[Zawgyi]

ပရီးမီးယားလိဂ္ရဲ႕ လက္ရိွအေကာင္းဆံုး စပိန္ကစားသမားမ်ား

ပရီးမီးယားလိဂ္ဟာ စပိန္ကစားသမားေတြ က်င္လည္ေနတဲ႔ေနရာတစ္ခုပါ။ ပရီးမီးယားလိဂ္မွာ လာေရာက္ကစားတဲ႔ စပိန္ကစားသမားအမ်ားစုဟာလည္း ထိုက္သင္႔တဲ႔ ေအာင္ျမင္မႈေတြကို ရရိွၾကတာေၾကာင္႔ ပရီးမီးယားလိဂ္ဟာ စပိန္ကစားသမားေတြအတြက္ လာျခင္းေကာင္းတဲ႔ နယ္ေျမတစ္ခုဆိုလည္း မမွားပါဘူး။ နာမည္ေက်ာ္ အားကစား ၀က္ဆိုက္ဘ္တစ္ခုျဖစ္တဲ႔ Sportskeeda က ပရီးမီးယားလိဂ္ရဲ႕ လက္ရိွအေကာင္းဆံုး စပိန္ကစားသမားေတြကို ေရြးခ်ယ္ေဖာ္ျပေပးခဲ႔တာေၾကာင္႔ Sportskeeda ရဲ႕ ေရြးခ်ယ္မႈကို Akhayar Sports ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

(၅) ဘယ္လာရင္ Bellerín

Bellerín

Bellerín

အာဆင္နယ္အသင္းရဲ႕ ညာေတာင္ပံတစ္ေလွ်ာက္ အတက္အဆင္းမွန္မွန္နဲ႔ ခံစစ္ ၊ တိုက္စစ္မွ်တျပီး ေျခစြမ္းျပကစားေနတဲ႔ ဘယ္လာရင္ Bellerín အေနနဲ႔ ဒီစာရင္းမွာပါ၀င္လာတာ သိပ္ျပီး ထူးဆန္းတဲ႔အရာေတာ႔မဟုတ္ပါဘူး။ နည္းျပအမ္မရီ Emery လက္ထက္မွာ ဘယ္လာရင္ရဲ႕ေျခစြမ္း အရင္ကထက္ တိုးတက္လာတာဟာလည္း စိတ္ေက်နပ္စရာပါ။

(၄) မာတာ Mata

Mata

Mata

မန္ယူအသင္းရဲ႕ အခုေနာက္ပိုင္းပြဲေတြမွာ ေျခစြမ္းျပကစားေနတဲ႔ မာတာဟာလည္း ပရီးမီးယားလိဂ္ရဲ႕ လက္ရိွအေကာင္းဆံုး စပိန္ကစားသမားတစ္ဦးပါပဲ။ ခ်ယ္လ္ဆီးအသင္းမွာ ကစားကတည္းက ေျခစြမ္းျပသႏိုင္ခဲ႔တဲ႔ မာတာဟာ လက္ရိွမွာလည္း ေျခစြမ္းေကာင္းေတြနဲ႔ မန္ယူအသင္းမွာ ေရွ႕ဆက္ေနပါတယ္။

(၃) အလြန္ဆို Alonso

Alonso

Alonso

ခ်ယ္လ္ဆီးအသင္းရဲ႕ ဘယ္ေနာက္ခံလူ အလြန္ဆို Alonso ကေတာ႔ ဒီစာရင္းမွာ မျဖစ္မေနကိုပါရမယ္႔ ကစားသမားမ်ိဳးပါ။ ခ်ယ္လ္ဆီးအသင္းရဲ႕ ဘယ္ေတာင္ပံတစ္ေလွ်ာက္ အတက္အဆင္းအမွန္မွန္နဲ႔ ေျခစြမ္းျပကစားေနျပီး ဖရီးကစ္ကန္တာလည္းေကာင္းတဲ႔ အလြန္ဆိုဟာ အသင္းအတြက္ သြင္းဂုိးေတြလည္း သြင္းယူေပးႏိုင္သူျဖစ္ပါတယ္။

(၂) ဒီဂီယာ De Gea

De Gea

De Gea

ဒီ Article ကိုဖတ္ေနတဲ႔အခ်ိန္မွာ ပရိသတ္ေတြအေနနဲ႔ ဒီစာရင္းမွာ ဒီဂီယာ De Gea ပါလိမ္႔မယ္လို႔ ထင္ေနၾကမွာပါ။ တကယ္လည္း ဒီဂီယာဟာ ဒီစာရင္းမွာ လံုး၀ကိုပါ၀င္သင္႔တဲ႔သူမ်ိဳးပါ။ ဒီဂီယာဟာ မန္ယူအသင္းကို သူ႔ရဲ႕အေကာင္းဆံုးလက္စြမ္းေတြနဲ႔ အၿမဲလိုလိုကယ္တင္ေပးေနတဲ႔ ကစားသမားျဖစ္ျပီး ေဘာလံုးရာသီတစ္ရာသီမွာ ရမွတ္မ်ားစြာ ရွာေဖြေပးႏိုင္တဲ႔ သူပဲျဖစ္ပါတယ္။

(၁) ေဒးဗစ္ေဆးဗားလ္ David Silva

David-Silva

David-Silva

မန္စီးတီးအသင္းရဲ႕ ကြင္းလယ္ကစားသမား ေဒးဗစ္ေဆးဗားလ္ David Silva ကေတာ႔ ဒီစာရင္းရဲ႕ နံပါတ္(၁)ေနရာမွာ ျခြင္းခ်က္မရိွ ရပ္တည္ေနပါတယ္။ မန္စီးတီးအသင္းရဲ႕ ဂႏၳ၀င္လို႔ေတာင္ေျပာလို႔ရတဲ႔ ေဒးဗစ္ေဆးဗားလ္ ဟာ အသင္းရဲ႕ ပရီးမီးယားလိဂ္ေအာင္ျမင္မႈေတြမွာ အဓိကက်တဲ႔ ကစားသမားျဖစ္သလို လက္ရိွအခ်ိန္ထိလည္း အေကာင္းဆံုးေျခစြမ္းေတြနဲ႔ အသင္းရဲ႕ ကြင္းလယ္ကို ထိန္းေၾကာင္းေပးေနသူပဲျဖစ္ပါတယ္။

Ref: Sportskeeda
Photo: Premier League , Stretty News , JOE.co.uk , The Independent
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ပရီးမီးယားလိဂ်ရဲ့ လက်ရှိအကောင်းဆုံး စပိန်ကစားသမားများ

ပရီးမီးယားလိဂ်ဟာ စပိန်ကစားသမားတွေ ကျင်လည်နေတဲ့နေရာတစ်ခုပါ။ ပရီးမီးယားလိဂ်မှာ လာရောက်ကစားတဲ့ စပိန်ကစားသမားအများစုဟာလည်း ထိုက်သင့်တဲ့ အောင်မြင်မှုတွေကို ရရှိကြတာကြောင့် ပရီးမီးယားလိဂ်ဟာ စပိန်ကစားသမားတွေအတွက် လာခြင်းကောင်းတဲ့ နယ်မြေတစ်ခုဆိုလည်း မမှားပါဘူး။ နာမည်ကျော် အားကစား ဝက်ဆိုက်ဘ်တစ်ခုဖြစ်တဲ့ Sportskeeda က ပရီးမီးယားလိဂ်ရဲ့ လက်ရှိအကောင်းဆုံး စပိန်ကစားသမားတွေကို ရွေးချယ်ဖော်ပြပေးခဲ့တာကြောင့် Sportskeeda ရဲ့ ရွေးချယ်မှုကို Akhayar Sports ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

(၅) ဘယ်လာရင် Bellerín

Bellerín

Bellerín

အာဆင်နယ်အသင်းရဲ့ ညာတောင်ပံတစ်လျှောက် အတက်အဆင်းမှန်မှန်နဲ့ ခံစစ် ၊ တိုက်စစ်မျှတပြီး ခြေစွမ်းပြကစားနေတဲ့ ဘယ်လာရင် Bellerín အနေနဲ့ ဒီစာရင်းမှာပါဝင်လာတာ သိပ်ပြီး ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။ နည်းပြအမ်မရီ Emery လက်ထက်မှာ ဘယ်လာရင်ရဲ့ခြေစွမ်း အရင်ကထက် တိုးတက်လာတာဟာလည်း စိတ်ကျေနပ်စရာပါ။

(၄) မာတာ Mata

Mata

Mata

မန်ယူအသင်းရဲ့ အခုနောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြကစားနေတဲ့ မာတာဟာလည်း ပရီးမီးယားလိဂ်ရဲ့ လက်ရှိအကောင်းဆုံး စပိန်ကစားသမားတစ်ဦးပါပဲ။ ချယ်လ်ဆီးအသင်းမှာ ကစားကတည်းက ခြေစွမ်းပြသနိုင်ခဲ့တဲ့ မာတာဟာ လက်ရှိမှာလည်း ခြေစွမ်းကောင်းတွေနဲ့ မန်ယူအသင်းမှာ ရှေ့ဆက်နေပါတယ်။

(၃) အလွန်ဆို Alonso

Alonso

Alonso

ချယ်လ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူ အလွန်ဆို Alonso ကတော့ ဒီစာရင်းမှာ မဖြစ်မနေကိုပါရမယ့် ကစားသမားမျိုးပါ။ ချယ်လ်ဆီးအသင်းရဲ့ ဘယ်တောင်ပံတစ်လျှောက် အတက်အဆင်းအမှန်မှန်နဲ့ ခြေစွမ်းပြကစားနေပြီး ဖရီးကစ်ကန်တာလည်းကောင်းတဲ့ အလွန်ဆိုဟာ အသင်းအတွက် သွင်းဂိုးတွေလည်း သွင်းယူပေးနိုင်သူဖြစ်ပါတယ်။

(၂) ဒီဂီယာ De Gea

De Gea

De Gea

ဒီ Article ကိုဖတ်နေတဲ့အချိန်မှာ ပရိသတ်တွေအနေနဲ့ ဒီစာရင်းမှာ ဒီဂီယာ De Gea ပါလိမ့်မယ်လို့ ထင်နေကြမှာပါ။ တကယ်လည်း ဒီဂီယာဟာ ဒီစာရင်းမှာ လုံးဝကိုပါဝင်သင့်တဲ့သူမျိုးပါ။ ဒီဂီယာဟာ မန်ယူအသင်းကို သူ့ရဲ့အကောင်းဆုံးလက်စွမ်းတွေနဲ့ အမြဲလိုလိုကယ်တင်ပေးနေတဲ့ ကစားသမားဖြစ်ပြီး ဘောလုံးရာသီတစ်ရာသီမှာ ရမှတ်များစွာ ရှာဖွေပေးနိုင်တဲ့ သူပဲဖြစ်ပါတယ်။

(၁) ဒေးဗစ်ဆေးဗားလ် David Silva

David-Silva

David-Silva

မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးဗားလ် David Silva ကတော့ ဒီစာရင်းရဲ့ နံပါတ်(၁)နေရာမှာ ခြွင်းချက်မရှိ ရပ်တည်နေပါတယ်။ မန်စီးတီးအသင်းရဲ့ ဂန္ထဝင်လို့တောင်ပြောလို့ရတဲ့ ဒေးဗစ်ဆေးဗားလ် ဟာ အသင်းရဲ့ ပရီးမီးယားလိဂ်အောင်မြင်မှုတွေမှာ အဓိကကျတဲ့ ကစားသမားဖြစ်သလို လက်ရှိအချိန်ထိလည်း အကောင်းဆုံးခြေစွမ်းတွေနဲ့ အသင်းရဲ့ ကွင်းလယ်ကို ထိန်းကြောင်းပေးနေသူပဲဖြစ်ပါတယ်။

Ref: Sportskeeda
Photo: Premier League , Stretty News , JOE.co.uk , The Independent
Ko Kyue(Akhayar)
www.akhayar.com