ဒီေန႔သိသင္႔တဲ႔ သတင္း (၅) ခု (၁၈.၉.၂၀၁၇)

Test-Tube-baby

[Zawgyi]

(၁)မႏၱေလးၿမိဳ႕ရွိ အင္ၾကင္းျဖဴ အထူးကုေဆးရံုမွ လာမည့္ေျခာက္လအတြင္း ဖန္ႁပြန္သေႏၶသား ဝန္ေဆာင္မႈ ေပးမည္

မႏၱေလးၿမိဳ႕ရွိ အင္ၾကင္းျဖဴအထူးကုေဆးရံုႏွင့္ ဘန္ေကာက္ၿမိဳ႕ရွိ Life Science Center (Thailand) တို႔ ပူးေပါင္းကာ ဖန္ႁပြန္သေႏၶသားျပဳလုပ္ေပးျခင္းဝန္ေဆာင္မူကို လာမည့္ (၆)လအတြင္း အေကာင္အထည္ေဖာ္ေဆာင္ေပးသြားမည္ျဖစ္ေၾကာင္း အင္ၾကင္းျဖဴအထူးကုေဆးရံုအုပ္ႀကီးထံမွ သိရသည္။

(၂) အနည္းဆံုးလုပ္ခလစာ ျပင္ဆင္ေပးေရး မႏၱေလးၿမိဳ႕တြင္ အလုပ္သမား(၅၀၀)ဦးခန္႔ ဆႏၵေဖာ္ထုတ္

အနည္းဆံုးလုပ္ခလစာ ျပင္ဆင္ေပးရန္၊ လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္းေရး ဥပေဒျပဌာန္းေပးေရး အပါအဝင္ ခံုသမာဓိေကာင္စီမွ အစိုးရႏွင့္ လက္ဝါးရိုက္ေ႐ြးခ်ယ္ထားသူမ်ားအား ကန္႔ကြက္သည္ဟုဆိုကာ ျမန္မာနိုင္ငံ စက္မႈလက္မႈႏွင့္ ဝန္ေဆာင္မူလုပ္ငန္းေပါင္းစံု အလုပ္သမားမ်ားသမဂၢအဖြဲ႔မွ (၅၀၀)ဦးခန္႔ ဆႏၵေဖာ္ထုတ္ခဲ့ၾကေၾကာင္း သိရသည္။

(၃) အိုဇုန္းလႊာထိခိုက္ပ်က္စီးေစသည့္ ပစၥည္းမ်ားတင္သြင္းလာမႈမ်ားကုိ ထိေရာက္စြာ အေရးယူရန္လိုအပ္

နယ္နိမိတ္ခ်င္းရွည္လ်ားစြာထိစပ္ေနသည့္ အိမ္နီးခ်င္းႏိုင္ငံမ်ားက အိုဇုန္းလႊာ ထိခိုက္ပ်က္စီးေစသည့္ျဒပ္ပစၥည္းမ်ား၊ တရားမဝင္တင္သြင္းလာမႈမ်ားကုိ အေကာက္အခြန္ဦစီးဌာနအေနျဖင့္ ထိေရာက္စြာအေရးယူရန္လိုအပ္ေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္က ေျပာဆိုလိုက္သည္။

(၄)သြားလာေရးခက္ခဲသည့္ ျမဝတီ – စုကလိလမ္းကို တပ္မေတာ္၊ တိုင္းရင္းသားလက္နက္ကိုင္ႏွင့္ ေဒသခံမ်ား စုေပါင္းေဆာင္ရြက္

ကရင္ျပည္နယ္၊ ျမဝတီ-စုကလိၿမိဳ႕သြားလမ္းအဆင္ေျပေစရန္ တပ္မေတာ္၊ တိုင္းရင္းသားလက္နက္ကိုင္ႏွင့္ ေဒသခံျပည္သူမ်ား KNU/KNLA တပ္ရင္း(၁၀၃)အေျချပဳနယ္ေျမရွိ မုလအိေတာင္ေျခ၊ တာေနာထေက်းရြာလမ္းဆုံ၌ လမ္းေဘးခ်ံဳႏြယ္မ်ားရွင္းလင္းျခင္း၊ လမ္းျပဳျပင္ျခင္းႏွင့္ ကြန္ကရစ္ခင္းျခင္းလုပ္ငန္းမ်ားကို ျပဳလုပ္ေပးခဲ႔ေၾကာင္း သိရသည္။

(၅) ရခုိင္ျပည္နယ္မွ အၾကမ္းဖက္တုိက္ခိုက္မႈမ်ားေၾကာင့္ ဒုကၡေရာက္ေနသည့္ ျပည္သူမ်ားအတြက္ အလွဴေငြႏွင့္ ပစၥည္းမ်ားလွဴဒါန္း

ရခိုင္ျပည္နယ္မွ အၾကမ္းဖက္တိုက္ခိုက္ခံရသျဖင့္ ဒုကၡေရာက္ေနသည့္ ေဒသခံျပည္သူမ်ားအတြက္ ပရဟိတအဖြဲ႔မ်ားစုေပါင္း၍ ျမဝတီခ႐ိုင္ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဦးစီးဌာနသို႔ အလွဴေငြႏွင့္ ပစၥည္းမ်ားကို စက္တင္ဘာ ၁၇ ရက္က လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

www.akhayar.com

[Unicode]

(၁)မန္တလေးမြို့ရှိ အင်ကြင်းဖြူ အထူးကုဆေးရုံမှ လာမည့်ခြောက်လအတွင်း ဖန်ပြွန်သန္ဓေသား ဝန်ဆောင်မှု ပေးမည်

မန္တလေးမြို့ရှိ အင်ကြင်းဖြူအထူးကုဆေးရုံနှင့် ဘန်ကောက်မြို့ရှိ Life Science Center (Thailand) တို့ ပူးပေါင်းကာ ဖန်ပြွန်သန္ဓေသားပြုလုပ်ပေးခြင်းဝန်ဆောင်မူကို လာမည့် (၆)လအတွင်း အကောင်အထည်ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အင်ကြင်းဖြူအထူးကုဆေးရုံအုပ်ကြီးထံမှ သိရသည်။

(၂) အနည်းဆုံးလုပ်ခလစာ ပြင်ဆင်ပေးရေး မန္တလေးမြို့တွင် အလုပ်သမား(၅၀၀)ဦးခန့် ဆန္ဒဖော်ထုတ်

အနည်းဆုံးလုပ်ခလစာ ပြင်ဆင်ပေးရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေပြဌာန်းပေးရေး အပါအဝင် ခုံသမာဓိကောင်စီမှ အစိုးရနှင့် လက်ဝါးရိုက်ရွေးချယ်ထားသူများအား ကန့်ကွက်သည်ဟုဆိုကာ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မူလုပ်ငန်းပေါင်းစုံ အလုပ်သမားများသမဂ္ဂအဖွဲ့မှ (၅၀၀)ဦးခန့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

(၃) အိုဇုန်းလွှာထိခိုက်ပျက်စီးစေသည့် ပစ္စည်းများတင်သွင်းလာမှုများကို ထိရောက်စွာ အရေးယူရန်လိုအပ်

နယ်နိမိတ်ချင်းရှည်လျားစွာထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများက အိုဇုန်းလွှာ ထိခိုက်ပျက်စီးစေသည့်ဒြပ်ပစ္စည်းများ၊ တရားမဝင်တင်သွင်းလာမှုများကို အကောက်အခွန်ဦစီးဌာနအနေဖြင့် ထိရောက်စွာအရေးယူရန်လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုလိုက်သည်။

(၄)သွားလာရေးခက်ခဲသည့် မြဝတီ – စုကလိလမ်းကို တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်နှင့် ဒေသခံများ စုပေါင်းဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီ-စုကလိမြို့သွားလမ်းအဆင်ပြေစေရန် တပ်မတော်၊ တိုင်းရင်းသားလက်နက် ကိုင်နှင့် ဒေသခံပြည်သူများ KNU/KNLA တပ်ရင်း(၁၀၃)အခြေပြုနယ်မြေရှိ မုလအိတောင်ခြေ၊ တာနောထကျေးရွာလမ်းဆုံ၌ လမ်းဘေးချုံနွယ်များရှင်းလင်းခြင်း၊ လမ်းပြုပြင်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

(၅) ရခိုင်ပြည်နယ်မှ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်းများလှူဒါန်း

ရခိုင်ပြည်နယ်မှ အကြမ်းဖက်တိုက်ခိုက်ခံရသဖြင့် ဒုက္ခရောက်နေသည့် ဒေသခံပြည်သူများအတွက် ပရဟိတအဖွဲ့များစုပေါင်း၍ မြဝတီခရိုင်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ အလှူငွေနှင့် ပစ္စည်းများကို စက်တင်ဘာ ၁၇ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

www.akhayar.com