[Zawgyi]

(၁) Gaming Keyboard ေတြထဲမွာ ေစ်းေတြအရမ္းမ်ားလို ့စိတ္ညစ္ေနရတဲ့ ေဘာ္ေဘာ္ေတြအတြက္ ဒီ Keyboard ကစိတ္ေက်နပ္မႈ ေပးႏိုင္မွာပါ။

Metal Blacklit ဟာဆိုရင္ျဖင့္ သတၱဳျဖင့္စပ္ျပီးျပဳလုပ္ထားတဲ့ Gaming Laptop ျဖစ္ပါတယ္။ Gaming Shortcut Key မ်ားအလြန္အသံုး၀င္တဲ့ Feature ကီးမ်ားပါ၀င္ေနျပီးေတာ့ USB ၾကိဳးထိုးလိုက္ရံုနဲ ့ LED ေရာင္စံုမ်ားပြင့္လာမွာျဖစ္ပါတယ္။Keyboard ၾကိဳးကို အၾကမ္းခံသည့္ ေရာ္ဘာျဖင့္ ျပဳလုပ္ထားျပီး တန္ဖိုးမွာ ၂၂၀၀၀ က်ပ္သာျဖစ္ပါတယ္။

(၂) ကြန္ပ်ဴတာ အတြက္ Driver လိုတာေတြေဒါင္းႏုိင္မဲ့ Website

ကြန္ပ်ဴတာမွာ Window problem ေတြေၾကာင့္ Window အတင္အခ်ေတြလုပ္ရေလ့ရွိပါတယ္။အဲ့ေတာ့ အျမဲတမ္း Driver ကိစၥေတြက စိတ္ရႈပ္စရာအေနနဲ့ကို ရွိေနတတ္ပါတယ္။အဲ့လိုကိစၥေတြကို အထူးေျဖရွင္းေပးႏိုင္မယ္႔ Website ေတြထြက္ေပၚလာခဲ့တာၾကာခဲ့ျပီဆိုေပမဲ့ ခုဆိုရင္ေတာ္ေတာ္ကို Driver အမ်ိဳးအစားစံုစံုလင္လင္ရရွိေနျပီျဖစ္တဲ့Website တစ္ခုကိုမိတ္ဆက္ေပးလိုက္ပါတယ္။

www.driverguide.com

(၃) Google Pixel ကုိ ေဒၚလာ ၂၀၀ ေစ်းေလွ်ာ့ခ်

အေမရိကန္ျပည္ေထာင္စုမွာ Google ရဲ႕ Pixel စီးရီး စမတ္ဖုန္းေတြကုိ ဝယ္ယူဖုိ႔ စီစဥ္ထားတယ္ဆုိရင္ သင့္အေနနဲ႔ ပစၥည္းအတြက္ သတင္းေကာင္းတစ္ခုကုိ သင္ၾကားသိရပါၿပီ။ ဘာလုိ႔လည္းဆုိေတာ့ ဖုန္းေစ်းႏႈန္းေတြကုိ ေဒၚလာ ၂၀၀အထိ ေလွ်ာ့ၿပီးေရာင္းေနလုိ႔ပါပဲ။ Pixel XL ဖုန္းကုိ ေဒၚလာ ၅၇၀နဲ႔ ရႏုိင္မွာပါ။ သာမန္ Pixel ကုိေတာ့ ေဒၚလာ ၅၂၄နဲ႔ ရႏုိင္မွာျဖစ္ၿပီး ေစ်းႏႈန္း ၁၂၅ေဒၚလာ ေလွ်ာ့ခ်ထားပါတယ္။ ဒီလုိ Discount ေတြအျပင္ Google အေနနဲ႔ ဟန္းဆက္ႏွစ္ခုလံုးဝယ္ယူတာနဲ႔ Daydream View VR headset ကိုလည္း free အေနနဲ႔ ေပးဦးမွာျဖစ္ေၾကာင္းလည္း သိရပါတယ္။

(၄) LTE စနစ္ေထာက္ပံ့ထားတဲ့ Apple Watch 3 ကုိ ဒီႏွစ္ကုန္ပုိင္းမွာ ထုတ္လုပ္မယ္

Bloomberg ရဲ႕ သတင္းတစ္ရပ္အရ Apple ဟာ ဒီႏွစ္ကုန္ပုိင္းမွာ LTE စနစ္ ေထာက္ပံထားမယ့္ Apple Watch ကုိ iPhone 8 နဲ႔ အတူ ထုတ္လုပ္ေတာ့မယ္လုိ႔ သိရပါတယ္။ Apple ဟာ LTE Enabled စမတ္နာရီအတြက္ဆုိရင္ ဖုန္းေတြနီးပါးေလာက္ႀကီးမယ့္ဘက္ထရီလုိအပ္တာေၾကာင့္ ဘက္ထရီကုိ ခြဲတမ္းေကာင္းေကာင္းခ်ႏုိင္တဲ့ Chip ေတြကုိ Intel နဲ႔ Qualcomm ကုမၸဏီႏွစ္ခုထဲက တစ္ခုကေန ထုတ္လုပ္ေပးဖြယ္ရွိေနတာပါ။HGID_KV_Ads_Square2

www.akhayar.com

[Unicode]

(၁) Gaming Keyboard တွေထဲမှာ ဈေးတွေအရမ်းများလို့စိတ်ညစ်နေရတဲ့ ဘော်ဘော်တွေအတွက် ဒီ Keyboard ကစိတ်ကျေနပ်မှု ပေးနိုင်မှာပါ။

Metal Blacklit ဟာဆိုရင်ဖြင့် သတ္တုဖြင့်စပ်ပြီးပြုလုပ်ထားတဲ့ Gaming Laptop ဖြစ်ပါတယ်။ Gaming Shortcut Key များအလွန်အသုံးဝင်တဲ့ Feature ကီးများပါဝင်နေပြီးတော့ USB ကြိုးထိုးလိုက်ရုံနဲ့ LED ရောင်စုံများပွင့်လာမှာဖြစ်ပါတယ်။Keyboard ကြိုးကို အကြမ်းခံသည့် ရော်ဘာဖြင့် ပြုလုပ်ထားပြီး တန်ဖိုးမှာ ၂၂၀၀၀ ကျပ်သာဖြစ်ပါတယ်။

(၂) ကွန်ပျူတာ အတွက် Driver လိုတာတွေဒေါင်းနိုင်မဲ့ Website

ကွန်ပျူတာမှာ Window problem တွေကြောင့် Window အတင်အချတွေလုပ်ရလေ့ရှိပါတယ်။အဲ့တော့ အမြဲတမ်း Driver ကိစ္စတွေက စိတ်ရှုပ်စရာအနေနဲ့ကို ရှိနေတတ်ပါတယ်။အဲ့လိုကိစ္စတွေကို အထူးဖြေရှင်းပေးနိုင်မယ့် Website တွေထွက်ပေါ်လာခဲ့တာကြာခဲ့ပြီဆိုပေမဲ့ ခုဆိုရင်တော်တော်ကို Driver အမျိုးအစားစုံစုံလင်လင်ရရှိနေပြီဖြစ်တဲ့Website တစ်ခုကိုမိတ်ဆက်ပေးလိုက်ပါတယ်။

www.driverguide.com

(၃) Google Pixel ကို ဒေါ်လာ ၂၀၀ ဈေးလျှော့ချ

အမေရိကန်ပြည်ထောင်စုမှာ Google ရဲ့ Pixel စီးရီး စမတ်ဖုန်းတွေကို ဝယ်ယူဖို့ စီစဉ်ထားတယ်ဆိုရင် သင့်အနေနဲ့ ပစ္စည်းအတွက် သတင်းကောင်းတစ်ခုကို သင်ကြားသိရပါပြီ။ ဘာလို့လည်းဆိုတော့ ဖုန်းဈေးနှုန်းတွေကို ဒေါ်လာ ၂၀၀အထိ လျှော့ပြီးရောင်းနေလို့ပါပဲ။ Pixel XL ဖုန်းကို ဒေါ်လာ ၅၇၀နဲ့ ရနိုင်မှာပါ။ သာမန် Pixel ကိုတော့ ဒေါ်လာ ၅၂၄နဲ့ ရနိုင်မှာဖြစ်ပြီး ဈေးနှုန်း ၁၂၅ဒေါ်လာ လျှော့ချထားပါတယ်။ ဒီလို Discount တွေအပြင် Google အနေနဲ့ ဟန်းဆက်နှစ်ခုလုံးဝယ်ယူတာနဲ့ Daydream View VR headset ကိုလည်း free အနေနဲ့ ပေးဦးမှာဖြစ်ကြောင်းလည်း သိရပါတယ်။

(၄) LTE စနစ်ထောက်ပံ့ထားတဲ့ Apple Watch 3 ကို ဒီနှစ်ကုန်ပိုင်းမှာ ထုတ်လုပ်မယ်

Bloomberg ရဲ့ သတင်းတစ်ရပ်အရ Apple ဟာ ဒီနှစ်ကုန်ပိုင်းမှာ LTE စနစ် ထောက်ပံထားမယ့် Apple Watch ကို iPhone 8 နဲ့ အတူ ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ Apple ဟာ LTE Enabled စမတ်နာရီအတွက်ဆိုရင် ဖုန်းတွေနီးပါးလောက်ကြီးမယ့်ဘက်ထရီလိုအပ်တာကြောင့် ဘက်ထရီကို ခွဲတမ်းကောင်းကောင်းချနိုင်တဲ့ Chip တွေကို Intel နဲ့ Qualcomm ကုမ္ပဏီနှစ်ခုထဲက တစ်ခုကနေ ထုတ်လုပ်ပေးဖွယ်ရှိနေတာပါ။

 

HGID_KV_Ads_Square2

www.akhayar.com