ဒီေန႔သိသင္႔တဲ႔ သတင္း (၅) ခု (၂၅.၉.၂၀၁၇)

Emoji

ဒီေန႔သိသင္႔တဲ႔ သတင္း (၅) ခု (၂၅.၉.၂၀၁၇)

[Zawgyi]

၁။ အင္ဂ်င္ေျခာက္လံုးထိုး ကမာၻ႔အႀကီးဆံုးေလယာဥ္

Stratolaunch လုိ႔ အမည္ေပးထားတဲ့ ကမာၻ႔အႀကီးမားဆံုးေလယာဥ္ဟာ မထမဦးဆံုးပ်ံသန္းမႈကို ျပဳလုပ္ႏိုင္ဖုိ႔ ပိုမိုနီးစပ္ခဲ့ၿပီျဖစ္ပါတယ္။ ဒီေလယာဥ္ပ်ံႀကီးကုိ လြန္ခဲ့တဲ့ရက္ပိုင္းတုန္းကပဲ အင္ဂ်င္တစ္လံုးစီကို အေလးခ်ိန္ ၈၉၄၀ ေပါင္ေလးတဲ့ အင္ဂ်င္ေျခာက္လံုးကို တပ္ဆင္စမ္းသပ္ႏိုင္ခဲ့ပါတယ္။

၂။ SME မ်ား စာရင္းေကာက္ယူရာ၌ ေတာင္ဒဂံုၿမိဳ႕နယ္ကို ပိုင္ေလာ့ပေရာဂ်က္အျဖစ္ ေအာက္တိုဘာလအတြင္း စတင္ေဆာင္ရြက္မည္

ရန္ကုန္တိုင္းေဒသႀကီးရွိ တစ္ႏိုင္တစ္ပိုင္လုပ္ငန္းႏွင့္ အေသးစား၊ အလတ္စားလုပ္ငန္းမ်ားကို စာရင္း ေကာက္ယူရာ၌ ေတာင္ဒဂံုၿမိဳ႕နယ္ကို ပိုင္ေလာ့ပေရာဂ်က္အျဖစ္ ေအာက္တိုဘာလအတြင္း စတင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖဲြ႔မွ သိရသည္။

၃။ ဒီဇိုင္နာ ေဌးေဌးတင္(SHI MI SU) ရဲ႕ Fashion Solo Show(2017-2018)ပြဲ ျပဳလုပ္မည္

ဒီဇိုင္နာ ေဌးေဌးတင္(SHI MI SU)ရဲ႕ ဒီဇိုင္နာသက္တမ္း (၉)ႏွစ္ျပည့္အေနနဲ႔ Fashion Solo Show(2017-2018)ပြဲကို စက္တင္ဘာ ၂၆ ရက္၊ ညေနပိုင္းမွာ ရန္ကုန္ၿမိဳ႕၊ ေတာ္ဝင္စင္တာရိွ Ball Roomမွာ က်င္းပသြားမယ္လို႔ သိရပါတယ္။

၄။ ၂၀၁၇ ခုႏွစ္မွာ မဂၤလာပြဲက်င္းပႏိုင္မွာမဟုတ္ေသးဘူးလို႔ သရုပ္ေဆာင္ အကယ္ဒမီ ခင္ဇာျခည္ေက်ာ္ေျပာ

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၂၀၁၇ ခုႏွစ္မွာ မဂၤလာပြဲက်င္းပႏိုင္မွာ မဟုတ္ေသးဘူးလို႔ သရုပ္ေဆာင္ အကယ္ဒမီ ခင္ဇာျခည္ေက်ာ္က သူ႔ပရိတ္သတ္ေတြကို ေျပာဆိုလာပါတယ္။

၅။ Emoji မ်က္ႏွာေလးေတြကို ပထမဦးဆံုးတီထြင္ခဲ့သူ

ၿပံဳးေနတဲ့မ်က္ႏွာေလးေတြ၊ အသဲပံုေလးေတြ၊ စိတ္ဆိုးေနတဲ့မ်က္ႏွာပံုစံေလးေတြ စတဲ့ emoji ေလးေတြ ေပၚေပါက္လာတဲ့အခါမွာေတာ့ မိုဘိုင္းဖုန္းမက္ေဆ့ေတြကေန ေျပာဆိုဆက္သြယ္ေနတဲ့ပံုစံဟာ တစ္ကမာၻလံုးမွာ ေျပာင္းလဲခဲ့ပါတယ္။ ဒီ Emoji ေလးေတြကို New York ၿမိဳ႕က Museum of Modern Art ျပတိုက္ထဲမွာ ျပသထားၿပီး ေဟာလီး၀ုဒ္ဇာတ္ကားသစ္တစ္ကားထဲမွာေတာင္မွ ထည့္သြင္းရိုက္ကူးထားပါတယ္။

အခုအခ်ိန္မွာေတာ့ Emoji ေလးေတြကို ေနရာတိုင္းမွာ အသံုးျပဳေနေပမယ့္လည္း ဒီပံုေလးေတြကို တီထြင္ခဲ့သူကေတာ႔ ဂ်ပန္ႏိုင္ငံက လူငယ္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ဂ်ပန္မိုဘိုင္းဖုန္းကုမၸဏီတစ္ခုျဖစ္တဲ့ NTT DoCoMo မွာ အလုပ္လုပ္ေနခဲ့တဲ့ ၀န္ထမ္းတစ္ေယာက္ျဖစ္သူ Shigetaka Kurita ဟာသူ႔အသက္ ၂၅ ႏွစ္တုန္းက ဒီ Emoji ေလးေတြကို ေရးဆြဲခဲ့တာပါ။

www.akhayar.com

[Unicode]

၁။ အင်ဂျင်ခြောက်လုံးထိုး ကမ္ဘာ့အကြီးဆုံးလေယာဉ်

Stratolaunch လို့ အမည်ပေးထားတဲ့ ကမ္ဘာ့အကြီးမားဆုံးလေယာဉ်ဟာ မထမဦးဆုံးပျံသန်းမှုကို ပြုလုပ်နိုင်ဖို့ ပိုမိုနီးစပ်ခဲ့ပြီဖြစ်ပါတယ်။ ဒီလေယာဉ်ပျံကြီးကို လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကပဲ အင်ဂျင်တစ်လုံးစီကို အလေးချိန် ၈၉၄၀ ပေါင်လေးတဲ့ အင်ဂျင်ခြောက်လုံးကို တပ်ဆင်စမ်းသပ်နိုင်ခဲ့ပါတယ်။

၂။ SME များ စာရင်းကောက်ယူရာ၌ တောင်ဒဂုံမြို့နယ်ကို ပိုင်လော့ပရောဂျက်အဖြစ် အောက်တိုဘာလအတွင်း စတင်ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီးရှိ တစ်နိုင်တစ်ပိုင်လုပ်ငန်းနှင့် အသေးစား၊ အလတ်စားလုပ်ငန်းများကို စာရင်း ကောက်ယူရာ၌ တောင်ဒဂုံမြို့နယ်ကို ပိုင်လော့ပရောဂျက်အဖြစ် အောက်တိုဘာလအတွင်း စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

၃။ ဒီဇိုင်နာ ဌေးဌေးတင်(SHI MI SU) ရဲ့ Fashion Solo Show(2017-2018)ပွဲ ပြုလုပ်မည်

ဒီဇိုင်နာ ဌေးဌေးတင်(SHI MI SU)ရဲ့ ဒီဇိုင်နာသက်တမ်း (၉)နှစ်ပြည့်အနေနဲ့ Fashion Solo Show(2017-2018)ပွဲကို စက်တင်ဘာ ၂၆ ရက်၊ ညနေပိုင်းမှာ ရန်ကုန်မြို့၊ တော်ဝင်စင်တာရှိ Ball Roomမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

၄။ ၂၀၁၇ ခုနှစ်မှာ မင်္ဂလာပွဲကျင်းပနိုင်မှာမဟုတ်သေးဘူးလို့ သရုပ်ဆောင် အကယ်ဒမီ ခင်ဇာခြည်ကျော်ပြော

အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၇ ခုနှစ်မှာ မင်္ဂလာပွဲကျင်းပနိုင်မှာ မဟုတ်သေးဘူးလို့ သရုပ်ဆောင် အကယ်ဒမီ ခင်ဇာခြည်ကျော်က သူ့ပရိတ်သတ်တွေကို ပြောဆိုလာပါတယ်။

၅။ Emoji မျက်နှာလေးတွေကို ပထမဦးဆုံးတီထွင်ခဲ့သူ

ပြုံးနေတဲ့မျက်နှာလေးတွေ၊ အသဲပုံလေးတွေ၊ စိတ်ဆိုးနေတဲ့မျက်နှာပုံစံလေးတွေ စတဲ့ emoji လေးတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့ မိုဘိုင်းဖုန်းမက်ဆေ့တွေကနေ ပြောဆိုဆက်သွယ်နေတဲ့ပုံစံဟာ တစ်ကမ္ဘာလုံးမှာ ပြောင်းလဲခဲ့ပါတယ်။ ဒီ Emoji လေးတွေကို New York မြို့က Museum of Modern Art ပြတိုက်ထဲမှာ ပြသထားပြီး ဟောလီးဝုဒ်ဇာတ်ကားသစ်တစ်ကားထဲမှာတောင်မှ ထည့်သွင်းရိုက်ကူးထားပါတယ်။

အခုအချိန်မှာတော့ Emoji လေးတွေကို နေရာတိုင်းမှာ အသုံးပြုနေပေမယ့်လည်း ဒီပုံလေးတွေကို တီထွင်ခဲ့သူကတော့ ဂျပန်နိုင်ငံက လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဂျပန်မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ NTT DoCoMo မှာ အလုပ်လုပ်နေခဲ့တဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်သူ Shigetaka Kurita ဟာသူ့အသက် ၂၅ နှစ်တုန်းက ဒီ Emoji လေးတွေကို ရေးဆွဲခဲ့တာပါ။

www.akhayar.com