[Zawgyi]

(၁) Snap chat ပုံစံ Stories ဖန္တီးအသုံးျပဳေတာ့မယ့္ Google

Google ဟာ Snapchat-Style Stories နည္းပညာအသစ္ကုိ သူတုိ႔ရဲ႕ထုတ္ေ၀သူေတြ အသုံးျပဳဖုိ႔အတြက္ ကုမၸဏီ Search-Engine မွာျပဳလုပ္ခဲ့တယ္လုိ႔ The Wall Street Journal ရဲ႕ သတင္းေတြအရသိရပါတယ္။ အသစ္ထြက္လာမယ့္ ဒီ Product ရဲ႕နာမည္ကုိ “Stamp”လုိ႕ေခၚျပီး နာမည္ေရွ႕က “ST”ဟာ Stories ကုိကုိယ္စားျပဳပါတယ္။ ဒီ Stories ဟာ Publishers ေတြအရင္က ဖန္တီးခဲ့ဖူးတဲ့ Snapchat’s Discover Section နဲ႕တူျပီး ပုံ ၊ ဗီဒီယုိနဲ႔ စာသားေတြကုိေရာထားတဲ့ ပထမဆုံး မုိဘုိင္း ဒီဇုိင္းနဲ႔တူပါတယ္။ Stamp ကုိ Android အသုံးျပဳသူေတြအတြက္ Recommend ေပးထားတဲ့ Websites နဲ႔ News Stories ကုိဖတ္ရွဴႏိုင္ဖုိ႕ Search Bar ရဲ႕ေအာက္ေျခမွာ ေဖာ္ျပေပးထားဖုိ႕ ျဖစ္ႏုိင္ေခ်မ်ားတယ္လုိ႕သိရပါတယ္။

(၂) Mi 6 နဲ႕ Redmi Note 4X အတြက္ MIUI 9 တရား၀င္ ရယူႏုိင္မယ့္ရက္ကုိ Xiaomi ေၾကညာ

Xiaomi ရဲ႕ UI Version အသစ္ျဖစ္တဲ့ MIUI 9 ကုိရယူႏုိင္မယ့္ ပထမဆုံး စမတ္ဖုန္းကေတာ့ Xiaomi Mi 6 နဲ႕ Redmi Note 4X ပဲျဖစ္ပါတယ္။ ဒါေပမယ့္ August 11 ရက္ထိေစာင့္ဆုိင္းရဦးမွာျဖစ္တယ္လုိ႔ သိရပါတယ္။ ဒီဖုန္း ၂ ခုအတြက္ ထုတ္လုပ္ျပီး ေနာက္ထပ္ ၂ ပတ္အၾကာမွာေတာ့ Xiaomi ရဲ႕ ထုတ္ကုန္ေတြျဖစ္တဲ့ Mi Max ၊ Mi Note 2 ၊ Mi 5 ၊ Mi 5s ၊ Mi 5s Plus ၊ Mi 5c ၊ Mi Mix နဲ႕ Mi Max 2 ၊ Mi 4s ၊ Mi 4c ၊ Redmi 4X တုိ႕ဟာ MIUI 9 ရရွိမွာျဖစ္ပါတယ္။ MIUI 9 မွာ Smart App Launcher ၊ Image Search နဲ႕ Smart Assistant တုိ႕ပါ၀င္လာမွာျဖစ္ျပီး CPU Acceleration Mode နဲ႕ Haptic Feedback တုိ႕လည္းထည့္သြင္းထားတယ္လုိ႕သိရပါတယ္။ လက္ရွိမွာေတာ့ MIUI 9 ဟာ တရုတ္ျပည္မွာသာအသုံးျပဳႏုိင္ျပီး တကမၻာလုံးကုိ မၾကာခင္မွာ ျဖန္႕ခ်ိမွာျဖစ္တယ္လုိ႔ ကုမၸဏီဘက္ကေျပာၾကားခဲ့ပါတယ္။

(၃) ျပဳိင္ဘက္ျဖစ္တဲ့ Chrome ကုိယွဥ္ဖုိ႕ပုံစံ အသစ္နဲ႕ ထြက္လာမယ့္ Firefox Browser

Mozill ရဲ႕ CEO Chris Beard နဲ႕သူ႔ Team ဟာ Firefox ကုိ Version အသစ္နဲ႕ထုတ္လုပ္ႏုိင္ဖုိ႕အျပင္ Chrome ထက္ သာလြန္ေအာင္ လုပ္ေဆာင္လ်က္ရွိတယ္လုိ႕သိရပါတယ္။ Firefox Version အသစ္ကုိ ထုတ္လုပ္မွာကေတာ့ November 14ရက္ေန႕ ျဖစ္ျပီး Firefox 57 ဆုိတဲ့နာမည္နဲ႕ ထြက္ရွိလာမွာျဖစ္ပါတယ္။ အသစ္ထြက္လာမယ့္ Version မွာ အရင္ျမင္ေနက် လိေမၼာ္ေရာင္ေျမေခြးပုံသ႑ာန္ ရွိေတာ့မွာမဟုတ္ပါဘူး။ Browser အသုံးျပဳသူေတြရဲ႕ 54% ဟာ Chrome သုံးစြဲျပီး Apple ရဲ႕ Safari ကေတာ့ 14% ရွိကာ Firefox ကေတာ့ 6% သာရွိတယ္လုိ႕ စစ္တမ္းေတြအရသိရပါတယ္။ ဒီ Version အသစ္သာထြက္လာရင္ေတာ့ ကၽြန္ေတာ္တုိ႔အေနနဲ႕ အသုံးျပဳသူေတြကုိ ျပန္ဆြဲေခၚႏုိင္မွာပါလုိ႕ Mozilla Chief Executive Chris Beard က ကုမၸဏီ ရုံးခ်ဳပ္ မွာေျပာၾကားခဲ့ပါတယ္။

(၄) သီခ်င္းေတြ Album နဲ႕ Playlist ကုိ Offline သိမ္းဖုိ႕ ခြင့္ျပဳလုိက္တဲ့ YouTube

YouTube ဟာ User ေတြအတြက္အသုံး၀င္ေစမယ့္ Feature တစ္ခုကို ထည့္သြင္းခဲ့တယ္လုိ႕သိရပါတယ္။ အဲဒါကေတာ့ Offline Button ပဲျဖစ္ပါတယ္။ တကယ္လုိ႔ သင္ဟာ YouTube Red Subscriber တစ္ေယာက္ျဖစ္မယ္ဆုိရင္ ခုခ်ိန္ကစျပီး သီခ်င္းေတြကုိ Offline မွာသိမ္းလုိ႕ရေအာင္ေရြးခ်ယ္ခုိင္းမွာျဖစ္ပါတယ္။ သီခ်င္း ၊ Album ဒါမွမဟုတ္ Playlist ကုိ သိမ္းႏုိင္ပါတယ္။ Audio ဒါမွမဟုတ္ Video ကုိလည္း Save ထားလုိ႕ရပါတယ္။ Offline library မွာ Access ျဖစ္တာနဲ႕ ကုိယ့္ Profile Photo ကုိတင္ျပီး Offline စတင္အသုံးျပဳႏုိင္ပါတယ္။

(၅) ဖုန္းတစ္လုံးရဲ႕အေၾကာင္းကုိ အေျဖရွာႏုိင္ဖုိ႕ Phone Info Apps

ဖုန္းတစ္လံုးမွာ About တစ္ခုထဲကိုၾကည့္ရံုနဲ ့သာမာန္ User တစ္ေယာက္အေနနဲ ့ Root စစ္ထားတာ Country Part ေတြကအစ ခြဲရခက္ေနတတ္ပါတယ္။ အဲ့အမ်ိဳးအစားေတြကို Application တစ္ခုထဲနဲ ့တင္ရွင္းႏိုင္မယ္ဆို Akhayar ပရိတ္သတ္ၾကီးလဲစိတ္၀င္စားမယ္ထင္ပါတယ္။

HGID_KV_Ads_Square2

www.akhayar.com

[Unicode]

(၁) Snap chat ပုံစံ Stories ဖန်တီးအသုံးပြုတော့မယ့် Google

Google ဟာ Snapchat-Style Stories နည်းပညာအသစ်ကို သူတို့ရဲ့ထုတ်ဝေသူတွေ အသုံးပြုဖို့အတွက် ကုမ္ပဏီ Search-Engine မှာပြုလုပ်ခဲ့တယ်လို့ The Wall Street Journal ရဲ့ သတင်းတွေအရသိရပါတယ်။ အသစ်ထွက်လာမယ့် ဒီ Product ရဲ့နာမည်ကို “Stamp”လို့ခေါ်ပြီး နာမည်ရှေ့က “ST”ဟာ Stories ကိုကိုယ်စားပြုပါတယ်။ ဒီ Stories ဟာ Publishers တွေအရင်က ဖန်တီးခဲ့ဖူးတဲ့ Snapchat’s Discover Section နဲ့တူပြီး ပုံ ၊ ဗီဒီယိုနဲ့ စာသားတွေကိုရောထားတဲ့ ပထမဆုံး မိုဘိုင်း ဒီဇိုင်းနဲ့တူပါတယ်။ Stamp ကို Android အသုံးပြုသူတွေအတွက် Recommend ပေးထားတဲ့ Websites နဲ့ News Stories ကိုဖတ်ရှူနိုင်ဖို့ Search Bar ရဲ့အောက်ခြေမှာ ဖော်ပြပေးထားဖို့ ဖြစ်နိုင်ချေများတယ်လို့သိရပါတယ်။

(၂) Mi 6 နဲ့ Redmi Note 4X အတွက် MIUI 9 တရားဝင် ရယူနိုင်မယ့်ရက်ကို Xiaomi ကြေညာ

Xiaomi ရဲ့ UI Version အသစ်ဖြစ်တဲ့ MIUI 9 ကိုရယူနိုင်မယ့် ပထမဆုံး စမတ်ဖုန်းကတော့ Xiaomi Mi 6 နဲ့ Redmi Note 4X ပဲဖြစ်ပါတယ်။ ဒါပေမယ့် August 11 ရက်ထိစောင့်ဆိုင်းရဦးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီဖုန်း ၂ ခုအတွက် ထုတ်လုပ်ပြီး နောက်ထပ် ၂ ပတ်အကြာမှာတော့ Xiaomi ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ Mi Max ၊ Mi Note 2 ၊ Mi 5 ၊ Mi 5s ၊ Mi 5s Plus ၊ Mi 5c ၊ Mi Mix နဲ့ Mi Max 2 ၊ Mi 4s ၊ Mi 4c ၊ Redmi 4X တို့ဟာ MIUI 9 ရရှိမှာဖြစ်ပါတယ်။ MIUI 9 မှာ Smart App Launcher ၊ Image Search နဲ့ Smart Assistant တို့ပါဝင်လာမှာဖြစ်ပြီး CPU Acceleration Mode နဲ့ Haptic Feedback တို့လည်းထည့်သွင်းထားတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ MIUI 9 ဟာ တရုတ်ပြည်မှာသာအသုံးပြုနိုင်ပြီး တကမ္ဘာလုံးကို မကြာခင်မှာ ဖြန့်ချိမှာဖြစ်တယ်လို့ ကုမ္ပဏီဘက်ကပြောကြားခဲ့ပါတယ်။

(၃) ပြိုင်ဘက်ဖြစ်တဲ့ Chrome ကိုယှဉ်ဖို့ပုံစံ အသစ်နဲ့ ထွက်လာမယ့် Firefox Browser

Mozill ရဲ့ CEO Chris Beard နဲ့သူ့ Team ဟာ Firefox ကို Version အသစ်နဲ့ထုတ်လုပ်နိုင်ဖို့အပြင် Chrome ထက် သာလွန်အောင် လုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။ Firefox Version အသစ်ကို ထုတ်လုပ်မှာကတော့ November 14ရက်နေ့ ဖြစ်ပြီး Firefox 57 ဆိုတဲ့နာမည်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ အသစ်ထွက်လာမယ့် Version မှာ အရင်မြင်နေကျ လိမ္မော်ရောင်မြေခွေးပုံသဏ္ဍာန် ရှိတော့မှာမဟုတ်ပါဘူး။ Browser အသုံးပြုသူတွေရဲ့ 54% ဟာ Chrome သုံးစွဲပြီး Apple ရဲ့ Safari ကတော့ 14% ရှိကာ Firefox ကတော့ 6% သာရှိတယ်လို့ စစ်တမ်းတွေအရသိရပါတယ်။ ဒီ Version အသစ်သာထွက်လာရင်တော့ ကျွန်တော်တို့အနေနဲ့ အသုံးပြုသူတွေကို ပြန်ဆွဲခေါ်နိုင်မှာပါလို့ Mozilla Chief Executive Chris Beard က ကုမ္ပဏီ ရုံးချုပ် မှာပြောကြားခဲ့ပါတယ်။

(၄) သီချင်းတွေ Album နဲ့ Playlist ကို Offline သိမ်းဖို့ ခွင့်ပြုလိုက်တဲ့ YouTube

YouTube ဟာ User တွေအတွက်အသုံးဝင်စေမယ့် Feature တစ်ခုကို ထည့်သွင်းခဲ့တယ်လို့သိရပါတယ်။ အဲဒါကတော့ Offline Button ပဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ YouTube Red Subscriber တစ်ယောက်ဖြစ်မယ်ဆိုရင် ခုချိန်ကစပြီး သီချင်းတွေကို Offline မှာသိမ်းလို့ရအောင်ရွေးချယ်ခိုင်းမှာဖြစ်ပါတယ်။ သီချင်း ၊ Album ဒါမှမဟုတ် Playlist ကို သိမ်းနိုင်ပါတယ်။ Audio ဒါမှမဟုတ် Video ကိုလည်း Save ထားလို့ရပါတယ်။ Offline library မှာ Access ဖြစ်တာနဲ့ ကိုယ့် Profile Photo ကိုတင်ပြီး Offline စတင်အသုံးပြုနိုင်ပါတယ်။

(၅) ဖုန်းတစ်လုံးရဲ့အကြောင်းကို အဖြေရှာနိုင်ဖို့ Phone Info Apps

ဖုန်းတစ်လုံးမှာ About တစ်ခုထဲကိုကြည့်ရုံနဲ့သာမာန် User တစ်ယောက်အနေနဲ့ Root စစ်ထားတာ Country Part တွေကအစ ခွဲရခက်နေတတ်ပါတယ်။အဲ့အမျိုးအစားတွေကို Application တစ်ခုထဲနဲ့တင်ရှင်းနိုင်မယ်ဆို Akhayar ပရိတ်သတ်ကြီးလဲစိတ်ဝင်စားမယ်ထင်ပါတယ်။

HGID_KV_Ads_Square2

www.akhayar.com