[Zawgyi]






HGID_KV_Ads_Square

www.akhayar.com

[Unicode]

(၁) မန်ယူအသင်းမှ ပြောင်းရွှေ့လာတဲ့ အဲဗာတန်တိုက်စစ်မှုး Rooney ဟာ နိုင်ငံတကာလက်ရွေးစင်ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း အံ့အားသင့်ဖွယ် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်သာရှိသေးတဲ့ Rooney ဟာ သူ့အနေနဲ့ အဲဗာတန်အသင်းအတွက် အာရုံစူးစိုက်မှုအပြည့်ထားရှိပြီး ကစားပေးလိုခြင်းကြောင့် ဒီဆုံးဖြတ်ချက်ကို ချမှတ်ရခြင်းဖြစ်တယ်လို့ ရှင်းပြသွားပါတယ်။

(၂) အိမ်ရှင်မလေးရှားအသင်းနဲ့ မြန်မာအမျိုးသားဘောလုံးအသင်းတို့ ယှဉ်ပြိုင်တဲ့ပွဲစဉ်ကို မြန်မာလူမျိုးတွေသွားအားပေးတဲ့အချိန်မှာ ရန်ပြုတိုက်ခိုက်မှုတွေခံခဲ့ရတာကြောင့် အားကစားပြိုင်ပွဲတွေကို သွားရောက်အားပေးရာမှာ သတိဝီရိယနဲ့သွားလာကြသင့်တယ်လို့ မြန်မာသံရုံးက သတိပေးထားတယ်လို့ သိရပါတယ်။

(၃) အရင်က နိုင်ငံပိုင်သတင်းစာများမှာ ဆောင်းပါးများရေးသားခဲ့တဲ့ ဦးမင်းဆွေ (ခ) ငါးမင်းဆွေဟာ ဒေါ်အောင်စုကြည်နဲ့ အမေရိကန်သမ္မတဟောင်း မစ္စတာအိုဘားမားတို့ကို တရားစွဲဆိုဖို့ ဗဟန်းမြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။ ၂၃.၈.၂၀၁၇ မှာ ဗဟန်းမြို့နယ်တရားရုံးတော်က လျှောက်လွှာကို လက်ခံထားပြီး ၂၄.၈.၂၀၁၇ မှာ ရုံးတော်သို့ လာရောက်ဖို့ ချိန်းဆိုထားပါတယ်။ တရားစွဲရတဲ့အကြောင်းအရင်းကတော့ အိုဘားမားမြန်မာနိုင်ငံလာစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံရာမှာ လူမြင်ကွင်းမှာ အပြန်အလှန်ပွေ့ဖက်နမ်းရှုံ့ခဲ့တဲ့အတွက် မြန်မာတို့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေတဲ့အတွက် တရားစွဲဆိုခဲ့တယ်လို့ သိရပါတယ်။

(၄) မနေ့ ၂၃.၈.၂၀၁၇ ခုနှစ်မှာ ဟောင်ကောင်မှာတိုက်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Hato ကြောင့် အနည်းဆုံး လူပေါင်း ၁၂ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီမုန်တိုင်းဟာ အတော်ပြင်းထန်တဲ့ မုန်တိုင်းဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ဟောင်ကောင်မှာ ဒီလောက်အားပြင်းတဲ့မုန်တိုင်းမျိုး ၃ ကြိမ်မြောက် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ Video မှတ်တမ်းတွေအရ မိုးမြင့်တိုက်တွေပေါ်က ကရိန်းတွေ ပြတ်ကျခဲ့တဲ့အပြင် လမ်းမတစ်လျှောက် ကားတွေနစ်မြုပ်လောက်အောင်ထိ ရေလျှံခဲ့ပြီး မုန်တိုင်းတိုက်နေစဉ်အတွင်း လမ်းသွားလမ်းလာလူတွေပါ လွင့်ခဲ့တာတွေ့ရပါတယ်။

(၅) H1N1 ကြောင့်ရွှေ့ဆိုင်းထားတဲ့ Cherry FM ရှစ်နှစ်ပြည့်ဖျော်ဖြေပွဲကို စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြန်လည်ကျင်းပါတော့မယ်။အဆိုပါ အခမဲ့တေးဂီတပွဲတော်မှာ အဆိုတော် ဝေလ၊ စိုင်းစိုင်းခမ်း လှိုင်၊ ကျားပေါက်၊ ဘန်နီဖြိုး၊ ဂျီလတ်၊ ရဲရင့်အောင်၊ စိုင်းလိတ်၊ မိစန္ဒီ၊ ပိုပိုဟေသာ၊ အမရာဘုန်း နှင့် ပန်းရောင်ခြယ် အစရှိတဲ့အဆိုတော်တွေ ပါဝင်မယ်လို့လည်းသိရပါတယ်။

HGID_KV_Ads_Square

www.akhayar.com