ဒီေန႔သိသင္႔တဲ႔ သတင္း (၅) ခု (၉.၁၀.၂၀၁၇)

Producer-Ma-Gyi-Soe

[Zawgyi]

ဒီေန႔သိသင္႔တဲ႔ သတင္း (၅) ခု (၉.၁၀.၂၀၁၇)

(၁) ေမာင္ေတာေဒသ ကယ္ဆယ္ေရးစခန္းမ်ားမွာ ေနထုိင္ၾကသူမ်ား ေနရပ္ျပန္သူမ်ားလာ

ရခိုင္္ျပည္နယ္၊ ေမာင္ေတာေဒသတြင္ ARSA အစြန္းေရာက္အဖြဲ႔၏ အၾကမ္းဖက္မႈေၾကာင့္ ေနရပ္စြန္႔ခြာကာ ကယ္ဆယ္ေရးစခန္းမ်ားတြင္ ယာယီခိုလံုေနၾကသည္႔ ေဒသခံတိုင္းရင္းသားမ်ား ေအာက္တုိဘာလဒုတိယပတ္အတြင္း ေနရပ္ျပန္သူမ်ားလာေၾကာင္း သိရွိရသည္။

(၂) ဖုန္ေဂး မီးယားပင္ (Phongamia) စိုက္ပ်ဳိးထုတ္လုပ္ရန္ ျပည္္ပရင္းႏွီးျမွဳပ္ႏွံမႈအား အဓိကထား ဖိတ္ေခၚမည္

ဘိုင္အိုမတ္စ္ဒီဇယ္ဆီထုတ္လုပ္ရာ၌ ကုန္ၾကမ္းအျဖစ္အသုံးျပဳသည္႔ ဖုန္ေဂး မီးယားပင္ (Phongamia) စိုက္ပ်ဳိးထုတ္လုပ္ရန္ ျပည္္ပရင္းႏွီးျမွဳပ္ႏွံမႈအား အဓိကထား ဖိတ္ေခၚသြားမည္ျဖစ္ေၾကာင္း Tint Tint Myanmar ကုမၸဏီမွ သိရွိရသည္။

(၃) ပရိုဂ်ဳဆာမႀကီးစိုး ရုပ္ရွင္ဇာတ္ကား ေအာက္တိုဘာ ၁၃ ရက္မွာ ႐ံုတင္ျပသမယ္

ျမန္မာ့ရုပ္ရွင္ႏွင့္ ဗီြဒီယိုေလာကတြင္းက အျဖစ္မွန္ေတြကို ထည့္သြင္း႐ိုက္ကူးထားတဲ႔ ပ႐ိုဂ်ဳဆာမႀကီးစိုး ႐ုပ္ရွင္ဇာတ္ကားကို ေအာက္တိုဘာ ၁၃ ရက္မွာ ႐ံုတင္ျပသသြားမယ္လို႔ သိရပါတယ္။

(၄) ဆီးခ်ဳိေ၀ဒနာရွင္ေတြအတြက္ သစ္ႀကံပိုးကို စားသံုးသင့္သလား

ဆီးခ်ဳိသမားေတြအတြက္ ႏွလံုးေရာဂါျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစတယ္လုိ႔ေျပာၿပီး ေရာင္းခ်ေနတဲ႔ ျဖည့္စြက္စာေတြ ေစ်းကြက္ထဲမွာ အေတာ္မ်ားမ်ားရွိပါတယ္။ ၾကက္သြန္ျဖဴ၊ မဂၢနီဆီယမ္( magnesium) နဲ႔ Coenzyme Q10 တို႔ကိုေတာ႔ ျဖည့္စြက္စာအျဖစ္ အမ်ားဆံုးစားသံုးၾကပါတယ္။ ဒါေပမယ္႔ ေရွးေခတ္ကတည္းက အသံုးျပဳခဲ့တဲ႔ ေဆးတစ္လက္ျဖစ္တဲ႔ သစ္ႀကံပိုးကေတာ႔ ဆီးခ်ဳိေ၀ဒနာရွင္ေတြအတြက္ ေရပန္းစားေနတဲ႔ ျဖည့္စြက္စာပဲ ျဖစ္ပါတယ္။

(၅) System Update ကေန ကင္မရာစြမး္ေဆာင္ရည္ ၄၀ ရာခုိင္ႏႈန္း ပုိမိုျမန္ဆန္လာမယ့္ Essential စမတ္ဖုန္း

Android ဖခင္ၾကီးျဖစ္တဲ႔ Andy Rubin က ကိုယ္တုိင္ထုတ္လုပ္ထားတဲ႔ Essential စမတ္ဖုန္းမွာ အားနည္းခ်က္တစ္ခုက ကင္မရာပိုင္းအားနည္းတာပဲျဖစ္ပါတယ္။ အျခားေသာ ျပိဳင္ဘက္ဖုန္းေတြနဲ႔ယွဥ္ရင္ သိသိသာသာ စြမ္းေဆာင္ရည္မေကာင္းတဲ႔အခ်က္ကို အခုအခ်ိန္မွာ Software Update ကေနတစ္ဆင့္ ျပန္္လည္ျပင္ဆင္ေပးဖုုိ႔ ျပဳလုပ္ေနတယ္လုိ႔ သိရပါတယ္။ Essential ကုမၸဏီရဲ႕ ေျပာၾကားခ်က္အရေတာ႔ HDR, Portrait Mode, Pro Mode ေတြကို အဆင့္ျမွင့္တင္ထားတဲ႔အျပင္ ယခင္ထက္ ၄၀ ရာခုိင္ႏႈန္း ပိုမိုျမန္ဆန္လာမယ္လုိ႔ သိရပါတယ္။

www.akhayar.com

[Unicode]

ဒီနေ့သိသင့်တဲ့ သတင်း (၅) ခု (၉.၁၀.၂၀၁၇)

(၁) မောင်တောဒေသ ကယ်ဆယ်ရေးစခန်းများမှာ နေထိုင်ကြသူများ နေရပ်ပြန်သူများလာ

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ARSA အစွန်းရောက်အဖွဲ့၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာကာ ကယ်ဆယ်ရေးစခန်းများတွင် ယာယီခိုလုံနေကြသည့် ဒေသခံတိုင်းရင်းသားများ အောက်တိုဘာလဒုတိယပတ်အတွင်း နေရပ်ပြန်သူများလာကြောင်း သိရှိရသည်။

(၂) ဖုန်ဂေး မီးယားပင် (Phongamia) စိုက်ပျိုးထုတ်လုပ်ရန် ပြည်ပရင်းနှီးမြှုပ်နှံမှုအား အဓိကထား ဖိတ်ခေါ်မည်

ဘိုင်အိုမတ်စ်ဒီဇယ်ဆီထုတ်လုပ်ရာ၌ ကုန်ကြမ်းအဖြစ်အသုံးပြုသည့် ဖုန်ဂေး မီးယားပင် (Phongamia) စိုက်ပျိုးထုတ်လုပ်ရန် ပြည်ပရင်းနှီးမြှုပ်နှံမှုအား အဓိကထား ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း Tint Tint Myanmar ကုမ္ပဏီမှ သိရှိရသည်။

(၃) ပရိုဂျုဆာမကြီးစိုး ရုပ်ရှင်ဇာတ်ကား အောက်တိုဘာ ၁၃ ရက်မှာ ရုံတင်ပြသမယ်

မြန်မာ့ရုပ်ရှင်နှင့် ဗွီဒီယိုလောကတွင်းက အဖြစ်မှန်တွေကို ထည့်သွင်းရိုက်ကူးထားတဲ့ ပရိုဂျုဆာမကြီးစိုး ရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာ ၁၃ ရက်မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

(၄) ဆီးချိုဝေဒနာရှင်တွေအတွက် သစ်ကြံပိုးကို စားသုံးသင့်သလား

ဆီးချိုသမားတွေအတွက် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ပြောပြီး ရောင်းချနေတဲ့ ဖြည့်စွက်စာတွေ ဈေးကွက်ထဲမှာ အတော်များများရှိပါတယ်။ ကြက်သွန်ဖြူ၊ မဂ္ဂနီဆီယမ်( magnesium) နဲ့ Coenzyme Q10 တို့ကိုတော့ ဖြည့်စွက်စာအဖြစ် အများဆုံးစားသုံးကြပါတယ်။ ဒါပေမယ့် ရှေးခေတ်ကတည်းက အသုံးပြုခဲ့တဲ့ ဆေးတစ်လက်ဖြစ်တဲ့ သစ်ကြံပိုးကတော့ ဆီးချိုဝေဒနာရှင်တွေအတွက် ရေပန်းစားနေတဲ့ ဖြည့်စွက်စာပဲ ဖြစ်ပါတယ်။

(၅) System Update ကနေ ကင်မရာစွမ်းဆောင်ရည် ၄၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာမယ့် Essential စမတ်ဖုန်း

Android ဖခင်ကြီးဖြစ်တဲ့ Andy Rubin က ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ Essential စမတ်ဖုန်းမှာ အားနည်းချက်တစ်ခုက ကင်မရာပိုင်းအားနည်းတာပဲဖြစ်ပါတယ်။ အခြားသော ပြိုင်ဘက်ဖုန်းတွေနဲ့ယှဉ်ရင် သိသိသာသာ စွမ်းဆောင်ရည်မကောင်းတဲ့အချက်ကို အခုအချိန်မှာ Software Update ကနေတစ်ဆင့် ပြန်လည်ပြင်ဆင်ပေးဖိုု့ ပြုလုပ်နေတယ်လို့ သိရပါတယ်။ Essential ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့ HDR, Portrait Mode, Pro Mode တွေကို အဆင့်မြှင့်တင်ထားတဲ့အပြင် ယခင်ထက် ၄၀ ရာခိုင်နှုန်း ပိုမိုမြန်ဆန်လာမယ်လို့ သိရပါတယ်။

www.akhayar.com