ဒီေန႔သိသင္႔တဲ႔ သတင္း (၅) ခု (၁၄.၉.၂၀၁၇)

Gold-Ring

[Zawgyi]

(၁) ေရႊေစ်းတစ္က်ပ္သားကို က်ပ္ ၉၅၀၀၀၀ ေက်ာ္အထိ အျမင္႔ဆံုးစံခ်ိန္တင္ေနျပီး က်ပ္ ၁၀ သိန္းအထိ ျမင္႔တက္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

(၂) စမ္းေခ်ာင္းၿမိဳ႕နယ္မွာ ဘာသာျခားမ်ားကို တစ္လမ္းဝင္တစ္လမ္းထြက္ ေအာ္ဟစ္ဆဲဆိုလံႈ႕ေဆာ္တဲ့သူကို စမ္းေခ်ာင္းၿမိဳ႕နယ္တရားရံုးက မူးယစ္ရမ္းကားမႈျဖင့္ ေထာင္ဒဏ္ (၈) ရက္ ခ်မွတ္ခဲ့ပါတယ္။

(၃) ရန္ကုန္တိုင္းေဒသၾကီးအတြင္း ျဖတ္သန္းလာမယ္႔ကားေတြကို ျမိဳ႕ဝင္ေၾကးေကာက္ခံႏိုင္ဖို႔အတြက္ အဆင္ျမင္႔ျမိဳ႕ဝင္ဂိတ္ေတြ ေျပာင္းလဲတည္ေဆာက္သြားမယ္လုိ႔ သိရပါတယ္။

(၄) အဆိုေတာ္ေမခလာရဲ႕ ဂီတသက္တမ္း ႏွစ္ ၃၀ ျပည္႔ အထိမ္းအမွတ္အေနနဲ႔ က်င္းပမယ္႔ ဒ႑ာရီဂီတေဖ်ာ္ေျဖပြဲကို စက္တင္လာလ ၃၀ ရက္ေန႔ ၊ အမ်ိဳးသားကဇာတ္ရံုမွာ က်င္းပမယ္လို႔ သိရပါတယ္။

(၅) တရုတ္ဆီးသီးအေစ႔က မူးေဝေအာ႔အန္ျဖစ္ေစႏိုင္တဲ႔ ဆိုင္ယာႏိုက္အဆိပ္မိေစႏိုင္တဲ႔အတြက္ သတိထားစားသံုးသင္႔တယ္လို႔ သိရပါတယ္။

www.akhayar.com

[Unicode]

(၁) ရွှေဈေးတစ်ကျပ်သားကို ကျပ် ၉၅၀၀၀၀ ကျော်အထိ အမြင့်ဆုံးစံချိန်တင်နေပြီး ကျပ် ၁၀ သိန်းအထိ မြင့်တက်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

(၂) စမ်းချောင်းမြို့နယ်မှာ ဘာသာခြားများကို တစ်လမ်းဝင်တစ်လမ်းထွက် အော်ဟစ်ဆဲဆိုလှုံ့ဆော်တဲ့သူကို စမ်းချောင်းမြို့နယ်တရားရုံးက မူးယစ်ရမ်းကားမှုဖြင့် ထောင်ဒဏ် (၈) ရက် ချမှတ်ခဲ့ပါတယ်။

(၃) ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြတ်သန်းလာမယ့်ကားတွေကို မြို့ဝင်ကြေးကောက်ခံနိုင်ဖို့အတွက် အဆင်မြင့်မြို့ဝင်ဂိတ်တွေ ပြောင်းလဲတည်ဆောက်သွားမယ်လို့ သိရပါတယ်။

(၄) အဆိုတော်မေခလာရဲ့ ဂီတသက်တမ်း နှစ် ၃၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ကျင်းပမယ့် ဒဏ္ဍာရီဂီတဖျော်ဖြေပွဲကို စက်တင်လာလ ၃၀ ရက်နေ့ ၊ အမျိုးသားကဇာတ်ရုံမှာ ကျင်းပမယ်လို့ သိရပါတယ်။

(၅) တရုတ်ဆီးသီးအစေ့က မူးဝေအော့အန်ဖြစ်စေနိုင်တဲ့ ဆိုင်ယာနိုက်အဆိပ်မိစေနိုင်တဲ့အတွက် သတိထားစားသုံးသင့်တယ်လို့ သိရပါတယ်။

www.akhayar.com