္ေသးပဲ Android ဖုန္းေတြနဲ႔ပဲ အသံုးျပဳႏုိင္ဦးမွာျဖစ္ပါတယ္။

(၂) Instagram မွာ Comment တစ္ခုခ်င္းစီကို သီးသန္႔ Reply ျပန္ႏုိင္တဲ့ Comment Threads Feature ကို ထည့္သြင္း

Facebook ကပိုင္ဆုိင္တဲ့ Photo Sharing app တစ္ခုျဖစ္တဲ့ Instagram App ဟာ သူရဲ႕ေနာက္ဆံုး Update မွာ Comments တစ္ခုခ်င္းစီကို Reply ျပန္ေပးႏုိင္တဲ့ Comment Threads Feature ကို ထည့္သြင္းေပးလုိက္ျပီျဖစ္ပါတယ္။ အခုအသစ္ပါဝင္လာတဲ့ Comment Threads Feature ဟာ Facebook က Comment Reply Feature နဲ႔ ဆင္တူမွာျဖစ္ပါတယ္။

(၃) ေမာင္းသူမဲ့ကား ဖန္တီးဖုိ႕ၾကံေနတဲ့ Toyota

ေမာင္းသူမဲ့ကားေတြကုိ တီထြင္ေနတဲ့ကုမၸဏီေတြဟာ ဒီလုိနည္းပညာ အျမန္ျဖစ္ေျမာက္ဖုိ႕အတြက္ပူးေပါင္းလုပ္ေဆာင္ေနတယ္လုိ႔သိရပါတယ္။ လက္ရွိမွာ Intel နဲ႔ Toyota တုိ႕ဟာ Automotive Edge Computing Consortium ကုိ ဖန္တီးမွာျဖစ္တယ္လုိ႕ေၾကညာထားပါတယ္။ ကုမၸဏီေတြဟာ ေမာင္းသူမဲ့နည္းပညာတုိးတက္ေစဖုိ႔အတြက္ အခ်က္အလက္ေတြကို အခ်င္းခ်င္း Sharing လုပ္ၾကမွာျဖစ္ပါတယ္။ ပူးေပါင္းတဲ့ ကုမၸဏီေတြကေတာ့ DENSO ၊ Ericsson ၊ Intel ၊ Nippon Telegraph ၊ Telephone Corporation (NTT) ၊ NTT DOCOMO တုိ႕ျဖစ္ပါတယ္။ Intel က အစၥေရးအေျခစုိက္ေမာင္းသူမဲ့နည္းပညာကုမၸဏီ Mobileye ကုိ၀ယ္ျပီးတဲ့ေနာက္မွာ ဒီလုိေမာင္းသူမဲ့ကားဖန္တီးမယ့္အစီအစဥ္ကုိ Toyota ကေၾကညာခဲ့တာျဖစ္ပါတယ္။ Intel က Mobileye ကုိေဒၚလာ ၁၁၅ မီလီယံနဲ႕ ၀ယ္ယူခဲ့တာျဖစ္ျပီးေတာ့ ေနာက္ပုိင္းမွာ ဥေရာပ အစၥေရး နဲ႕ အေမရိကန္စတဲ့ႏုိင္ငံေတြမွာ ေမာင္းသူမဲ့ကားကုိစမ္းသပ္မွာျဖစ္ပါတယ္။

(၄) August 31 ရက္တြင္ ေစ်းကြက္ထဲေရာက္ရွိလာဖြယ္ရွိတဲ့ LG V30

August 31 ရက္ေန ့တြင္ LG အေနျဖင့္ LG V30 ကိုဘာလင္ျမိဳ ့မွာ မိတ္ဆက္သြားမည္ဟု ကိုရီးယား Social Blog တစ္ခုမွာေရးသားခဲ့ပါတယ္။ Floating Bar , Finger Print Sensor,Qualcomm SnapDragon 835 ႏွင့္ Dual Camera တို ့ပါ၀င္လာဖြယ္ရွိေနျပီး QHD+OLED FullVision Display ပါ၀င္လာမယ္လို ့ေမွ်ာ္လင့္ရပါတယ္။

(၅) Facebook Marketplace ကုိ ႏုိင္ငံေပါင္း ၁၇ ႏုိင္ငံမွာ ေၾကညာ

Facebook ရဲ႕အသစ္ထုတ္လုပ္လုိက္တဲ့ Marketplace Apps ဟာ လက္ရွိမွာ Europe မွာရွိတဲ့ ႏုိင္ငံေပါင္း ၁၇ႏုိင္ငံမွာ အသုံးျပဳႏုိင္ျပီျဖစ္ေၾကာင္းသိရပါတယ္။ Austria ၊ Belgium ၊ Denmark ၊ Finland ၊ France ၊ Germany ၊ Hungary ၊ Ireland ၊ Italy ၊ Luxembourg၊ Netherlands ၊ Norway ၊ Spain ၊ Sweden နဲ႕ Switzerland ႏုိင္ငံေတြမွာ တည္ေနရာအသစ္အေထာက္အပံ့ေပးထားတယ္လုိ႕သိရပါတယ္။ Marketplace မွာ ေရာင္းတာ ၀ယ္တာေတြကုိ လြယ္လြယ္ကူကူ ျပဳလုပ္ႏုိင္ျပီး ေငြေပးေခ်မႈပုိင္းကုိလည္း လုံျခဳံစြာလုပ္ထားေၾကာင္းသိရပါတယ္။

HGID_KV_Ads_Square

www.akhayar.com

[Unicode]

(၁) Google Allo ကို Web Browser မှာစတင် အသုံးပြုနိုင်ပြီ

Google ရဲ့ AI စနစ်ဖြစ်တဲ့ Google Assistant ပါဝင်တဲ့ Google Allo ကို Android နဲ့ iPhone App အနေနဲ့တင်မဟုတ်ပဲ Web Browser ကနေတစ်ဆင့် အသုံးပြုနိုင်ပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ဖုန်းမှာသွင်းထားတဲ့ Allo App ကနေ QR Code Scan ဖတ်ပြီး အသုံးပြုရမှာဖြစ်ပြီး Apple iDevice အတွက်မရရှိနိုင်သေးပဲ Android ဖုန်းတွေနဲ့ပဲ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

(၂) Instagram မှာ Comment တစ်ခုချင်းစီကို သီးသန့် Reply ပြန်နိုင်တဲ့ Comment Threads Feature ကို ထည့်သွင်း

Facebook ကပိုင်ဆိုင်တဲ့ Photo Sharing app တစ်ခုဖြစ်တဲ့ Instagram App ဟာ သူရဲ့နောက်ဆုံး Update မှာ Comments တစ်ခုချင်းစီကို Reply ပြန်ပေးနိုင်တဲ့ Comment Threads Feature ကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ အခုအသစ်ပါဝင်လာတဲ့ Comment Threads Feature ဟာ Facebook က Comment Reply Feature နဲ့ ဆင်တူမှာဖြစ်ပါတယ်။

(၃) မောင်းသူမဲ့ကား ဖန်တီးဖို့ကြံနေတဲ့ Toyota

မောင်းသူမဲ့ကားတွေကို တီထွင်နေတဲ့ကုမ္ပဏီတွေဟာ ဒီလိုနည်းပညာ အမြန်ဖြစ်မြောက်ဖို့အတွက်ပူးပေါင်းလုပ်ဆောင်နေတယ်လို့သိရပါတယ်။ လက်ရှိမှာ Intel နဲ့ Toyota တို့ဟာ Automotive Edge Computing Consortium ကို ဖန်တီးမှာဖြစ်တယ်လို့ကြေညာထားပါတယ်။ ကုမ္ပဏီတွေဟာ မောင်းသူမဲ့နည်းပညာတိုးတက်စေဖို့အတွက် အချက်အလက်တွေကို အချင်းချင်း Sharing လုပ်ကြမှာဖြစ်ပါတယ်။ ပူးပေါင်းတဲ့ ကုမ္ပဏီတွေကတော့ DENSO ၊ Ericsson ၊ Intel ၊ Nippon Telegraph ၊ Telephone Corporation (NTT) ၊ NTT DOCOMO တို့ဖြစ်ပါတယ်။ Intel က အစ္စရေးအခြေစိုက်မောင်းသူမဲ့နည်းပညာကုမ္ပဏီ Mobileye ကိုဝယ်ပြီးတဲ့နောက်မှာ ဒီလိုမောင်းသူမဲ့ကားဖန်တီးမယ့်အစီအစဉ်ကို Toyota ကကြေညာခဲ့တာဖြစ်ပါတယ်။ Intel က Mobileye ကိုဒေါ်လာ ၁၁၅ မီလီယံနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာ ဥရောပ အစ္စရေး နဲ့ အမေရိကန်စတဲ့နိုင်ငံတွေမှာ မောင်းသူမဲ့ကားကိုစမ်းသပ်မှာဖြစ်ပါတယ်။

 

(၄) August 31 ရက်တွင် ဈေးကွက်ထဲရောက်ရှိလာဖွယ်ရှိတဲ့ LG V30

August 31 ရက်နေ့တွင် LG အနေဖြင့် LG V30 ကိုဘာလင်မြို့မှာ မိတ်ဆက်သွားမည်ဟု ကိုရီးယား Social Blog တစ်ခုမှာရေးသားခဲ့ပါတယ်။ Floating Bar , Finger Print Sensor,Qualcomm SnapDragon 835 နှင့် Dual Camera တို့ပါဝင်လာဖွယ်ရှိနေပြီး QHD+OLED FullVision Display ပါဝင်လာမယ်လို့မျှော်လင့်ရပါတယ်။

(၅) Facebook Marketplace ကို နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ကြေညာ

Facebook ရဲ့အသစ်ထုတ်လုပ်လိုက်တဲ့ Marketplace Apps ဟာ လက်ရှိမှာ Europe မှာရှိတဲ့ နိုင်ငံပေါင်း ၁၇နိုင်ငံမှာ အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။ Austria ၊ Belgium ၊ Denmark ၊ Finland ၊ France ၊ Germany ၊ Hungary ၊ Ireland ၊ Italy ၊ Luxembourg၊ Netherlands ၊ Norway ၊ Spain ၊ Sweden နဲ့ Switzerland နိုင်ငံတွေမှာ တည်နေရာအသစ်အထောက်အပံ့ပေးထားတယ်လို့သိရပါတယ်။ Marketplace မှာ ရောင်းတာ ဝယ်တာတွေကို လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပြီး ငွေပေးချေမှုပိုင်းကိုလည်း လုံခြုံစွာလုပ်ထားကြောင်းသိရပါတယ်။HGID_KV_Ads_Square

www.akhayar.com