[Zawgyi]

စက္တင္ဘာလရဲ႕ ပရီးမီးယားလိဂ္အေကာင္းဆံုး ကစားသမား(၅)ဦး

ျပိဳင္ဆိုင္မႈ ျပင္းထန္တဲ႔ ပရီးမီးယားလိဂ္ျပိဳင္ပြဲမွာ ပံုစံေကာင္းျပသႏိုင္ဖို႔ဆိုတာ မလြယ္ကူတဲ႔အရာပါ။ ျပီးခဲ႔တဲ႔ စက္တင္ဘာလက ပရီးမီးယားလိဂ္ျပိဳင္ပြဲမွာ ေျခစြမ္းျပသႏိုင္ခဲ႔တဲ႔ ကစားသမားေတြမ်ားစြာရိွေပမယ္႔ အေကာင္းဆံုး ကစားသမား(၅)ဦးကိုေတာ႔ Sportskeeda အားကစား ၀က္ဆိုက္ဘ္က အခုလိုေဖာ္ျပေပးခဲ႔ပါတယ္။

(၅) ေ၀ါလ္ကာ Walker

Walker

Walker

မန္စီးတီး ေနာက္ခံလူ ေ၀ါလ္ကာ Walker ဟာ စက္တင္ဘာလရဲ႕ ပရီးမီးယားလိဂ္အေကာင္းဆံုး ကစားသမားစာရင္းမွာေတာ႔ နံပါတ္(၅)ေနရာမွာရိွေနပါတယ္။ စက္တင္ဘာလထဲမွာ ေ၀ါလ္ကာဟာ မန္စီးတီးအသင္းရဲ႕ ေနာက္တန္းမွာ တည္ျငိမ္တဲ႔ေျခစြမ္းကို ျပသႏိုင္ခဲ႔သလို အသင္းအတြက္ ပရီးမီးယားလိဂ္သြင္းဂိုး(၁)ဂိုးလည္း သြင္းယူေပးႏိုင္ခဲ႔ပါတယ္။

(၄) အဂြဲ႐ိုး Aguero

Sergio-Aguero

Sergio-Aguero

နံပါတ္(၄)ေနရာမွာ ရိွေနတဲ႔ အဂြဲ႐ိုး Aguero ကိုလည္း ႏွစ္ခ်ိဳ႕၀ိုင္တစ္ခြက္လို႔ပဲ တင္စားရမွာပါ။ အဂြဲ႐ိုး Aguero ရဲ႕ ေျခစြမ္းဟာ အသက္ၾကီးလာေလ ပိုျပီးျပည္႕စံုျပီး ေကာင္းလာေလ ျဖစ္ေနပါတယ္။ စက္တင္ဘာလထဲမွာ အဂြဲ႐ိုးဟာ အသင္းအတြက္ ပရီးမီးယားလိဂ္ သြင္းဂိုး(၂)ဂိုး သြင္းယူခဲ႔ပါတယ္။

(၃) လာကာဇက္ Lacazette

Lacazette

Lacazette

အာဆင္နယ္ တိုက္စစ္မႈး လာကာဇက္ Lacazette ကေတာ႔ နံပါတ္(၃)ေနရာမွာ ရိွေနပါတယ္။ လာကာဇက္ဟာ အခြင္႔အေရးကို အျပည္႔အ၀အသံုးခ်ႏိုင္သူလို႔ ဆိုရမွာပါ။ လာကာဇက္နဲ႔ အူဘာမီယန္း Aubameyang တို႔ရဲ႕ တိုက္စစ္အတြဲဟာ လက္ရိွပရီးမီးယားလိဂ္ရဲ႕ ေၾကာက္စရာေကာင္းတဲ႔ တိုက္စစ္အတြဲအဖက္ျဖစ္ေနျပီး စက္တင္ဘာလထဲမွာ လာကာဇက္ဟာ ပရီးမီးယားလိဂ္သြင္းဂိုး(၂)ဂိုး သြင္းယူခဲ႔ပါတယ္။

(၂) စတာလင္ Sterling

Sterling

Sterling

ရီးယဲလ္အသင္းရဲ႕ ပစ္မွတ္ထားျခင္းကိုခံေနရျပီး အသင္းနဲ႔စာခ်ဳပ္သစ္ ကိစၥအဆင္မေျပ ျဖစ္ေနတဲ႔ မန္စီးတီးေတာင္ပံ တိုက္စစ္ကစားသမား စတာလင္ Sterling ကေတာ႔ နံပါတ္(၂)ေနရာမွာ ရိွေနပါတယ္။ စတာလင္ရဲ႕ ေတာင္ပံကေန ထိုးေဖာက္မႈေတြေၾကာင္႔ တျခားကစားသမားေတြဟာ ေနရာလြတ္ ေတြပိုရခဲ႔ပါတယ္။ စက္တင္ဘာလထဲမွာ စတာလင္ဟာ အသင္းအတြက္ ပရီးမီးယားလိဂ္သြင္းဂိုး(၃)ဂိုးသြင္းယူခဲ႔ပါတယ္။

(၁) ဟာဇက္ Hazard

Hazard

Hazard

ခ်ယ္လ္ဆီးအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဟာဇက္ Hazard ကေတာ႔ အျငင္းပြားဖြယ္ရာ မရိွနံပါတ္(၁)ေနရာမွာရိွေနပါတယ္။ ဟာဇက္ရဲ႕ ေျခစြမ္းဟာ တျဖည္းျဖည္းနဲ႔တိုးတက္မႈေတြရိွလာခဲ႔ျပီး လက္ရိွမွာေတာ႔ အေကာင္းဆံုးပံုစံကို ရရိွေနျပီလို႔ ေျပာရမွာပါ။ လက္ရိွ ခ်ယ္လ္ဆီးအသင္းရဲ႕ ရလဒ္ေတြဟာ ဟာဇက္ရဲ႕ ေျခစြမ္းနဲ႔ တိုက္႐ိုက္ အခ်ိဳးက်ေနတာပါ။ ဟာဇက္ဟာ စက္တင္ဘာလထဲမွာ အသင္းအတြက္ ပရီးမီးယားလိဂ္ သြင္းဂိုး(၅)ဂိုးသြင္းယူခဲ႔ပါတယ္။

Ref: Sportskeeda
Photo: The Independent , Stadium Astro , Premier League , Cokhihiepluc , Sporting News
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စက်တင်ဘာလရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမား(၅)ဦး

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပုံစံကောင်းပြသနိုင်ဖို့ဆိုတာ မလွယ်ကူတဲ့အရာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားတွေများစွာရှိပေမယ့် အကောင်းဆုံး ကစားသမား(၅)ဦးကိုတော့ Sportskeeda အားကစား ဝက်ဆိုက်ဘ်က အခုလိုဖော်ပြပေးခဲ့ပါတယ်။

(၅) ဝေါလ်ကာ Walker

Walker

Walker

မန်စီးတီး နောက်ခံလူ ဝေါလ်ကာ Walker ဟာ စက်တင်ဘာလရဲ့ ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမားစာရင်းမှာတော့ နံပါတ်(၅)နေရာမှာရှိနေပါတယ်။ စက်တင်ဘာလထဲမှာ ဝေါလ်ကာဟာ မန်စီးတီးအသင်းရဲ့ နောက်တန်းမှာ တည်ငြိမ်တဲ့ခြေစွမ်းကို ပြသနိုင်ခဲ့သလို အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၁)ဂိုးလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။

(၄) အဂွဲရိုး Aguero

Sergio-Aguero

Sergio-Aguero

နံပါတ်(၄)နေရာမှာ ရှိနေတဲ့ အဂွဲရိုး Aguero ကိုလည်း နှစ်ချို့ဝိုင်တစ်ခွက်လို့ပဲ တင်စားရမှာပါ။ အဂွဲရိုး Aguero ရဲ့ ခြေစွမ်းဟာ အသက်ကြီးလာလေ ပိုပြီးပြည့်စုံပြီး ကောင်းလာလေ ဖြစ်နေပါတယ်။ စက်တင်ဘာလထဲမှာ အဂွဲရိုးဟာ အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၂)ဂိုး သွင်းယူခဲ့ပါတယ်။

(၃) လာကာဇက် Lacazette

Lacazette

Lacazette

အာဆင်နယ် တိုက်စစ်မှုး လာကာဇက် Lacazette ကတော့ နံပါတ်(၃)နေရာမှာ ရှိနေပါတယ်။ လာကာဇက်ဟာ အခွင့်အရေးကို အပြည့်အဝအသုံးချနိုင်သူလို့ ဆိုရမှာပါ။ လာကာဇက်နဲ့ အူဘာမီယန်း Aubameyang တို့ရဲ့ တိုက်စစ်အတွဲဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ ကြောက်စရာကောင်းတဲ့ တိုက်စစ်အတွဲအဖက်ဖြစ်နေပြီး စက်တင်ဘာလထဲမှာ လာကာဇက်ဟာ ပရီးမီးယားလိဂ်သွင်းဂိုး(၂)ဂိုး သွင်းယူခဲ့ပါတယ်။

(၂) စတာလင် Sterling

Sterling

Sterling

ရီးယဲလ်အသင်းရဲ့ ပစ်မှတ်ထားခြင်းကိုခံနေရပြီး အသင်းနဲ့စာချုပ်သစ် ကိစ္စအဆင်မပြေ ဖြစ်နေတဲ့ မန်စီးတီးတောင်ပံ တိုက်စစ်ကစားသမား စတာလင် Sterling ကတော့ နံပါတ်(၂)နေရာမှာ ရှိနေပါတယ်။ စတာလင်ရဲ့ တောင်ပံကနေ ထိုးဖောက်မှုတွေကြောင့် တခြားကစားသမားတွေဟာ နေရာလွတ် တွေပိုရခဲ့ပါတယ်။ စက်တင်ဘာလထဲမှာ စတာလင်ဟာ အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး(၃)ဂိုးသွင်းယူခဲ့ပါတယ်။

(၁) ဟာဇက် Hazard

Hazard

Hazard

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဟာဇက် Hazard ကတော့ အငြင်းပွားဖွယ်ရာ မရှိနံပါတ်(၁)နေရာမှာရှိနေပါတယ်။ ဟာဇက်ရဲ့ ခြေစွမ်းဟာ တဖြည်းဖြည်းနဲ့တိုးတက်မှုတွေရှိလာခဲ့ပြီး လက်ရှိမှာတော့ အကောင်းဆုံးပုံစံကို ရရှိနေပြီလို့ ပြောရမှာပါ။ လက်ရှိ ချယ်လ်ဆီးအသင်းရဲ့ ရလဒ်တွေဟာ ဟာဇက်ရဲ့ ခြေစွမ်းနဲ့ တိုက်ရိုက် အချိုးကျနေတာပါ။ ဟာဇက်ဟာ စက်တင်ဘာလထဲမှာ အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုး(၅)ဂိုးသွင်းယူခဲ့ပါတယ်။

Ref: Sportskeeda
Photo: The Independent , Stadium Astro , Premier League , Cokhihiepluc , Sporting News
Ko Kyue(Akhayar)
www.akhayar.com